Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


၂၀၁၄ နှစ်သစ်မှာ ရွာသူရွာသားအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်ဝပြီး စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒများနဲ့ ပြည့်ဝကြပါစေကြောင်း ဆုမွန်တောင်းလိုက်ပါတယ်ဗျာ…. အင်း..ဘာလိုလိုနဲ့ အသက်က တစ်နေ့ထက်တစ်နေ့ ကြီးလာတော့…မှတ်ဉာဏ်တွေလည်းသိပ်မကောင်း အရေးထဲ..ပင်စင်ကမယူနိုင်သေးတော့ နေ့စဉ်အလုပ်ကလည်း မိုးလင်း၊မိုးချုပ်သွားနေရသေး….အသက်ကြီးမှအိမ်ထောင်ကျတော့ လူကအိုလှပြီ..သားသမီးတွေက ငယ်ငယ်လေးတွေ…(အူးကျောက်စ် တွေ့ရမဲ့ဒုက္ခတွေပေါ့) အတူတွဲသွားရင် မသိသူတချို့က မြေးအဖိုးတွေ လမ်းလျှောက်ကြတယ်ထင်တာ.. တစ်ခါကပေါ့..ကျုပ်ကားစုတ်လေး ဓါတ်ဆီသွားဖြည့်တော့…ကျုပ်ကကားပေါ်က.. သားက ဆီဆိုင်ရောက်တော့ ပိုက်ဆံလေးကိုင်၊ ကောင်တာပြေးပြီး ဆီဘောက်ချာသွားဖြတ်၊ ပီးတော့ပြန်ပြေးလာပြီး..ဘောက်ချာကို ပန့်ကိုင်ကိုပေး..ပေးရင်းနဲ့ သူကပြောလိုက်သေး.. `ဦး..ဆီပြည့်ပြည့် ထည့်နော်´ တဲ့…သားက ၃နှစ်ပဲရှိသေးတာ…အဲဒီတော့ ပန့်ကိုင်တဲ့ ဘိုးတော်(ကျုပ်လောက်ရှိပါတယ်ဗျာ)က..`ဟာ..အဘမြေးလေးကလိမ္မာလိုက်တာ´တဲ့… တောက်စ်..သေရော ကားဆီဖြည့်ပြီးလို့ သားကားပေါ်ပြန်တက်လာတော့…ရယ်ပြီးကျုပ်ကိုပြောတယ်… `ဖေကြီးကို ဒါကြောင့်ပြောတာ…ဆံပင်ဆေးဆိုးပါလို့´… ဟီး..ဟုတ်သားပဲ ကျုပ်ဆံပင်တွေကလည်း ၈၀%လောက်ဖြူနေပြီကိုး…`အေးပါသားရယ်´လို့ပဲ ကျုပ်ပြန်ပြောရင်း..ရယ်နေလိုက်တယ်….. အဲဒီလို အိုကြီးအိုမ မိသားစုအရေးနဲ့ အလုပ်ရှုပ်နေသူ ကျုပ်ဆိုတဲ့ `ကြီးမိုက်´ ကို […]


– – – – – ================================ နှစ်ဟောင်း (၂၀၁၃) ကုန်လို့ နှစ်သစ် (၂၀၁၄) ကို ရောက်လို့ လာခဲ့ပါပြီ။ ဒီနှစ်သစ် ၂၀၁၄ ရဲ့ ဇန်နဝါရီ (၁၂) ရက်နေ့မှာ မြန်းဂဇက် ရွာသူ ရွာသားများ တွေ့ဆုံပွဲကို ကျင်းပတော့မည်။ နှစ်ဟောင်းကုန်လို့ နှစ်သစ် အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်းနဲ့ပဲ ပြီးခဲ့တဲ့ ဒီဇင်ဘာ အတွင်းက ပို့စ်များကို စုစည်းတင်ပြလိုက်ရပါတယ် ခင်ဗျာ။ သန်းခရု … ဗဲရီးမက်ချ်ပါ။ ================================ ယနေ့ပို့စ် (ဒီဇင်ဘာ၊ ၂၀၁၃) ပို့စ်အမည် ရေးသူ ဖတ်ရှုရန် (လင့်ခ်) 31-12-2013 မိတ်ဆွေ့ဝတ္တရား •*¨နန်းတော်ရာသူ •*¨ Click […]


