နိုင်ငံတော်၏ကြောင် အာဏာရသည်မှာ တနှစ်စွန်းခဲ့ချေပြီ၊ ပြောင်းလဲချိန် တန်ပြီ ကြွေးကြော်သံနှင့်အတူ ယခင်သမတ ဘပြောင်အား အလဲထိုး အနိုင်ရ တက်လာခြင်းဖြစ်သည်။ လပေါင်းများစွာ ဟိုလုပ်ဒီလုပ် ယားလို့ပင် မကုတ်အား… ပွင့်လင်းမြင်သာမှုထက် ပိုအရေးကြီးသော တိုင်းရေးပြည်ရာများ ရှိနေသည်။ လူထုနှင့် ကင်းကွာနေပြီ၊ အာဏာရှင် ဆန်တယ် ဝေဖန်မှု မြင့်တက်လာရကား တခုခုလုပ်ရန် ဆုံးဖြတ်လိုက်ရပေသည်။ တခုခုကား ပိတ်သက်ကျီးနှင့် ပြန်လည် ထိတွေ့ရန် ဖြစ်သည်။ ခေတ်ခြင်း မတူတော့ပြီမို့ ယခင်လို သိန်းသောင်းချီ လူထုစည်းဝေးပွဲထက် လက်တဆုပ်စာ ဇကာတင် ပုဂိုလ်များနှင့် တွေ့ဆုံခြင်းသာ သင့်တော်မည်။ တီဗွီ၊ အင်တာနက်တို့မှ တိုက်ရိုက် ထုတ်လွှင့်လျင်လဲ လူအများထံ ရောက်သည် မဟုတ်ပါလော။ ။။။။။ သို့သော် သို့သော်….. ထိုင်နေအကောင်း ထသွားမှအကျိုး၊ တွေ့ကာမှ […]


ဟွက်ကဲ့ ယနေ့ ဗွီဘီဒီ ဒီဘိတ် တီဗွီအစီအစဉ်မှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ဆွေးနွေးပါမယ်။ ဖိတ်ကြားထားသူများမှာ ဖုပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာရမ်းကု၊ စစ်တပ်သေနင်္ဂဗျူဟာမှုး ငပွကြီး၊ ဒီမိုကရေစီ တပ်ဦးခေါင်းဆောင် ရဲရဲတောက် ကြောင်ကြီးတို့ ဖြစ်ပါတယ်။ မော်ဒရေတာအဖြစ် ဂဇက်ရွာ အယ်ဒီတာချုပ် မာမွတ်ခိုင်မ်မှ ဆောင်ရွက်ပါမည်။ ကျနော်က ဒီအစီအစဉ်ရဲ့ စပွန်ဆာ ဗွီဘီဒီ စားသောက်ဖွယ်ရာ ကဏ္ဍ တင်ဆက်သူ အောင်မိုးသူပါ။ အခမ်းအနား အစီအစဉ် စတင်ပါပြီ။ အမှန်တော့ ယနေ့  အစီအစဉ် ဆွဲထားသည်က ကြက်သား ပလတာ ချက်နည်း သို့ပေကလိ ကြက်ငှက်တုပ်ကွေးကြောင့် ဈေးထဲ ကြက်ရှာမရ.. ဒါနဲ့ ကြံမိကြံရာ အစားထိုး ဖုတ်ပူမီးတိုက် တင်ဆက်ခြင်း ဖြစ်သည်။ ။။။။။ အဟမ်း အားလုံးပဲ […]


