သတင်းတွေမှာ ဖတ်ရတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူများ (သို့မဟုတ်) နိုင်ငံရေး အကျဉ်းသားများ အရေးနဲ့ပတ်သက်လို့ ခံစားမိတာကို ပြောချင်တယ်ဗျာ။ တလောက သံမဒဂျီးဆိုသူ ပုလင်းတူဗူးဆို့ဖက် အင်ဒိုနီးရှားနိုင်ငံသွား ဘာလီရည်သောက်တုန်းက ဘာပြောဒယ် မှတ်သလဲ၊ နိုင်ငံရေး အကျဉ်းးသား မရှိပါတဲ့။ ဒီနေ့လည်း မဇ္ဆျိမသတင်းနဲ့ အင်တာဘူးမှာ (သူတို့က အငြင်းသန်လို့ 😆 ) မှာ ဒုဋိယ နိုင်ငံဂျားယေးးဝံဂျီးက “အဲဒီတော့ ကျနော်တို့ မြန်မာနိုင်ငံတော် အစိုးရရဲ့ ရပ်တည်ချက်ကတော့ ရှင်းလင်းပါတယ်။ ဒါကတော့ ဘာလဲ ဆိုလို့ ရှိရင် ကျနော်တို့နိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား သော်လည်းကောင်း၊ ယုံကြည်မှုကြောင့်ကျတဲ့ အကျဉ်းသားသော်လည်းကောင်း မရှိဘူးဆိုတဲ့ ကျနော်တို့ရဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။ အဲဒီတော့ လူတယောက်ဟာ သူရဲ့ ယုံကြည် ချက်ကြောင့်ပဲဖြစ်ဖြစ်၊ သူရဲ့ နိုင်ငံရေးအရသော်လည်းကောင်း၊ […]


သတင်းက နဲနဲတော့ ဟောင်းနေပါပြီ၊ လွန်ခဲ့တဲ့ နိုဝင်ဘာ လကုန်ပိုင်းက ရာဟူးမှာ ဖတ်ရတာပါ။ ဆြာသစ်မင်းရဲ့ တိုင်းပြည်တည်ဆောက်ရေး အခြေခံအချက်များ ဆောင်းပါးကြောင့် နောက်ကျပေမဲ့လည်း ဆက်စပ်နေလို့ တင်လိုက်ပါတယ်။ အတိုချုပ်ပြောရင် တရုတ်နိုင်ငံသည် Vaccine ကာကွယ်ဆေး ဈေးကွက်ကို နှစ်အနည်းငယ်အတွင်း ဝင်လာတော့မယ်။ အဲဒီအခါ ရောဂါကာကွယ်ထိုးဆေး ဈေးနှုန်းများ ကျဆင်းသွားမှာမို့ ဆင်းရဲတဲ့ ကမာ္ဘ့နိုင်ငံများအတွက် သတင်းကောင်း ဖြစ်ပါတယ်။ လောလောဆယ် ဈေးကွက်ကို အနောက်နိုင်ငံ ဆေးဝါးကုမ္မဏီကြီးများ ထိန်းချုပ်ထားတာဖြစ်လို့ သူတို့အတွက်တော့ သတင်းကောင်း မဟုတ်ပါဘူး။ ၂၀၀၉ခုနှစ် ကမာ္ဘတဝှမ်း ဖြစ်ပွားခဲ့တဲ့ ကြက်ငှက်တုပ်ကွေးရောဂါ အသစ်အဆန်း ကာကွယ်ဆေးကို တရုတ်ဆေးဝါးကုမ္မဏီတခုက ရက်ပေါင်း၈ရရက်အတွင်း အောင်မြင်စွာ ထုတ်လုပ်ပြနိုင်ခဲ့လို့ တရုတ်နိုင်ငံ ခေတ်မှီဆေးဝါးနည်းပညာ အောင်မြင်မှုကို ကမာ္ဘက အာရုံစိုက်မိလာတယ်။ မတ်လအတွင်း တရုတ်ကျန်းမာရေး […]


