ခင္ခNovember 2, 20121min42627
ရုံးပတီသီးက ပေးတဲ့ ကျန်းမာရေး ရုံးပတီသီးမှာ စားလို့ လည်းကောင်းပြီး ပေးစွမ်းနိူင်တဲ့ အကျိုးကျေးဇူးတွေကတော့ – အရိုးကိုသန်မာစေသည်။ – နှလုံးကိုကာကွယ်ပေးသည်။ – အဆစ်အမျက်ရောင်ရမ်းခြင်းကို သက်သာလျော့ပါးစေသည်။ – သွေးပေါင်ချိန်ကိုထိန်းပေးသည်။ – သွေးစီးဆင်းမှုကို ပိုကောင်းစေသည်။ ရုံးပတီသီးက ကျန်းမာရေးအတွက် အထောက်အကူပြု အကျိုးကျေးဇူးအနေနဲ့အောက်ပါအတိုင်း ရရှိနိုင်တာလေ့လာတွေ့ရပါတယ်။ (၁) နှလုံးရောဂါကာကွယ်သည် ရုံးပတီသီးမှာ Antioxidants ပါဝင်သဖြင့် သွေးကြောနံရံများ မာတောင့်ခြင်းကို ကာကွယ်သည်။ သွေးကြော နံရံများ မာလာရင် သွေးစီးနှုန်းနှေးပြီး စေးပျစ်ကာ သွေးခဲစေသဖြင့် အန္တရာယ် ရှိသည်။ ရုံးပတီသီးရှိ Vitamin C သည် ထိပ်တန်း အင်တီအောက်စီးဒင့်ဖြစ်ကာ နှလုံးရောဂါဖြစ်နိုင်ခြေ အန္တရာယ်ကို လျော့ပါးစေသည်။ ရုံးပတီသီး လက်ဖက်ရည်တစ်ပန်းကန်စာသည် ခရမ်းချဉ်သီး လက်ဖက်ရည်တစ်ပန်းကန်စာထက် ဗီတာမင်စီ […]


Ma EiNovember 1, 20121min50339
သချင်္ာနည်းနဲ့  ငါးပေါင်းကြော် .…   …ဒီငါးကလေးတွေကို မေမေတို့ ငါးပေါင်းကြော်လုပ်စားကြမယ်လေ… …ငါးပိစိ ကလေးတွေ အရိုးကသေးသေးလေးများ ပေါင်းဘို့မလိုပါဘူးမေမေရယ်၊ ဒီတိုင်းကြော်လိုက်ပါ… …အမ်..မပေါင်းပါဘူး သမီးရဲ့ မုန့်နှစ်နဲ့ ကြော်မှာကိုပြောတာ… …ဟိုနေ့က ငါးကြတော့ ပေါင်းတာလေ…ခုရော ပေါင်းပြီးမှ ကြော်မှာလား… …အော်..အဲ့နေ့က ငါးက ငါးသလောက်ပေါင်းစားတာ..ဟင်းချက်နည်းနဲ့ ပေါင်းတာ၊ ခုငါးလေးတွေက သချင်္ာနည်းနဲ့ တစ်ကောင်၊နှစ်ကောင် အများကြီးပေါင်းကြော်မှာ သိပြီလား ခလေးလေး… …ဒီလိုလား..မြန်မြန်ကြော်နော်.. သမီးလေးနဲ့ ကျမ အခေါ်အဝေါ် ကိစ္စရှင်းပြီးမှဘဲ ငါးပေါင်းကြော် စကြော်ရပါတော့တယ်… ငါးကလေးတွေကို ရွှေလိပ်ပြာ အကြော်မှုန့် နဲ့ နယ်ပြီး ပန်းကန်ပြားလေးနဲ့ အနေတော်ထည့်ထားလိုက်ပါတယ်… ဆီဆူလာရင် ပန်းကန်ပြား အချပ်လေးအတိုင်း အလိုက်သင့် လောင်းထည့်လိုက်ရုံပါဘဲ… ရွှေညိုရောင်လေးသမ်းလာရင် အိုးထဲကဆယ်လို့ အလှဆင်ပြီးစားလို့ရပြီပေါ့နော်… ကဲ..အန်တီမအိရဲ့ သင်္ချာနည်းနဲ့ […]