လာကြည့်ကြပါဦး လဟ… ငါတို့ သပိတ်မှောက်တာ။ အော်သာအော် ဘယ်သူမှ စိတ်ဝင်တစား မရှိချေ။ ကိုယ်တော်တို့ဖာသာ ကိုယ်တော်တို့ အားလျားတိုင်း မှောက်နေ.. အလုပ်သွားရဦးမယ်၊ ဗိုက်ဆာ ဘယ်သူ ထမင်းကျွေးမှာလဲ… လက်လှုပ်မှ ပါးစပ်လှုပ်ရမယ်၊ ကိုယ်တော်လို မှောက်ခ ရှယ်ယာခွဲပေးလျင် တမျိုးပေါ့။ ဟောျင့် ဒါတော့ မျက်စောင်းလာ မထိုးနဲ့.. ငါတို့က လူအများ အကဲ့ရဲ့ခံပြီး ရှာထားတာ… ကြားက ဝင်ခုတ်လို့ကတော့ လက်သီးပဲရမယ်။ သပိတ်မှောက် ကိုယ်တော်များနှင့် တိုးရစ်များအား လိုက်ပို့သော အလိင်စက်တို့ အချီအချ ပြောနေသံဖြစ်သည်။ ကဲ ကဲ… ဘယ်သူလာလာ မလာလာ သူ့ဆန်စား ရဲရမယ်… ဆက်ဆွဲလိုက်ကြစို့…။ သပိတ် သပိတ် မှောက်မှောက်… ..။ ရန်ကုန်မြို့ ကြေးသွန်းဘုရားကြီး တန်ဆောင်းအတွင်း အစိုးရ […]


သောင်တလွဲထွေ… ဘာအဓိပါယ်မှ မရှိဘူး၊ အယူတိမ်း နတ်စိမ်းဖြစ်တာ ကိုးကွယ်စရာလား ကောင်းကောင်းမွန်မွန်ဆို ဟုတ်သေး ခုဟာ အရက်သောက်၊ ကြက်တိိုက်၊ နင်ပဲငဆပြော၊ နှမသားခြင်းကိုယ်ဂျင်းမစာ ဟိုနှိုက်ဒီနှိုက်။ ထေရဝါဒ ထွန်းကားတဲ့ တိုင်းပြည်ကွ ဒါမျိိုး လက်မခံနိုင်ဘူး။ မိဆာဒိဋ္ဌိတွေ တေငရဲကျမှာ။။။။ အီဂါး တောင်ပြုံးပွဲတော် နီးလာတိုင်း နှစ်စဉ်ပြောနေကျ မဘသကြောင်ကြီး၏ စကားလုံးများဖြစ်သည်။ ထိုသို့ စတေးတပ် ဖဘပေါ်တင်လျင် မန်းဒလေးမှ မဘသငပေ အဆဲလေးနှင့် ဒိုင်ဗင်ပစ်ဝင် ထောက်ခံသည်။ တဦးသဘော တဦးသိသည့် လိုက်ဖက်ညှီသော မျိုးညစ်ညီအကိုများဖြစ်သည်။။။ ယခုနှစ်တွင်မူ လေသံပြောင်း ဂငယ်ကွေ့ ကွေ့သည်။ ဘယ့်နှယ်ကွာ မိရိုးဖလာ အမြတ်တနိုးထား ကိုးကွယ်ပသတဲ့ တောင်ပြုံးပွဲ အနားကပ် ဖျက်ရတယ်လို့၊ လူတွေကွ နွားမဟုတ် မင်းတို့ လုပ်ချင်တိုင်းလုပ်ရအောင်။ လူတရာ […]


အဘဂျီး မရှိထဲက ငတ်နေတာ၊ ငါးကြော်ဝေးစွ ထမင်းတောင် နပ်မမှန်ဘူး။ ဘယ်လို လုပ်ကြမဲ… ကြောင်အိမ်ထဲ ငါးခြောက် အပြည့်ပဲ၊ အနံ့လေး သင်းလို့၊ ခက်တာ သော့ခတ်ထားတယ် အနားသွားယောင်ရင်ကို မောင်းထုတ်တာ။ အိမ်ရှင်သစ်ကလည်း အကြာကြီး နေမည့်ပုံ… ဒုံးခပါပဲ။။။ ရေသောက် ဗိုက်မှောက် အိပ်နေရသော ကြောင်အပေါင်း ညည်းတွားသံ ဖြစ်သည်။ ဟုတ်လဲဟုတ်သည် ယခင် အိမ်ရှင်တုံးက အဘ အဘနှင့် ဘောမလျင် ငါးကြော် ငါးခြောက်များ စားရသည်။ ယခု အိမ်ရှင်သစ်ကတော့ ဆီမလာ ပျားမလာ.. ကိုယ်တိုင်လည်း ခြိုးခြံခြွေတာစားသည်၊ ကြောင်အိမ်ထဲရှိတာ လူအများနှင့် စားဖို့တဲ့၊ ကြောင်ဘိုးစဉ်ဘောင်ဆက် နေတာကြာပြီ။.. ဒီလို ပေါကြောင်ကြောင် စကားမျိုး တခါမှ မကြားဖူးပေ။ အဲ.. ရှေးပဝေဏသီကတော့ ရှိတယ်ဆိုလား၊ […]


