mgsaiJanuary 11, 20161min21213
အခုပြောမယ့်အကြောင်းကတော့ ပိုးသတ်ဆေးအနာ္တရာယ်ပါပဲ။ဘာလို့ဒီလိုပြောရတာလဲ။အရင်ကတော့ပိုးသတ်ဆေးကို ကိုယ့်ကိုကိုယ်သတ်သေဖို့အတွက်သောက်သေကြတယ်။အခုတော့ ပိုးသတ်ဆေးကို သောက်စရာမလိုတော့ပါဘူး။ ကျွန်တော်တို့နေ့စဉ်စားသောက်နေတဲ့ဟင်းသီးဟင်းရွက်တွေမှာပိုးသတ်ဆေးတွေပါဝင်နေပါတယ်။အရင်တုန်းကတော့မသိသာပေမယ့် အခုအခါတော်တော်များများ အသီးအရွက်တွေစားမိပြီး သေတာတွေ၊ဆေးရုံရောက်တာတွေ အများအပြားကြားနေရပါတယ်။ ပထမဆုံးပြောချင်တာကတော့ ကန်စွန်းရွက်ကနေ စရပါမယ်။ဟို တလောက ကန်စွန်းရွက်စားမိလို့ လူ၁၃ရောက်ဆေးရုံရောက်တာ သတင်းစာတွေ၊ဂျာနယ်တွေမှာ ပါလာပါတယ်။ဘာကြောင့်ဖြစ်ရတာလဲ???ကန်စွန်းရွက်က အဆိပ်ပြေစေတဲ့အရွက်တစ်မျိုးပါ။။အရင်ကဆို အစာအဆိပ်တစ်ခုခုဖြစ်ပြီဆိုရင် ကန်စွန်းရွက်ကိုအရည်ညှစ်ပြီးတိုက်ချလိုက် အဆိပ်တွေကင်းရော။အခုကြတော့ရော ကန်စွန်းရွက်ကို ကြော်စားတာတောင် ဆေးရုံရောက်တာတို့ဘာတို့။တကယ်တမ်းတော့. . . ဟိုနေ့က လှိုင်သာယာကိုရောက်ပါတယ်။ဘူတာဈေးအလွန်မှာ ရေအိုင်လေးတွေရှိပါတယ်။အဲဒီမှာ ကန်စွန်းရွက်စိုက်ကြပါတယ်။ကန်စွန်းရွက်တွေများ သန်သန်မာမာ အရွက်တွေက ထွားထွားကြိုင်းကြိုင်းတွေ၊ကျွန်တော်မေးကြည့်ပါတယ်။ကန်စွန်းရွက်တွေက ကောင်းလျချည်လားပိုးပေါက်တွေဘာတွေလဲမပါ၊စိမ်းပြီးတော့ လှလိုက်တာဆိုတော့။လှမှာပေါ့ဗျာ မနေ့ကမှ ပိုးသတ်ဆေးဖြန်းထားတာတဲ့။သူတို့ပြောတာတော့ ပိုးသတ်ဆေးကို အပင်ငယ်စဉ်ကတည်းကဖြန်းပါတယ်။ခူးခါနီးကြရင် အရွက်တွေ ပိုးပေါက်တွေမပါအောင်ပိုးသတ်ဆေးတွေဖြန်းပြီး နောက်နေ့ဆိုခူးတာပဲတဲ့။စဉ်းစားကြည့်ပါ။ကျွန်တော်တို့တွေ ဒီကန်စွန်းရွက်ကိုသာ ရေစင်အောင်မဆေးလို့ကတော့. . . . . နောက်တစ်ခုက ဂေါ်ဖီထုပ်။ပန်းဂေါ်ဖီလဲပါတာပေါ့လေ။ဂေါ်ဖီထုပ်မှာသုံးတဲ့ပိုးသတ်ဆေးက အရမ်းပြင်းဆိုပဲ။ပင်လုံးဖြတ်ပိုးသတ်ဆေးလို့ ခေါ်ကြတယ်။ဂေါ်ဖီဟာ အလွှာအထပ်တပ်ရှိတာမို့ အဲဒီအလွှာတွေအကုန်လုံးဖြတ်ပြီးစိမ့်ဝင်အောင် […]


