ဇီဇီAugust 15, 20141min83051
  ညင်းညင်းးး ဒီ ပို့(စ) က တီချယ်ကြီး တင်ဖူးတယ်။ ကျနော့ဆီက တင်မယ် ဆိုပြီး ယူသွားတဲ့ ပို့(စ)။ အဲဒါ ဇီဇီ အကောင့် မှာ တစ်ပေါင်းတည်း ထားချင်လို့ ထပ်တင်ပါတယ်။ ခိခိ။ :k:   မန္တလေး ကို လွမ်းရတဲ့ အကြောင်းတွေထဲမှာ မနက်၊ နေ့လယ်၊ ညနေ၊ ညပိုင်း မရိုးရအောင် လာတတ်တဲ့ အသည်မျိုးစုံလည်း ပါပါတယ်။ ကိုယ့်မြို့လေးမှာ နေနေကြတုန်းက သိပ်သတိမထားမိပေမဲ့ ဒီရောက်တော့ …….. ကျန်တဲ့ မြန်မာအစားအစာလေးတွေ ဘယ်လောက်လွယ်လွယ် ရတယ်ပဲဆိုဆို….. ဖြတ်သွားတဲ့ ဈေးသည် တစ်ယောက်မဟုတ် တစ်ယောက် ခေါ်ပြီး ပါလာတဲ့ အစားအသောက်တွေကို ဝယ်စားရတဲ့ အချိန်မျိုးကတော့ ဘယ်လိုမှ အစားထိုးပြန်မရပါဘူး။ :a: […]


weiweiAugust 11, 20141min30122
ဇီဇီရဲ့ စတစ်ကီရိုက်တွေကို တွေ့ပြီး သတိရမိတာလေးတစ်ခု စမ်းလုပ်ကြည့်တာပါ။ စိနတိုင်းမှာနေခဲ့စဉ်တုန်းက စားခဲ့ဖူးတာလေးကို ပြန်အောက်မေ့ပြီး တီထွင်ထားတဲ့ menu တစ်ခုဖြစ်ပါတယ်။ ရိုးရှင်းလွယ်ကူပြီး စားလို့ကောင်းတဲ့အတွက် တင်ပြလိုက်ပါတယ်။ ပါဝင်သောပစ္စည်းများ ကောက်ညှင်း … ဆန်ချိန်ခွက် ၁ ခွက် ဝက်သားကြိတ်ပြီးသား …. ၃၀ဝ ဂရမ် (၂ဝ ကျပ်သားခန့်) ဆား .. အနဲငယ် သကြား … တစ်ဇွန်း ပဲငံပြာရည် .. အကြည်/အနောက် ဂျုံမှုန့် …. ၂ စွန်း ကြက်သွန်မြိတ် … ၂ ပင်ခန့် နှမ်းဆီ .. လက်ဖက်ရည်ဇွန်း ၂ ဇွန်း ငရုတ်ကောင်းမှုန့် .. အနဲငယ် ကြက်ဥ (သို့) ဘဲဥ … […]


ခင္ခAugust 11, 20141min38820
” နံနက်စာ ဟူသော Breakfast “   မိုးလင်းလို့ နံနက်ခင်းရောက်ရင် လူအတော်များများ နံနက်စာကို စားကြလေ့ရှိကြတယ်၊ ကျုပ်နေဖူးတဲ့ ရောက်ဖူးတဲ့ ဒီတိုင်းပြည်ရဲ့ မြို့တွေမှာတော့ နံနက်မိုးလင်းခြင်းကို ” ပဲပြုတ် ” လို့အော်သံတွေ   ” ကောင်ညှင်းပေါင်း ငချိပ်ပေါင်း အကြော် ” လို့ ဆိုသံ ” ဆီထမင်း၊ ကောင်ညှင်းပေါင်း ပဲပြူတ် ဆိုသော ဈေးရောင်းသံတွေ ကြားနေကြရပြီး ” လာပါအုံး ” ဟုဆိုကာ ဝယ်စား တတ်ကြသလို တစ်ချို့ကလည်း မုန့်ဟင်းခါ အသုတ် အကြော် ဘိန်းမုန့် အီကြာကွေနဲ့လက်ဘက်ရည် သျှမ်းခေါက်ဆွဲ မြီးရှည် ပေါက်စီ နန်းကြီးသုတ် ထမင်းကြော် ထမင်းဆီစမ်းနဲ့ကြက်ဥကြော် အစရှိသဖြင့် ပါဆယ်ဝယ်သူဝယ် ဆိုင်မှာစားသူစား […]