အယာတိုလာ မာမွတ်ခိုမ် သူ့ကိုယ်သူ ရွာသူကြီးဟု လွန်စွာ ဂုဏ်ယူသည်။ ဟေ့ တမိုးအောက် တယောက်ထွန်း ပြိုင်သူဆို ဗိုလ်မထားတဲ့ ငါဟဲ့သူကြီး ဟု မကြာမကြာ လက်မောင်းခတ် ကြွေးကြော်သည်။ အထူးအာဏာရ သူကြီးမင်းဖြစ်ရွေ့ နှစ်လုံးပြူးကြီးလည်း ရှိသည်၊ ထိုနှစ်လုံးပြူးကြီးအား သဂျီးဂတော် ဒေါ်ညိုလက် ဝကွပ်အပ်ထားပြီး အမြဲတစေ တိုက်ချွတ်ဆေးကြောစေသည်။ တနေ့သော် ရွာထဲ လိုအပ်သည်များ ညွှန်ကြားရန် ကွင်းဆင်းစစ်ဆေးသည်တွင် စိတ်နှလုံး မချမ်းမြေ့ဖွယ်ရာများ တွေ့မြင်ခဲ့ရာမှ ဇာတ်လမ်း အစပြုလေသည်။ လှေသူကြီး အမ်တီဝေ ပါလား နေကောင်းတယ်နော်…. ရေငုပ်သင်္ဘောဒီဇိုင်း အင်ဂျင်နီယာ တီဝေအား နှုတ်ဆက်နေသံဖြစ်သည်။ အလို.. သူကြီးဆိုပါလား။ မျက်နှာမသာမယာနှင့် ရှေ့ဆက်စနည်းနာဦးမှ…။ ကေသုံးလုံးမိုတယ်လ်နား အရောက်.. မိုတယ်လ်ပိုင်ရှင် အင်း(Inn)သူကြီး လေမားမားခများ ဓမာရုံအတွက် အလှူငွေ […]


တပ်ချုပ်ကြီး စားပါခမျာ၊ တပ်ချုပ်ကတော်ကြီးလဲ အားမနာပါနဲ့ ကိုယ့်အိမ်ကိုယ့်ယာမှတ် သုံးဆောင်ပါ။ ဒုချုပ်ကြီးနဲ့ ကျန်ဗိုလ်ချုပ်ကြီးတွေဝိုင်းမှာလဲ လိုလေသေးမရှိ ဟင်းအလျှံအပယ် စီစဉ်ထားပါတယ်။ စစ်ရုံးတခုလုံးကို ကျွေးတာမို့ အသားဟင်း တမျိုးထဲ ဖြစ်တာ ခွင့်လွှတ်ပါ။ အသီးအရွက်ကြော်၊ အရည်သောက်၊ ငပိရည် တို့စရာ ကတော့ ဖေါခြင်းသောခြင်းပါပဲ။ ရပါတယ်ကွာ.. စစ်သားပဲ၊ တပ်ထဲမှာဆို ကလားပဲဟင်းနဲ့ငါးပိ ရောကြိတ်ရတာ။ ခုလို စေတနာနဲ့ကျွေးတာ ဝမ်းသာတယ်။ ငါတို့အူမစိုတော့တာ ကြာပြီ၊ အရပ်သား အစိုးရတက်ကထဲက ဆိုပါတော့။ တပ်မတော်မရှိရင် တိုင်းပြည် ချောက်ထဲကျမှာ၊ အားရှိအောင် တဖြဲနဖြဲ စားရတယ်.. စားချင်လို့ မဟုတ်ဘူး။ ကလားရန် အဆိုးဆုံးပဲ ဒါကြောင့် ပါကစ်စတန်ကလုပ်တဲ့ တိုက်လေယဉ်ပျံတွေ ဝယ်ထားတယ်။ ဘာဆိုင်လို့လဲ ဗိုလ်ချုပ်၊ ဆိုင်တာပေါ့ကွယ်… ငါတို့ဝယ်တော့ သူတို့တပ်ထဲ လေယာဉ်ပျံ […]


