Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


ဇီဇီMarch 25, 20156min138241
  ဒီ တခေါက် ပြန်တော့ အလုပ်က ဘော့(စ) ကပါ ရန်ကုန်ပရော့ဂျက် အတွက်လိုက်ချင်တယ်တဲ့။ ဟိုတယ် ကို စီစဉ်ပေးနိုင်ပေမဲ့…. သူရယ်၊ ကိုယ့် အစစ်စတန့်ကောင်လေး ရောရယ်က အစားအသောက် နည်းနည်း ချေးများတဲ့ထဲ ပါတာမို့ အတော် ခေါင်းခဲပါတယ်။ :b: မြန်မာ စာလည်း မစားချင်တဲ့သူနဲ့ အစားရွေးတဲ့သူနဲ့၊ ဆိုင် အပြင်အဆင်က အစ ကြည့်တတ်တဲ့ သူတွေမို့ ကိုယ့် တိုင်းပြည်ထဲလည်း မျက်နှာမပျက်ချင်တာ ပါတာပေါ့။ 😕 ပထမရက်မှာ ဟိုတယ် သွားတွေ့ပြီး နေ့လည်စာကို ဘယ်မှာကျွေးရမယ်လို့ ခေါင်းခြောက်ပါပြီ။ အဲဒါနဲ့ စဉ်းစားရ အလွယ်ဆုံး နဲ့ ဟိုတယ်နဲ့ အနီးဆုံး ပန်းဘဲတန်း မြို့နယ် FMI (ဗိုလ်ချုပ်လမ်း၊ ဗိုလ်ချုပ်ဈေး ဘေး)၊ […]


ဇီဇီMarch 23, 20155min273451
      မြီးရှည် ဆိုတာ မန်းလေးမှာ မုန့်တီ နဲ့ ရှမ်းခေါက်ဆွဲပြီးရင် တတိယနေရာလိုက်တဲ့ထိ နာမည်ကြီးပါတယ်။ မန်းလေး မြီးရှည်… မိုးကုတ်မြီးရှည်… ကျိုင်းတုံမြီးရှည်… မိုင်းသာမြီးရှည်.. စသည်ဖြင့် ဒေသအလိုက်မြီးရှည်တွေကလည်းရှိသေးရဲ့။ ဆိုတော့ ကြိုက်တတ်ရင် မြီးရှည်သည်လည်း စိတ်ရှည်လက်ရှည် လုပ်စားပျော်ပါကြောင်းးး… :sar: ~~~~~~~~~~~~~ ပထမဆုံး တင်ပြ (အဲလေ) ပြောပြချင်တဲ့ မြီးရှည်ကတော့ ကေဇီ အမြီးရှည် ဖြစ်ပါဒီ၊. ဒီ နည်းကို မနှစ်က လာတဲ့ အမေနဲ့ အဒေါ်ထံမှ လက်ပူးလက်ကြပ် သင်ယူထားတာမို့ စိတ်ချလက်ချ စားနိုင်ပါကြောင်း သဒင်းဂေါင်းပေးလိုက်ပါဒီ။ ဟိဟိ.. :k: မိုးကုတ်- မန်းလေးဖက်စပ် မြီးရှည် . မုန့်ဖတ် – (တစ်မျိုးမဟုတ် တစ်မျိုး) ၁) […]