ဇီဇီJanuary 11, 20168min36414
မ နန်းကေသီလှိုင်ကို အကူအညီတောင်းပြီး ရ ရက် စာ ရအောင် ဟင်းစပ်ရော ဟင်းချက်နည်းရော ဓာတ်ပုံပါ တောင်းလိုက်တယ်။ အားပေးပါအူးးး     MONDAY မုန်ညင်းခါး ဟင်းရည် ငါးကြော် ပဲငါးပိချက် ဆင်ခရမ်းချဉ်သီး ပဲတောင့်ရှည်သုပ်                                             ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ TUESDAY ဝက်သားလုံး ရှမ်းချက် မွှေးမွှေးလေး အသုပ်က ငါးဖယ်ပေါင်းကိုပဲတောင့်ရှည်အစိမ်းနဲ့ ငါးပိလေးနဲ့ သုပ် ..     […]


mgsaiJanuary 5, 20161min1567
ပိုးသတ်ဆေးကိုစုပ်ယူထားသော အသီးအနှံများ အခုပြောမယ့်အသီးအနှံတွေက ပိုးသတ်ဆေးကို စုပ်ယူထားပါတယ်။အဲဒီသီးနှံတွေကို ရေဘယ်လောက်ပဲဆေးဆေး၊ဆားရေပဲစိမ်စိမ်၊ဘယ်လောက်ပဲချက်ပြုတ်ချက်ပြုတ် အဲဒီအသီးတွေထဲက ပိုးသတ်ဆေးတွေ ကပြန်မထွက်နိုင်ပါဘူး။အဲဒီအသီးတွေကို ကမာ္ဘ့ကျန်းမာရေးဌာနကသတ်မှတ်ထားပါတယ်။အဲဒီအသီးတွေကတော့ (၁)မက်မန်းသီး(၁၀၀%) မက်မန်းသီးကို ပိုးသတ်ဆေးတစ်ခါဖြန်းထားရင် အဲဒီပိုးသတ်ဆေးတွေအကုန်လုံးကို မက်မန်းသီးက စုပ်ယူထားပါတယ်။အဲဒီမက်မန်းသီးကို ဘယ်လောက်ဆေးဆေးပိုးသတ်ဆေးတွေ မလျော့သွားပါဘူး။ဒီကြားထဲ မက်မန်းသီးကို အရောင်လှအောင်ဆိုးဆေးအနီတွေဆိုးလိုက်သေးတယ်. .. (၂)ပန်းသီး(၈၉%) ဒီထဲမှာ ပန်းသီးက ဒုတိယနေရာမှာပါတဲ့အတွက်တော်တော်စိတ်မကောင်းဖြစ်မိပါတယ်။ဘာလို့လဲဆို ပန်းသီးကိုတစ်နေ့တစ်လုံးစားရင် ဆရာဝန်တောင်မလိုဘူးလို့ ဆိုရိုးရှိပါတယ်။ပန်းသီးဟာ ရောဂါတော်တော်များများအတွက် ကောင်းစေပါတယ်။ဒီလိုပန်းသီးကို ပိုးသတ်ဆေးဖြန်းထားပြီး ကျွန်တော်တို့ကလဲတစ်နေ့တစ်လုံးသာမှန်မှန်စားမယ်ဆိုရင်. . . . (၃)ငရုတ်ပွ(၈၆%) ငရုတ်ပွ အနီရောင်တွေ၊အစိမ်းရောင်တွေ၊အဝါရောင်လဲပါတာပေါ့ဗျာ ပိုးသတ်ဆေးတစ်ခါဖြန်းမိလို့ကတော့ မတွေးဝံ့စရာ. . . . . (၄)တရုတ်နံနံ(၈၅%) တရုတ်နံနံတွေထဲမှာလဲ ကြောက်စရာကောင်းတဲ့ပိုးသတ်ဆေးတွေ ပါဝင်နေပါတယ်။ (၅)စတော်ဘယ်ရီ(၈၂%) စတော်ဘယ်ရီသီးတွေကို ကလေးတွေတော်တော်များများက ကြိုက်နှစ်သက်ကြပါတယ်။စတော်ဘယ်ရီမှာ ပိုးသတ်ဆေးတွေပါဝင်နေရုံမက ဆိုးဆေးအနီတွေလဲဆိုးထားတယ်လို့ သိရပါတယ်. […]