ခင္ခNovember 1, 20121min49847
ငါးများများစားပါ နှင့် ကျန်းမာရေးအတွက် ထိရောက်သော ငါးစားနည်း။ ငါးလေးလို့ဆိုတဲ့ ငါးက ငါးသလဲထိုး လို့လည်းခေါ်ကြတယ်၊ ခေါင်းတစ်ရာသားလေးတွေလို့လည်း ခေါ်ကြ တယ်၊ တစ်ချို့ရယ်စရာပြောတာရှိတယ် တစ်ခါက ခေါင်းတစ်ရာငါးစားရင် ချမ်းသာသက်ရှည်တယ်ဆိုလို့ ကြက်၊ ဝက်၊ ဘဲငန်းများကို အကောင်တစ်ရာသတ်ပြီး ဟင်းပွဲတည်သည့် သူဌေးသားကတော့ မွဲသွားပါတယ်တဲ့၊ ခေါင်းတစ်ရာသားဆိုတာ ရှေးလူကြီးတွေပြောခဲ့တာ ဈေးသက်သာသည့် ငါးသလဲထိုး ငါးကို များများစားပါလို့ တင်စားပြောခဲ့တာဖြစ်ကြောင်း ဖတ်ဖူးပါတယ်။ ငါးသလဲထိုးမှာ ရေထဲတွင် အလွန်လျှင်မြန်စွာ ကူးနိုင်သောငါးအမျိုးအစားဖြစ်ပြီး မြန်မာတိုင်းရင်းဆေး ဆရာများ အဆိုအရ လေဖြတ် ဝေဒနာသည်များကို အာရုံကြောများ ပြန်လည်ရှင်သန်စေရန် အတွက် ငါးကလေးအိုးကပ် စားပေးသင့်ကြောင်း ညွှန်းဆိုကြပါတယ်၊ ငါးအမျိုးမျိုးတို့အပေါ် တိုင်းရင်းဆေးရှု့ထောင့်မှနေပြီး ဒီလိုခွဲခြားပြောပါတယ်၊ ငါးခူ၊ ငါးကျည်း၊ ငါးပြေမ၊ ငါးသလဲထိုး စသည်တို့မှာ တက်စာဖြစ်သည်။ […]


ေမာင္ရိုးNovember 1, 20121min49938
ကျနော်တို့တွေအများစုက မျက်ရည်ခံထိုးပြီး အသနားခံပြရင် အားနာတတ်ကြတယ် ။ တစ်ခါတစ်ရံ ကိစ္စ အကြီးကြီးကို “ဆောရီး”ဆိုတာလေးနဲ့ ကျေနပ်နေပြန်ရော …..။ပြီးတော့ ….ရိုးတယ် ၊အတယ် ၊ သဘောလည်း ကောင်းပုံရပါတယ် ….။ ဒါကိုအခွင် ့အရေးယူူပြီး လုပ်စားကြတဲ့သူတွေ ဒု နဲ့ ဒေး ပေါ ့ ….။   ဒီလိုလူတွေထဲမှာ ပယောဂဆရာလိုလို ၊ သိုက်ဆရာလိုလို ၊ နတ်ဆရာလိုလို ဘိုးတော်လိုလိုတွေက ရှေ ့ဆုံးက ပါသဗျ ။ ဒီနေရာမှာ ပြောချင်တာက ယောင်ခြောက်ဆယ်တွေကိုပြောချင်တာပါ ။ ကိုယ် ့ယုံကြည်ချက်နဲ့ကိုယ် လောကီပညာတွေကို အပတ်တကုတ်လိုက်စားတဲ့သူတွေကိုမဆိုလိုပါဘူး ။ အခုဖြစ်ရတာတွေက ရိုးရိုးအအ နဲ့ ယုံကြည်မှုလွန်ကဲတာတွေအပေါ် အခွင် ့အရေးယူကြတာနဲ့ ကျနော်တို့တွေ အလွန်အ […]


