မြန်မာ့ဆက်သွယ်ရေးမှ ကျွန်တော့အသိမိတ်ဆွေတစ်ယောက်မှ ဒီကနေ့ တွေ့ကြုံခဲ့ရသော အဖြစ်အပျက်နှင့် သူ၏ ရင်တွင်း ခံစားချက်လေးကို ပြောကြားသွားတာဖြစ်ပါတယ်… သူရဲ့ အဖြစ်က ဒီလိုပါ… ဂျီ အဟောင်း (ယခင် FEC 1500 ပေးသွင်းသုံးရသော ဖုန်း) တစ်လုံး သူ့မှာ မပြစ်ရက် မရောင်းရက် ကိုင်တွယ်ထား၊ ဖက်တွယ်ထားလျှက်ရှိပါတယ်… ထို GSM ပိုင်ရှင်များသို့ မေလ တစ်ရက်နေ့နောက်ပိုင်း prepaid ကတ်စနစ် ပြောင်းသုံးမည်ဟု သတင်း ထွက်ပေါ်လျှက်ရှိခဲ့ပါတယ်… ကြိုတင်သွင်းငွေဖြင့် သုံးစွဲလျှက်ရှိပါတယ်… တစ်ခါသွင်းလျှင် ၅ သောင်းမှ တစ်သိန်းအထိ မိမိလစဉ်သုံးစွဲသော ယူနစ်အလိုက် ကုန်ကျငွေ၏ သုံးလစာကို ဖြည့်တင်းရလေ့ရှိပါတယ်… တစ်လစာ၊ နှစ်လစာလောက် ကြိုတင်သွင်းခွင့် မရပါ… နောက် ကြိုတင်ငွေပြန်လည်ဖြည့်တင်းရန် မိမိဘာသာ မှတ်သားထားရလေ့ရှိပါသည်… SMS […]