သတင်းတွေမှာ ဖတ်ရတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူများ (သို့မဟုတ်) နိုင်ငံရေး အကျဉ်းသားများ အရေးနဲ့ပတ်သက်လို့ ခံစားမိတာကို ပြောချင်တယ်ဗျာ။ တလောက သံမဒဂျီးဆိုသူ ပုလင်းတူဗူးဆို့ဖက် အင်ဒိုနီးရှားနိုင်ငံသွား ဘာလီရည်သောက်တုန်းက ဘာပြောဒယ် မှတ်သလဲ၊ နိုင်ငံရေး အကျဉ်းးသား မရှိပါတဲ့။ ဒီနေ့လည်း မဇ္ဆျိမသတင်းနဲ့ အင်တာဘူးမှာ (သူတို့က အငြင်းသန်လို့ 😆 ) မှာ ဒုဋိယ နိုင်ငံဂျားယေးးဝံဂျီးက “အဲဒီတော့ ကျနော်တို့ မြန်မာနိုင်ငံတော် အစိုးရရဲ့ ရပ်တည်ချက်ကတော့ ရှင်းလင်းပါတယ်။ ဒါကတော့ ဘာလဲ ဆိုလို့ ရှိရင် ကျနော်တို့နိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား သော်လည်းကောင်း၊ ယုံကြည်မှုကြောင့်ကျတဲ့ အကျဉ်းသားသော်လည်းကောင်း မရှိဘူးဆိုတဲ့ ကျနော်တို့ရဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။ အဲဒီတော့ လူတယောက်ဟာ သူရဲ့ ယုံကြည် ချက်ကြောင့်ပဲဖြစ်ဖြစ်၊ သူရဲ့ နိုင်ငံရေးအရသော်လည်းကောင်း၊ […]