ဇီဇီOctober 31, 20121min50131
  တိုတို ထွာထွာ၊ ပေါက်တတ်ကရ   ဘာကြီးတုန်းလို့မထင်လိုက်ကြပါနဲ့ဗျို့။ ရေးချင်တာတွေက များပြီး ဘာရေးရမှန်းမသိလို့ စိတ်ထဲရှိတာတွေ ရေးလိုက်တာမို့ပါ။ အစားအသောက်၊ လှပရေးရာ၊ ချစ်မှုချစ်ရေး စသည်ဖြင့် ရေးပါ့မယ်။ လိုရာယူကြပါ။ ဖတ်ထား၊ မှတ်ထားတာတွေထဲက ကိုယ်တွေ့တွေပဲ ပြောမှာနော်။ ၁) ဘီယာ တစ်လုံး လိုရာသုံး မျက်စိပြူးမသွားကြပါနဲ့။ သူများတွေ သီလယူနေတဲ့ ကာလမှာ ဘီယာသောက်ဖို့ ဆွဲဆောင်နေခြင်းမဟုတ်ပါ။ အသုံးချပုံကိုသာ ရေးလိုခြင်းဖြစ်၏။ ဘဲနဲ့ပေါင်းပါ။ (အပျိုကြီးများ တခြား အဓိပ္ပာယ် မတွေးစေလိုပါ။) ဘဲပေါင်း ပေါင်းရာတွင် ရေ အစား ဘီယာသုံးရန် ဆိုလိုခြင်းပါ။ ဘဲတစ်ကောင်ကို ဘီယာတစ်ဘူးထည့်ပါ။ ကောင်းကျိုးတွေကတော့ အနူးမြန်၏။ ပိုမွှေး၏။ အရသာပိုကောင်း၏။ တော်ရုံ အစားအသောက် စိတ်မဝင်စားသော ကိုကို များပင်လျှင် […]


မမေလးOctober 27, 20121min29318
Mail ထဲမှရတာပါ … တင်ထားတာမတွေ့သေးလို့ တင်လိုက်ခြင်းဖြစ်ပါသည် … သိပြီးသားဆိုလျှင် ခွင့်လွှတ်ပေးပါ … ခုမှ ပြန်သုံးဖြစ်တာဆိုတော့ အကျုံးရော ဝင်သေးလားတောင် ပြောတတ်တော့ပါဘူး … မှတ်ဉာဏ် ကောင်းမွန်စေခြင်း ပီကေဝါးတာကြောင့် တွေးခေါ် မြော်မြင်နိုင်တဲ့ အစွမ်းကို တိုးစေကြောင်း သိပ္ပံနည်းကျ ရှင်းပြခဲ့ပါတယ်။ ပီကေဝါးတာက ခန္ဓာကိုယ်ထဲမှာ ဂလူးကို့စ် အဆင့်ကို တိုးစေပြီး စိတ်နဲ့ ခန္ဓာ နှစ်မျိုးစလုံး အတွက် လောင်စာအနေနဲ့ အာနိသင် ရရှိစေပါတယ်။ ပီကေဝါးတာကြောင့် ဦးနှောက်ဆီကို သွေးစီးဆင်းမှု တိုးစေပြီး နှလုံးရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေကာ သွေးနဲ့ အောက်ဆီဂျင် စီးဆင်းမှုကို အဆက်မပြတ် တိုးစေပါတယ်။ ဒါကြောင့် စာမေးပွဲ ဖြေဆိုချိန်အတွင်း ပီကေဝါးပေးရင် အမှတ်ကောင်းကောင်း ရရှိစေပါတယ်။ ကိုယ်အလေးချိန် […]


