မြစပဲရိုးJuly 20, 20153min1414
ငယ်ငယ် တုန်း အိမ်ချင်းကပ်ရက် သူငယ်ချင်း တစ်ယောက်ရှိတယ်။ . ကျောင်းမတူတော့ နေ့က အကြောင်းတွေ ကို ညည တွတ်ထိုးကြတယ်။ နဲနဲ ကြီးလာတော့ ပိုပြီး အပေါင်းအသင်း များ လာရော။ အိမ်နီးချင်း မဟုတ်ကြလေတော့ ညည ဆို တယ်လီဖုန်း ကို နာရီ နဲ့ ချီပြီး နားပူ အောင် ပြောဖူးတယ်။ သူငယ်ချင်း တွေ နဲ့လဲ ပြောတယ်။ သူငယ်ချင်း မဟုတ် တွေ နဲ့လဲ ပြောတယ်။ (တပည့် တို့ ဘာတို့) . နောက်ပိုင်း နယ်ချဲ့ လာတာ နိုင်ငံခြား ရောက် တဲ့ သူ တွေ နဲ့လဲ ပြောတယ်။ အပြင်က နေ […]


မြစပဲရိုးJuly 17, 20151min20511
ကိုပေါက်ကြီး ရဲ့ ပို့စ်မှာ သူကြီး မင်း ရဲ့  တရုတ်နာမည်ကို အလာ့ဂျစ် ဖြစ်နေတာ တွေ့လိုက်တော့ စိုင်းခမ်းလိတ် ရေးပြီး စိုင်းထီးဆိုင် ဆိုထားတဲ့ “တရုတ်တန်းဈေးကအဖြစ်အပျက်လေး” အမည်ရှိ သီချင်းလေး က နားထဲတိုးဝင်လာတယ်။ ဒီသီချင်းက သိသူရှားမလားဘဲ။ Youtube  ထဲ မှာ စိုင်းထီးဆိုင် ရဲ့ MTV သီချင်းတွေ အများကြီး ထဲ မှာ ဒီ သီချင်း ကို တစ်ပုဒ်ချင်း အနေနဲ့ မတွေ့ဘူး။ အချစ်သီချင်း မဟုတ်တာ မို့ မင်းသား မင်းသမီး ထည့်ရိုက်လို့ မရတာမို့လားမသိ။ ကိုယ့်အတွက်ကတော့ ငယ်ကထဲ က အကြိုက်ဆုံးတွေထဲ ပါသမို့ ဘယ်တော့မှ မမေ့မဲ့ နားထောင်လို့ ဘယ်တော့မှ မရိုးခဲ့တဲ့ သီချင်းလေး ပါ။ […]


မြစပဲရိုးJuly 11, 20158min2139
အင်တာနက် ထဲ စာ တစ်ချို့ ရှာရင်း ၁၉၉ရ ဝန်းကျင် မြန်မာပြည် မှာ အတော်ရေပန်းစားခဲ့တဲ့ ဂျပန် တီဗီ စီးရီး ဇာတ်လမ်းတွဲ တွေကို တွေ့ခဲ့တယ်။ Youtube ထဲ မှာ ရောက်လာတာ ပြီးခဲ့ တဲ့ ဇွန်လ ၁၅ရက် ၂၀၁၅ က မို့ လောလော လတ်လတ်လေး ရှိသေးတာ။ ကြည့်ရတာ မရိုးနိုင်တဲ့ ဂန္တဝင်ဇာတ်လမ်း တွဲ တစ်ခု ဖြစ်ခဲ့တာမို့ အခုချိန်မှာ ပြန်ပြီး တစ်သစ်ဆန်းလာ ခဲ့ တာလား မသိ။ အင်္ဂလိပ်စာတန်းထိုး မို့  ကမ္ဘာကလဲ ကြည့်နိုင်ပြီပေါ့။ ဒီ စီးရီး ကို ဂျပန်မှာ စပြတာက ၁၉၉၁ လောက်မို့ နှစ်ပေါင်း ၂ဝကျော်နေပြီ။ […]