black chawDecember 8, 20111min37020
ကဲ ဂဇက်တံခါးကို သံယောဇဉ်မကုန်ပါသော ဘလက် ပြန်လာပြန်ပါပြီခင်ဗျာ။ ဒီတစ်ခါတော့ ဒီဇင်ဘာတစ်ရက်နေ့ကစလို့ ပို့စ်တစ်ခုချင်းရေးသွားမှာ ဖြစ်ပါတယ်။ အားလုံးကိုပျော်စေချင်သူ ဘလက်က စုပြုံပြီးဖတ်ပေးပါ့မယ်နော။ ကိုလင်းဝေကျော်က ဘလက်ကိုပြောပါသည်။ ကောင်းတာတွေပဲ မရေးပါနဲ့တဲ့။ မကောင်းတာတွေလည်း ရေးပါဟု မြှောက်ပေးပါသည်။ ဘလက်က ရေးချင်ပါသည်။ အမုန်းမခံနိုင်လို့ပါ ဆရာတို့ရေ။ ခွင့်လွှတ်ပါဗျာ။ လူညိုချောလေး nigimi77 ရဲ့ အများနဲ့ဆိုင်သော (၃) နဲ့ စလိုက်ရအောင်ဗျာ နော။ အကျင့်ပျက်ပြည်သူများ အကျင့်ပျက်စံနစ်များနှင့် အကျင့်ပျက် ကားသမားများအကြောင်း ရေးထားသော အကျင့်ပျက်စာရေးသူ အဲအဲ ဟုတ်ပါဘူး အကျင့်ပျက်တွေကို ပြုပြင်ချင်သော စာရေးသူ ဆရာလေး ကိုနီဂိမိ ၏ ပို့စ်လေးကတော့ အပြောအဆိုလေးတွေက ယဉ်ကျေးပါတယ်ခင်ဗျာ။ ကျွန်တော်တို ့ ပြည်သူပြည်သားတွေ ဆက်လက်ပြီး အကျင့်ပျက်နေလျင် နိုင်ငံ […]


ဘဘDecember 1, 20111min1609
ပြီးခဲ့တဲ့ အပတ်က ဗုဒ္ဓမြတ်စွယ်တော် ရန်ကုန်မြို့ကိုကြွလာလို့ ၊ ကြုံတုံးကြုံခိုက် ဖူးရအောင်ဆိုပြီး အလုပ်ပြီးတာနဲ့တန်း အိမ်ပြန်ရေချိုး ပြီး ကမာ႓အေးဘက်ကို ချီတက်ခဲ့ပါတယ်။ များလိုက်တဲ့သူတွေဗျာ၊ ဪသူတို့လဲကို့လိုပဲပေါ့။ ကုသိုလ်ဖြစ်ရေဝေတဲ့သူတွေ၊ သွားလာရလွယ်အောင် အခမဲ့ကားစီစဉ် ပေးတဲ့သူတွေ၊ အခြားကုသိုလ်ယူနေတဲ့သူတွေလဲအားကြီး။ အဲဒီလိုနဲ့တန်းစီ လာလိုက်တာ ည ၈နာရီကျော်လာပါရော။ ကို့ရှေ့မှာလူတန်းလဲနဲလာပြီ။ ဖူးရတော့မယ် ၊ငါတော့အညောင်းခံရကျိုးနပ်တော့မယ်ဆိုပြီး ပျော်ရမယ်မှမရှိသေး၊ ကားတန်းကြီးဝင်လာပြီး ” VIP လာလို့ ပါ၊ သူတို့ ဖူးပြီးရင်၊ ၉နာရီကျော်ပြီမို့ နောက်နေ့မှလာရမယ်”ဆိုပါလား။ သဘောက ပြန်ပေတော့ မစဉ်းစားနဲ့ ပဲပေါ့။ အဲဒီ VIP ကြီးရယ် ခင်ဗျားမလာခင်ထဲက ဟောဒီလူအုပ်ကြီးက အစာခံ ၊ အညောင်းခံ ပြီး တန်းစီနေတာပါ။ ဒီနေ့ညနေ တော့ မစုံတာကြာပြီ ဖြစ်တဲ့သူငယ်ချင်းတွေနဲ့ တွေ့ဖြစ်ပါတယ်၊ […]


nigimi77December 1, 20111min20910
ဆိုတော့….တွေးမိတဲ့ အကြောင်းအရာ တစ်ခု ရှိပါတယ် ။ ဒီ အကြောင်းအရာကိုတော့ နည်းနည်း ပေါ့ပေါ့ပါးပါး အရွန်းဖောက်ပြီး ရေးချင်ပါတယ် ။ အမည် ယူသုံးထားတဲ့ အတွက်လည်း တောင်းပန်ချင်ပါတယ် ။ ဘုန်းကြီး ဂေါင်းတော့ ခေါက်လိုက်ပါပြီ ။ ကန်တော့ပါ ။ ========================================================= ဥပမာ ရပ်ကွက် တခုမှာ လူ ၁ဝ ယောက် နေတယ်လို ့ ဆိုပါစို ့။ တစ်ခုသော သူတောင်းစားမ က နိဂိမိ အိမ်ရှေ ့မှာ လာတောင်းပါလေရော ။ နိဂိမိက ခေါင်း အမူအရာနဲ ့ ” ဒိုးတော့” လို ့ လုပ်လိုက်တယ် ။ ကိုနီ ့ အိမ်ရှေ […]