မမေလးOctober 27, 20121min26914
ဒီကိုမရောက်တာ နည်းနည်းကြာသွားတော့ post ဘယ်မှာတင်လဲဆိုတာ မေ့တေ့တေ့ဖြစ်နေလို့ တော်တော်ရှာယူရသေးတယ် 😛 ထောပတ်သီး ဆောင်းရာသီမှာ အသားအရမ်းပတ်တတ်တဲ့ ခြောက်သွေ့အသားအရေရှိသူတွေအတွက် ထောပတ်သီးနဲ့ မျက်နှာပေါင်းတင်တာ အကောင်းဆုံးပဲ။ လုပ်ရတာလည်း လွယ်တယ်နော်။ ထောပတ်သီးအသားကို ခက်ရင်းနဲ့ချေပြီး သံလွင်ဆီနည်းနည်း ရောမွှေလိုက်ပါ။ အနှစ်ပျစ်ပျစ်လေးရလာတဲ့အထိ ချေနော်။ ပြီးတော့ မျက်နှာအနှံလိမ်း.. နာရီဝက်နေရင် ရေဆေးချလိုက်ရုံပါပဲ။ မျက်နှာလေးက နူးညံချောမွေ့သွားလိမ့်မယ်နော်။ ဂျူံမှုန့် ဆောင်းရာသီရဲ့ အအေးဒဏ်ကို ခံနိုင်ရည်ရှိအောင်လုပ်ပေးမယ့် နည်းလေးပါပဲ။ ဂျုံမုန့်၊ ကြက်ဥအနှစ်နဲ့ ပျားရည်ကို ဆတူရောမွှေပါ။ မျက်နှာပေါ်မှာ မိနစ်၂ဝ ထားပြီး ရေနွေးလေးနဲ့ ဆေးချလိုက်တဲ့အခါ နူးညံ့ စိုပြေဝင်းပတဲ့မျက်နှာလေး ဖြစ်သွားလိမ့်မယ်နော်။   ငှက်ပျောသီး ပေါင်းစပ်အသားအရေပိုင်ရှင်တွေ ဆောင်းရာသီမှာ မျက်နှာပေါင်းတင်ချင်ရင် ဌက်ပျော်သီးလေးကိုပဲ သတိရလိုက်ပါ။ ငှက်ပျောသီးလေးကို သေချာချေပြီး မျက်နှာအနှံလိမ်းပြီး […]


ခင္ခOctober 26, 20121min27213
ဗိုက်ဆီကျစေတဲ့ အစားအစာများ အခုပြောမယ့် အကြောင်းအရာကတော့ ဗိုက်ဆီရှိတဲ့ သူတွေအတွက်ဖြစ်ပါတယ်။ အဆီအစိမ့်တွေ စားပြီး ဗိုက်အဆီ တက်နေသူတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းကောင်းလေးပါ။ ဗိုက်မှာအဆီတက်နေတဲ့ သူတွေအတွက် စားသုံးသင့်တဲ့ အသီးကတော့ ထောပတ်သီးပဲ ဖြစ်ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ဓာတ်တွေကတော့ ဗီတာမင် အီးနဲ့ ဘီ၊ ဖောလစ်အက်စစ်၊ ပိုတက်ဆီယမ်၊ အမျှင် ( Fiber) အစရှိတဲ့ ဓာတ်များ ပါဝင်တဲ့ အတွက် ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီနဲ့ အဆီတွေကို လည်း လျှော့ချ ပေးပါတယ်။ ရှေးယခင်က ဂရိလူမျိုးတွေကတော့ သံလွင်ဆီကို နတ်ဘုရားလို ကိုးကွယ်ခဲ့ကြပါပြီး ရှေးခေတ် အီဂျစ် လူမျိုးတွေကတော့ ထောပတ်သီးကို မျိုးပွားစေနိုင်တဲ့ အသီးတမျိုးအဖြစ် သတ်မှတ်ထားခဲ့ကြပါတယ်။ ဒါကြောင့် ထောပတ်သီး အာနိသင်ကိုလည်း အနည်းအကျဉ်းတော့ […]