တစ်ခါတုန်းက နားဦးတည့်ရာ တစ်ပုဒ် မှာ ” ဒေါ်လေး”  ကနေ { ခုတလော အသစ်တန်းက ဝန ကို နားထောင်ဖြစ်နေတယ် } ဆိုတဲ့ မှတ်ချက်လေး ဖတ်ပြီး အခု ခေတ် အဆိုတော် လေး တွေ ကို မသိတော့ တာ သတိပြုမိတယ်။ အမျိုးသမီး ထဲ က နီနီတို့ ဖြူဖြူ တို့ ကိုတော့ သိတယ်။ အမျိုးသားထဲ လဲ စိုင်းစိုင်းတော့ သိသေးတယ်။ ကျန်တာတွေ တော့ မှတ်မှတ်ရရ မသိဘူး။ တကယ်တော့ သီချင်းကြိုက် တာမို့ကိုယ် ရွှေ ပြည်ထဲ က ထွက်လာချိန်တောင် တစ်ချို့ နောက်ပေါက် ကလေး တွေ ရဲ့ သီချင်း […]


ဓာတ်နူးဂိုင်းဂျုပ် မောင်မောင်ဝီ အဲလေ မောင်မောင်ဂီ ကိုအားကျလို့ တီး ရင်း ဆိုနိုင် တဲ့ သီချင်းလေး တစ်ပုဒ် လေး အကြောင်း တင်ဆက်ပျဇေ။ သိုးဆောင်း ကလေး ကဗျာ လေး ပါ။ ကဲ စပြီ။ ======================= Bingo ဒီ သီချင်း ကိုတော့ ရွာသူ/သား တွေ နားရည်မဝသူများ မယ်။ (နားရည်မဝဆို ကလေးသီချင်း ဘူမှ ကော်ပီ လုပ်ဘူး။ သည်အကြောင်း အောက်မှာ မပြောတော့ပါဘူး။) Bingo အကြောင်းဆက်ပြောရအောင်။ သည်သီချင်းက ဗြိတိသျှ folklorist, Alice Bertha Gomme က ရေးစပ် သီဆိုခဲ့တာဖြစ်ပါတယ်။ ၁၈၈၈ လွန်နှစ်တွေမှာ အလွန် ကျော်ကြားပြီး နောက်ပိုင်း ဗားရှင်း […]


ဒီရက် သီချင်းတစ်ပုဒ် နားထဲ ရောက်နေတယ်။ ဒီ အတိုင်း ရောက်လာတာ မဟုတ်ဘူး။ . အဖေ့စာအုပ် ကြီး ထဲ က ရန်ကင်း ကြေးအိုး ပွဲ တွေ ကို တွေ့လိုက်လို့။ 😉 ဒီ သီချင်း နဲ့ ကြေးအိုး ဘာဆိုင်လဲ တွေး နေကြတယ်လား။ ရန်ကင်းကြေးအိုး ဆိုတာ အခုနာမည်ကြီး ဝိုင်ကေကေမအို ခင် ကထဲ က ရန်ကင်း မှာ နာမယ်ကြီး တာ ရန်ကင်းသူ/သား များ သိမှာပါ။ . မြန်မာပြည်ထဲ အလုပ်လုပ်တုန်းက ရန်ကင်း မှာ အလုပ် ရဲ့ အခွဲ Branch  တစ်ခု ရှိခဲ့တယ်။ ဒီတော့ ဗိုက်ဆာလို့ ရန်ကင်းကြေးအိုး […]


ムラカミJune 29, 201510min20113
ဒီဂျုပ်လှော်ဗီ အန်တီ ဂွ.. အဲလေ အန်တီ မျဆာဂယေး ကို အားကျလို့ သီချင်းတပုဒ် အကြောင်း တင်ဆက်ပရစေ။ မော်ဒန် ကလပ်စစ် သီချင်းတပုဒ် အကြောင်း ဖြစ်ပါတယ်..။ ကဲ .. စပြီ။   ==================================================================================== “Every Breath You Take” ဒီသီချင်းကို ရွာသူားတွေ နားရည်ဝနေပြီးသားပါ..။ (နားရည်ဝပြီးသားဆို ကော်ပီသီချင်းကလည်း နာမည်ကြီးတာကိုး သည်အကြောင်းအောက်မှာ ပါပါမယ်။ ) Every Breath You Take အကြောင်းဆက်ပြောရအောင်။ သည်သီချင်းက ဗြိတိသျှ Rock band “The Police” က ရေးစပ် သီဆိုခဲ့တာဖြစ်ပါတယ်။ The Police ဆိုတာက အမေရိကကို ထိုးဖောက်ခဲ့တဲ့ ဒုတိယမြောက် ဗြိတိသျှ […]


