အခုလိုမိုးရာသီမှာ၊မိုးအေးတဲ့အချိန်မှာ၊ပိန္နဲသီးဟင်းခါးပူပူလေးကို၊ ကျွန်မအနေနဲ ့မကြခဏဆိုသလိုချက်စားဖြစ်ပါတယ်။ ပါဝင်တဲ့ပစ္စည်းများက- ၁။ပိန္နဲသီး(အစိမ်း) ၂။စွယ်တော်ရွက်ညွှန့် ၃။ဆူးပုတ်ရွက် ၄။ပုဇွန် ၅။ကြက်သွန်ဖြူ ၆။ငြုပ်ကေါင်းမှုန့် ၇။ဆန်နှစ်ရည် ၈။ဆား,ငါးငံပြာရည်,ငါးငပိရည်ကြို(အနည်းငယ်)၊ဟင်းခပ်မှုန့်။ ဒီဘက်ဒေသမှာ၊ပိန္နဲသီးပေါ်ချိန်မှာ၊ပိန္နဲသီးအစိမ်း(အခွံနွှာပြီးသား)ဈေးမှာရောင်းချကြပါတယ်။ ရာသီစာလည်းဖြစ်ပါတယ်။ဟင်းခပ်အဖြစ်၊ပုဇွန်တွေလည်းပေါချိန်မို့၊ဝယ်ယူရတာဈေးသက်သာတဲ့အပြင်၊ အကုန်အကျနည်းတာမို့၊ကျွန်မအနေနဲ ့ကဟင်းရည်သောက်ဆမ်းအဖြစ်၊ ချက်စားဖြစ်ပါတယ်။ ပါဝင်တဲ့၊အသီးအရွက်တွေ အားလုံးကို၊ရေဆေးသန့်စင်ပါတယ်။ ကြက်သွန်ဖြူမညက်တညက်ထောင်းထားပါတယ်၊ဆန်အနည်းငယ်ခန့်ကို ရေနွေးနဲ ့စိမ်ထားပါတယ်။ ဆန်ပွလာပြီဆိုရင်တော့၊ငရုတ်ဆုံမှာညက်မှုန့်အောင်ထောင်းပြီး၊ရေနဲ့ဖျော်ပြီး၊ဆန်နှစ်ရည်လုပ်ပါတယ်။ ပုဇွန်ကိုရေဆေးသန့်စင်ပြီး၊ခေါင်းအမြီးချွေ၊ပုဇွန်ကိုအခွံနွှာပြီး၊မညက်တညက်ထောင်းပါတယ်။ ကျွန်မအနေနဲ့ကတော့၊ပုဇွန်ကိုအချိန်တိုအတွင်းမှာအလွယ်ကျက်မြန်အောင်နဲ ့အချိုရည်(အမြန်) ထွက်လာစေဘို့အတွက်ပြုလုပ်တာပါ။ ချက်မဲ့အိုးထဲမှာ၊ပိန္နဲသီး(အစိမ်း)ကို၊ရေမြုပ်ယုံထည့်ပြီး၊ရေမခမ်းအောင်တည်ထားပါတယ်။ ပိန္နဲသီးပြုတ်သားရလာတဲ့အချိန်၊ငါးပိရည်ကြို(အနည်းငယ်)ထည့်ပြီး၊ရေထပ်ထည့်ပြီး၊ဆူအောင်ပြန်ပြီး တည်ထားပါတယ်။ ဟင်းရည်အိုးဆူလာရင်၊ဆန်နှစ်ရည်လောင်းထည့် ယောက်ချိုဇွန်းနဲ့သမအောင်မွှေပြီး၊ဟင်းရည်ဆူလာတဲ့အထိပြန်တည်ထားပါတယ်။ ဟင်းရည်ဆူလာတဲ့အချိန်၊မညက်တညက်ထောင်းထားတဲ့ပုဇွန်နဲ့ကြက်သွန်ဖြူတို့ကို အတူတူရောပြီးထည့်ပါတယ်၊တဆက်တည်းမှာဘဲ၊ဆား,ငါးငံပြာရည်၊ဟင်းခပ်မှုန့်တို့ထပ်ထည့်ပါတယ်။ အပေါ့အငံအရသာကိုတော့၊မိမိနှစ်သက်သလို၊မြည်းကြည့်ပြီး၊ခဏပြန်တည်ထားပါတယ်။ ဟင်းရည်အိုးချခါနီးလောက်မှာ၊စွယ်တော်ရွက်ညွှန့်၊ဆူးပုတ်ရွက်ထည့်ပြီး၊ငြပ်ကေါင်းမှုန့်မွှေးနေအောင်ထည့်ပြီး တာနဲ ့မီးဖိုကနေ(ချက်ခြင်း)ချပါတယ်။ပိန္နဲသီးဟင်းခါးရည်ကိုတော့ပူပူလေးတုန်းမှာဘဲ၊ ဟင်းရည်သောက်ဆမ်းအဖြစ်သုံးဆောင်ပါတယ်။ ကျွန်မအနေနဲ့ကကြိုက်နှစ်သက်လို့၊ခုလိုမိုးရာသီ၊မိုးအေးတဲ့အချိန်မှာ၊မကြာခဏချက်စားဖြစ်ပါတယ်။ မကြာခဏချက်စားဖြစ်တဲ့အကြောင်းအရင်းကလည်း၊ပိန္နဲသီးမှာအာဟာရဓတ်တွေပေါကြွယ်လှပြီး ကျန်းမာရေးအရလည်း စားသုံးသင့်လို ့ပါ။ အခုလိုမိုးရာသီမှာမိုးအေးအေးနဲ ့ပိန္နဲဟင်းခါးပူပူလေးက ဒီဒေသနဲ့လိုက်ဖက်လွန်းတဲ့ ရာသီစာအဖြစ် ကျွန်မအနေနဲ ့နှစ်သက်မိတာမို့၊ပြန်လည်မျှဝေလိုက်ပါတယ်။။။။။။။။။။။ “အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ရွှင်လန်းကြပါစေ”