ဇီဇီJanuary 4, 20162min32614
                          အဟိ။ ဒီတစ်ပတ်တော့ မသင်ဇာမြင့် က ကူချက်လို့ ဆိုင်ဖွင့်ဖြစ်သွားတယ်။ အမက မန်းလေးမှာလည်း စားသောက်ဆိုင်ဖွင့်ထားတာပါ။ အိမ်မှာလည်း သူကိုယ်တိုင်ပဲချက်တာမို့ အားပေးကြပါအူးးး ကွကိုယ် ဟင်းစပ်လေးတွေ တွဲ ပြီး မှာစားပါခညာ။ ဒီထဲက ဟင်းတွေကို ဟင်းစပ်လှည့်လည်ပြီး ရ ရက်စာစပ်ပေးနိုင်ရင် Best comment  ပေးမယ်။ ငိငိ   :mrgreenn:


ဇီဇီDecember 28, 20153min29418
ဒီ တနင်္လာတော့ ဟင်းစပ်တွေ မရှာပဲ ဝက်ခေါက်ကင်ရမလားစဉ်းစားပြီး တင်လိုက်တယ်။ ရထားတဲ့ ၂ နည်းကို ဖက်စပ်ပြီး ကိုယ်တိုင်ကင်ပြီးမှ တင်တာမို့ စိတ်ချလက်ချ စားလို့ရတယ်လို့။ ဒီမှာတော့ Crispy Roasted Pork လို့ ခေါ်တယ်။ ရန်ကုန်မှာ အခေါက်ကင်လို့ခေါ်ပြီး မန်းလေး အခေါ်က နံကင်လို့ ခေါ်ပါတယ်။ ဟိ။  :mrgreenn:   နည်း ၂ နည်းကို အရင်ပြောရရင် …….. ပထမနည်းက မွဘုတ်က ပေးတာပါ။ သူ့ရဲ့ မလေးရှားက မြန်မာစာဖိုမှူးမိတ်ဆွေရဲ့ နည်းပါ။ သူလည်း လက်တွေ့ကင်ပြီးပါပြီ။ ပထမနည်း ဝက်သုံးထပ်သားဗိုက်သားကောင်းကောင်း ရှာဝယ်ပါ ။လေးငါးယောက်စာဆိုရင် အလျား တစ်ပေ၊အနံခြောက်လက်မ လောက်ဆိုရင်ရပြီ။ ပထမဆုံး ဝက်သားအပေါ်အောက်ကို အဝတ်ခြောက်နဲ့စိုထိုင်းမှူ့မရှိအောင်အရင်သုပ်ပါ ။ပြီးရင် ဗန်းထဲကိုရတေစ်ဝက်ကျော်ထည့်၊သံဇကာခံပြီး […]


ဇီဇီDecember 21, 20153min37620
ခေါင်းစဉ်မြင်တော့ ကျော်တို့ သမဒ အဟောင်းကြီးကို သတိယသွားကြသလားမသိ။ အဟေးဟေးဟေးးး :k:   ဒီ ရွာရောက်တော့ သူငယ်ချင်း အသစ်တွေ ရလာတယ်။ ဟော ….ထမင်းဆိုင်ဖွင့်တော့ အပေါင်းအသင်းပိုများလာတယ်။ ရွာထဲမှာ စာပဲဖတ်တဲ့ စာဖတ်ပရိတ်သတ် ၂ ယောက် … ကျနော် ဖွဘုတ်ကို ရှာပြီး လာ အက်နိုင်တာ ၂ ယောက် ရှိပါတယ်။ မွမိုးခိုင်နဲ့ မေသူဇော်ပါ။ ထမင်းဆိုင် ကို စဖွင့်ကတည်း က အားပေးလာတဲ့ အစားချစ်သူတွေပါ။ ဒီ တစ်ပတ်တော့ မေသူဇော် ရဲ့ လက်ရာ ရှင်းရှင်း ဓာတ်ပုံတွေပါ မြင်မိလို့ ထမင်းဆိုင် ပြန်ဖွင့်ချင်စိတ်ပေါက်သွားတာ ဓာတ်ပုံရောချက်နည်းတွေရော လွယ်ကူရိုးရှင်းသပ်ရပ်တာမို့  ၉ ရက်စာ “မ” လာပါတယ်။ အားပေးကြပါဦးးး […]