အောင်မငှီး.. မီးကျီတရဲရဲနက်၊ ပူလောင်လှဂျိကလား… ငါဘယ်ရောက်နေပါလိမ့်၊ ထွက်ပြေးဖို့ ခြေလက်တွေလဲ လှုပ်မရ။ ဝယ် ဟယ် ဟယ်….. ဘီလူးကြီးလားမသိ ခေါင်းမှာဂျိုကြီးနက်… အစွယ်က နည်းနည်းနော်နောမဟုတ်၊ မျက်လုံးကလဲ နီနီကြီး။ ဟဲ့ကောင် ငကြောင်ကြီး.. အခု ဘာတတ်နိုင်လဲ၊ လူ့ပြည်မှာတုံးက အများတကာကို စော်ကားပုတ်ခတ် လှောင်ပြောင်သရော်တဲ့ကောင် ပါးစပ်ထဲ မီးကျီမီးခဲထည့်မယ်။ တိန်… ငရဲပြည်ရောက်နာလား၊ အနော်တခါမှ သူများကို အဲလိုမပြောဘူးကြောင်းပါ ငရဲမင်း။ သယ်.. ငါ့ကို လိမ်ဝံ့သလော။။ ဟောသည်မှာ ဖဘမှတ်တမ်း.. နင်သူများကို ယုတ်ယုတ်မာမာ ပြောထားတာတွေ။ မှန်လှပါ.. ဖဘဆိုတာ ဥနှောက်သုံး အင်တာနက်မှာ ရေးတာမို့ စွဲချက် အထမမြောက် တရားရှင်လွှတ်သင့်ကြောင်းပါ။ အေး ဒါဆိုလဲ ခေါင်းကို မီးဖုတ်မယ်။ ဖျား ဖျား…. ကယ်တော်မူပါ။ […]


ကြေးမုံဂျီး ရေရေလည်လည် တင်းနေသည်၊ သူ့အား ငမိုက်သား ကြောင်ကြီးမှ ရပ်ကွက်အုပ်ချုပ်ရေးမှုးဟု စော်စော်ကားကား နှိမ့်ချပြောဆို ခဲ့သောကြောင့်ဖြစ်၏။ ကြေးမုံဂျီးကား နှယ်နှယ်ရရမဟုတ် သွားလေသူ သမဒဂျီး ချီးမြှောက်ခဲ့သော မုံးဝန်းမြန်မာဂိုဏ်း၏ တပ်ချုပ်ဖြစ်သည်။ ဟူးကောင်းတောင်ကြားရှိ ကျားမျိုးတုန်းအောင် တရုတ်ပြည်သို့ အိပ်စ်ပို့လုပ်ခဲ့သောကြောင့် ကျားကြီးဟုလဲ အမည်နာမတွင်၏။ ထိုသို့သောသူအား မြန်မာပြည်တွင် လူမျိုး၁၃၅မျိုးသာရှိကြောင်း၊ မုံးဝန်းမြန်မာဆိုသည်မှာ သွားလေသူ ဘပြောင်ဂျီး မဲရအောင် တီထွင်ဖန်တီးခဲ့သည့် လူအုပ်စုတစုသာ ဖြစ်ကြောင်း၊ သောင်းဂဏန်း အနည်းငယ်သာရှိသဖြင့် ၎င်းဂိုဏ်းချုပ်အဆင့်သည် ရက်ကွက်အုပ်ချုပ်ရေးမှုးနှင့်ညီကြောင်း သို့သော် တရုတ်မကြိုက်သည်ကို သိသွားမည်စိုးရွေ့ ဟန်မပျက် ဖောရှောလုပ်နေရကြောင်း ကြောင်ဝံကြီးချုပ် ဦးကြောင်ကြီမှ ပမာမခန့် ပြောခဲ့လေသည်။ ကြေးမုံဂျီးတပည့်များကြား ကလားသိုက် ကျားဝင်ကိုက်သလို ဆူညံပွက်သွားရာ၊ စကပ်လှန်ပြသူ၊ စပ စပ၊ ဖလမ ပြောသူများနှင့် […]