Ma MaAugust 10, 20141min34516
ခေတ်တွေစနစ်တွေ ပြောင်းလဲနေပြီလို့ ပြောတဲ့သူတွေက ပြောသလို….. ဘာမှမပြောင်းလဲသေးဘူးလို့ ပြောနေကြသူတွေလည်း အများကြီး။ :p:   ပုဂ္ဂလိကအထူးကုဆေးရုံတွေ အများကြီးပေါ်ထွန်းလာတာနဲ့အတူ………. အစိုးရဆေးရုံတွေမှာ အဆင်မပြေမှု့တွေကြောင့် လူအများစုဟာ ဆေးကုသရေးမှာ ပုဂ္ဂလိကဆေးရုံဆေးခန်းတွေကို အားကိုးလာကြပါတယ်။   နိုင်ငံခြားထွက်နိုင်သူတွေကလည်း နိုင်ငံခြားထွက်ပြီး ကုသမှုခံယူကြတယ်။ ကိုယ်ဝန်ဆောင်တွေကလေးမွေးဖွားဖို့အတွက်ဆိုရင်တော့ အထူးကုဆေးရုံတွေကိုပဲ ရွေးချယ်ကြတာပေ့ါ။   ခုခေတ်မှာ မိခင်လောင်းတွေဟာ ကိုယ်ဝန်ရှိတာကို သိပြီဆိုတာနဲ့ မွေးဖွားတဲ့အခါ အဆင်ပြေအောင် အိုဂျီအပ်ပြီး စောင့်ရှောက်မှု့ခံယူကြတာ များပါတယ်။   အပ်ထားတဲ့အိုဂျီက အဆင်ပြေတဲ့ အထူးကုဆေးရုံဆေးခန်းကြီးတွေမှာ မွေးဖို့ဖွားဖို့ စီစဉ်လေ့ရှိကြပါတယ်။ ဒါပေမယ့် မွေးဖွားရင်း အရေးပေါ်ဖြစ်လာရင် ဗဟိုအမျိုးသမီးဆေးရုံကြီးကိုပဲ ပြေးကြရတာပါ။   မိတ်ဆွေတစ်ယောက် မီးဖွားမှာမို့ သားဦးလည်းဖြစ်၊ နယ်ကလည်းဖြစ်တော့ ငွေကြေးတတ်နိုင်သူဖြစ်ပေမယ့် စိတ်ချရအောင် ဗဟိုအမျိုးသမီးဆေးရုံကြီးမှာပဲ မီးဖွားဖို့ အကြံပေးတိုက်တွန်းမိပါတယ်။ […]


ခင္ခAugust 8, 20141min1358
” ဈေးထဲမှ အလွယ်ဝယ်ယူနိုင်သော သက်စောင့်ဩဇာဓာတ် ဗီတာမင် “   ဗီတာမင် ဆိုတာကိုတော့ အတော်များများ အခုခေတ်မှာ ရင်းနှီးသိထားကြပြီးသားပါ၊ အခုခေတ်မှာ ဆေးကြေငြာတာတွေကလည်း မျိုးစုံမို့လေ၊ ကျုပ်တို့ခန္ဓာကိုယ်မှာ သတ္ထုဓာတ်တွေ မျိုးစုံလိုအပ်နေပြီး အဲဒီသတ္တုဓာတ်တွေကဘဲ ခန္ဓာကိုယ် ကျန်းမာအောင် နုပျိုလန်းဆန်းအောင် သွားလာလှုပ်ရှား အားအင်ရှိ အောင်ထောက်ကူပေးကြတာပါ၊ လူ့ခန္ဓာကိုယ်အတွင်း အစာခြေချက်မှု စွန့်ပစ်မှု ဓာတုဖြစ်စဉ် ပုံမှန်လည်ပတ်မှု အတွက် ဗီတာမင်ကို အစားအစာတွေက ရယူကြပါတယ်၊ ဗီတာမင်ကို သက်စောင့်ဩဇာဓာတ်လို့လည်း ခေါ်ကြပါသေးတယ်၊ တကယ်လည်း ဗီတာမင်ဟာ သက်စောင့်ဓာတ်ပါဘဲ၊ အဲဒီ ဗီတာမင်ကို အမျိုးအစား အုပ်စုတွေခွဲပြီး သတ်မှတ်ကြပါတယ်၊ ဗီတာမင် အေအုပ်စု ဘီအုပ်စု စီအုပ်စု ဒီအုပ်စု အီးအုပ်စု အိပ်(ချ)အုပ်စု ကေ အုပ်စု နဲ့ […]


