timothyAugust 25, 20111min1110
အာဏာရှင် ဂဒါဖီးတယောက်အရှင်လတ်လတ်မြေမြိုခံနေရပြီ။ မြေအောက်ဥမင်လှိုင်ခေါင်းထဲမှာ၊ကြွက်စုတ်တကောင်လိုပြေးနေရပြီ။ R2P လို့ခေါ်တဲ့ပြည်သူလူထုကိုအကာအကွယ်ပေးတဲ့မူအရ၊ NATO က Rebel Forces, တော်လှန်နေတဲ့တပ်တွေကိုအဖက်ဖက်ကကူညီပေးနေတာ R2Pမူအရဘဲ။ Rebel Forces တွေမှာ အသိပညာရှင်၊အတပ်ပညာရှင်၊ကာယလုပ်သား၊ဈေးသည်၊ကျောင်းသား၊ ဆင်းရဲသားလက်လုပ်လက်စား၊ဆရာဝန်၊အင်ဂျင်နီယာ၊ဥပဒေပညာရှင်၊အရပ်ထဲကသာမန်ပြည်သူလူထုအားလုံးပါတယ်။ ဒါ့ကြောင့်လဲအခုထက်ထိ Rebel Forces တွေကို Gaddafi ရဲ့တပ်တွေကလက်နက်ကြီးတွေနဲ့ပစ်နေလို့ R2P မူနဲ့ NATO ကကူနေရတယ်။ လူထုအင်အား၊လူထုအရပ်လုံးပါဝင်ပြီးလုပ်နေတဲ့ Libyan များက သက်သေပြနေပါတယ်။ လူထုအားနဲ့အနုနည်း၊လိုအပ်ရင်အကြမ်းနည်းသုံးပြီးတော်လှန်မှ၊ အပြည်ပြည်ဆိုင်ရာတွေ၊ပြည်ပတပ်တွေရဲ့ R2P ကာကွယ်မှုကိုရမယ်။ အာဏာရှင်ကိုပြည်ပအားပါမှတော်လှန်ဖြုတ်ချနိုင်မှာဘဲ။


timothyAugust 22, 20111min870
ရွာသားတို့ရေ။ လစ်ဗျားပြည်သူလူထုကို ၁ဝခါပြန်အလေးပြု၊ ဂုဏ်ပြုချီးကြူးကြပါစို့။ ခေါင်းမာပြီး၊ဗိုလ်သန်းရွှေလိုယုတ်မာပက်စက်တဲ့ ဂဒါဖီးကို ပြောင်မြောက်တဲ့သတ္တိဗျတ္တိတွေနဲ့အခက်အခဲများကြားကတိုက်ထုပ်လိုက်ပြီ။ ကမ္ဘာ့ပြည်သူများက သတ္တိရှင်လစ်ဗျားပြည်သူလူထုကိုဂုဏ်ပြုကြပါတယ်။ အာဏာရှင်ကို၊စစ်အာဏာရှင်ကိုအကြမ်းနည်းနဲ့ဘဲဖြုတ်ချနိုင်မယ်ဆိုတာကိုသက်သေထူလိုက်ပြီ။ အမေရိကန်၊အင်းဂလိပ်၊ရုရှား၊တရုပ်၊ပြင်သစ်၊ကုလား၊ဘင်ကီမွန်( ကမ္ဘာ့အညံ့ဆုံးကုလအတွင်းရေးမှူး) တို့အတွက်အကောင်းဆုံးသင်ခန်းစာဘဲ။ ဒီသင်ခန်းစာကိုယူပြီး ဆီးရီးရား အာဏာရှင် အာဆတ်ကိုဆုံးမဘို့သိပ်မခက်တော့ဘူး။ ဗမာပြည်သူလူထုသင်းခန်းစာယူဘို့က ၁) ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ လွတ်လပ်ရေးဆိုတာပြည်သူလူထုကိုယ်တိုင်ဝင်ပါဝင်လုပ်မှရမည်ဆိုတာကိုယုံကြည်လိုက်လုပ်ကြပါ။ ၂)ဒေါ်အောင်ဆန်းစုကြည်ကအခုစစ်အစိုးရခေါင်းဆောင်တွေကိုအနုနည်းနဲ့ဖြောင်းဖျဆွေးနွေးနေပြီ။ ၃)ပြည်ကူလူထုကလူထုအင်အားပြကြရမယ်။အသေခံ၊အနာခံကြရမယ်။ဖမ်းထားတဲ့ခေါင်းဆောင်အားလုံးလွတ်မြောက်ဘို့အရေးဆိုဆန္ဒပြကြရမယ်။ လိုအပ်လို့ဒေါ်အောင်ဆန်းစုကြည်ကအမိန့်ပေးရင်၊ဒါမှမဟုတ်လို့အမေစုကိုရန်သတ္တုပြုလာရင်ပြည်သူအားလုံးလမ်းတွေပေါ်ထွက်လာကြပါ။ ၄) စစ်တပ်ကရက်ရက်စက်စက်နှိမ်နင်းလာပြီဆိုရင်၊ ၅)လက်နက်ကိုင်တိုက်တဲ့အဆင့်ရောက်ပြီ။ ၆)လစ်ဗျားအခြေအနေနဲ့ဗမာပြည်ဖိနှိပ်မှုနဲ့တထပ်ထဲတူပါတယ်။ လစ်ဗျားတွေလုပ်တဲ့အတိုင်းသင်ခန်းစာယူပြီးအသေခံလုပ်ကြရမယ်။ ၇) စစ်ခွေးများအပြစ်ကြမ်းလာရင်၊ လိပ်၊ကန်၊သစ်၊တရုပ်၊ရုရှား၊ကုလတို့အတွက် ပြည်သူလူထုကိုကာကွယ်တဲ့ ( Protection to People from harm ways of Sovereign States    Clause) ကိုသုံးပြီးစစ်လေယာဉ်၊စစ်သင်းဘောများလွှတ်ပြီးဖိနှိပ်သတ်ဖြတ်ခံနေကြရတဲ့ ပြည်သူလူထုကိုကူဘို့အတွက်က၊ ထမ္မင်းစားရေသောက်လောက်လွယ်သွားပါပြီ။ ၈) အခုဆီးရီးယားအရေးအခင်းကိုစောင့်ကြည့်ကြပါ။ ဆီးရီးယားပြည်သူလူထုလက်နက်ကိုင်တိုက်လာပြီ၊အာဏာရှင်အာဆတ်ကရက်ရက်စက်စက်ပြစ်လာပြီဆိုရင်၊ ပြည်ပကစစ်လေယာဉ်၊စစ်သင်းဘောများရောက်လာကြအုံးမယ်။ ၉) No pain, no […]


ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့သော ဦးသန့်၏ စာလေးတစ်ခုကို ဖတ်မိရာက တင်ပြမိခြင်းပါ။ အများသဘော “ အများသဘောသည် အမှားပေါကြောင်းကို ကြီးပွားရေးမဂ္ဂဇင်း တစ်စောင်တွင် ဆိုခဲ့ပြီးလေပြီ။ မည်သည့် တိုင်းပြည် နိုင်ငံ၌မဆို ပညာရှိသောသူ အရေအတွက်သည် ပညာမဲ့သောသူ အရေအတွက်ထက် နည်း၏။ ထို့ကြောင့် အများ သဘောကျ ဆောင်ရွက်လုပ်ကိုင်ရသော ကိစ္စဟူသမျှသည် အမြဲမကောင်းချေ။ နိုင်ငံအုပ်ချုပ်ရာ၌လည်း အများသဘောကျ အုပ်ချုပ်ခြင်းသည် မအောင်မြင်ကြောင်း ယခု ကောင်းစွာ သိကြရပေပြီ။ အများသဘောကျဆိုသော စကားသည်လည်း တစ်ခါတစ်ရံ အဓိပ္ပါယ်မရှိချေ။ အများသဘောကျ ဆို၍ ရွေးချယ်တင်မြှောက်လိုက်သော အမတ်များပင် အများသဘောကျသော အမတ်များ မဟုတ်ကြပေ။ ရှင်းဦးအံ့။ မင်းတိုင်ပင် အမတ်ရွေးကောက်ပွဲတွင် ပုဇွန်တောင် တစ်နေရာအတွက် ဦးဖြူ၊ ဦးမဲနှင့် ဦးနီ သုံးဦးအရွေးခံကြ၏။ […]


timothyApril 11, 20111min771
လစ်ဗျားအရေးမှာကုလသမဂ်ဂရဲ့လူသားများကိုအစိုးရဆိုးမိုက်များသတ်ဖြတ်မှုမှကာကွယ်ပေးရေး မူအရလွတ်လပ်သောကမ္ဘာနိုင်ငံကြီးများဝင်ရောက်တိုက်ခိုက်နေတယ်။ အရှေ့အလယ်ပိုင်းတိုင်းပြည်များမှာလဲအာဏာရှင်များကိုလူထုအင်အားပြမှုများစွာနဲ့တိုက်နေကြပြီ။ အခုတခါအနောက်အာဖရိကနိုင်ငံ၊အိုင်ဗရီကို့စ်မှာရွေးကောက်ပွဲအနိုင်ရသွားတဲ့ အလာစိန်းအိုတာရာကိုကုလသမဂ်ဂ ကအသိအမှတ်ပြုထားတယ်။ ဒါကိုရှုံးထားတဲ့ လော်ရင့်ဂါဘ်ဘိုကလက်မခံဘဲ၊ကိုလိုနီမာစတာပြင်သစ်ကသူ့နိုင်ငံအရေးမှာဝင်စွက်တယ်လို့စွပ်စွဲတယ်။ နောက်ဆုံးအာဏာရှင်များထုံးစံအတိုင်းပြည်သူလူထုကိုရန်သူလို့သဘောထားပြီး၊ လက်နက်ကြီးများနဲ့ပြစ်တော့တာဘဲ။ ဒီမှာလဲပြည်သူလူထုကိုမင်းဆိုးမင်းညစ်ကပြစ်သတ်မှုမှကာကွယ်ရေးမူကိုသုံးပြီး၊ ကုလသမဂ်ဂကပြင်သစ်နဲ့လက်တွဲပြီးအာဏာရှင်ကိုချေမှုံးရေးစစ်ဆင်နွှဲတယ်။ ဒီနေ့ဘဲ ပုန်ကန်သောင်းကျန်းနေတဲ့လော်ရင့်ဂါဘ်ဘိုကိုပြင်သစ်တပ်များရဲ့အကူအညီနဲ့၊ သူပုန်းအောင်းနေတဲ့မြေအောက်တိုက်ခမ်းထဲကဖမ်းဆီးရမိတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမစ္စစ်ကလင်တန်ကဒီဂါဘ်ဘိုအာဏာရှင်ဇာတ်သိမ်းပုံကိုနမူနာပေးပြီး၊ ဒါဟာအကမ္ဘာလုံးမှာရှိတဲ့အာဏာရှင်အားလုံးကိုပြင်းထန်တဲ့သတိပေးချက်ဘဲလို့ပြောသွားတယ်။ ပြည်သူလူထုရဲ့သဘောဆန္ဒကိုစစ်ဘိနပ်နဲ့နင်းခြေပြီးအမြှောက်နဲ့ပြစ်ခတ်ချေမှုံးတဲ့ဗိုလ်သန်းရွှေလိုအာဏာရှင်တွေအတွက်၊ wake up call, အိပ်ယာနှိုးသတိပေးတဲ့နှိုးစက်ခလောက်သံပါဘဲ။ Response to Protect, အတိုခေါက် R2P ပြည်သူလူထုကိုမင်းဆိုးမင်းညစ်ရန်မှကာကွယ်ရေးမူဟာ၊ ကမ္ဘာမှာအခုရေပန်းစားလာပြီး၊ကမ္ဘာ့အရေးအခင်းများမှာလူသားခြင်းကာကွယ်ရေးကိစ္စများမှာသုံးတဲ့လက်နက်၊ အဖြစ်အသုံးတွင်ကြယ်လာပါကြောင်းတင်ပြလိုက်ပါတယ်။


timothyMarch 8, 20111min630
ရောင် ရင်း တို့ရေ။ အဲဒါကတော့ Network of Free Ulema-Libya က ဘာသာရေးခေါင်းဆောင်များရဲ့ကြေငြာစာတမ်းပါ။ အာဏာရှင်ဂဒါဖီးကပြည်သူလူထုကိုဝေဟင်ကနေပြီးဒုံးကျည်လက်နက်များသုံး၊ဗုံးကျဲပြီးသတ်ဖြတ်နေတာ၊ သွေးသံရဲရဲနဲ့လူမြင်လို့မကောင်းပါဘူး။ အနောက်နိုင်ငံများ၊ကုလသမဂ်ဂတိုးကလဲလစ်ဗျားလေပိုင်နက်ထဲမှာအာဏာရှင်ရဲ့ဗုံးကြဲတိုက်လေယာဉ်များ၊ မပျံသန်းနိုင်အောင်လေကြောင်းပိတ်ဆို့မှုဥပဒေထုပ်ဘို့လုပ်နေရပြီ။ လူအများကိုရက်ရက်ရောရောသွေသံရဲရဲသတ်ဖြတ်နေတာဘယ်သူကကိုနဲ့မဆိုင်ဘူးဆိုပြီးလက်ပိုက်ကြည့်နေနိုင်မလဲ။ အာရပ်လိဂ်, Gulf Cooperation Council တို့က ဂဒါဖီးရဲ့သတ်ဖြတ်နေမှုများကိုပြင်းထန်စွာရှုံ့ချတဲ့အပြင်၊ Crime against Humanity လူသားတွေကိုသတ်ဖြတ်တဲ့ရာဇဝတ်သားဂဒါဖီးလို့ကြေငြာကြတယ်။ အဲဒါကို Free Ulema-Libya အဖွဲ့ကဘာသာရေးခေါင်းဆောင်ကြီးများကအိမ်နီးချင်းနိုင်ငံများကိုကျေးဇူးတင်ကြောင်း၊ ဆက်လက်ပြီးတော့လစ်ဗျားပြည်သူများရဲ့တော်လှန်ရေးကိုထောက်ခံကြဘို့လဲမေတ္တာရပ်ခံလိုက်ပြန်တယ်။ လူအများကြီးကိုအာဏာရှင်ကရက်ရက်စက်စက်သတ်ဖြတ်နေတာ၊ ပြည်သူလူထုကဒေါသ၊သတ္တိဗျတ္တိအပြည့်နဲ့အာဏာရှင်ကိုရရာလက်နက်ဆွဲပြီးတော်လှန်ကြတာ၊ လူသာမန်များကလဲတသက်မှတကိုယ်လက်နက်ကိုမမြင်ဘူးမထိဘူးသူတွေက၊ အခုတော့နိုင်ငံအတွက်အသက်ပေးပါရစေဆိုပြီး၊လက်နက်သင်တန်းစစ်သင်တန်းရက်တိုတက်ပြီးစစ်ထဲဝင်တော်င်္လန်တာတွေ၊ အဲဒါတွေကိုဘာသာရေးခေါင်းဆောင်များလဲခေါင်းရှောင်နေလို့မရတော့ပါဘူး။ ဘာသာအရားရဲ့သွန်သင်မှုကြောင့်မူစလင်စစ်သားများလဲကိုယ့်လူမျိုးမူစလင်များကိုရက်ရက်စက်စက်၊ မသတ်ရဲတော့ဘူး။မပြစ်ရဲတော့ဘူး။ စစ်တပ်အမျာအပြားလဲတော်လှန်သောပြည်သူလူထုရဲ့တရားသောစစ်၊အာဏာရှင်ဖြုတ်ချရေးမှာဝင်ပါလာကြပြီ။ ဘာသာအရားရဲ့သွန်သင်မှုကြီးမားသောဗမာပြည်မှာလဲစစ်သားများဟာအာဏာရှင်သန်းရွှေကိုစွန့်ခွါတဲ့နေ့မလွဲမသေရောက်လာမှာဘဲ။ ပြစ်ခတ်သေကြေကြတဲ့ပြည်သူလူထုကိုမထောက်ခံတဲ့သူဟာရူးသွတ်နေသောအာဏာရှင်ဘဲရှိပါတယ်။ ဂဒါဖီကအခုအာဏာကဆင်းပေးပါ့မယ်။သူနဲ့သူ့မိသားစုရဲ့လုံခြုံရေး၊စီးစိမ်ချမ်းသာမှုတွေကိုတော့လွတ်လပ်ခွင့်ပေးဘို့၊ တော်လှန်သောလစ်ဗျားယာယီအစိုးရအဖွဲ့ကိုတောင်းပန်နေပြီလို့နောက်ဆုံးသတင်းထွက်နေပြီ။ ဒါကိုတော်လှန်သောပြည်သူလူထုကပယ်ချလိုက်တယ်။ ဂဒါဖီးတယောက်တော့ဟစ်တလာ့လမ်းစဉ်လိုက်ရတော့မယ်။ သူ့အတွက်အချိန်နှောင်းသွားရှာပြီ။သူအသေဆိုးနဲ့သေပြီးတဲ့နောက်သူ့မိသားစုရဲ့ကံကြမ္မာကတော့မတွေးဝင့်စရာအြဖြစ်လို့ဘဲပြောပါရစေ။ ဗိုလ်သန်းရွှေလဲဂဒါဖီးနဲ့မိသားစုရဲ့မလှမပဇာတ်သိမ်းခန်းကိုရင်လှိုက်သဲဖိုရှုစားရင်း၊ ငါဘယ်လမ်းလိုက်မလဲ၊ငါ့ချစ်လှစွာသောကြိုင်ကြိုင်နဲ့မိသားစုငါ့မိုက်တွင်းနက်မှုတွေကြောင့်ရေနက်ထဲနစ်ကိန်းဘဲ။ စာဖတ်သူများလဲဘယ်လိုမြင်ပါလဲ။        


timothyMarch 1, 20111min670
ရွာသားတို့ရေ။ Quaddafi ကလူအုပ်ကြီးကိုလက်နက်အမျိုးမျိုး၊လေယဉ်ရဟတ်ယဉ်တွေနဲ့ပြစ်သတ်လိုက်တာရက်စက်မှုအပေါင်းသရဖူဆောင်းဘဲ။ သူ့ရဲ့မြို့တော်Tripoli မှာဘဲပိတ်မိနေတာ၊အဲဒီမှာပိပြားနေအောင်၊လူတွေအိမ်ကမထွက်ရဲအောင်၊ အိမ်တွေထဲယင်စီးနင်းပြီးမသင်ကာလူတွေလို့စိတ်ထင်တာနဲ့လမ်းပေါ်ဆွဲချပြီးစက်သေနတ်နဲ့ဆွဲတာဘဲ။ Tripoli မှာနဲနဲလူစု၊မူဆလင်ထုံးစံအသုဘချတာတောင်ချမ်းသာမပေး၊သေနတ်သမားလူမိုက်(Quaddafi ရဲ့လူဆိုးဂိုဏ်းများရောက်လာပြီး၊ ကိစ္စရှင်းတော့တာဘဲ။ အသေပြစ်သတ်တာကိုပြောတာပါ။ နိုင်ငံခြားသီတင်းသမားများကိုQuaddafi ကTripoli ကိုဖိတ်ခေါ်ပြီးပြတယ်။သူလူမသတ်ရပါဘူးတဲ့။ ဘာတော်လှန်ရေးဆူပူသူမှမရှိဘူးတဲ့ဗျာ။ ပြည်သူလူထုကသူ့ကိုသိပ်သိပ်ချစ်တာတဲ့ဗျား။ နိုင်ငံခြားသတင်းထောက်တွေကိုပြောနေတာများ၊ကြားရတဲ့လူတိုင်းမယုံနိုင်စရာပါးစပ်ဟောင်းလောင်းတွေဖြစ်ကုန်တယ်။ Quaddafi