စစ်ဖက် – အရပ်ဖက် ဆက်ဆံရေးဆိုတာ အရပ်သားအုပ်ချုပ်ရေးစနစ်တွင် မရှိသင့်ေကြာင်း အပိုင်း၂မှာ ထောက်ခြံပီးပြီ။ စစ်တပ်ကို မုန်းလို့မဟုတ်ဘဲ အရပ်သားစစ်စစ် Civilian ပီပြင်တဲ့ ယဉ်ကျေးလူ့ဘောင် အဖွဲ့အစည်းတခု Civil Society ပီပြင်ပေါ်ပေါက်ရေး ရည်ရွယ်ပါတယ်။ အဲလိုပြောလို့ စစ်တပ်ကို ရိုင်းတယ် ပြောပြန်ပြီ တလွဲ မတွေးစေလိုပါ။ သူ့သဘာဝကိုယ်၌ ကြမ်းတမ်းခက်ထန် မာကျောတဲ့ သဘောရှိတယ်။ အရပ်သား နိုင်ငံရေးသမား၊ ပညာရှင်လို အိညှက်အိညှက် အပျော့မဆွဲဘူး။ ဝေဖန်လေကန် စေ့စပ်ညှိနှိုင်း အဖြေရှာဖို့ ဖွဲ့ထားတာမဟုတ်။ တုံးဆိုတိုက် ကျားဆိုကိုက် အင်အားသုံးနိုင်အောင် အမိန့်ပေးစနစ်နဲ့ တည်ဆောက်တာ၊ လွန်သွားပြန်တော့ ပေးတာယူ ကျွေးတာစား ခိုင်းတာလုပ်တဲ့ ဖက်ဆစ်တပ် ဘဝရောက်တာပေါ့လေ။ ရှာကြံနှိုင်းရလျင် မိန်းမလိုပဲ မရှိမကောင်း ရှိမကောင်း မပေါင်းလဲခက် ပေါင်းလဲခက်.. […]


ကာချုပ်ကို ဌာနဆိုင်ရာ ညွှန်ချုပ်နဲ့ အရပ်သား ရုံးထုံးစံမှာ အဆင့်တူလို ရန်ကုန်ဝန်ချုပ်ကွီးဖြိုး ပြောတာကို တုံ့ပြန်တဲ့အထဲက အလုပ် သဘာဝခြင်းမတူလို့ ဖွဲ့စည်းပုံခြင်းလည်း မတူနိုင် (ဝါ) စစ်တပ်ဖွဲ့စည်းပုံသည် အရပ်သား ဌာနဆိုင်ရာ ဖွဲ့စည်းပုံထက် ပိုမြင့်သယောင် ပြောဆိုမှုကို ဆွေးနွေးချင်တယ်။ ကနဦးအနေနဲ့ အရပ်ဖက်နဲ့စစ်ဖက် သဘောသဘာဝခြင်း မတူတာ ငြင်းစရာမရှိ။ မတူလို့လဲ စစ်တပ်ကို ဘယ်နိုင်ငံမှာမှ မြို့ထဲအဝင်မခံ၊ စစ်တန်းလျားမှာသာ နေစေတယ်။ မြို့ထဲ ခွင့်ပြုချက်မရဘဲ မဝင်ရ။ စစ်အုပ်ချုပ်ရေးမှာတော့ အဲဒါတွေ အားလုံးပျက်ပဲ။ လက်နက်ကိုင်ခြင်း အတူတူ ရဲနဲ့စစ်တပ်တောင် အရပ်သားနဲ့ ရောထွေးဆက်ဆံ နီးစပ်မှုခွင့်ပြုထားခြင်း ကွဲပြားတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ယူအက်စ်မြို့ကြီးတခုမှာ အဓိကရုဏ်းနဲ့ အကြမ်းဖက်နှိမ်နင်းရေးအတွက် သံချပ်ကာကား အသုံးပြုမယ်လုပ်တာ စစ်တပ်ဆန်လွန်းတယ်၊ မြို့ပြလူမှုအဖွဲ့အစည်းအတွက် မသင့်လျော်လို့ […]