ဇီဇီMarch 16, 20152min180947
  အကို့ မိန်းမ – မရီး အိပ်ချင် – သန်း မရီးသန်း ဆိုတော့ မရမ်းသီးပေါ့။ ဟိ။ ငယ်တုန်းကတော့ စကားထာဖွက်ရင် အဲလို ဖွက်တာပဲ။   :mrgreenn: ~~~~~~~~~~~~~~~~~~~ ဆေးဖက်ဝင် မရမ်းသီး (http://yinfamily24.blogspot.sg/2013/03/blog-post.html) မရမ်းသီးသည် သွေးဝမ်းသွားခြင်း၊ ဝမ်းကိုက်ခြင်း၊ သွေးကြောင့်ဖြစ်သောရောဂါ၊ အဖျားဟောင်းနှင့် ကိုယ်တွင်းပူ လောင်ခြင်း၊ အသားကြား အရိုးကြားတို့၌ နာက…ျင်ကိုက်ခဲခြင်းတို့ကို သက်သာပျောက်ကင်းစေသည်။ မရမ်းသီးကို သုပ်စားခြင်း၊ ချက်စားခြင်း၊ စသည်ဖြင့် ပြုလုပ်စားသုံးပါက ခံတွင်းပျက်ခြင်းနှင့် ခံတွင်းအရသာ မပေါ်ခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်သည်။ ဝမ်းကိုက်ခြင်း၊ မီးယပ်ဝမ်သွားခြင်းများအတွက် မရမ်းသီးဆားရည်စိမ် အရည်သောက်ပေးခြင်း၊ ဆားရည်စိမ် မရမ်းသီးကို သုပ်စားပေးခြင်းဖြင့် ဝမ်းကိုက်ပိုးများကို သေစေနိုင်သည်။ အသည်း အဆီဖုံးသော ရောဂါများကို ပျောက်ကင်းစေရန်နှင့် […]


zaw gyiMarch 15, 20151min4537
xxxxxxxxxxxxxxccxxxxxxxxxxxxxx နံနက်စောစော အစားမစားမီ ေရေသာက်ခြင်းကြောင့် ခန္ဓာကိုယ်အ တွက် အကျိုးကျေးဇူးအေမြာက်အမြား ရရှိနိုသင်ည်။ နံနက်စောစော အစာမစားမီ ရေအရဆင်ုံးသောက်ခြင်းကြောင့် ခန္ဓာကိုယ်အတွင်းပိုင်းကို သန့်ရှင်းစေနိုင်ကြောင်း သိထားကြသည် မှာ ကြာမြင့်ပြီ ဖြစ်သည်။ နံနက်စောစော ေရေသာက်ပေးခြင်း၏ အဓိက အကျိုးကျေးဇူးမှာ အူမကြီးကိုသန့်စင်စေပြီး အူမကြီးသန့် စပင်ါက အစားအစာများမှ အာဟာရကို ခန္ဓာကိုယ်က များစွာပို၍ စုပ်ယူလာနိုမင်ည် ဖြစ်သည်။ ယင်းသို့ နံနက်စောစော ေရေသာက် ပေးခြင်းကြောင့် ရောဂါအများအပြား ဖြစ်ပွားနိုသင်ည့် အန္တရာယ် များကို လျော့ကျစေနိုင်ရုံသာမကဘဲ အာဟာရဓာတ်များကို အစား အိမ်က ကောင်းစွာစုပ်ယူနိုမင်ှုကို အားကောင်းလာစေသည်။ အေစာချေဖျက်မှု စနစ်ပိုကောင်းလာပါက အခြားကောင်းကျိုး များစွာ အလိုအေလျာက် ဖြစ်ပေါ်လာမည်ဖြစ်သကဲ့သို့ ေရေသာက် ခြင်းမှာ အသားအေရ ရွှန်းစိုတောက်ပခြင်း၏ နောက်ကွယ်မှ […]