ခင္ခAugust 5, 20141min1075
” သွေးကြောဆိုင်ရာ ရောဂါများအကြောင်း – ၄ (အပြီးသတ်) “   ၄။ သွေးကြောထုံးခြင်း သွေးကြောထုံးခြင်းလို့ အများကသိထားကြပေမယ့် တကယ်တော့ သွေးပြန်ကြော ဖောင်းတွန့်တာ ဖြစ်ပါတယ်၊ သွေးပြန်ကြောဖောင်းတွန့်ခြင်းဟာ မတ်တတ်ရပ်များလွန်းခြင်းကြောင့် ဖြစ်ပေါ်လာရတာပါ၊ သွေးပြန်ကြောတွေဟာ ဖိအားနည်းတဲ့ အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကြံခိုင်မှု သိပ်မရှိပါဘူး၊ ခြေလေးချောင်းသတ္တဝါတွေရဲ့ သွေးပြန်ကြောထက်ပိုပြီး လူတစ်ယောက်ရဲ့ သွေးပြန်ကြောတွေဟာ သွေးဖိအားများတာကို ပိုပြီးခုခံရပါတယ်၊ ဒီလိုသွေးဖိအားများတာကို တွန်းလှန်ရတဲ့အတွက်ကြောင့် သွေးပြန်ကြောနံရံတွေဟာ ဆွဲဆန့်ထားသလိုဖြစ်ပြီး ပုံပျက်လာပါတယ်၊ မတ်တတ်ရပ်တဲ့အချိန်ကြာခြင်း ကိုယ်ဝန်ဆောင်ခြင်း ဝမ်းချုပ်ခြင်းနဲ့ ကိုယ်အလေးချိန်များလွန်းခြင်းတွေကြောင့် ဖိအားပိုများလာပြီး သွေးပြန် ကြောတွေ ဖောင်းတွန့်ဖို့အလားအလာ ပိုများလာပါတယ်၊ သွေးပြန်ကြောအတွင်း သွေးခဲခြင်းဖြစ်ပြီး နှစ်အနည်း ငယ်အကြာမှာ သွေးကြောတွေ ဖောင်းတွန့်လာနိုင်ပါတယ်၊ အမျိုးသမီးများသွေးပြန်ကြောဖောင်းတွန့်ခြင်းကို ခြေထောက်မှာ တွေ့ရမှုများပြီး အစာရေမျိုပြွန် […]


