စစ်အစိုး၇ အသေအခြာလေ့လာပါကလာမည့်ရွေးကောက်ပွဲကို၎င်းတို့အနိုင်၇ရှိရေးလုပ်နို်င်မည့်နည်းလမ်းအခိုင်အမာကိုစစ်အစိုးရကခြေကုပ်ယူထားပြီးဖြစ်သည်ကိုကွှန်တော်တို့အားလုံးသိထားဘို့လိုပါသည်။ ထင်ရှားသောသာဓကအနေ နှင့်မဲဆွယ်မှုကိုစစ်ဗိုလ်ချုပ်များကြိုးကြိုးပမ်းပမ်းလုပ်စရာမလိုသည်ကိုကြည့်ခြင်းဖြင့်သိနိုင်ပါသည်။ နိုင်ငံတကာ တွင်မဲဆွယ်ပွဲများပြုလုပ်သည်ကိုကြည့်ပါ။ မဲဆန္ဒရှင်များ၏ယုံကြည်အားကိုးမှုကို၇ရန်မြို့ရောနယ်ပါဆင်းပြီးငွေ ကြေး၊ကတိစကား၊စသည်တို့ကိုအမြှုပ်ထွက်မတတ်ပြောဟောနိုင်မှမဲရနိုင်သည်မှာမျက်မြင်ကိုယ်တွေ့များပင်။ ဗိုလ်ချုပ်များကားလူထုထံမှစကားကိုပင်နားထောင်စရာမလိုဘဲလူထုထံမှမတရားနည်းမျိုးစုံဖြင့်ရထားသောရံပုံ ငွေကိုသုံးကာပြောချင်ရာပြောပြီးပြန်လာကြရုံပင်။ မဲနိုင်ရေးကိစ္စမှာကြိမ်းသေပေါက်အလိုအလျောက် ဖြစ်လာမည့်ပုံစံပေါက်နေသည်မဟုတ်ပါလား။ စစ်အစိုးရအနေဖြင့်နဲနဲလက်ဝင်မည့်ကိစ္စမှာနိုင်ငံတကာ ကို၎င်းတို့အနိုင်၇ရှိကြောင်း (ချွင်းချက်မရှိနိုင်ကြောင်းပင်ကြေငြာနိုင်ပါသည်။)ကိုမည်သို့မည်ပုံ ကြေငြာရမည့်ဆိုသည့်ကိစ္စပင်။ ယင်းအတွက်လဲများစွာသောအကြောင်းပြချက်(ယုံချင်ယုံမယုံချင်နေ) တို့ထဲမှအဖြစ်နိုင်ဆုံးအကြောင်းပြချက်ကား၊ သန်းနှင့်ချီပြီးရှိနေပြီးဖြစ်သော ကြံ့/ဖွံ့ အင်အားဝင်စာရင်း ကိုလက်ညှိုးထို့းပြလိုက်ယုံပင်။ ယခုအချိန်တွင်ကားကျန်ပါတီများကအမတ်၇ရှိရေးကိုခါးတောင်း ကြိုက်မီးထွန်းရှာနေရချိန်မဟုတ်ပါလား။ နောက်အချက်ကား ”နောင်ပေါ်ထွန်းလာမည့်ဒီမိုကရေစီအစိုး၇” ဟူသောစကားလုံးလှလှသုံးထားသောဝေါဟာရမှလွဲ၍စစ်တပ်အင်အားတိုးချဲ့ရေးအပါအဝင်အဓိကစီးပွားရေး။စီမံကိန်းများအားလုံးကို ၎င်းတို့ကိုယ်ပိုင်ကိစ္စကဲ့သို့အကြွင်းမဲ့စီးစဉ်ထားသည်မှာထင်ရှားနေပါသည်။ မည်သည့်အဓိကစီးပွားရေးလုပ်ငန်းမဆို၎င်းတို့နှင့်၎င်းတို့၏မိသားစုအသိုင်အဝိုင်းကသာချုပ်ကိုင်ထားသည်ကိုကြည့်ပါ။ ဒီမိုကရေစီနည်းလမ်းကျမည့်အရိပ်အယောင်ရှိသောအနာဂါတ်အစိုးရဆိုသည့်လက္ခဏာကို စိုးစဉ်းမျှမတွေ့ရပါ။