ကဲ.. ကဲ… ဒီတလ သွားမယ်၊ ဝါးမယ်၊ မြိုမယ်၊ ဆို့မယ်… အစီအစဉ်လေးကနေ ပြန်လည်ကြိုဆိုပါတယ်… ဟီး.. တခါမှကို မလုပ်ဖူးသေးဘဲနဲ့ ကြိုဆိုနေတာ.. နောက်တလဆိုရင်တော့ တကယ်ပြောလို့ရပါပြီ… 🙂 ဒီတလမှာတော့ ကျွန်တော်တို့ သွားစားဖြစ်တဲ့ ဆိုင်လေးကတော့… စမ်းချောင်း ဗဟိုလမ်းနဲ့ ညောင်တုန်းလမ်းထောင့်က ရွှေဟင်္သာတ ဆိုင်လေးပဲ ဖြစ်ပါတယ်… ဒီဆိုင်လေးကိုတော့ ကျွန်တော်ရယ်၊ မဟေသီရယ် သွားရောက်ခဲ့ပါတယ်… အခင်းအကျင်းလေးကတော့ မိုက်ပါတယ်.. အမိုးတွေကို အပြည့်မထုတ်ထားပါဘူး.. စည်ပင်ခွန်ရှောင်ချင်လို့ပါ… မိုးရွာရင်တော့ ထုတ်ပါတယ်.. ဒါပေမဲ့ ရေပေါ်စားသောက်ဆိုင်လေးပေါ့… စည်ပင်ကမရှင်းနိုင်တော့ မြောင်းတွေပိတ်ပြီး ရေမဆင်းနိုင်လို့… ခွိခွိ… Kitchen ကလဲ ၂ နေရာတောင် ရှိပါတယ်.. တနေရာကတော့ အထဲမှာ ဖြစ်ပြီး.. နောက်တနေရာကတော့ လမ်းပေါ်မှာပါ… ဒါမှ အနံ့ […]