ခင္ခAugust 5, 20141min964
” သွေးကြောဆိုင်ရာ ရောဂါများအကြောင်း – ၃ “   ၃။ သွေးကြောများကြောင့်ဖြစ်သော ခြေထောက်အနာများ ရက်အနည်းငယ်အတွင်း အနာမကျက်ဘဲ အပေါ်ယံအရေပြားလွှာ ယိုယွင်းခြင်းကို Ulcer (အနာခွက်)လို့ ခေါ်ပါတယ်၊ ခြေထောက်တွေဆီကို သွေးအရောက်နည်းခြင်းကြောင့် အောက်ဆီဂျင်ရရှိမှုနည်းပြီး ဗက်တီး ရီးယားပိုး ဝင်ရောက်လာတဲ့အတွက်ကြောင့် ခြေထောက်အနာဖြစ်ရတာပါ၊ ခြေထောက်အနာ ၂ မျိုးရှိပါတယ်၊ သွေးပြန်ကြောပိတ်ဆို့မှုကြောင့်ဖြစ်တဲ့ ခြေထောက်အနာ နဲ့ သွေးလွှတ်ကြောပိတ်ဆို့မှုကြောင့်ဖြစ်တဲ့ ခြေထောက်အနာတို့ ဖြစ်ပါတယ်၊ သွေးပြန်ကြောပိတ်ဆို့မှုကြောင့်ဖြစ်တဲ့ ခြေထောက်အနာကို ခြေထောက်အောက်ပိုင်းနဲ့ ခြေချင်းဝတ်ဝန်ကျင်းမှာ တွေ့ရပါတယ်၊ အသားနီလန်နေတဲ့ ဗဟိုချက်ရှိပြီး ပုံသဏ္ဍန်မမှန်တဲ့အနားစွန်းတွေနဲ့အတူ အရေပြားဝန်းကျင်မှာ ပုံမှန်မဟုတ်တဲ့ သွေးယိုစိမ့်မှုကို တွေ့ရပါတယ်၊သွေးပြန်ကြောကနေ သွေးစီးဆင်းမှုမှာ အတားအဆီးတစ်ခုတွေ့ တာကြောင့် ဖြစ်ရတာပါ၊အရင်တုန်းက သွေးပြန်ကြောတွင်း သွေးခဲခြင်း ဒါမှမဟုတ် သွေးကြောထုံးခြင်းကြောင့် ဖြစ်တတ်ပြီ သွေးပြန်ကြောပိတ်ဆို့ခြင်းဟာ […]


ခင္ခAugust 4, 20141min924
” သွေးကြောဆိုင်ရာ ရောဂါများအကြောင်း – ၂ “   ၂။ သွေးတိုးရောဂါ နှလုံးတစ်ချက်ခုန်လိုက်တိုင်း နှလုံးကထုတ်ပေးလိုက်တဲ့ ထုထည်အားနဲ့ သွေးဖိအားက အမြင့်ဆုံးကိုရောက် သွားပြီး နှလုံးကြွက်သားလျော့နေချိန်မှာ အနိမ့်ဆုံးကိုရောက်သွားပါတယ်၊သွေးဖိအားဟာ အပေါ်သွေး 140mmHg နဲ့ အောက်သွေး 90mmHg ထက်မပိုသင့်ပါဘူး၊ သွေးတိုးခြင်းဆိုတာ ပုံမှန်ရှိသင့်တာထက်ပိုပြီး သွေးဖိအားများနေခြင်းကို ဆိုလိုတာပါ၊ ပြင်ပရောဂါလက္ခဏာ အနေနဲ့ပြောရခက်ပါတယ်၊ သွေးတိုးရောဂါ ဖြစ်ပွားမှု ၉၀%မှာ သိသာထင်ရှားတဲ့ အကြောင်းအရင်းကို ရှာမတွေ့ပေမယ် နေထိုင်မှုပုံစံဟာ အဓိက အကြောင်းအရင်းတစ်ခုဖြစ်နေပါတယ်၊ ဗီဇ နဲ့ အမူအကျင့်တွေနဲ့လည်း ဆက်နွယ်နေနိုင်ပါတယ်၊ အနောက် တိုင်းဆန်တဲ့ လူအဖွဲ့စည်းမှာ စားသောက်မှုနဲ့ နေထိုင်မှုပုံစံကြောင့် သွေးဖိအားဟာ အရွယ်လိုက်ပြီး မြင့်တက် လာပါတယ်၊ကျန် ၁၀% လောက်ကတော့ သိသာထင်ရှားတဲ့ အကြောင်းအရင်းရှိပါတယ် […]