ကဲ ဒီတစ်ခါတော့ အာလူးကတ်တလိတ်ပေါ့။ အာလူးကို အမျိုးမျိုး အဖုံဖုံလုပ်စားကြတဲ့အထဲမှာ အာလူးကတ်တလိတ်ဟာလည်း လူတော်တော်များများနှစ်သက်ကြတဲ့အထဲမှာ ပါဝင်ပါတယ်။  အဓိကအာလူးကတ်တလိတ်လုပ်တဲ့အခါ အာလူးဟာကြော်လိုက်ရင် ကွဲသွားတာကိုအတော်များများကြုံကြရပါတယ်။   ဒီတစ်ခါတော့ လွယ်ကူသက်သာစားကောင်းတဲ့ အာလူးကတ်တလိတ်လုပ်စားကြရအောင်ဗျာ။   အဆင့်(၁) အာလူးကိုပြုတ်ထားရပါတယ် အကြီးကြီးတွေမဟုတ်ဘဲ အနေတော်ဆို  ပိုကောင်းပါလိမ့်မယ်။ အဆင့်(၂) အာလူးကိုပြုတ်ပြီးရင်တော့အခွံနွှာပြီး ထက်ပိုင်းလေးတွေ ချေထားလိုက်ပါ။ ကြက်သွန်နီ အနေတော်အလုံးတွေကို ရှစ်စိတ်လောက်ခြမ်း အာလူးနဲ့ရောထား။ ပြီးရင်တော့ ထောင်းပါ့မယ်။ အာလူးဟာထောင်းရင် ငါးဖယ်လိုစေးလာပါလိမ့်မယ်။ အာလူးထဲက ကြက်သွန်ဟာလည်း မညက်တစ်ညက်လေးဖြစ်လာလိမ့်မယ်။ ဒါဆိုရင်တော့ ငရုတ်ဆုံထဲက ကော်ထုတ်လို့ရပါပြီ။ နောက်ထပ်မဆလာကြိုက်သူကတော့ မဆလာရယ် ဟင်းခတ်မှုန့်လေး အနည်းငယ်ရယ် ဆားရယ်ကို အနေတော် ရော်နယ်ရပါမယ်။ အကြော်မှုန့်လေးအနည်းငယ်ပါ ရောနယ်ပါ။ အကြော်မှုန့်မရှိရင် ကော်မှုန့်လည်းရပါတယ်။ နယ်ပြီးပြီဆိုရင်တော့ ဆီပူအောင်တည်ထားမယ်။ အာလူးကို အနေတော်အလုံးလေးတွေလုံးမယ်။ […]


ဇီဇီMarch 9, 20153min182342
ဒီ တစ်ခေါက် သယ်လာတာ…… – ငါးရံ့ခြောက် – ပင်လယ် ငါးပြေမခြောက် – ငါးပိကောင်ခြောက် – ငါးကျည်းခြောက် – ငါးနီတူခြောက် – ပုဇွန်ခြောက်  (မွသဲ နဲ့ မမ ပေးလိုက်တာ) – အာပြဲချောက် – ချဉ်စော်ကားသီးခြောက် – ပုဂံ က ဝယ်လာတဲ့ ပုံးရည်ကြီး – အာတီဒုံ ပေးတဲ့ ဝါးခယ်မ ပုဇွန်ချဉ် – အာလူးကြော် – မွနှင်းပေးလိုက်တဲ့ သန့်စင် ရယ်ဒီမိတ် ထမင်းသုပ် ပါဝင်ပစ္စည်းများ – လူကြုံနဲ့ ထပ်ပါလာတာ က အမတ်မင်း ရဲ့ ခိုးရာပါ လက်ပံခေါင်းခြောက် – ဇော်သန့်ပါလာတဲ့ လက်ဖက်, ဝက်သားအမွကြော် နဲ့ မရမ်းသီး […]