nigimi77December 1, 20111min1618
naywoonni says: ဒီမှာများ အဲဒိလိုသွားပြောကြရင် ….သောက်ပေါလို့ အပြောခံရမလား ? မင်းနဲ့ ဘာဆိုင်လဲလိုပဲ ပြန်ပြောလိုက်မလား ? ဒါမှမဟုတ် မင်းက ဘာကောင်မို့ လာအမိန့်ပေးနေတာလဲ ဆိုပြီး ပြန်ရန်အတွေ့ခံရမလား ? တစ်ခုခုပဲ….။ လူတွေရဲ့ အခြေခံ စိတ်ဓါတ်တွေကို ဘယ်သူလာလို့ ပြင်ပေးမလဲ…… နို77 ! ======================================================= ဒါက ကျွန်တော် ရေးတဲ့ အများ နှင့် ဆိုင်သော (၁) မှာ ကိုနေဝန်းနီက မန် ့ထားတာပါ ။ အကို တွေးတာ မှန်ပါတယ် ။ မြန်မာနိုင်ငံ ရဲ ့ လက်ရှိ လူနေထိုင်မှု ပုံစံတွေက နှစ်ပေါင်းများစွာ အသားကျနေပြီဆိုတော့ ….မနက်ခင်းမှာ တွေ ့လို ့ […]


nigimi77December 1, 20111min42135
အလွန် ဆင်းရဲသော အလွန်ကို မရှိခြင်းတွေ ပေါများသော သူတို ့နိုင်ငံတွင် မရှိသော ” ရှိခြင်း ” သည် ကျွန်တော်တို ့နိုင်ငံတွင် အပီ အပြင် အခိုင်အမာ ရှိပါသည် ။ မိတ်ဆွေ ……ရန်ကုန်မြို ့ ကမာရွတ်မြို ့နယ် လှည်းတန်းကို ရောက်ဖူးပါသလား ။ ရန်ကုန် အင်းစိန်လမ်းမှ သွားသော လှည်းတန်းကားဂိတ်ရှိသလို ၊ ရန်ကုန်ပြည်လမ်းမှ သွားသော လှည်းတန်းကားဂိတ်ဆိုပြီး နှစ်ခုရှိသည် ။ ရန်ကုန်အင်းစိန် ကားဂိတ်ဖက်တွင် ကားအစင်းရေ လွန်စွာများပြားစွာ ရှိသော်လည်း စီးနင်းလိုက်ပါလိုသူ အရေ အတွက်နှင့် ယှဉ်လျင် မလောက်ငှ သလို ၊ ကားဂိတ် ဧရိယာ မှာလည်း ကျဉ်းမြောင်းလှသည် ။ ထို […]


nigimi77November 30, 20111min1595
အသံတွေ……ဘာသံတွေလည်း……ပလုပ်ကျင်းသံတွေ…… ။ အောင်မလေး ရွံစရာကောင်းလိုက်တာ …သူတို ့မို ့ မရွံမရှာ….။ သူတို ့စားပြီးသား ပန်းကန်ထဲကို သောက်ရေတွေ ထည့်ပြီး ကျင်း …။ ပြီးတော့ ပါးစပ်ထဲကို ထည့်ပြီး ငုံ ။ ဂလွိဂလွိ မြည်အောင် ပါးလုပ်ကျင်း…။ ဂလုဂလုနဲ ့နေအောင် မျိုချ သောက်လိုက်ကြ…..။ ……………………………………………. ပန်းကန်များ ဆေးပြီးသားကဲ့သို ့ မှတ်ရလောက်အောင် သန် ့ရှင်းသွားသည် ။ စားကြွင်းစားကျန် ဘေးထွက် အမှိုက် မရှိ ။ အာခံတွင်း စားကြွင်းစားကျန် မရှိ ။ သောက်ရေ အတွက် ထပ်ပြီး ပူပန်စရာ မလို ။ ထမင်းဆိုင်ရှင် အဒေါ်ကြီး ပန်းကန်ဆေးကြောရန် ကမ္ဘာကြီး အောက်မှ […]


