မြစပဲရိုးJanuary 24, 20154min25621
မိုက်ခ် ရဲ့ သူငယ်ချင်းကြီး ငွေဆန် ရဲ့ ဂျာပွန်မလေး ကို ကြည့်ပြီး ကိုယ့်ရဲ့ ချစ်သော ဂျာပွန်ကြီး ကိုပါ လွမ်းသွားတာနဲ့ …… ဒီတစ်ပါတ် မှာတော့ နားဦးတည့်ရုံမက အမြင်ဦးပါတည့်သွားခဲ့ပေါ့။ အခုခေတ် ကလေး တွေ ရဲ့ ကိုးရီးယားမင်းသား ဟော့ရှော့ အလန်း လေး တွေ ကြားထဲ အရီး ရဲ့ မင်းသားကြီး မှာ ဟာသ ကြီး ဖြစ်နေမယ်မှန်းတော့ သိပါရဲ့။ သို့ပေမဲ့ ကြိုက်မိတော့လဲ ကြော်ငြာဝင်ပါ့မယ်။ အင်မတန် အရုပ်ဆိုးတာမှန်ပေမဲ့ သရုပ်ဆောင် ကောင်းလွန်းတာမို့ တစ်ချိန်ကအတော်လေး သဘောကျခဲ့ ဖူးတဲ့  ကိုယ့်ရဲ့ မင်းသား ဖြစ်လိုက်ပါသေးတယ်။ ပြောသာပြောရ။ သူ့ရုပ်ရှင်တွေကို နှစ်ခါဘဲ ကြည့်ဘူးတာ။ ၁၉၈၄ ပါတ်ဝန်းကျင်လောက်ကပေါ့။ […]


alinsettJanuary 22, 20157min3304
ဒီတစ်ပတ် တင်ပြပေးသွားမယ့် သတင်းတွေကတော့… ပြတိုက်အဖြစ် လုပ်ကိုင်ခွင့်ပြုလိုက်တဲ့ ရှေးဟောင်းအမွေးအနှစ် ဝန်ကြီးများရုံး အရေး နဲ့ ကန့်ကွက်သူများရဲ့ သတင်း၊ မြန်မာနိုင်ငံဟာ တိုင်းပြည်ရဲ့ပကတိအချက်အလက်တွေကို အများပြည်သူ ပွင့်လင်းစွာသိရှိဖို့ အခက်ခဲဆုံးနိုင်ငံတွေထဲမှာ ပါဝင်တယ်လို့ ထည့်သွင်းရေးသားလိုက်တဲ့ US အခြေစိုက် World Wide Web Foundation ရဲ့ အစီရင်ခံစာ သတင်း၊ US အစိုးရ ၊ ဒုက္ခသည်များဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Anne Richard ရဲ့ ရခိုင်ပြည်နယ်ခရီးအပြီး မြန်မာ့အရေး ပြောကြားချက်များ… အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြင်ဆင်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ကျောင်းသား ၁၀ဝ ကျော်ဟာ မန္တလေးမြို့ကနေ ရန်ကုန်မြို့ကို စတင်လမ်းလျှောက် ဆန္ဒပြနေကြတဲ့သတင်း၊ US ၊ နီဗားဒါးပြည်နယ်၊ လတ်စ်ဗေးဂတ်စ်မြို့မှာ […]


KyaemonJanuary 19, 20155min2258
  နိုင်ငံတကာကနှစ်သစ်ကူးဓာတ်ပုံအလှတွေကို ဆက်လက်ပြီးရှုစားနိုင်ပါရန် ———- နှစ်သစ်ကြိုမီးပန်းအလှ ——— အိမ်နီးချင်း ယိုးဒယား က ပါ ———-   ယိုးဒယား မြို့တော် က ညရှုခင်းအလှ ———— ————-   ယိုးဒယား မဏ္ဋပ် မှာ သီဆို ————-   ————   =============   ထိုင်းဝမ်းကျွန်း က ၁၀၁ ထပ်ရှိ မိုးမျှော် အဆောက်အဦးမှ မီးပန်းရောင်စုံကိုချိန်ကိုက်ပြီးလွှတ်   ———–   ————— ၂၀၁၄ တုန်းကဒီအတိုင်း           ============== ဟောင်ကောင်ဆိပ်ကမ်းက ရောင်စုံမီးပန်းအလှ   ————— ————–   ————— […]