NovyFebruary 23, 20151min75022
ကိုရီယား ပဲခေါက်ဆွဲကို မြန်မာမှု့နဲ့ လုပ်စားမယ်နော် ပါဝင်ကစ္စည်းတွေကတော့ နဲနဲအလုံးကြီးတဲ့ခေါက်ဆွဲ ကြက်သား/ဝက်သား မုန်လာဥနီ ပဲစိမ်းလုံး /ပဲသီး ကြွက်နာရွက်မှို ရှီတာကီ  (shitake) မှို ပုန်းရည်ကြီး (အစိမ့်) ပဲငံပြာရည်အပျစ် (ကြာညို့) ဆီ ပဲငံပြာရည်အကျဲ သကြား/ ဆား/ ဟင်းခတ်မုှန့်/ တရုပ်မဆလာ ပုန်းရည်ကြီးတွေကို ရေနွေးနဲဖျော်ထားပါ   ပစ္စည်းတွေစုံရင်ချက်မယ်နော် ခေါက်ဆွဲခြောက်တွေကိုတော့ ရေနွေးနဲ့ပြုတ်ပြီ ခေါက်ဆွဲအစိုဖြစ်အာင်လုပ်ထားပါ ပုန်းရည်ကြီးတွေကို ရေနွေးနဲဖျော်ထားပါ အသားကတော့ မိမိကြိုက်နှစ်သက်ရာ ကြက်/ဝက် ကို အတုံးသေးသေးလေးတွေဖြစ်အောင်တောက်တောက်စဉ်ထားပြီး ဆားနနွင်းနယ်ထားပါ မုန်လာဥနီ /ပဲသီး /ကြွက်နာရွက်မှို /ရှီတာကီ  (shitake) မှို တွေကိုလဲ ပုံပါအတိုင်း လှီးထားပါ့မယ် ပြီးရင်တော့ အသားတွေကို ဆီသတ်ပါ့မယ် အသားကျတ်လောက်ပြီဆိုမှ ရှီတာကီ  (shitake)မှိုထည့်မယ် မုန်လာဥနီ […]


ဦးေက်ာက္ခဲFebruary 23, 20151min119641
ဟိုဘက်က ခင်ဇော်ရဲ့ ပို့စ် “ဒန်ပေါက်တွေ ဝယ်ဒယ် – KZ’s ထမင်းဆိုင်” မှာ မန့်မလို့ စာရှည်သွားလို့ပါ…   အာရပ်ဒန်ပေါက်ကို Machboos (သို့) Majboos လို့ ခေါ်ပါတယ် ခင်ဗျ… အိန္ဒိယ ပါကစ္စတန် ဒန်ပေါက်ချက်နည်းနဲ့ ဘာကွာလည်းဆိုတော့ အဆီ အဆိမ့်နည်းပြီး ချဉ်ဖြုံးလေးပါ ။ ဘာရိန်း (Bahrain) ၊ ဆော်ဒီ (Saudi) နဲ့ ကာတာ (Qatar) နိုင်ငံတွေဘက်မှာ တမြတ်တနိုးထားပြီး စားကြပါတယ် ။ အာရပ်ရိုးရာ စားပုံကတော့ ဒေါင်းလန်းလိုမျိုး ဗန်းအကြီး ကြီးထဲမှာ အသားစုံနဲ့ ချက်ထားတဲ့ Machboos ကို တယောက်တစ်လက် ဝိုင်းသမကြတာပါပဲ … လက်ရည်တပြင်တည်းပေါ့ ခင်ဗျာ… ။   […]


ဇီဇီFebruary 23, 20154min142061
  Nasi Brayani – (ဒံပေါက်ထမင်း) ဟိ။ ဒန်ပေါက် (ဒံပေါက်) ဆိုလို့ ဒန်အိုးပေါက်လို့တော့မထင်လိုက်ပါနဲ့။ ခင်ဇော် တစ်နေ့တာ အစားချင်ဆုံး အစားအသောက် စာရင်းထဲမှာ ပါဝင်တဲ့ (ဒံပေါက်) ဒန်ပေါက်ရယ်ပါ။ စာရင်းထဲ ဘာတွေပါတုန်းဆိုတာတော့ ပြောပြဘူးးး၊ ဒီ ဧည့်သည်ကို ကြောက်သွားမှာ ဆိုးလို့။ ခိ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~“ ပထမဆုံး ဒန်အိုး ဖောက်မဲ့ သူကတော့ စွယ်စုံ ကိုကို ကျောက်(စ) ဖြစ်ပါတယ်။ ဟိဟိ။ ကျောက်စ်တို့အရပ်က စိနတိုင်းဆိုတော့ အိန္ဒိယစာ အနှီဒံပေါက်က စိတ်ရှိတိုင်းဝယ်စားဖို့ မလွယ်လှပါဘူး ။ ဆိုင်မရှိဘူးလားဆိုတော့ ရှိတော့ရှိပါရဲ့ အရောင်အဆင်းကလည်း စွဲမက်လောက်ဖွယ်မရှိ ၊ အနံ့အရသာကလည်း ချိုချိုရဲရဲ ပါးစပ်ထဲမှာ အာမထိလျှာမထိမို့ စားချင်ရင် ကိုယ့်အားကိုယ်ကိုး ၊ […]