တီ……………………… ကွိ..ကွိ………………… ဟဲလို..တက်စတင်… ဝမ်း..တူး..သရီး… ဟဲလို… ဟဲလို…. အဟမ်း..ဟမ်း.. ကျက်သရေမင်္ဂလာရှိလှပါသော ဒီမိုဂဇက်ရွာနေ ရွာသူရွာသားအပေါင်းတို့ခင်ဗျား…. (၆) လတစ်ခါ ကျင်းပနေကျဖြစ်သော မန်းဂဇက်…အဲ.အခုတော့ မြန်မာ့ဂဇက်ဖြစ်ပြီထင်တယ်..မြန်မာ့ဂဇက်ချစ်သူများ တွေ့ဆုံပွဲနဲ့ စာပေဆုပေးပွဲအတွက် ရံပုံငွေများ အလှူခံပါတယ်ခင်ဗျား…သဒါတရား နည်းများမဆို ပါဝင်ကြပါဦးလို့ နှိုးဆော်ပါတယ်ခင်ဗျား… ဟုတ်ကဲ့ပါခင်ဗျား… ရံပုံငွေပါ… မြန်မာ့ဂဇက်ချစ်သူများ တွေ့ဆုံပွဲနဲ့ စာပေဆုပေးပွဲအတွက်ပါ..အစဉ်အလာမပျက် ကျင်းပနိုင်ရန်အတွက်… အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပါဝင်ကူညီနိုင်ကြပါတယ်လို့… မွေးဌာနီ ~~ အညာရပ်ဆီသို့ ~~ မျှော်ရည်မျှော်မှန်း စိတ်ဝယ်တမ်းတ ~ လွမ်းလျပါသည် ~ မှန်းဆကာအတည် ~~ လှည်းလမ်းကြောင်းတစ်လျှောက် ဖုန်လုံးကြီးတွေ ~ တလိမ့်လိမ့်တက်တာ မြင်ယောင်သေးတော့သည် ~ အညာဌာနီ ~~ တစ်ခါလာမည် ~~ ကျွန်တော့်အတွက်တော့ ~ မေ့မရပါလေအတည် […]

1013997_556330841071117_1765104972_n.jpg

သူကေလးDecember 11, 20132min434930
“message message message messageeeeeeeeeeeeeeeeee” …. နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတုန်း ကလေးအော်သံနဲ့ ဖုန်း message ဟာ ရက်ရက်စက်စက်ကို နှောင့်ယှက်လေတော့သည်။ ရုံးကလူတွေက အရေးကြီးကိစ္စရှိရင် message နဲ့ သတင်းပို့တတ်တာမို့ message သံကိုသိသာအောင် တမင်ထားခဲ့တာ နောင်တရမိလေ၏။ ကော်နဲ့ကပ်ထားသလို ခွာမရသော မျက်လုံးအစုံကို မနည်းကြိုးစားဖွင့်ကာ message ကိုဖတ်ရသည်။ တော်တော်လေးကိုကောင်းသော အိပ်ရာနှိုးခြင်း။ “သူကလေး ဒီနေ့ကဗျာပြခန်းကိစ္စဒို့တွေဆုံကြမယ် ညနေ ၆နာရီ တွေ့နေကျဆိုင်ကို လာခဲ့ပါ မလာလို့ကတော့ သေခန်းပြတ်” တဲ့။ ပို့သူက အမွန်ဟု သူများတွေခေါ်ကြသော ကျွန်မရဲ့ ချစ်လှစွာသော မမမွန်။ message ကိုမြင်တော့ မျက်လုံးက ခါတိုင်းထက် ၂ဆပြူးသွားရသည်။ ဒီနေ့ မမမွန်တို့ခေါ်တာကို ကျွန်မ ဘယ်လိုမှမသွားနိုင်။ ဒီနေ့ ကျွန်မရဲ့ […]


၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့…   ဖုန်းစုတ်လေးနဲ့ ဖွဘုတ်သုံးနေတုန်း ဖတ်ရွေးဥက္ကဌ ဦးကြီးမိုက်ဆီက မက်ဆေ့ချ် ဝင်လာတယ်။ ဖွင့်မကြည့်ခင်ကတည်းက စိတ်ထဲက သိနေသလိုလိုပဲ။ ဖွင့်ဖတ်လိုက်တော့လည်း ထင်တဲ့အတိုင်းပါပဲ။ ဒီတစ်ပတ် ဖတ်ရွေးဆုပို့စ်ကို မွန်မွန် တင်ပေးမလားတဲ့။ ပြီးခဲ့တဲ့အပတ်က ဦးမျိုးသန့် ပို့စ်တင်ကတည်းက ငါ့အလှည့်လည်း ရောက်တော့မယ်လို့တော့ ထင်သား။ ဒါပေမယ့် အဲဒီလောက် မြန်လိမ့်မယ်လို့တော့ မထင်ခဲ့ဘူး။ တင်ပေးမလားဆိုတော့ ဘယ်ငြင်းလို့ကောင်းမလဲ။ (ဟဲ.. အူးမိုက်က prome မှာ ခဏခဏမုန့်ဝယ်ကျွေးတယ်။) ဘယ်နေ့လဲဆိုတော့ (၉) ရက်နေ့အပြီးဆို ရပါတယ်တဲ့။ အချိန်လည်း ရတယ်ဆိုတော့ ဟုတ်ကဲ့..တင်ပေးပါမယ်ပေါ့။ စိတ်ထဲကတော့ prome မှာ တစ်ပွဲလို့ တေးထားတာ။ ဘယ်ရမလဲ။   တကယ်တော့ ဒီဖတ်ရွေးအဖွဲ့ကို လုံမက […]


– – – – – ================================ ================================ ယနေ့ပို့စ် (နိုဝင်ဘာ၊ ၂၀၁၃) ပို့စ်အမည် ရေးသူ ဖတ်ရှုရန် (လင့်ခ်) 30-11-2013 ညှို့ငင်အားပြင်းတဲ့ အမျိုးသမီး နိုင်ငံရေးသမားများ ဇေယျာစံ Click Here နံပြားနဲ့လန်ဘား watch out ဦးကြောင်ကြီး Click Here စနေည ပွဲစဉ်များ ခန့်မှန်း Myo Thant Click Here တနင်္ဂနွေည ပွဲစဉ်များ ခန့်မှန်း Myo Thant Click Here ဝမ်းဘဲအင်း မိုး မင်းသား Click Here အလွမ်းပြေ အလွမ်းမပြေ အဘရဟူဒီ Click Here 29-11-2013 မျက်စောင်းထိုးခံရတော့မဲ့ တစ်ကိုယ်ရည် လွတ်လပ်ခွင့်…။ […]


တောင်ပေါ်သားNovember 14, 20131min102341
ဒီကနေ့ အောက်တိုဘာလ အကောင်းဆုံး ပို့စ်ကြေငြာရမယ့်နေ့မို့ မနက် စောစောထ၊ ရေမိုးချိုးပြီး အိမ်ကထွက်လာခဲ့တယ်။ မြောက်လေလေးတိုက်နေတာကြောင့်…. အေးမြတဲ့မနက်ခင်းပေါ့။ ပြည်ရိပ်သာလမ်းကထွက်  ပြည်လမ်းပေါ်ရောက်တော့ကားက ခပ်ရှင်းရှင်း ၊ ခပ်ပြာပြာ ကောင်းကင်က မိုးသားတွေ မရှိတာမို့ လင်းလို့နေလေရဲ့၊ လှည်းတန်းမီးပွိုင့်ရောက်တော့ မှတ်တိုင်ဘက်ကူးမယ်လုပ်တုန်း ………..ဟေ့…..ကိုမျိုး………..တဲ့။ ခေါ်သံဘက် လှည့်ကြည်တော့ လှိုင်နန်း၊ မတွေ့တာ ဘယ်လောက်ကြာပြီမှန်း မသိတဲ့ ငယ်သူငယ်ချင်း တစ်ယောက်ပါ။ အဲဒါနဲ့ မွန်သစ် ကဖီးမှာ ထိုင်ဖြစ်ကြတယ်။ ကဲ….ပြောစမ်းပါဦး၊ ဘယ်တွေကိုများ ပျောက်သွားတာတုန်းကွာ။ အင်း………ပြောရရင်တော့ ဇာတ်က ရှည်တယ်ကွာ …. ဒီလို………..ဒီလို… ငါ….. မိန်းမရလိုက်တာတော့ မင်း…..သိမှာပေါ့ကွာ…. မိန်းမက ငါ့အပေါ် ကောင်းပါတယ်၊ နေတာကတော့ သူ့ဇာတိ နယ်မှာပဲ၊ ငါက အဲဒီက စက်ရုံတစ်ခုမှာ တာဝန်ကျရင်း […]