မြစပဲရိုးJune 28, 20153min20010
ဒီသီချင်း သိကြလား။ Air Supply ရဲ့ သီချင်းတွေ ကို လဲ ၁၉၉ဝ ဝန်းကျင် မြန်မာပြည်မှာ အတော်လေး ကော်ပီ လုပ်ခဲ့ပါတယ်။ . ကော်ပီ ကို အေးချမ်းမေ ဆိုခဲ့တာ။ . အေးချမ်းမေ တင်မက သေး လီယို ဆိုတဲ့ မောင်နှမလေးတွေ ဖွဲ့ထားတဲ့ အဖွဲ့လေးလဲ ဒီ ကော်ပီ ကို ဆိုဘူးတယ်လို့ ထင်မိတယ်။ ကိုယ်တွေ ဖလမ်း ဖလမ်း ထ နိုင်နေတဲ့ ကာလပိုင်း အချိန်မှာ မို့ အမှတ်တရ လေး တွေလဲ အများကြီး နဲ့။ ဒီသီချင်း နာမည် ကို စကြားလိုက်တုန်းက making love  ဆိုတာ အာဝါဟဝိဝါဟ ကိစ္စ […]


မြစပဲရိုးJune 25, 20151min40618
“ပြည်သူ တွေ စိတ်ဓာတ်ကျစရာ မလို” လို့ အားပေးတဲ့ စကား အတွက် ကျေးဇူးတင်ပါတယ် ဒေါ်အောင်ဆန်းစုကြည်။ အားမလျှော့မိ အောင် ကြိုးစားနေပါတယ်။ . ဒေါ်အောင်ဆန်းစုကြည် လဲ ကျန်းမာရေး ဂရုစိုက်စေလိုပါတယ်။ အစစ အရာရာ လဲ သတိနဲ့ နေပေးပါ။ ***** NLD မှာ အမတ် ၄၂ ယောက်ဘဲ ရှိတဲ့အပြင် လွှတ်တော် ရဲ့ ၂၅% က စစ်တပ် ခွဲတမ်း ယူထားတာတောင် မှ ၆၆% ကျော်မဲ ရတာ တကယ်တော့ ဝမ်းမြောက်စရာပါဘဲ။ ဒါပေမဲ့ စိတ်ပျက်စရာ တော့ နဲနဲ (တကယ်တော့ အများကြီး) ကောင်း ပါတယ်။ . ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ကို […]


မြစပဲရိုးJune 21, 20153min38820
ဒီတစ်ပါတ်အတွက် သီချင်းကို ဖော်ပေးသူက ဒေါ်ဇီလေးပါ။ သူ့ရဲ့ မျက်လုံးစိမ်းနဲ့ မင်းသား ကိုကြည့်ပြီး ကိုယ့်ရဲ့ ဖေးဘရိတ် မင်းသား တစ်ယောက် ကို ပြေးမြင်မိတယ်။ သူလဲ သိပ်မကျော်ကြားပါဘူး။ ဟောလိဝုဒ် မှာလဲ နေရာမရဘူးထင်ပါရဲ့။ သူ့ကို သိလိုက်တာက ခရစ်စမတ် ဆို အမြဲတမ်းပြ တဲ့ အင်္ဂလိပ်ရုပ်ရှင် “Love Actually ” မှာ ပါ။ လူတွေရဲ့ ကြားက အပြန်အလှန် ခင်တွယ်မှုလေးတွေ၊ ပျော်ရွှင်မှု နာကျင်မှု လေး တွေ ကို ခရစ်စမတ်အချိန် မှာ ခွင့်လွှတ်ခြင်း ၊ မေတ္တာထားခြင်း တွေ နဲ့ ဆုံးထားတဲ့ ကား။ လူတန်းစားစုံ ရဲ့ သာမာန် အဖြစ်အပျက် လေးတွေ ကို […]