nigimi77November 30, 20111min29317
ငယ်စဉ်က အကျင့်ကို ပြန်လည် စဉ်းစားမိလျင် အတော် စိတ်ပျက်စရာကောင်းလွန်းသည် ။ ငယ်စဉ်က ဆိုသည်မှာ မိဘ အများစုက သတ်မှတ်သည့် ၂ဝ ကျော် အသက်အရွယ်ဖြစ်သည်။ ညီအကို ၅ ယောက်ရှိသော မိသားစုတွင် အမေက အိမ်အကူ မထားရဲပါ ။ ယခင်က ရှိခဲ့သော်လည်း ကျွန်တော်တို ့ အရွယ်ရောက်ချိန်မှ စပြီး အိမ်မှုကိစ္စ အားလုံးနီးပါးကို အမေက လုပ်ခဲ့သည် ။ ………………………… ကျွန်တော် ထမင်းစားပြီးလျင် ပန်းကန်ဆေးရမှာ အလွန်ပျင်းသည် ။ ထမင်းစားလျင်လည်း ဘယ်တော့မှ ကုန်အောင် မစား ။ လက်တစ်ဆုပ်စာလောက်ကို နတ်တင်ရန် ချန်ထားတတ်သည် ။ အိမ်မှာပဲ ဖြစ်ဖြစ် ဆိုင်မှာပဲ ဖြစ်ဖြစ် ဘာသောက်သောက် လက်တစ်ဆစ်စာလောက် […]


asiamastersNovember 28, 20111min1708
  ၁။         ဝင်ငွေဆိုတဲ့ အဓိပ္ပ္ပာယ်က မိမိရဲ့ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားဖြင့် အလုပ်တစ်ခုလုပ်ပြီးရရှိတဲ့ လုပ်အားခဖြစ်တယ်။ ဒီနေ့ ခေတ်မှာ ရှင်သန်နေတဲ့လူသားတစ်ဦးအတွက် အရေးကြီးဆုံးဟာ ဝင်ငွေဖြစ်တယ်။ မနက်မိုးလင်းတာနဲ့ စဉ်းစားရမှာက ဝင်ငွေ ဖြစ်တယ်။ နေ့လည်ပိုင်းစဉ်းစားရမှာကလည်း ဝင်ငွေပါပဲ။ ညအိ်ပ်ယာဝင်ခါနီးစဉ်းစားရမှာကလည်း ဝင်ငွေဖြစ်တယ်။  ဝင်ငွေလမ်း ကြောင်းတစ်ခုမရှိတဲ့ လူသားတစ်ဦးဟာ မကြာခင်မှာ အခက်အခဲများတွေကြုံရမယ်၊ စိတ်ပင်ပန်းဆင်းရဲမှုများကြုံရမယ်၊ သူတစ်ပါးရဲ့ အထင်အမြင်သေးခြင်းခံရမယ်၊ အဆင့်အတန်းခွဲခြားခံရမယ်၊ ယုံကြည်မှုတွေပျောက်ကွယ်သွားမယ်၊ မိမိချစ်ခင်မြတ်နိုးသူများရဲ့ စွန့်ပယ်ခြင်းကအစ လူ့အသိုင်းအဝိုင်းရဲ့ ပစ်ပယ်ခြင်းများအထိဖြစ်လာတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်းဆိုတာကလည်း ဒီနိုင်ငံမှာနေထိုင်တဲ့ လူသားတွေရဲ့ ရောင်ပြန်ဟပ်မှုဖြစ်တယ်။ ဒီလူသားတွေကိုယ်တိုင်က ဝင်ငွေကို အရေးမထားကြရင် ဒီနိုင်ငံ ဟာလည်း ဝင်ငွေကင်းမဲ့တဲ့နိုင်ငံဖြစ်လာမယ်။ ဝင်ငွေမရှိတဲ့ နိုင်ငံဟာ ဆင်းရဲပြီး၊ ဖွံ့ဖြိုးတိုးတက်မှုတွေပါကင်းမဲ့သွားမယ်။ ဒီလို နိုင်ငံမျိုးက လူတွေကိုလည်း တစ်ခြားနိုင်ငံသားတိုင်းက အထင်အမြင်အလွန်သေးကြတယ်။ […]