အာလုံးပဲ မင်္ဂလာပါရှင်။ မန်းဂဇက်ကဗျာချစ်သူတွေရဲ့ ကဗျာပြခန်းကတော့ ပြခန်း (၁၂) တိုင် ရောက်ရှိလို့ လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီပြခန်းမှာ အလှည့်ကျတဲ့ ပြခန်းတာဝန်ခံကတော့ ကျွန်မ လုံမလေးမွန်မွန် ပါ။ ပထမဆုံးအနေနဲ့ ပြခန်းကို ကဗျာပေးပို့ကြတဲ့ ကဗျာရေးသူများအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားချင်ပါတယ်ရှင်။ ကဗျာသာမရှိခဲ့ရင် ကဗျာပြခန်းဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီပြခန်းလေး ရေရှည်တည်တံ့အောင် ကဗျာပေးပို့ကြသူများကို ကဗျာချစ်သူတွေက အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ နောက်များမှာလည်း ကဗျာတွေကို ဆက်လက်ပို့ပေးကြပါဦးလို့ လေးစားစွာ တောင်းဆိုချင်ပါတယ်။ နောက် ဒီပြခန်းလေးကို အားပေးကြတဲ့ ရွာသူရွာသားတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကဗျာတွေကို ဘယ်လိုပဲ ပြထားပါစေ၊ ဝင်ကြည့်တဲ့သူ မရှိဘူးဆိုရင်၊ မဲပေးတဲ့သူ မရှိဘူးဆိုရင်၊ ကွန်မန့်ပေးတဲ့သူ မရှိဘူးဆိုရင် ရေရှည်ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် […]


– – – – – ================================ ================================ ယနေ့ပို့စ် (အောက်တိုဘာ၊ ၂၀၁၃) ပို့စ်အမည် ရေးသူ ဖတ်ရှုရန် (လင့်ခ်) 31-10-2013 ချစ်ဆဲ….လွမ်းဆဲ…မိုးကုတ်မြေ ကျော်စွာခေါင် Click Here ရွှေကျင် သို့ တစ်ခေါက် (2013 – သီတင်းကျွတ်လပြည့်) Mလုလင် Click Here ငိုသံ alinsett Click Here ခြင်္သေ့ ဆိုတာ Mahar Myanmar Click Here မခင်တွယ်သူကြီးသို့ ရွှေမိုးတိမ် Click Here My Photo Collection – II no non negative Click Here နောင်တမဲ့သော တွယ်ငြိခြင်း အပိုင်း […]