မြစပဲရိုးJune 19, 20151min39317
. ပြီးခဲ့တဲ့ နှစ်  သူ့မွေးနေ့မှာ မီလင်ဒါဂိတ် ရဲ့ စကား “That is the moment when change is born” နဲ့ ဆုတောင်းခဲ့တယ်။ မြန်မာပြည် မှာလဲ ကောင်းတဲ့ အပြောင်းအလဲ တခုကို မွေးဖွားဖို့ အချိန်တန်ပါပြီ။ ဒီနှစ်မှာတော့ အားလုံးကြားပြီး နားထောင်ပြီး ဖြစ်မဲ့ သီချင်း တစ်ပုဒ် ကို ဒီ ရက် နားဦးတည့်နေခဲ့တာပါ။ “မေမေ” ဆိုတဲ့ ဆောင်းဦးလှိုင် ရဲ့ သီချင်း ပေါ့။ သူ့ကို သမ္မတ ဖြစ်စေချင်တာ ကိုယ့်ရဲ့ ကြီးမားလွန်းတဲ့ ပါစင်နယ်တောင့်တ ချက်ပါ။ Reality မှာတော့ ဗိုလ်စိတ်ပုတ်၊ ဦးစိတ်ယုတ် များ ပိတ်ဆို့ ထားဆဲမို့ သူတို့ […]


မြစပဲရိုးJune 12, 20153min17511
. ပြောရရင် နားဦးတည့်စီးရီး အတွက် သိုးဆောင်းသီချင်း တွေ က မြန်မာသီချင်း တွေ ထက် ပိုပြီး နားထဲရောက်နေတာ များတာပါ။ ဒီတစ်ပါတ် မှာတော့ မြန်မာသီချင်း တစ်ပုဒ် က ဘဲ နားထဲ မှာ အမြဲရှိနေခဲ့တယ်။ ဒါပေမဲ့ အလှည့်က သိုးဆောင်းဘာသာ သီချင်း မို့ ဘာသီချင်း တင်ရမယ် ဆိုပြီး ရွေးမရဖြစ်နေခဲ့တာ။ အခုရွာထဲ လည်အပြီးမှာတော့ ကိုမျိုး ရဲ့ ( ရွာနှင့်ဦးပေါ့လေ ) ဆိုတဲ့ ရင်တွင်းဖြစ်  ကဗျာ ထဲ က “မိန်းမဆိုတဲ့လူစား” ဆိုတဲ့ စာလုံးလေးတွေ ကို ဖတ်ပြီး ပြုံးမိသွားတယ်။ ဒါနဲ့ဘဲ သီချင်း တစ်ပုဒ် ချက်ချင်း ရသွားခဲ့တာပါဘဲ။ . […]


. ပြီးခဲ့တဲ့ အပါတ်တုန်းက မဟာပုရိသ မင်းယောကျာင်္းကြီး များ အတွက် လက်ချာပြီး တော့ ဒီတစ်ပါတ် ချစ်သော လုံမ တို့ အတွက် လက်ချာပါ။ အမှန်လို့တော့ မပြောပါဘူး။ အပျော်နည်းပေါ့။ (ဒါကြောင့် အတည်ကြံပြီးကြကုန် သော မွန်မွန် the လုံမတို့၊ တုံတုံ the လုံမ တို့ မဖတ်ရ။) လက်ချာ ကို နိဒါန်းချီမနေဘဲ ဒဲ့ စရမယ် ဆိုရင်တော့ “အိမ်ထောင်မပြု ခင် ဘယ်သူ့ အတုတ်အနှောင် ကိုမှ မခံကြဖို့ပါဘဲ”။ . ရှေးလူကြီးများ ပြောစကား “လင်စံရွေး လင်ခွေး နဲ့ညား” ဆိုတာ ဘာသဘောလဲတော့မသိ။ သို့ပေမဲ့ ကိုယ့်တစ်သက်လုံးပေါင်းရမဲ့ သူ (ဒီတစ်ယောက်မကောင်း နောက်တစ်ယောက်ပေါင်း ဆိုတဲ့ […]