ေမာင္ရိုးNovember 29, 20151min24913
## ပျဉ်​မးနား တို့ဟူးချဉ်​သုပ်​ ##   တို့ဟူးသုပ်​လို့ဆိုလိုက်​တာနဲ့အများသတိပြု မှတ်​သားမိတာက​တော့ ကုလားပဲမှုန်​့ကိုကြိုပြီးခဲထားတဲ့တို့ဟူးသုပ်​ပါ ။ ​နောက်​ထပ်​ တို့ဟူးသုပ်​တစ်​မျိုးက​တော့ ရှမ်​းတို့ဟူးသုပ်​ပဲဖြစ်​ပါတယ်​ ။   အခု​ပြောတဲ့တို့ဟူးချဉ်​သုပ်​က​တော့ ​ဒေသတစ်​ခုအတွင်​းမှာသာ စား​လေ့ရှိတဲ့လူသိနဲတဲ့ တို့ဟူးချဉ်​သုပ်​ဘြဲဖစ်​ပါတယ်​ ။ ပျဉ်​းမနားတို့ဟူးချဉ်​လို့ ဆို​ပေမယ်​့ အခုချိန်​မှာ​တော့ ​ရေတာရှည်​နဲ့ ဆွာမြို့​တွေမှာပါ ​ရောင်​းချ စားသုံးကြတာ​တွေ့​နေရပါပြီ ။   မူလတို့ဟူးရဲ့ အရသာကိုက အချဉ်​ဓတ်​ပါပြီးဖြစ်​လို့ မကျီးရည်​ စတဲ့အချဉ်​​ရေ​တွေမထည်​့​တော့ဘဲ သုပ်​ကြ​လေ့ရှိပါတယ်​ ။ တို့ဟူးကို မထူမပါးအ​ချောင်​း​လေး​တွေဖြစ်​​အောင်​လှီးပြီး ခရမ်​းချဉ်​သီးပါးပါးလှီး ၊ ကြက်​သွန်​နီပါးပါးလှီးထားတာန့ ဲ့​ရောလို့သုပ်​ကြပါတယ်​ ။ ကြက်​သွန်​ဖြူဆီချက်​ကိုမသုံးဘဲ ဆီစိမ်​း​မွှေး​မွှေး​လေးနဲ့ ပုဇွန်​ငံပြာရည်​​လေးအ​နေ​တော်​ဆမ်​းပြီး ငရုပ်​သီးစိမ်​း​လေး​တွေလည်​းပါးပါးလှီးထည်​့တတ်​ကြပါတယ်​ ။ကြိုက်​တတ်​ရင်​​တော့ နံနံပင်​တို့ ကြက်​သွန်​မြိတ်​တို့ထည်​့သုပ်​တာ​လည်​း​တွေ့ရမှာပါ ။   ထမင်​းနဲ့စားတဲ့ ဟင်​းလျာတစ်​ခုအဖြစ်​သာမက သွားရည်​စာအဖြစ်​​ရေ​နွေးကြမ်​းနဲ့လည်​း လိုက်​ဖက်​တဲ့အမြည်​းတစ်​ခုပါ […]


padonmarNovember 27, 20154min74517
      သကျမဟာသီရိဘုရားကြီးတန်ဆောင်းထဲမှာ မုန့်ပွဲတော်အတွက် အရုဏ်ဆွမ်းမလောင်းခင် မနက် ၅နာရီကတည်းက အစောဆုံး လာထွက်ပေးတဲ့ မုန့်သည်ကတော့ အာဒက်ပါပဲ။ မုန့်အဖြူ ကို သကြားဖြူးပေးရင် တခု 150 ပါ။ ကြက်ဥထည့်ရင်တော့ တခု 300 တဲ့။ ပူပူနွေးနွေး ချိုဆိမ့်ဆိမ့် ကျွတ်ကျွတ်လေး မို့လို့ အတူပါသွားတဲ့ တူနဲ့ တူမတွေက အဲဒီ မုန့်သည်နားက မခွာတော့ပါဘူး။ နွားနို့နဲ့ စိမ်စားရင် ပိုကောင်းတာပေါ့။ လက်ဖက်ရည်နဲ့လည်း လိုက်တယ်။ မနက် ရနာရီလောက်မှာ အားလုံးကုန်လို့ ဆေးကြောနေတုံး ဘယ်လောက်ဖိုးရောင်းရလဲဆိုပြီး အင်တာဗျူးလိုက်တာ ပြုံးပြုံးကြီးနဲ့ တသောင်းခွဲဖိုး ရောင်းရတယ်တဲ့။ ဒီဇင်ဘာ ၂ရ သိမ်တော်ကြီး ဝါးခယ်မအသင်း နှစ်ပတ်လည်ကျရင် လိုက်လာရောင်းနော်ဆိုတော့ လာမှာပေါ့တဲ့။ အကိုကြီး အမကြီးတို့ […]