ဂျူလိုင်၉ရက်နေ့ USAID နဲ့ပူးပေါင်းက ျင်းပတဲ့ နိုင်ငံရေးအကျဉ်းသား အလုပ်ရုံဆွေးနွေးပွဲမှာ ရန်ကုန်ဝန်ချုပ် ဦးဖြိုးမင်းသိန်းက အရပ်ဖက် စစ်ဖက် အုပ်ချျုပ်ရေးဆိုတာ ဒီမိုကရေစီစနစ်တွင် မရှိကြောင်း၊ စစ်တပ်ကာချုပ်သည် ရုံးလုပ်ငန်းဗျူရိုကရေစီအရ ညွှန်ကြားရေးမှူးချုပ်အဆင့်သာ ဖြစ်ကြောင်း ပြောလို့ အရေးယူပေးရန် စစ်တပ်မှတိုင်ကြားကြောင်း သတင်းတက်လာတယ်။ စစ်တပ်လော်ဘီတွေဆိုတာ အဆီဗူးခါ နာလိုက်တာ ဘယ်ပြောကောင်းမလဲ။ ဒင်းတို့ ဘုရားလောက်နီးနီး သတ်မှတ်ချီးပထားသူကို မင့်ဟာက ကျေင်းထိုင်ဘုန်းကြီး သာသာပါကွာ ပြောလိုက်တော့ ထုံးစံအတိုင်း ရိုးရာမပျက် ဆဲဆိုတုံ့ပြန် ရန်လုပ်ကြတာပေါ့။ နိုင်ငံရေးအရ ကြည့်လျင် ထူးခြားတယ် ဆိုရမယ်၊ အာဏာရတာ တနှစ်ကျော်လာပြီး ဘာမှ မယ်မယ်ရရ ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်သေးတဲ့ စစ်တပ်မျက်နှာ အငြိုအငြင်မခံရဲတဲ့ ဒီချုပ်အစိုးရရဲ့ နိုင်ငံရေးခြေလှမ်းအသစ် ဖြစ်ပေမလား။ ရဲနဲ့တရားရုံတွေကို စောင့်ကြည့်ကြပ်မတ် ကွပ်ကဲသွားမည်၊ ခေတ်နဲ့မညီ မမျှတတဲ့ […]


မေ ျာက်ကွီးယားက အိမ်နီးချင်းနိုင်ငံများကို ဒုံးပျံစမ်းသပ်မှု (မအောင်မြင်ရင်တောင်) များနဲ့ ရန်စနေပေမဲ့ မျျောက်ဆိုးသွမ်းကို ယူအက်စ်သမတ ဒေါ်နွယ်ထွန်း တိုက်ဖွယ်ရာ မရှိဘူး။ တောင်တရုတ်နံနက်ခင်းသတင်းစာ ပြောတဲ့ ယူအက်စ် ဘာကြောင့် မျောက်ကွီးယားကို မတိုက်နိုင်သလဲ အကြောင်းငါးချက်မှာ.. တချက်သည် ဟိုးလွန်ခဲ့သော ၁၉၅၅ခုနှစ်က စတယ်။ မျောက်ကွီးယား အနေအထားသည် ဆီးရီးယားနဲ့ မတူ… ဒေါ်နွယ်ထွန်းက ဆီးရီးယားသမတ အာဆတ် ကိုယ့်ပြည်သူကို အဆိပ်ဓါတ်ငွေ့ဗုံးကြဲတယ် စွပ်စွဲပြီး ဆီးရီးယားလေတပ် အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့တယ်။ မျောက်ကွီးယားကို စစ်ရေး တိုက်ခိုက်မှု တခုခုပြုခြင်းဟာ အဆများစွာ ပိုကြီးတဲ့ စွန့်စားမှုပါပဲ။ ၁၉၉၅ခုနှစ် ဇူလိုင်လ ၂ရရက်နေ့မှာ ကုလသမဂ ကြားဝင်မှုနဲ့ ဝါရှင်တန် – ပီကင်း အကြား တိုက်ခိုက်မှုများ ရပ်ဆိုင်းရေးစာချုပ် လက်မှတ်ရေးထိုးခဲ့ပေမဲ့ […]