ဇီဇီFebruary 9, 20151min158141
  မန်းလေး မှာ ဘာစားချင်လည်း အမေးခံရတော့  ကျနော် က ဒေါင်းလန်းကြီးမှာ စားချင်တယ် ပြောမိတယ်။ ဒါပေမဲ့ ကျနော့ သူငယ်ချင်းတွေက ဇကောထမင်းက ပိုကောင်းတယ် ပြောပြီး ဒီကိုပဲ လိုက်ပို့တယ်။ ဆိုင် – ယမုံနာ   လိပ်စာ – နန်းရှေ့ ၂၆ လမ်းကနေ နန်းရှေ့ဘက်ကို သွားတယ်။ ၆၂ လမ်းမှာ ဘယ်ဘက်ချိုးတာ မှတ်မိတယ်။ အဲ။ ရထားသံလမ်း အတိုင်း မောင်းသွားရင် ညာဘက်ခြမ်းမှာ ရေနီမြောင်းကို ခွပြီး ဆိုင်ဖွင့်ထားတာ။ တဲလေးတွေ အများကြီးပဲ။ (ဟိ၊ ဒီ လမ်းညွှန်နည်းကို တဂျားမြင်ရင် ဆူပြီ။) သေချာလိပ်စာက သူ့မေးထားတယ်။ သူလာပြောလိမ့်မယ်။ခိ။ ရရှိနိုင်တဲ့ အစားအသောက် – ကချင်စကောထမင်း၊ဟင်း၊ […]


ဇီဇီFebruary 5, 20156min110648
      အရင်က ပြန်ရင် စုစုပေါင်း ၂ ပတ်မှာ ရန်ကုန် နဲ့ မန်းလေးကို တစ်ပတ်စီနေတာ။ မလောက် လို့ ဒီ တစ်ခေါက် ၂ ပတ် စီ နေတာလည်းးးးးးး မလောက်ဘူးး  :mrgreenn:  ဒီ တစ်ခေါက်က ခရီးတိုတွေ များတယ်။ များပေမပေါ့။ မွေးမေလေ့က သူ့ အမျိုးတွေနဲ့ ပြန်ခေါ်တော့ ဆွေမျိုးချစ်ကြည်ရေးလိုက်လုပ်ရတာ နဲ့ ခင်ဇော်လည်း အစားစုံ အဲလေ နေရာစုံ သွားလိုက်ရရော။ စစ်ကိုင်း၊ မင်းကွန်း၊ ကောင်းမှုတော် မြင်းခြံ ပုဂံ မေမြို့ မနားတမ်း သွားတယ်။ ကြားရက် မှာ သူငယ်ချင်းတွေ အမျိုးတွေ ကျွေးသမျှ မနားတမ်းစားတယ်။ တစ်ရက် ၄ နပ်ကို […]