ခင္ခOctober 26, 20121min34519
ဦးနှောက် ကို ပျက်စီးစေသော အကြောင်းတရား (၁၀) ခု ခင်ခရဲ့တိုလီမိုလီစာပေစုတွေထဲက ဖတ်ဖူးတဲ့စာအုပ်တစ်ခုထဲမှ ဦးနှောက် ကို ပျက်စီးစေသော အကြောင်းတရား (၁၀) ခု အကြောင်းလေးကို ကျန်းမာရေး ဗဟုသုတအဖြစ် မျှဝေရေးပေးမိတာပါ။ ဦးနှောက်ကို ပျက်စီးစေတဲ့ အကြောင်းတရား (၁၀) ခုကတော့ အောက်ပါအတိုင်းပါဘဲဗျာ။ ၁) စကားနည်းခြင်း အသိဉာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။ ၂) စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှုမရှိခြင်း စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင် ဦးနှောက်ကို ကျုံ့စေပါတယ်။ ၃) ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း ကျန်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာလုပ်တာမျိုး၊ စာကျက် […]


ခင္ခOctober 25, 20121min56631
”ရေနွေးကြမ်း သောက်ပြီ ဗိုက်မှာပိုနေတဲ့ အဆီတွေ လျှော့ကြစို့” ခင်ခရေးတင်လိုက်တဲ့ ကင်ဆာရောဂါ၏ ရှေ့ပြေးလက္ခဏာများ ပိုစ့်မှာ Mobile ရဲ့  “ ကင်ဆာရောဂါ မဖြစ်ခင်မှာ တစ်ရက် ရေနွေးကြမ်း ၂ လီတာ ပုံမှန်သောက် သုံးပေးပါက ကင်ဆာရောဂါကို ကာကွယ်နိုင်တယ်လို့ သိရပါတယ်´´ လို့ ကွန်မန့်ပေးထားတာလေးမှာ ရေနွေးကြမ်း သောက်ခြင်းသည်ကင်ဆာကို ကာကွယ်တဲ့ အကြောင်းလေးပါလို့ ဖတ်ဖူးတဲ့ တိုလီမိုလီစာပေစုထဲက ပြန်ရှာပြီး မျှဝေရေးမိ လိုက်တာပါ။ ရေနွေးကြမ်းမှာ antioxidants တွေပါဝင်တာကြောင့် ဝိတ်လျှော့တဲ့အခါမှာ အထောက်အပံ့ပေးပါတယ်။ အဓိကတော့ ဗိုက်မှာ ပိုနေတဲ့ အဆီတွေ လျှော့ကျစေ တာပါပဲ။ ရေနွေးထဲကို လက်ဖက်ခြောက်ခတ်ပြီ ရေနွေးကြမ်းကို ၁နေ့  ၃ခွက် ပုံမှန် သောက်ပေးခြင်းဖြင့် ဗိုက်မှာ ပိုနေတဲ့ အဆီတွေကို […]


NovyOctober 25, 20121min43527
ကဲဒီနေတော့ ကရင်တာလဘော့ဟင်းလေးချက်မယ် ပါဝင်ပစ္စည်းတွေကတော့ ငါးခူ                -၂ ကောင် (သို့) ငါးဖယ်ခြစ်  တစ်ဆယ်သား ဆန်လှော်မှုန့် – ထမင်းစားဇွန်း ၄ဇွန်း ဂျင်း / စပါးလင် / ကြက်သွန်ဖြူ  / ပင်စိမ်း ငံပြာရည် / ဆီ   အနည်းငယ် အသီးအရွက်တွေကတော့ ကိုယ်ကြိုက်နှစ်သက်ရာကို နည်းနည်းစီထည့်လို့ရပါတယ် မနိုထဲ့တဲ့ အသီးအရွက်တွေကတော့ ပိန်းဥ / ဒညင်းဝက် / မျှစ်စိမ်းပြုတ် /ဂျူးမြစ် / မုန့်ညှင်းစိမ်း /ချဉ်ပေါင်ရွက်/ ခရမ်းကြွပ်သီး /ပဲသီး ဒီလောက်ပဲထဲ့ပါတယ် ငါးခူ နှစ်ကောင်ကို အသားလွှာပြီး ငါးဆုပ်လုံးလုပ်ရပါမယ် ငါးခူး (သို့) ငါးဖယ်ခြစ် တွေကို ထောင်းတဲ့ အချိန်မှာ ညှပ်အောင် ထောင်းထားတဲ့  (စပါးလင် / […]