ဇီဇီOctober 22, 20155min51628
တဂျီးရဲ့ ရွှေပြည်ကြီးအစားအသောက်တွေရဲ့ အပေါ်ဖြူးတွေကို လိုချင်ပါတယ်လို့ တောင်းဆိုအပြီးမှာ… ဟိုမေး ဒီစမ်း ချက်လိုက်၊စားလိုက်နဲ့ကြိုးပမ်းလိုက်တာ ကိုယ်အလေးချိန် တိုးလာပါကြောင်းးး :byee: ဂွိဂွိ။ ကွကိုယ်ကျ သိပ်မစားရှာဘူးဆိုတော့။ :sar: ~~~~~~~~~~~~~~~~~ မုန့်တီ (နန်းကြီးသုပ်) သုပ်နည်းကတော့ ဒီမှာရေးထားတယ်။ https://myanmargazette.net/199829 မန်းလေးအခေါ် မုန့်တီသုပ် (သို့) ရန်ကုန်အခေါ် နန်းကြီးသုပ် ကိုပြောတာနော်။ ရန်ကုန်က မုန့်တီလို့ပြောရင် ရခိုင်မုန့်ဖတ်သုပ်တို့ ရခိုင်မုန့်တီတို့နဲ့မှားတတ်လို့။ မန်းလေးမှာတော့ မုန့်တီသုပ် က နန်းလတ် ကို သုပ်တာဖြစ်ပြီး နန်းကြီးကမုန့်ဖတ် အကြီးပါ။ မုန့်ဖတ်သုပ်ဆိုတာက မုန့်ဟင်းခါးဖတ်ကို သုပ်ထားတာမို့ နည်းတူပြီး မုန့်ဖတ်ကွဲပါတယ်။ မုန့်တီရဲ့ Topping တွေ က ဒေသ နဲ့ အကြိုက်ကို မူတည်ပြီး ကွဲပြားပါတယ်။ . ကျနော် […]


ကုိ ထြဋ္October 19, 20152min1399
      – မေ့သွားမှာစိုးလို့ ပြန်လာပြီး မိတ်ဆက်တာ… ရေမြေ့သနင်းပါ… ဖွဘွတ်မှာ ကိုထွဋ်… လမ်းတွေ့ရင် နှုတ်ဆက်ပါနော်… – ဒါလေးက အဘွား အမွေ မြိတ်ကော်ပြန့်စိမ်းပါ… မြိတ်မှာ ဒေါ်ခင်နုဆိုပြီး ရောင်းပါတယ်… – လုပ်တတ်လားဆို နိုးပါ… အဒေါ် အဖေ့ ညီမ လာတုန်းက လုပ်စားထားတာပါ… – မုန့်သား လိပ်တဲ့ အရွက် ကိုယ်တိုင်လုပ်တာပါ… နူးညံ့ပါတယ်… ပါးစပ်ထဲ ထည့် သွားလေးနဲ့ ကိုက်တောင် မကိုက်ရပါဘူး.. တင်ရုံနဲ့ ပြတ်ပါတယ်… – အစာကတော့ စိမ်းစားဥကို မုန်လာဥတွေ ဂေါ်ဖီတွေ နေရာမှာ သုံးပါတယ်… အချိုပိုလေးအောင်ပါ… -နောက်တခုက အချဉ်ရည် ၂ မျိုးပါ.. အချို နဲ့ […]