ဟာအမှန်တရားနဲ့ကင်းကွာနေတဲ့သူ၊စိတ်မနှံ့ရူးသွပ်နေသူ၊လို့အားလုံးကမှတ်ချက်ချကြတယ်။ နိုင်ငံကိုအုပ်ချုပ်ဘို့ထိုက်တန်တဲ့လူမဟုတ်ဘူးလို့ကုလသမဂ်ဂအမေရိကန်သံအမတ်ကမှတ်ချက်ပေးပါတယ်။ ဗိုလ်သန်းရွှေဆိုရင်ဒီနေရာမှာဆိုဒီလိုဘဲလူတွေကိုအမြှောက်၊ဒုံးကျည်၊လေယဉ်ပျံတွေနဲ့ပစ်သတ်နှိမ်နင်းမှာဘဲ။ ဒါပေမဲ့ဗိုလ်သန်းရွှေကိုသတိပေးပါရစေ။ လူတွေကိုသောက်သောက်လဲTripoliမှာပြစ်သတ်နေတာကိုအမေရိကန်၊အင်းဂလိပ်တို့ကလက်ပိုက်ကြည့်မနေဘူး။ အသေအပျောက်များလွန်း၊လူမဆံလွန်းတဲ့အတွက်ကတကြောင်း၊ လက်နက်မဲ့ပြည်သူလူထုကြီးကလက်နက်အစုံအလင်နဲ့ပြစ်ခတ်နေတဲ့ကြားကစစ်တပ်တွေကိုတတပ်ပြီးတတပ်၊ လူအင်အားနဲ့ဝင်သိမ်းနေတဲ့ပြည်သူလူထုရဲ့ဒေါသစွမ်းပကားကိုဘယ်လိုမှလျစ်လျူရှုလို့မရတော့တာကတကြောင်း၊ အခုအဲဒီနိုင်ငံကြီးတွေကရာဇဝင်မှာသတ္တိပြောင်မြောက်တဲ့လစ်ဗျားပြည်သူများကို၊ အာဏာရှင်ဖြုတ်ချရေးအတွက်လိုအပ်သောအကူအညီများကိုပေးမယ်လို့လူသိရှင်ကြားကျေငြာလိုက်ပြီ။ မိုးကောင်းကင်မှာလေယဉ်မဖြတ်သန်းရလို့Quaddifi ရဲ့လေယဉ်ရဟတ်ယာဉ်များမရွေ့လျှားနိုင်အောင်ပိတ်ဆို့ရေးများလုပ်ဘို့၊ မဟာဗျုဟာလက်နက်ကြီးများတပ်ဆင်ထားတဲ့စစ်သင်းဘောအုပ်စု လစ်ဗျားရေပိုင်နက်ထဲဝင်နေပြီ။ ဗိုလ်သန်းရွှေသေအောင်ကြောက်တဲ့အမေရိကန်၊အင်းဂလိပ်တို့ရဲ့ရေတပ်ဝင်လာပြီ။ ဗိုလ်သန်းရွှေအခုလောက်ဆိုကြောက်လို့တွင်းတူးနေလောက်ပြီ။ ၁)လူအများကြီးသောက်သောက်လဲသေကြေကြတယ်။ ၂)လူထုကလဲသတ္တိရှိရှိလက်နက်မဲ့နဲ့လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့စစ်တပ်များကို၊ လူအားသက်သက်နဲ့ဝင်သိမ်းကြတယ်။ ဒီအချက်၂ချက်ကိုရူးသွပ်ပြီးစိတ်မနှံ့တဲ့အာဏာရှင်ကိုပေါင်းလိုက်တဲ့အခါ၊ အာဏာရှင်Quaddafရော၊ဗိုလ်သန်းရွှေကိုပါ၊အမေရိကန်နဲ့အင်းဂလိပ်ရဲ့ရေတပ်အုပ်စုကဝင်ရောက်နှိမ်နင်းတာကို၊ လစ်ဗျားနဲ့မြန်မာပြည်သူလူထုကမ္ဘာ့ပြည်သူလူထုကြီးကအပြည့်အဝထောက်ခံနေကြကြောင်းသတင်းကောင်းပါးရင်း။ ပြည်တွင်းပြည်ပကမျိုးချစ်ပြည်သူလူထုကြီးနဲ့မျိုးချစ်စစ်သားများအားလုံးကိုပုန်ကန်ထကြွကြဘို့အသင့်ပြင်ကြပါလို့၊ တိုက်တွန်းလိုက်ပြန်ပါတယ်။ လစ်ဗျားရဲ့အာဏာရှင်ရဲ့ဇာတ်သိမ်းမလှပုံကိုရူးသွပ်နေသောဗိုလ်သန်းရွှေတယောက်ကြည့်ရဲရင်ကြည့်ဖြစ်အောင်ကြည့်ပါ။    


timothyFebruary 14, 20111min720