မြစပဲရိုးJanuary 19, 20151min29017
ဟိ။ ဒီ တစ်ပါတ်တော့ စိုးလွင်လွင် သီချင်းပါ။ စိုးလွင်လွင် ဆို တစ်ချို့ ကလေးများ သိကြပါ့မလားဘဲ။ ကိုယ့် ဂျဲန် ထဲက သိုးမဲကြီးများ ကတော့ မသိသူမရှိလောက် ရှားမှာပါ။ သူ့ အသံ ကို ကောင်းတယ်မခေါ်နိုင်ဘူး ထင်ရဲ့။ ဒါပေမဲ့ နားထောင်ကောင်းတာတော့ အမှန်။ သူ့သီချင်းတွေပေါက်ခဲ့တာ တေးရေး ပညာရှင်စစ်စစ်များ ရဲ့ ရင်တွင်းဖြစ် တန်ခိုး ကြောင့် ဆိုလဲ မမှားပါဘူး။ ကိုယ့် အပေါ်ကို အတော် ပါဝါရှိခဲ့ တဲ့ သူ့သီချင်းတွေ အများသား။ “မျက်နှာထား တင်းတင်း နဲ့ နောက် မလာ နဲ့ လို့ ပြောလွှတ်လိုက်တယ်” ဆိုတဲ့ “ခေါင်းငုံ့ချစ်နေမယ်” သီချင်း။ အားကျပြီး ကိုယ့်မျက်နှာထား ကို […]


မြစပဲရိုးJanuary 11, 20152min25015
အခု ကမ္ဘာမှာ ဘာသာရေး အကြောင်းပြုပြီး လူ တွေ သွေးမြေကျ နေရတယ်။ ကလေးငယ် တွေ အသတ်ခံ နေရတယ်။ မိန်းမ တွေ အနှိမ်ခံ နေရတယ်။ လူသား အချင်းချင်း မှာ ကို အမုန်းတရား တွေ နဲ့ ရန်ဆောင် နေကြတယ်။ မြန်မာပြည်ထဲ မှာရော ဘာထူး သေးလဲ။ ဘာသာရေး ကို အကြောင်းပြုပြီး တိုင်းပြည် မငြိမ် အောင် ကစား ကြတယ်။ စားပေါက်ချောင် အောင် နိုင်ရာလူ ဖိထောင်းတယ်။ မလို တဲ့ အဆင့်မရှိတဲ့ လူရီဖွယ် ဥပဒေ ထုတ်ကြတယ်။ လူသား အချင်းချင်း မှာ ကို အမုန်းတရား တွေ နဲ့ ရန်ဆောင် […]


KyaemonJanuary 10, 20156min1845
နှစ်သစ်ကူး ရှုခင်းအလှတွေကို ဆက်လက်ပြီးလိုက်ကြည့်ရအောင် ” မင်္ဂလာရှိသောနှစ် ပျော်ရွှင်သောနှစ် ဖြစ်ပါစေသား” လို့ အားရပါးရဘဲ ကြွေးကျော် ကျူးရင့်လိုက်တာပါ     ====== လာဘဲဂါ့စ် Las Vegas, USA က ဓာတ်ပုံအလှတွေပါ   နှစ်စဉ်နှစ်တိုင်း လူပေါင်း ၂ သိန်း ခန့်  လာဘဲဂါ့ Las Vegasဆီကြွရောက်ပြီး နှစ်သစ်ကူးပွဲကိုစည်ကားသိုက်မြိုက်စွာပါဝင်ဆင်နွဲကြတယ်၊   ——- ======= ——– ========     ======== ======   “မန္တလေး” အမည် တပ်ထားတဲ့ နံမယ်ကျော် Casino လောင်းကစားရုံ နဲ့ဟိုတယ် =======       ====   ======= စင်ကာပူ […]


