Good IdeaAugust 16, 20101min3738
ဟိုရက်ကဗျာ ဘုရားသစ်သီးဆွမ်းကပ်တာနဲ.ပတ်သက်ပီး ရေးထားတာလေးကို တစ်ချို.သူငယ်ချင်းတွေ ပြောတာကိုပြန်ပီးဆွေးနွေးချင်လို.ပါ တစ်ချို.ကပြောတယ် ဘုရားကိုသစ်သီးဆွမ်းကပ်တဲ့နေရာမှာ ခွဲမကပ်တာက ဖုန်တွေပေမှာဆိုးတယ်ဘာညာပေါ့ဗျာ ကာလံဒေသံဆိုတဲ့ပုံစံမျိုးနဲ. ပြောသွားတာကို တွေ.သဗျာ။ အဲ့မှာ တစ်ခုပြောချင်တာက သူငယ်ချင်း ဘုရားဟောဆိုတာက ဘယ်လိုခေတ်ကာလရောက်ပါစေ ပြောင်းလဲလို. ပြုပြင်လို.မရတာပါဘူဆိုတာကိုပါ။ ဘုရားရှင်ဟာ ဥပဒေသတွေကို အလားနေအလကား မချမှတ်ပါဘူး လိုအပ်တာတွေကိုပဲချမှတ်တာပါ ပီးတော့ ဘုရားရှင်ချမှတ်တဲ့ ဥပဒေသတွေဟာ ဘယ်လိုခေတ်ကာလကိုပဲရောက်နေပါစေ ခေတ်နဲ.လိုက်လျှောညီထွေဖြစ်တာတွေ ချည်းပါပဲ။ ဖြည့်စွက်စရာ ပြင်ဆင်စရာကိုမလိုလောက်အောင်ပီးပြည့်စုံပီးသားပါ နောက်ပီး ဗုဒ္ဓဘာသာဝင်တွေ ဘုရားကိုကိုးကွယ်တယ်ဆိုတာက ဘုရားရှင်မရှိတော့ပေမယ့် လမ်းမှန်ကိုညွှန်ပြသူ ပီးတော့ သံသရာမှ လွတ်ရာလွတ်ကြောင်းကိုဟောကြားတော် မူအပ်သော အတုမရှိကိုးကွယ်ရာအနေနဲ. မှတ်ယူပီး သက်တော်ထင်ရှားရှိသလိုကို မှတ်ယူပီး ယုံကြည်ကိုးကွယ်တာပါ။ ဒါပေမယ့် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အနေနဲ.ဆိုရင် တော့ ဘုရားရှင်ကို အဲ့လိုမှတ်ပီးကိုးကွယ်မှာမဟုတ်ပါဘူး ။ ဘိုးတော်တွေနဲ.တန်းတူ ထွက်ရပ်ပေါက်ဆိုတဲ့သူတွေလောက်တောင် […]


တစ်ရက်မတွေ့တာကြာတဲ့ ကိုအောင်မောင်းနဲ့ 34လမ်းက လက်ဖက်ရည်ဆိုင်မှာ မထင်မှတ်ဘဲဆုံကြပါတယ်။ တကယ်တမ်းပြောရရင် အလုပ်လုပ်နေတဲ့သူတွေဆိုတာ တစ်ရက်နဲ့တစ်ရက် ကိုယ့်အချိန်ဇယားနဲ့ကို်ယ်ကျင်လည်နေရတယ်ဆိုတော့ အရင်ငယ်ငယ်ကလို ခဏခဏ မတွေ့နိုင်ကြတာကလည်းအမှန်ပါဘဲ။ တွေ့ကြပြီဆိုတော့မှ တစ်ယောက်နဲ့တစ်ယောက်မတွေ့တဲ့အချိန်က သတင်းပလင်းလေးတွေမေးကြရပါတယ်။ ဟိုရက်က ကိုကျော်ကြီးနဲ့တွေ့တော့ အောင်မောင်းတစ်ယောက် အလုပ်ရှုပ်နေတယ်ဆိုတာတော့ကြားမိပါတယ်။ နောက်အောင်မောင်းတစ်ယောက်သူ့အလုပ်မှာသူ့ဝန်ထမ်းတွေနဲ့လည်းပြသနာတက်တယ်လို့လဲပြောသွားပါသေးတယ်။ ဒါနဲ့ဘဲအောင်မောင်းကြီးကိုအကျိုးအကြောင်းမေးရပါတယ်။ အဲတော့အောင်မောင်းကြီးကလဲ မတွေ့ကြလို့မပြောဖြစ်တာတွေကိုပြောပြပါတော့တယ်။ “ဟုတ်တယ်ကိုပေါက်ရေ ပြီးခဲ့တဲ့လက ငါ့မှာအတော်ကိုစိတ်တွေလေသွားတာ။ ဝန်ထမ်းပြသနာပေါ့ကွာ၊၊ဒီပြသနာကဖြစ်ချင်းဖြစ်ရင် ပိုင်ရှင်နဲ့ဖြစ်ရမှာ။ တကယ်ဖြစ်တော့အားလုံးနဲ့ငါတယ်ရတော့တာဘဲ။ အားလုံးဆိုတာ ဝန်ထမ်းအားလုံးနဲ့မဟုတ်ပါဘူး၊ဒါပေမဲ့ငါကမနေတတ်တာလဲပါတယ်၊ တစ်ချို့ကတော့ ငါ့ကို ကွယ်ရာမှာမေးငေါ့တာပေါ့။ “ဝန်ထမ်းအချင်းချင်းကို နှိပ်ကွပ်တယ်၊ပိုင်ရှင်ထက်တောင်ကြောက်နေရတယ်”လို့ပေါ့။ ဒါပေမယ့်ငါက ဒီလိုဝေဖန်တာတွေကို ခေါင်းထဲသိပ်မထည့်ပါဘူး။ ငါက အားနည်းတဲ့ဘက်ရပ်တဲ့လူမဟုတ်ဘူး မှန်တဲ့ဘက်ကိုရပ်တဲ့ကောင်ဘဲဟာ၊ ခက်တာက ငါတို့ဆီကလူတွေရဲ့ပြင်မရတဲ့စရိုက်ဘဲ။ ပြသနာရယ်လို့ဖြစ်လာခဲ့ရင် မှန်တာမှားတာ အပထား အားနည်းသူဘက်ကနေဝိုင်းပြီးရပ်တည်လိုက်ကြတာဘဲ။ ငါပြောချင်တာက အားနည်းတယ်ဆိုတိုင်းအမြဲမှန်တယ်လို့ လက်ခံမလားဆိုတာကိုပေါ့။ ဥပမာကွာ လမ်းပြောင်းပြန်စီးဝင်လာတဲ့ စက်ဘီးနဲ့လမ်းမှန်အတိုင်း ဝင်လာတဲ့ကားတိုက်မိတယ်ဆိုရင် […]