`ဟဲလို …ဟယ်လို…တက်စတင်…ဝမ်း..တူး..သရီး´ `ဟဲလို …ဟယ်လို…တက်စတင်…ဝမ်း..တူး..သရီး´ `ဟဲလို …ဟယ်လို…တက်စတင်…ဝမ်း..တူး..သရီး´   `ဟေ့ကောင်..ရွှေတိုက်…မင်းမိုက်က ဘယ်လိုလဲကွ ဘာအသံမှမထွက်ဘူး…တောက်စ်..´ `အော်…ဦးမိ်ုက်..ခနလေး..ခနလေး..ကျနော်စစ်ကြည့်လိုက်အုံးမယ်´ မန်းဂဇက် ချစ်သူများစာပေဆု ပေးပွဲနဲ့ ရွာသူ ရွာသားများ တွေ့ဆုံပွဲ ကျင်းပနေတာပါ `အုတ်ကထ´ လို့ အတင်းရော အဓမ္မရော တင်မျှောက်ခံထားရတဲ့ သနားစရာ ကြီးမိုက်ခမြာ စင်ပေါ်တက်ပြီး ကိုးရိုး ကားရား တွေဖြစ်လို့ ချွေးတလုံးလုံးနဲ့ လူရုပ်မပေါက် ဒေါသတွေထွက်လျှက်ရှိပါတယ်…   `ဟေ့ကောင် ရွှေတိုက်…တော်တော့ကွာ…မင်းရဲ့ မိုက်တွေ အသံချဲ့စက်တွေ ထားလိုက်တော့…ငါ့အသံက ရိုးရိုးပြောရင်တောင် တစ်ကမ္ဘာလုံးကြားပါတယ်ကွ..´ `မင်း အခမ်းးအနားဖွင့်လှစ်ကြောင်းဖင်ပိတ်ပီးသာ ဒီအတိုင်းအော်ပီး ကြေငြာလိုက်တော့´ တကယ်တော့..ဒီနေ့က ၂၀၁၃ခုနှစ် စက်တင်ဘာလအတွင်း တင်ခဲ့သမျှ ပို့စ်တွေထဲက မန်းဂဇက်ချစ်သူများစာပေဆု ရွေးချယ်မဲ့ `ဖတ်ရွေး´အဖွဲ့ ရဲ့ အကြိုက်ဆုံး ပို့စ်ကို […]


ဖတ်ရွေး…တဲ့ ဖတ်ပြီး…ကြိုက်တာရွေးတာပေါ့ ဇကာတင်ထဲအရွေးခံရတော့လည်း စာရေးသူတွေအနေနဲ့ ဝမ်းသာစိတ်လှုပ်ရှားပြီး… ရင်ခုန်ရတာပေါ့…နော ဘယ်သူများရမလဲပေါ့… တစ်လတာအတွက်အကြိုက်ဆုံးဆုအဖြစ် အရွေးခံရပြန်တော့လည်းပီတိတွေဖြစ်ရ….ဝမ်းသာဂုဏ်ယူကြပေါ့… ဒီလိုနဲ့ပဲ..၆လ ကြာပြန်တော့ ဆုရထားသူတွေကို ဆုပေးဖို့ရယ် ဂဇက်ရွာသူားတွေတွေ့ဆုံဖို့ရယ် ..လုံးပမ်းကြပြီး အခုဆိုနှစ်ကြိမ်တိုင်တိုင်..တွေ့ဆုံပွဲနဲ့ မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲကိုလည်း အောင်မြင်စွာကျင်းပနိုင်ခဲ့ကြပြီးပါပြီ… ပထမအကြိမ် တွေ့ဆုံပွဲ မလုပ်ခင် တိုင်ပင်ကြကတည်းက ဆုရစာမူတွေကို ပုံနှိပ်ထုတ်ဝေဖို့ စတင်ကြံစီခဲ့ပါသေးဗျာ… ဒါကြောင့်ပါပဲ..ဆုရစာမူတွေအကုန် ဟတ်ဒ် ကော်ပီနဲ့ပရင့်ထုတ်လို့ ရဲဘော်ဘလက်ချောကြီးက လူအားငွေအားစိုက်ထုတ်ပြီး ဆရာဦးအောင်သင်းထံ မှတ်ချက်ကွန်မင့်ယူရန်ပို့ခဲ့ပါသေးသကောဗျာ… ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့်မလုပ်ဖြစ်ခဲ့ပါဘူး…. ဒုတိယအကြိမ် တွေ့ဆုံပွဲအတွက်စီစဉ်ကြတော့…ဘယ်လိုမှထင်မထားသူ ရွာသူ `Green Rose´ က ရုပ်တရက် လူအားရောငွေအားပါအိပ်စိုက်ပြီး စီစဉ်လိုက်တော့ မန်းဂဇက်သမိုင်းဝင် စာတစ်အုပ်…အဟုတ်ထွက်ပေါ်လာခဲ့ပါလေရောဗျာ… ` Green Rose ´ကိုတစ်ရွာလုံးကိုယ်စား ကျေးဇူးအကြီးကြီးတင်ပါကြောင်း ဒီနေရာက မှတ်တမ်းပြုပါရစေ။ အဲ…နဲနဲကြာလာပြန်တော့……. ရွာသူရွာသားလူငယ် ပညာတတ်(ဖတ်ရွေးအဖွဲ့ဝင်) […]