မြစပဲရိုးJanuary 10, 201510min38024
နှစ်သစ် မှာ ဘာများလုပ်ရရင် ကောင်းမလဲ စဉ်းစားရင်း “နားဦးတည့် ရာ” ကို စမ်းလျှောက်လိုက်ပါတယ်။ ရင်ထဲ ဝင်လာသမျှ  နားဦးတည့်ရာ သီချင်းတွေ ကို ရေးချင်ရာ အကြောင်း နဲ့ ရေးချင်တဲ့ အချိန် ရေးပါမည်။ ပွဲဦးထွက်က …… One D – One Direction ရဲ့ Night Changes အခုနောက်ဆုံး ထွက်ထား တဲ့ သီချင်းလေးပါ။ ဒီ အရီး တစ်ယောက် မကြီးမငယ် နဲ့ One D ကို ကြိုက်နေပါရော့လား လို့ အထင်တော် မလွဲ ကြပါနဲ့။ ဒင်းလေးတို့ စထွက် လာ ကထဲ က လုံးဝကို မကြိုက်ပါ။ သူရို့ သီချင်းတွေ […]


KyaemonJanuary 7, 20154min2999
  နှစ်သစ်ကူးမှာ ရွာသူရွာသားအပေါင်း ကျန်းမာရွှင်လန်းကြပါစေ၊ ကိုယ့်ဖားရေတွင်းကနေထွက်ပြီး ကမ႓ာအရပ်ရပ်ကရှုခင်းအလှတွေကို လိုက်ကြည့်ရအောင်   —–     ပွဲဦးထွက်က ဩစတေးလျ Australia က ပါ     ======= အဇာဘာဂျန် (အာရှအလယ်ပိုင်းက) Azerbajian ပါ နီပေါ Nepal က ပါ     ဘရာဇယ် Brazil ကပါ ဆက်ရန်


alinsettDecember 31, 20141min51134
              လွန်ခဲ့သော ရက်များအတွက် မထော်မနန်းသတင်းများ ကြားရ /ဖတ်ရသည်။ သရုပ်ဆောင်/ဒါရိုက်တာတယောက်က အမျိုးသမီးတယောက်ကို ပက်ပက်စက်စက် နှိပ်စက်ပြီး သတ်ပစ်လိုက်သည့်သတင်း. . . (နောက်ပြီး တတိုင်းပြည်လုံး ထိုင်ကြည့်နေသည့် အကယ်ဒမီဆုချီးမြှင့်ပွဲအခမ်းအနားကနေ တိုက်ရိုက်ထုတ်လွှင့်နေရင်းတန်းလန်းမှာ အနုပညာကြယ်တပွင့်က နောက်ထပ်ကြယ်တပွင့်ကို တိုင်းသိပြည်သိ ကလော်တုတ်ထည့်လိုက်သည့် သတင်း) အဲ့သည် သတင်းကို ဖတ်ပြီး ကျွန်တော် မဲ့ပြုံးတချက်နဲ့အတူ အံ့ဩ နာကျင်မိပါသည်။ သတ်သူနှင့် အသတ်ခံရသူ(ဆဲသူနှင့်အဆဲခံရသူတို့ကြား) မှာ ဖြစ်ပေါ်ခဲ့သော ပုဂ္ဂိုလ်ရေးရာ ခံစားချက်များနှင့် လုပ်ရပ်များကို ကျွန်တော့်အနေနှင့် ဝေဖန်ပြောဆိုစရာ မရှိချေ။ ဒါပေမယ့် အဲသည် ဖြစ်ရပ်မျိုး အဲသည်လိုလူမျိုးတွေအနေနဲ့ မဖြစ်သင့်ဘူးလို့ ထင်ပါသည်။ သရုပ်ဆောင် တယောက် သို့မဟုတ် […]