ဇီဇီAugust 4, 20142min52565
ဟိ။  :mrgreenn: စတစ်ကီ ရိုက်(စ) လို့ ခေါ်တဲ့ ကောက်ညှင်းနဲ့ လုပ်တဲ့ ထမင်းတို့ မုန့်တို့ အကြောင်း ရေးမို့ပါ။ စားရတာ ကပ်စီးကပ်စီးနဲ့မို့လေ။ အဟီးဟီး :mrgreenn: တဂျီး သတင်းစာမှာ သုံးချင်သုံးလို့ ရအောင် ရေးတာမို့ တဂျီးသို့ လို့ ဦးတည်တာ။ ဟိ။  :mrgreenn: ရ ရက် လုံး လုပ်စားဖို့ ပြောတာဟုတ်ဘူးနော်။ တော်ကြာ ဝမ်းနည်းစရာတွေဖြစ်ကုန်မယ်။ ဟိ။ စတစ်ကီ ရိုက်(စ) ချုပ်ချက်က ၁၁ လောက် ရှိ။ :mrgreenn: ကဲ။ စပြီ။ အရင်ဆုံး ပေါင်းကြမယ်။ ပြန်ပေါင်းကြမယ်နော်။ လူဦးရေနဲ့ လိုက်ပြီး အချိုးပြင်နော်။ သများ မှတ်ထားသလောက် ကို ပြောမှာ။ :s:   […]


ခင္ခAugust 2, 20141min914
” သွေးကြောဆိုင်ရာ ရောဂါများအကြောင်း – ၁ “   ကျန်းမာရေးဆိုင်ရာ ဗဟုသုတအနေနှင့် ဖြစ်လေ့ဖြစ်ထရှိသော သွေးကြောဆိုင်ရာ ရောဂါများအကြောင်းနဲ့ ဘယ်လိုစားသောက်နေရမလဲဆိုတာကို ဒေါက်တာမီမီကို ရေးပြထားတဲ့အထဲကမျှဝေပေးချင်ပါတယ်။ ၁။ နှလုံးသွေးကြောဆိုင်ရာရောဂါများအကြောင်း နှလုံးသွေးကြောဆိုင်ရာရောဂါ တော်တော်များများဟာ သွေးကြောကျဉ်းခြင်းကနေ ဖြစ်ပေါ်လာတာပါ၊ နှလုံးသွေးကြောကျဉ်းခြင်းရောဂါဟာ သွေးလွှတ်ကြော်ရဲ့ နံရံတွေပေါ်မှာ အဆီ(ကိုလက်စထရောနဲ့ သွေးခဲ)တွေ စုပုံလို့ဖြစ်ပေါ်ရခြင်းဖြစ်ပါသည်၊ ဒီအစုအပုံတွေဟာ သွှေးလွှတ်ကြောနံရံတွေကို ကျဉ်းမြောင်း အားနည်းသွားစေပါတယ်၊ ဖြည်းဖြည်းချင်းနဲ့ သွေးကြောနံရံတွေ ပေါက်ထွက်တဲ့အထိ ဖြစ်နိုင်ပါတယ်၊ နောက်ဆုံးမှာ နေရာကွက်ပြီးပဲဖြစ်စေ သွေးလွှတ်ကြော အဖွဲ့အစည်းထဲမှာဖြစ်စေ ပိတ်ဆို့လာနိုင်ပါတယ်။ လေသင်တုန်းဖြတ်ခြင်းဟာ ဦးနှောက်ဆီကို သွေးပေးပို့နေတဲ့ သွှေးလွှတ်ကြောပိတ်ဆို့မှုကြောင့် ဖြစ်ပေါ် တာဖြစ်ပါတယ်၊ အစွမ်းထက်တဲ့ကုသနည်းလမ်း မတွေ့ရသေးဟုသိရပါတယ်။ သွေးလွှတ်ကြောလှည့်ပတ်မှု ပျက်ယွင်းခြင်းကြောင့် ခြေထောက်နာခြင်းရောဂါဟာ အထူးသဖြင့် ခြေသလုံး ကြွက်သားတွေမှာ ဖြစ်တတ်ပါတာတွေ့ရပါတယ်၊ခြေထောက်ဆီကိုသွားတဲ့ […]