ခင္ခOctober 24, 20121min29820
ကင်ဆာရောဂါ၏ ရှေ့ပြေးလက္ခဏာများ ၁။ ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းခြင်း မိန်းကလေးအများစုက ကိုယ်အလေးချိန် လျော့နည်းသွားတာကို သဘောကျတတ်ကြပါတယ်။ လေ့ကျင့်ခန်း မလုပ်ပါဘဲ၊ အစားအသောက် လျော့စားတာမျိုး မရှိပါဘဲ တစ်လအတွင်း ကိုယ်အလေးချိန် ၁ဝ ပေါင်လောက် ရုတ်တရက် ကျသွားတဲ့အခါ စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းတာက ကင်ဆာရောဂါနဲ့ ဆက်စပ်မှုရှိသလို တခြားအကြောင်းဖြစ်တဲ့ သိုင်းရွိုက်ဂလင်းရဲ့ လုပ်ဆောင်မှုတွေ များနေတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ပြသပါ။ ဆရာဝန်က သိုင်းရွိုက်ဂလင်းနဲ့ ပတ်သက်တဲ့ စစ်ဆေးမှုတွေ၊ ခန္ဓာကိုယ်ရဲ့ တခြားအင်္ဂါ အစိတ်အပိုင်းတွေကို CT ရိုက်ပြီး စစ်ဆေးတာတွေ ပြုလုပ်ပေးပါလိမ့်မယ်။ ၂။ လေပွခြင်း လေပွတာက အများစုမှာ ဖြစ်လေ့ဖြစ်ထ ရှိတတ်ကြပါတယ်။ ဒါပေမဲ့ သားဥအိမ်ကင်ဆာမှာလည်း လေပွတာ […]


NovyOctober 23, 20122min45228
အိမ်မှာရောက်နေတဲ့ကရင်မလေးက နိုဗွီကို ကရင်မုန့်ဟင်းခါးစားဘူးသလားတဲ့ မစားဘူးရင် သူချက်ကြွေးမယ်တဲ့ ကိုယ်တိုင်လည်း အစားအစာ အထူးအဆန်းလေးတွေကို စိတ်ဝင်စားတော့ ချက်ကြွေးစားမယ်ပေါ့ သူချက်တာလေးတွေကို ဘေးကနေ ဓာတ်ပုံလေးရိုက်ပြီး မှတ်တမ်းတင်လိုက်ပါတယ် မုန့်ဖတ်                      – ၅ဝကျပ်သား ငါး                             – ၂၅ကျပ်သား စပါးလင်                   – ၂ပင် ဂျင်း                          – ၂ကျပ်ခွဲသား ပတဲကောဥ              – ၂ကျပ်ခွဲသား ငရုပ်ကောင်း           – အနည်းငယ် ဆီ                            – ၂ကျပ်ခွဲသား ငရုပ်သီးစိမ်း            – ၂ကျပ်ခွဲသား မကျီးသီး                 -၅ကျပ်သား ပူစီနန်                      – ၁ဝကျပ်သား ပဲပင်ပေါက်              -၂ဝကျပ်သား ငပိစိမ်းစား              – ၂ကျပ်ခွဲသား ကြက်သွန်ဖြူ         – ၂ကျပ်ခွဲသား ငှက်ပျောအူး ငါးဖယ်ကြော် / ပဲကပ်ကြော် […]