black chawDecember 27, 20141min2105
အစ်မလတ်ရေ…။ ပထမအကြိမ် အမျိုးသားအားကစားပွဲတော် ကြီးမှာ စီးပွားရေးတက္ကသိုလ် အနုပညာအသင်း အနေနဲ့ အကြိုလှုံ့ဆော်တေး ၂ ပုဒ် မြန်မာ့အသံက ထုတ်လွှင့်ခဲ့ပါတယ်။ ဂုဏ်ယူစရာတစ်ခုကတော့ ၂ ပုဒ်လုံး ဓါတ်ပြားရခဲ့တာပါပဲ။ တေးရေးကတော့ ထုံးစံအတိုင်း ကျွန်တော် ဘလက်ချော ပေါ့။ တေးဆိုကတော့ စီးပွားရေးတက္ကသိုလ် ကျောင်းသားကျောင်းသူ တွေပေါ့ခင်ဗျာ။ တေးဂီတကတော့ Drum ကိုစန်းချိုလင်း၊ Keyboard ကိုသက်(အိုအေစစ်)၊ Bass ကိုဖိုးကလဲ၊ Lead ကိုမြတ်စိုး တို့က တီးခတ်ပေးပြီး ခင်စံပယ်ဦးစတူဒီယိုမှာ အသံဖမ်းကြပါတယ်။ အဲဒီ သီချင်းလေးတွေ အမှတ်တရ ပြန်တင်ပေးမလို့ ခင်ဗျ။ ဘလက်ချောကြီးရဲ့ ကျောင်းသားဘဝ အနုပညာလှုပ်ရှားမှုတွေထဲက တစ်ခုပေါ့ခင်ဗျာ။ ပထမ တစ်ပုဒ်က ဒို့ မြန်မာ ဆိုတဲ့ သီချင်းလေးခင်ဗျ…။ စာသားတွေတော့ ပျင်းလို့ […]


ဇီဇီDecember 26, 20143min29219
ဒီနှစ် အော့ချာ့ ကို ဓာတ်ပုံမရိုက်ဖြစ်ဘူးး… Gardens By the Bay ကို ၂ ခေါက်သွားတယ်။ ဟို ပိုက်ဆံပေးရတဲ့ အတွင်းထဲထိ မဝင်တော့ဘူးး။ အပြင်က သစ်ပင်ပုံစံ အဆောက်အဦးတွေ မီးထွန်းတာ လှတယ်ဆိုလို့ သွားကြည့်တာ။ . . အစကတော့ သိပ်မထင်ထားဘူးး။ လူကလည်း အရမ်းများတယ်။ အဲဒီနေရာကဖရီးဆိုတော့ ကွကိုယ် ရေတစ်ဘူးနဲ့ မုန့်နဲ့ ၈ နာရီတစ်ခါ ထွန်းမဲ့ မီးကို ထိုင်စောင့်နေတာ။ စောင့်ရတဲ့ အချိန်ကုန်မှန်းမသိ မွသဲနဲ့လည်း ချက်နေသေးတာဆိုတော့ မီးတွေ အားလုံး မှောင်သွားပြီး သီချင်းသံ စတော့ မှ ဘာလဲပေါ့။ 🙄   . အဲဒီ အဆောက်အဦးခြေရင်းမှာ စပီကာတွေနဲ့ ပတ်လည်ဆိုတော့ အတော်ကျယ်တယ်။ […]