ခင္ခAugust 1, 20141min19010
” EBOLA (သို့) သေမင်းဗိုင်းရပ် “   ကျန်းမာရေးမို့ လက်မနှေးဘဲ မျှဝေပေးလိုက်တာပါ၊ ထိုဗိုင်းရပ်က ကူးဆက်ရောဂါအနွယ်မို့ ဗဟုသုတအဖြစ် သိထားကြရင်ကောင်းမယ်လို့ ယူဆမိလို့ပါ။ အီဗိုလာသည် ှနှာခြေ ၊ ချောင်းဆိုး စသော လေထုထဲမှတဆင့်မကူးစက်သည်မှာ အလွန်ကံကောင်း သည်ဟုဆိုရမည် ။ ၎င်းသည် တုတ်ကွေးကဲ့သို့ ချောင်းဆိုးသူကြောင့် လေထဲမှတဆင့် မပျံနှံ့ပါ ။ EBOLA သည် ရောဂါရှိသော တိရိစာ္ဆန်များ ၏ အရည် ၊ သွေးသား တို့အား လက်ဖြင့်ထိခြင်း ၊ ထိုအသားအားစားခြင်း ။ရောဂါခံစားနေရသောသူ နှင့် လက်ခြင်းထိတွေ့ခြင်း ၊ အရေပြား ပေါက်ပြဲသောနေရာအား ထိတွေ့ခြင်း ၊ သွေးသားခြင်းထိတွေ့ခြင်း ၊ နမ်းခြင်း ၊ လိင်ဆက်ဆံခြင်းတို့ စသဖြင့် […]


မြသဲ ( 17082011 )August 1, 20141min39039
အန်တီဒုံကျေးဇူးနဲ့ ဆရာမကြီးဒေါက်တာဒေါ်ခင်နွယ်ဝင်း ဆေးနည်းတွေ သိရှိခွင့်ရခဲ့ပါတယ်။ ပထမဆုံးနှစ်သစ်လက်ဆောင်အဖြစ်အန်တီဒုံတင်တုန်းက ဟင်းရွက်ဆယ်မျိုး ကို စိတ်အလွန်ဝင်စားခဲ့ပါတယ်။ ပိုစ့်ကိုလဲ ကော်ပီကူးသိမ်းထားခဲ့ပါတယ်။ ဒါပေမဲ့ လိုက်လုပ်ဖို့ပျင်းနေတာနဲ့မလုပ်ဖြစ်ခဲ့ပါဘူး။ နောက်ပိုင်းနောက် ဆက်တွဲပိုစ့်နှစ်ခုလုံးကိုလဲသိမ်းထားဖတ်ရှု့ပြီး လုပ်မယ်လုပ်မယ်နဲ့မလုပ်ဖြစ်ခဲ့ပါဘူး။ နောက်တခုက Blender နဲ့မရပဲ Fruit Juicer နဲ့မှရမယ်လို့လဲထင်ခဲ့မိပါတယ်။ အဲ့ဒါနဲ့ Fruit Juicer ဈေးသွားမေးတော့ တသိန်းရှစ်သောင်းကနေ နှစ်သိန်းငါးသောင်းအထိရှိ တာမို့ နောက်မှ ဝယ်တော့မယ်ဆိုပြီး မလုပ်ဖြစ်ပြန်ဘူး။ နောက်မှ လွန်ခဲ့တဲ့ တလခွဲ၊ နှစ်လလောက်ကမှ အခွေကြည့်ဖြစ်တော့မှ အတော်လေးကိုစိတ်ဝင်စားသွားပြီး Blender နဲ့ပဲရတယ် ဆိုတာနဲ့ နောက်နေ့ချက်ချင်းအကောင်အထည်ဖော်သောက်ဖြစ် ခဲ့ပါတယ်။ ပထမတော့ အတိုင်းအတာတွေ မမှန်းတတ်တော့ ပျစ်ခဲကြီးဖြစ်လိုက် များသွားလိုက်နဲ့။ အိုးနင်းခွက်နင်းဖြစ်ခဲ့ပါသေးတယ်။ နောက်အန်တီဒုံ ကိုသောက် ဖြစ် ကြောင်းပြောပြတော့ အန်တီဒုံက မှတ်တမ်းယူထားဖို့ပြောတာနဲ့ ထူးခြားချက်တွေကိုမှတ်သားထားခဲ့ပါတယ်။ […]