NovyJanuary 21, 20151min107322
“အန္တရာယ်ကင်းအောင် စားသောက်နည်းများ”   အောက်မှာ ဖေါ်ပြတာတဲ့ တစ်ချို့ဆောင်ရန် ရှောင်ရန်တွေဆို ကိုယ်တိုင်ပြုလုပ်နေတဲ့နည်းတွေနဲ့ ခက်ဆင်ဆင်တူနေတာကိုတွေ့ရပါတယ်   ဒီလိုလေးတွေပေါ့ ၁၊ ဒံပေါက်စားတဲ့ အခါ ပူဒီနာ (ပုစီနံ) ရွက်တွေကိုစားလေ့ရှိတယ် အရသာကပူပူမွှေးမွှေးလေဆိုတော့ မအီဘူးလို့ခံစားရတယ်လေ ၂၊ အုန်းနို့ ခေါက်ဆွဲစားရင်တော့ သံပုရာရေလေးညှစ်ထဲ့ပြီးမှစားတယ် ပိုစားကောင်းတယ် ခေါင်းမမူးဘူးလို့ထင်လို့ ၃၊ မျှစ်ချဉ်ချက်မယ်ဆိုရင် မျှစ်ချဉ်ကိုသန့်အောင်လို့ ရေဆေးပြီးမှချက်တယ် ဒီတော့ အချဉ်ကပေါ့သွားတယ် ဟင်းအိုးထဲသို့ သံပုရာရည် ညှစ်ချပြီစားလိုက်တယ် မွှေးမွှေးချဉ်ချဉ်လေးဖြစ်သွားကော စားလို့အရမ်းကောင်း ၄၊ လက်ဖက်ကိုတော့ အရင်တုံးကရေဆေးပြီးမှနှပ်တယ် အခုတော့ရေဆေးတာနဲ့မလုံလောက်တော့ဘူးလို့ခံစားရတယ် ဆိုးဆေးတွေသဲတွေအရမ်းများတယ်  ရေနွေးဆူဆူထဲမှာ လက်ဖက်ကို ၃မိနစ်လောက်ထဲ့ပြုတ်လိုက်တယ် ပြီးတော့မှသဲတွေကိုရေနဲ့ကျင်လိုက်တယ် အဖန်ဓါတ်လည်းမများတော့သလို ဆိုးဆေးရန်နဲ့ သဲရန်ကလည်းကင်းဝေးသွားစေတယ်လေ ၅၊ မန်းကျည်းသီးပွေး ညိုညစ်ညစ်များကို ဓားနှင့် ခြစ်ချပြီး ကိုယ်ကြိုက်သလိုချက်စား ထောင်းစားဖြစ်တယ် […]


Swal Taw YwetJanuary 1, 20154min69813
ရွှင်လန်းချမ်းမြေ့ကျန်းမာကြပါစေခင်ဗျာ။ ကျနော် စွယ်တော်ရွက် ရွာထဲ ပြန်ဝင်လာနေပါပြီ။ လွန်ခဲ့တဲ့ သုံးနှစ် ကာလ ၂၀၁၂ခု ဇန္နဝါရီလ ၁ ရက်နေ့ ( ၁.၁.၁၂ ) မှာ ကျနော် ရွာသားစဖြစ်ခဲ့ပါတယ်။ ပထမဆုံးတင်ခဲ့တာ ဓါတ်ပုံလေးတပုံပါ။ မြန်မာလိုမှ မရိုက်တတ်သေးတာကိုး။ ကာတာနိုင်ငံ ဒိုဟာမြို့ က အားကစားမြို့တော်ရဲ့ Land Mark ဖြစ်တဲ့ Cauldron ကြီးပုံပါ။ အခု မီးတွေ ထိန်နေအောင် ထွန်းပြလိုက်ပါပြီခင်ဗျ။ ကြည့်ကြပါ။   စာရိုက်တာမပြေးသေးလို့ ဓါတ်ပုံလေးတွေဘဲ ကြည့်ထားကြပါအုံး။ Photo Essay လေးအဖြစ်ပေါ့။ သိချင်တာတွေ မန့်ရင်းပြန်ရှင်းပြပေးပါ့မယ်။ With respect, Swal Taw Ywet.