black chawDecember 23, 20141min50141
  နှစ်သစ် ကလည်း ကူးတော့မယ်။ ခရစ္စမတ်ကလည်း ရောက်လုပြီ။ ဒီအချိန်ဟာ ငြိမ်းချမ်းရေး အချိန်ကာလ ပါပဲ။ မဟာမိတ်တွေနဲ့ ဂျာမန်တွေတောင် ဒုတိယကမ္ဘာစစ် တုန်းက ခရစ္စမတ်နေ့မှာ လက်ဆောင် အပြန်အလှန်လဲကြ၊ အရက်တွေ အတူသောက်ကြ၊ တစ်ယောက်က ဂစ်တာတီးပြီး သီချင်းတွေ အတူဆိုကြ၊ အို စစ်ပွဲတွေ တောင် ရပ်တန့်သွားကြဖူးတဲ့ အချိန်ကာလမျိုးခင်ဗျ။ ဆိုတော့ ဘလက်ချော ဆိုတဲ့ ခင်ဗျားတို့ သောက်မြင်ကတ်တဲ့ ကောင်ကလည်း သေနတ် ကို ခဏသိမ်းလို့ ငြိမ်းချမ်းရေးတေးကိုဆိုတယ် ပေါ့ဗျာ။ ဟောဒီမှာ ဘလက်ချော ရဲ့ ကိုယ်တိုင်ရေး ကိုယ်ပိုင်သံစဉ် သီချင်းလေး နားဆင်ကြည့်ပေးကြပေါ့။ ဟော်လိုဂစ်တာလေး ၂ လက်နဲ့ အပျော်တမ်းတီးထားဆိုထားတဲ့ သီချင်းဆိုတာလေးလည်း မမေ့ကြနဲ့ပေါ့ဗျာ။ တစ်ခုတော့ရှိတယ်နော်။ ခင်ဗျားတို့ ရင်ထဲမှာ […]


CharTooLanDecember 23, 20141min53825
ချစ်ခြင်းတရားနဲ့ ပြည်ထောင်စု အခိုင်မာဆုံးသော ပြည်ထောင်စုတွေ၊ ကမာ္ဘအရပ်ရပ်မှာ ပြိုကွဲလျှက်ရှိကြပေ အယူအဆအမျိုးမျိုး လိုရာဆွဲကာ၊ စစ်ခင်းလျှက်ရှိကြပေ လူမမယ်ခလေးများ၊ အဘိုးဘွားနဲ့ သားသည်မိခင် ရတက်မအေးရပေ…။ ဒီအဖြစ်မျိုးတော့ မကြုံချင်ဘူးလေ၊ အခြေအနေအရပ်ရပ်ကို အစဉ်သုံးသပ်ကြလေ အနာဂါတ်အကျိုးအတွက် မျှော်ရည်မှန်းကာ ချစ်ခြင်းတရားနဲ့လေ ပြည်ထောင်စုသားတွေ မကွဲမပြားပဲ နှလုံးသားနဲ့ သတိမူကြရင် ရတက်အေးရလိမ့်မည် ဒို့အသက်နဲ့ ဒို့ခန္ဒာတွေ အမြဲရှိသရွေ့ရင်ထဲမှာ ဒို့ချစ်တဲ့ပြည်ထောင်စုကို အစဉ်စောင့်ထိမ်းဖို့အဓိဌာန်ရည် အခိုင်မာဆုံးသော ပြည်ထောင်စုတွေ၊ ကမာ္ဘအရပ်ရပ်မှာ ပြိုကွဲလျှက်ရှိကြပေ အယူအဆအမျိုးမျိုး လိုရာဆွဲကာ၊ စစ်ခင်းလျှက်ရှိကြပေ လူမမယ်ခလေးများ၊ အဘိုးဘွားနဲ့ သားသည်မိခင် ရတက်မအေးရပေ…။ ဒီအဖြစ်မျိုးတော့ မကြုံချင်ဘူးလေ၊ အခြေအနေအရပ်ရပ်ကို အစဉ်သုံးသပ်ကြလေ အနာဂါတ်အကျိုးအတွက် မျှော်ရည်မှန်းကာ ချစ်ခြင်းတရားနဲ့လေ ပြည်ထောင်စုသားတွေ မကွဲမပြားပဲ နှလုံးသားနဲ့ သတိမူကြရင် ရတက်အေးရလိမ့်မည် ဒို့အသက်နဲ့ ဒို့ခန္ဓာတွေ […]