ေမာင္ရိုးOctober 16, 20151min37522
    အာပုံ ဆိုတာ ဘယ်လူမျိုးရဲ့ အစားအစာတော့သေချာမသိ ။ မောင်ဆာမ်ိတို့ အရပ်မှာတော့ ကုလားမလေးတွေရောင်းကြသည် ဒယ်အိုးခွက်ခွက်ထဲကို မုန့်ရေများ လောင်းထည့်ပြီးလျှင် ဒယ်အိုးကို ဝေ့ဝိုက်၍ လှည့်လိုက်ခြင်းဖြင့် အထက်ကပုံလို မုန့်ခွက်ခွက်လေးဖြစ်လာသည် .။ ထိုမုန့်အား ကျက်ပြီဆိုလျှင် ကလော်၍ အုန်းနို့နှစ်များဆမ်းပြီးလျှင် သကြားလေးဖြူးကာ စားလိုက်ရလျှင်ဖြင့် ချိုချိုအီအီဆိမ့်ဆိမ့်အရသာလေးအား နတ်စည်းစိမ် ဆယ်သက် တစ်ကယ်မမက်ပါဟုပင် နှိုင်းရမလို …… ။ ထို့ကြောင့် မောင်ဆာမိတစ်ယောက်မှာ အာပုံ ဟူသောအသံကြားလျှင် ပါးစပ်တပြင်ပြင်နှင့် အိန္ဒြေမဆောင်နိုင်အောင်ဖြစ်နေတတ်လေသည် ။   ငယ်စဉ်က …… မောင်ဆာမိတို့ ညကျောင်းတက်၍ ပြန်လာတိုင်း အာပုံတစ်ခု ၂၅ ပြားဖြင့် ဝယ်စားခဲ့ဖူးသည် ။ အာပုံရောင်းသောကုလားမကြီးမှာ မောင်ဆာမိတို့ ရင်းနှီးနေပြီဖြစ်၍ ပိုက်ဆံမပါလျှင်လည်း ” […]


ဇီဇီOctober 12, 20153min62539
ငါ့ ကို မပေါင်းချင်ရင်တော့ ငါး ကို ပေါင်းရအောင်။ ဟိ။ အချိုနည်းရော၊ အစပ်နည်းရော။ ထုံးစံအတိုင်းးးးစားဖိုမှူးဘယ်သူတွေတုန်း ကြည့်  ကြည့်…!! :k: ~~~~~~~~~~~~~~~~ . ၁) ခရစ်နဲ့ ပေါင်း အဲလေ ခရစ် နည်းနဲ့ ပေါင်းရအောင်။   ငါးကိုသေချာဆေး… အရသာနယ်ဗိုက်ထဲစပါးလင်ထုထည့်… ဂျင်းစိပ်လေး.. ငြုပ်သီးစိမ်း.. ရှမ်းနံနံနည်းနည်းထည့်.. ပြီးရင်.ပြုတ်… ရေနည်းနည်းနဲ့ပြုတ်လို့.. တဖက်စီလှန်.. ငါးကျက်လောက်ရင်.. ပန်းကန်ထဲထည့်… ငြုပ်သီးစိမ်း..နံနံ..ပင်စိမ်း..ရှမ်းနံနံ..ကြက်သွန်ဖြူကြိတ်ပြီးငါးပြုတ်ရည်ထဲထည့်.. သကြား..နန်းပါ..သံပုရာသီးညှစ်.. အရသာပြင်..ငါးပေါ်လောင်း.. ကောင်းလယ်.. ~~~~~~~~~~~~~~~~~~ . . ၂) ဦးကျောက်ခဲ နည်း ပေါင်းကြမယ်။ ကကတစ်ကို အကောင်လိုက် ကျောဘက်ကနေ တစ်ခြမ်းခွဲ… ဂျင်းရည် နှမ်းဆီ ဆား/သကြားသဘောလောက် ပဲငံပြာရည်အကြည်နဲ့နှပ်ထား… စားခါနီးမှ ပန်းကန်ထဲ စပါးလင်ခံ […]


ဇီဇီSeptember 30, 20151min57928
ငိငိငိ။ ဘာမှ မဟုတ်ဘူးး ရွာထိန်း လူနည်းတုန်း ကိုယ် ကြွားချင်တာလေး လာထားတာ။ ဟိ။ :mrgreenn: . ဂဂ စီစဉ်တဲ့ Food Magazine မှာလေ ဝါသနာရှင် ချက်ပြုတ်နည်းမှာ သများ ပါတယ်။ :mrgreenn: :mrgreenn: :mrgreenn:         အာ့ဒါ သများလို့ လာပြောတာ။ ငိငိ။ :aa: ရန်သူက နည်းတယ်ဆိုတော့ ချောင်းရိုက်မှာ မကြောက် ဘာမကြောက် လာကြွားတာ အဟေးဟေးဟေးးး :kwi: ~~~~~~~~~~~~~~~~~~~~~   ဘီယာဘဲ       ပါဝင်ပစ္စည်း . ၁) ဘဲ – တစ်ကောင် ၂) ရှောက်ကောမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဇွန်း […]