– – – – – ================================ ထွေထွေထူးထူး ဘာမှ ပြောစရာ မရှိပါဘူး။ သူများတွေလိုပဲ ဒီပို့စ်ကလည်း ကြိမ်စင်္ကြာကြောင့် ပေါ်လာရတဲ့ ပို့စ်ပါပဲ။ ဘာဖြစ်ဖြစ် ကဗျာတိုလေးတော့ ထည့်လိုက်တယ် … လာလေရော့ဟယ် ……………..။ “………….. ဂဇက် … အနေမတတ်တဲ့ လူအချို့အတွက်ကြောင့် ရွာပျက်မတတ် ဖြစ်တတ်တယ် …။ ဂဇက် … အနေတတ်တဲ့ လူအချို့အတွက် ပျော်စရာ နေရာဌာနာတစ်ခုပါပဲ …။ ဂဇက် … စရိုက်လည်း စုံပါပေရဲ့ အမှိုက်တွေလည်း ကြုံလာလေရဲ့ စုံစီနဖာ ထွေလာဆန်းရဲ့ အွန်လိုင်းဆိုတဲ့ ဒီနန်းမှာကွဲ့ တဝါးဝါး သန်းကာနေရဲ့ ငါကိုယ်တော် အိပ်ချင်ပြီကွဲ့ … ဒီလိုနဲ့ ဟိုမရောက် ဒီမရောက် အဆုံးသတ်လိုက်ပါရဲ့ […]


Mr. MarGaOctober 1, 20133min163049
ဘုတ်….. တစ်လမ်းလုံး ပခုံးထက်မှာ လွယ်လာသော အိတ်ကို အားရပါးရ ပစ်ချလိုက်သည်။ နားခိုရာနေရာ ရောက်ချေပြီကိုး။ ပိတ်ထားသောတံခါးရှေ့ရှိ ဆိုင်းဘုတ်ကလေးကို ဦးမာဃ တစ်ချက် ဖတ်လိုက်သည်။ ဘာတဲ့… “ကဗျာပြခန်း” ဆိုပါလား….။ ဆိုင်းဘုတ်ကို ဖတ်ပြီး အတွေးစလေးတွေက အတိတ်ကို နည်းနည်း လွင့်မျောသွားသည်။ သို့သော် ကြာကြာမတွေးနိုင်၊ ခရီးပန်းလာသည်မို့ အထဲဝင်ရန် တံခါးကို ခေါက်လိုက်တော့သည်။ ဒေါက်…..ဒလောက်…..ဒေါက် သုံးချက်တိတိ ခေါက်အပြီးမှာတော့ တိုင်ပင် ကိုက်ထားသည့်အလား တံခါးက ဖြတ်ခနဲဆို ပွင့်သွားသည်။ အထဲကနေ ထွက်လာသူကတော့ ဒညင်းဝက်(အဲလေ) အလင်းဆက်။ ရောက်ရောက်ချင်း ဆောက်နှင့်ထွင်း ဆိုသလို အားရပါးရ မေးရှာသည်။ ‘ဟဲ့ သဂျားးး ဘာလာလုပ်တာလဲ’ တဲ့။ သူမေးမှ လူတောင် မျက်စိ လည်ချင်ချင် ဖြစ်သွား၏။ […]