black chawNovember 27, 20111min37627
ဒီနေ့ မနက် သူကြီး နှင့် သူ၏ ရွာသူားများလို့ ပြောလို့ရတဲ့ ဘဝင်မကျတာလေးတစ်ခု ပို့စ် က ကွန်းမန့်တွေကို ဝင်ဖတ်ပြီး ဘုန်းကြီးက အပေါ်က တရားဟောတာနဲ့ ပတ်သက်တာလေး ဖတ်လိုက်ရပါတယ်။ အဲဒါနဲ့ ဘလက်တစ်ယောက် ဂယာရောက်စဉ်က ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးတစ်ပုံကို ပြန်ရွေးခြယ်ပြီး သကာလ အခုလိုပဲ တင်ပြဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်ရေးခဲ့တဲ့ မှတ်မိသမျှ ဂယာ(၃) မှာ ပါတာလေးကို ပြန်ရေးပြချင်ပါတယ်။ 6th Annual International Tipitaka Chanting Ceremony to the held under the Bodhi Tree in Bodhgaya, India (December 2 – 12, 2010) လို့ တွေ့လိုက်ရပါတယ်။ […]


black chawNovember 27, 20111min44625
သူကြီးက ဘလက် FRIDAY တဲ့။ ကျွန်တော်က ဘလက် SUNDAY ပေါ့ဗျာ။ ဒီနေ့ တနင်္ဂနွေနေ့ မနက်စောစောစီးစီး အရေမရ အဖတ်မရ ကိုပေ ရဲ့ ကွမ်းပို့စ်ကို အတုခိုးတယ်လို့ သဘောထားကြပါ အရပ်ကတို့။ အဖွဲ့အစည်း တစ်ခုမှာ အရည်အချင်း မရှိပါပဲ စီမံခန့်ခွဲသူနေရာကို ရောက်နေကြသူတွေ ရှိနေတတ်ပါတယ်။ မိဘက ကုမ္ပဏီထောင်လို့ သားက ဒါရိုက်တာ ဖြစ်နေတာမျိုးတို့၊ အဖေက လူကြီးနဲ့သိလို့ သားကို အစိုးရဌာနတစ်ခုခုမှာ ရာထူးတစ်ခုခု ရအောင် ပြောဆိုပေးထားတာမျိုး တွေကိုဆိုလိုတာပါ။ အဲဒီလို တကယ် အရည်အချင်း မရှိပဲ ရလာတဲ့ရာထူးရဲ့ POWER မျိုးကို POSITIONAL POWER လို့ ခေါ်ပါတယ်။ အဲဒီလိုမဟုတ်ပဲ တကယ်တော်တဲ့တတ်တဲ့ အရည်အချင်းရှိတဲ့ လူတွေမှာ ရှိတဲ့ […]


ဩစတေးလျ ပါလီမန်အတွင်း သမ္မတအိုဘားမား ပြောကြားတဲ့ မိန့်ခွန်းတွင် ဒေသတွင်း အမေရိကန် ဩဇာသက်ရောက်မှုကို ဆန့်ကျင်နေသော နိုင်ငံများအား ပြင်းထန်သော သတိပေးချက် ပြုလုပ်ခဲ့ရာ၌ တရုတ်နှင့် မြောက်ကိုရီးယားတို့ကို တိုက်ရိုက် ပစ်မှတ်ထားလိုက်သည်။ မရိန်းကမ်းတက် စစ်သည်များကို နှစ်နိုင်ငံ ကာကွယ်ရေး ပူးတွဲသဘောတူညီချက် စာချုပ်အရ ဩစတေးလျနိုင်ငံတွင် ဖြန့်ကျက်ထားမည်ဟု အမေရိကန်နိုင်ငံမှ ကြေငြာအပြီး တရက်အကြာတွင် သမ္မတအိုဘားမားက “ ငါတို့ရဲ့ ဒေသတွင်း ရေရှည်အကျိုးစီးပွားက အမြဲတမ်း အခြေစိုက်စခန်းတည်ရှိဖို့ တောင်းဆိုနေတယ်။ အမေရိကန်ပြည်ထောင်စုဟာ ပစိဖိတ်ဒေသရဲ့ အင်အားကြီး နိုင်ငံဖြစ်ပြီး ငါတို့ ဒီနေရာမှာ ရှိနေရမယ်။” ကမာ္ဘပေါ်မှာ အလျှင်မြန်ဆုံးအရှိန်နဲ့ ဖွံ့ဖြိုးတိုးတက်နေပြီး ကမာ္ဘစီးပွားရေးရဲ့ တဝက်ကျော် အခြေပြုရာ အာရှဒေသသည် အရေးကြီးဆုံး ဦးစားပေးဆောင်ရွက်ရမဲ့ အမေရိကန် ပြည်သူများအတွက် အလုပ်အကိုင်၊ […]