အကြီးအကျယ်လန့်နေပြီ။ တပ်တွင်းမကျေနပ်မှုတွေကတားမရဆီးမရအချိန်မရွေးပေါက်ကွဲနိုင်ပါတယ်။ အမေစုကိုရန်သတ္တုပြုမှာကြိမ်းသေပေါက်ဘဲ။ လူထုအုံကြွမှုကလဲမတရားမှုအပေါင်းခါးဆီးအောင်ခံနေရတဲ့ဆင်းရဲသားပြည်သူလူထုရဲ့ခါးသီးတဲ့ မုန်းတီးစိတ်ကဗုံးစနက်တန်မီးရှို့တာနဲ့အတူတူဘဲ။ ခေါတ်တွေပြောင်းပေမဲ့ငမိုက်သားဂျိုကုပ်ကမိုက်တွင်းနက်သထက်နက်၊ ကိုယ်လည်ပင်ကိုယ်ကြိုးကွင်းစွပ်နေတယ်ဆိုတာလဲမသိ။ လူထုတော်လှန်ရေးဒီတကြိမ်ဖြစ်ရင်တော့၊ရန်သူပါတိလည်ဝိုင်းယံနေတဲ့ဂျိုကုပ်ပီကင်းကိုကံကောင်းရင်ပြေးလွတ်မယ်။ ခေါတ်အခါတွေလဲပြောင်းလာပြီလေ။ ၈၈အရေးတော်ပုံခေါတါကပဝေသဏီမှာကျန်ခဲ့ပြီ။ စစ်တပ်ပုံကန်မှုကြီးကလူထုတော်လှန်ရေးအရှိန်နဲ့ဖြစ်လာမယ်။ အမေစုကိုထိတာနဲ့အရေးတော်ပုံမီးဟုန်းဟုန်းတောက်လောင်စေရမယ်။ ဂျိုဂုပ်ဂဏ်ဓူးဂျီးကြောက်ပြီးကြိမ်းဝါးသံကလူရီစရာ၊လူအများကြားရဝမ်းသာစရာ၊ ဖြစ်ကြောင်းရေးရင်း၊တော်လှန်ရေးအတွက်၊ အဖိနှိပ်ခံပြည်သူလူထုနဲ့တပ်တွင်းကအနိုင်ကြင့် အနှိပ်စက်ခံတပ်သားညီအကိုအားလုံးကိုလှုံ့ဆော်စည်းရုံး၊ ဆော်ဩောလိုက်ပါတယ်။


timothyFebruary 12, 20111min1023
လူထုအင်အားနဲ့အာဏာရှင်မူဘာရက်ကိုဖြုတ်ချလိုက်နိုင်ပြီ။ တူနီးရှားမှာလူမှုရေးတော်လှန်ရေးကြီးကစလိုက်တဲ့လူထုတော်လှန်ရေးမီးတောက်ကြီးဟာ၊ အခုဆိုထိမ်းမနိုင်သိမ်းမရနဲ့မီးဟုန်းဟုန်းတောက်လောင်ကုန်ပြီ။ အရှေ့အလယ်ပိုင်းအာရပ်တိုင်းပြည်နဲ့ကမ္ဘာအရပ်ရပ်ကအာဏာရှင်များ၊ ဗိုလ်သန်းရွှေတို့လိုဖက်ဆစ်၊စစ်အာဏာရှင်များအထူးသဖြင့်ပေါ့၊ဖိန့်ဖိန့်တုန်အောင်ကြောက်နေကြပြီပေါ့။ တူနီးရှားနဲ့အီဂျစ်တို့မှာစစ်တပ်ရဲ့ထောက်ခံမှုမရမှန်းသိတာနဲ့တပြိုငိနက်တည်း၊ အာဏာရှင်များခွေးပြေးဝက်ပြေးထွက်ပြေးကြတယ်။ အီဂျစ်မှာ်မှာကအာဏာရှင်မူဘာရက်ကကောင်းကောင်းဖိနှိပ်ထားတာပိပြားနေတာဘဲ။ ဘယ်သူမှမထင်နိုင်စရာပါဘဲ။ လူထုအုံကြွမှုကတစတစကြီးလာတာ၊မူဘာရက်ရဲ့အသဲနှလုံးတွေကိုဆွဲကိုင်လှုပ်လိုက်တာဘဲ။ စောစောပိုင်းကတော့မူဘာရက်ကသူ့စစ်တပ်ကိုယုံတယ်လေ။ အကုန်ဗိုလ်ချုပ်တွေမှန်သမျှသူ့လူယုံတွေထဲ့ထားတော့သူ့အတွက်ကတော့ဗိုလ်သန်းရွှေလိုဘဲဇိမ်ပေါ့။ နောက်ပိုင်းမှာစစ်အရာရှိငယ်များနဲ့တပ်သားများကမူဘာရက်စစ်ပုလိပ်များကလူထုကိုမတရားလုပ်နေတာတွေ၊ မြင်တွေ့လာတော့မှလူထုဘက်ကစိတ်ရောက်လာကြတယ်။ဗိုလ်ချုပ်လူယုံတော်များတဖြေးဖြေးဘေးဖယ်ခံရတယ်။ တိုင်းပြည်ချစ်တဲ့စစ်ဗိုလ်ချုပ်များကလဲလက်အောက်ဗိုလ်နဲ့တပ်သားများကပြည်သူတွေဘက်ပါသွားပြီဆိုတော့၊ နောက်ဆုံအာဏာရှင်မူဘာရက်ကိုစစ်တပ်ကမထောက်ခံဘူးလို့အသိပေးလိုက်တယ်။ မူဘာရက်ဇာတ်သိမ်းသွားရရှာတယ်။လူထုအောင်ပွဲကတော့ကကြခုန်ကြနဲ့ချိမ့်ချိမ့်သဲဘဲ. ဗမာပြည်မှာဗိုလ်သန်းရွှေကမိသားတစုကောင်းသားရေးဘဲစိတ်ဝင်စားလာတယ်။ သူ့လူယုံများကိုအတင်းစစ်ယုနီဖေါင်းတွေချွတ်၊ဟိုပို့ဒီပို့နဲ့ဗေဒင်ဆရာပြောတဲ့အတိုင်းဗြောင်းဆံနေအောင်လုပ်လာတော့၊ စစ်တပ်ထဲမှာလဲမကြေနပ်ချက်တွေကကြီးထွားနေပြီ။ တပ်သားများကိုလဲကျွန်ကဲ့သို့မတရားခိုင်းလိုခိုင်း၊မိသားစုခလေးမိန်းမများကိုလဲအနိုင့်အထက်နဲ့ကျေးကျွန်များကဲ့သို့၊ ကြမ်းတိုက်၊ထင်းခွေ၊အဝတ်လျှော်တာနဲ့လဲမကြေနပ်နိုင်လို့၊အရာရှိကတော်ရဲ့အတွင်းခံတောင်ရိုက်နှက်ခိုင်းလာတယ်။ စစ်တပ်ထဲမှာမကြေနပ်ချက်တွေနဲ့ပေါက်ကွဲမှုမလွှမသွေဖြစ်လာမယ်။ လူထုအုံကြွမှုကလဲအခုအာရပ်အီဂျစ်တို့ကမီးတောက်အရှိန်နဲ့ဗမာပြည်မှာမနှေးနဲ့အမြန်ဖြစ်လာလိမ္မယ်။ လူထုကိုရိုက်နှက်ပြစ်ခတ်တာတွေတွေ့မြင်တာနဲ့ဖြစ်လာမဲ့နောက်ဆက်တွဲများကအီဂျစ်ကအဖြစ်နဲ့ထပ်တူဖြစ်လိမ္မယ်။ စ်စ်င်္တပ်ကကွဲဘို့ယဲ့ယဲ့ဘဲရှိတယ်။ပြည်သူကိုချစ်တဲ့စစ်သားများအရာရှိငယ်များခေါင်းထောင်ထောင်ထလာပြီးလူထုကိုအကာအကွယ်ပေးလို့၊ နောက်ဆုံးပြစ်ခတ်သောင်းကျန်းနေကြတဲ့ဒုစရိုက်စစ်ခွေးများလမ်းပေါ်ကပြောက်သွားကြမယ်။ လူထုကအကြောက်တရားပြယ်ပျောက်သွားကြမယ်။ ဗိုလ်သန်းရွှေပြေးရလိမ္မယ်။ဒါ့ကြောင့်တရုပ်ပြည်မှာအိမ်ဝယ်ထားပြီးပြီ။ အီဂျစ်ကမူဘာရက်အလှည့်ပြီးတော့အခုအာဏာရှင်ဗိုလ်သန်းရွှေပြုတ်မဲ့အချိန်ရောက်ပါပြီ။ လူထုတရပ်လုံးကိုအီဂျစ်ကအဖြစ်အပြက်များနဲ့ယှဉ်ပြီးရှင်းလင်းပြရင်းနဲ့၊ မကြာမှီဗမာများလဲလွတ်လပ်ရေးရနိုင်ဘို့အခြေအနေများဒီရေအလားတိုးလာပြီတိုတာ၊ ဝမ်းမြောက်စွာနဲ့တင်ပြလိုက်ပြန်ပါတယ်။


timothyFebruary 1, 20111min700
အီဂျစ်မှာအခုဖြစ်ပျက်နေတဲ့လူတသန်းဆန္ဒပြပွဲ၊အီဂျစ်ပြည်ချစ်တပ်မတော်ရဲ့မှန်ကန်သောပြည်သူလူထုကိုဘေးရန်များမှကာကွယ်ရေး၊ အာဏာရှင်မူဘာရက်ကခိုင်းစေတဲ့လက်နက်ဖြင့်လူထုကိုဖြိုခွဲရေးကိုငြင်းပါယ်ခြင်းတို့နဲ့ပါတ်သက်ပြီးဒီမေတ္တာရပ်ခံချက်ကိုထုပ်ပြန်လိုက်ပါတယ်။ အီဂျစ်စစ်တပ်ဟာနောင်လာနောက်သားတွေသမိုင်းမှာမှန်ကန်တဲ့ကောင်းသောတိုင်းပြုပြည်ပြုလုပ်သွားတဲ့သူများအဖြစ်ရာဇဝင်အဆက်ဆက် မှာလူသေသော်လဲရဲဘော်ရဲ့သမိုင်းဘယ်တော့မှမသေလို့ကောင်းကောင်းမော်ကွန်တင်ရစ်ပါတယ်။ တပ်မတော်သားများကောင်းသောမွန်မြတ်သောသမိုင်းအစဉ်အလာထဲမှာဘဲပါချင်တယ်ဆိုတာမိဘပြည်သူများကသိပါတယ်။ ဗိုလ်နေဝင်း၊ဗိုလ်စောမောင်နဲ့အခုဗိုလ်သန်းရွှေတို့ရဲ့တိုင်းပြည်အပေါ်စော်ကားမှုကြောင့်ဗမာတပ်ဟာလူသတ်၊ကျောင်းသားသတ်၊ အလုပ်သမားလယ်သမားသတ်၊ဘုရားသားတော်ဘုန်းကြီးများပါမကျန်တသတ်ထဲသတ်နေတဲ့ သတ်-မ-တော် အဖြစ် သမိုင်းမှာဘယ်လိုမှဖျက်လို့မရတော့တဲ့အမဲစက်ကြီးထင်ခဲ့ပါပြီ။ အမောင်စစ်သည် Military Commanders အားလုံးမှာဒီသမိုင်းအမဲစက်ထဲကရုံးထွက်ပြီးပြည်သူ့ရင်ခွင်ထဲပြန်ဝင်လာဘို့သမိုင်ကြွေးကျန်နေပါတယ်။ အီဂျစ်စစ်ဦးစီးချုပ်ရဲ့ပြည်သူ့ထံထုတ်ပြန်ကြေငြာချက်—— ၁) လူတိုငိးရဲ့လွတ်လပ်စွာပြောဆိုတောင်းဆိုုချက်ကိုစစ်တပ်ကလေးစားစွာဖြင့်အာမခံချက်ပေ်း့ပါတယ်။ ၂)ဆန္ဒပြပြည်သူလူထုကလဲမည်သူမှတိုင်းပြည်ရဲ့လုံခြုံရေး၊အိုးအိမ်၊ပုဂ်ဂလိက၊ပြည်သူပိုင်ပစ္စည်းများကိုဖျက်ဆီးမှုမပြုလုပ်ရ။ ၃)စစ်တပ်သည်ပြည်သူလူထုကိုချိမ်းခြောက်ရန်ပြုနေသောလူဆိုးများရှိရင်မဆိုင်းမတွတာဝန်ယူသုတ်သင်မည်။ ဒါတွေကိုတိုင်းပြည်င်္န့လူမျိုးအပေါ်ကြရောက်သောအန္ဒရာယ်များဖြစ်လို့လက်ပိုက်ကြည့်နေမည်မဟုတ်ပါ။ ၄)စစ်တပ်သည်ပြည်သူလူထုရဲ့တရားဝင်ဆန္ဒပြမှုအာူးလုံးကိုလေးးစားရိုသေပ်တယ်။ ၅)The Armed Forces’ presence on the Egyptian streets is for your own sake, safety and security. Your Armed Forces have not and will not resort to the use of force against this great people. […]


timothyJanuary 28, 20111min620
ကဲ ရောင်းရင်း တို့ရေ။ ဗိုလ်သန်းရွှေကတော့သူ့အလိုကျလုပ်ထားတဲ့ လက်ညှိုးထောင်ခေါင်းညှိမ့်တိဆိပ်ထုထောက်ခံမဲ့ဗျီဓုလွတ်တော်ကြီးဖွင့်တော့မယ်။ လွတ်တော်ဘယ်နေမှန်းမသိသေးခင်မှာဘဲ စစ်ကျွန်မထမ်းမနေရ အမိန့်ပြန်တမ်းထုပ်ပြီး၊လူထုကိုတိုက်ရိုက်စိမ်ခေါ်လိုက်ပြန်ပြီ။ လွတ်တော်ကိုတက်ရောက်ကြမဲ့အတိုက်အခံအမည်ခံNDF နဲ့တသီးပုဂ်ဂလအမတ်လူနဲစုကိုမလှုပ်နိုင်အောင်ကြေငြာချက်ပေါင်းစုံနဲ့ ချုပ်နှောင်မျက်စိပိတ်နားပိတ်လုပ်ထားလိုက်ပြီ။NDF တို့ကလဲ အကျဉ်းကျနေသောခေါင်းဆောင်များလွတ်မြောက်ရေး၊လူထုအတွက်စီးပွါးရေး လွတ်လပ်စွာလုပ်ခွင့်ရရေးအတွက်အရေးဆိုအဆိုတင်မယ်လို့ကြုံးဝါးနေလိုက်တာ၊တကယ့်မှာတော့စစ်အစိုးရကအတင်းအဓမ္မခိုင်းလို့ ဆင်ရှင် Target Economic Sanctions လုပ်ထားတာတွေကိုရုပ်သိမ်းပေးဘို့်တိုင်းရင်းသားအယောင်ဆောင်တချို့နဲ့ပေါင်းပြီးကြေငြာပေးရရှာတယ်။ ဒါဗိုလ်သန်းရွှေါခိုင်းတာကိုတသွေမတိမ်းလိုက်လုပ်ကြဘို့သွေးပူလေ့ကျင့်ခန်းပေးတယ်မှတ်ပါ။ အဲဒီဆင်ရှင်လုပ်ထားတာကိုရုပ်သိမ်းဘို့ ASEAN တိုင်းပြည်များကလဲစစ်အစိုးရနဲ့ပင်းပြီးတောင်းဆိုနေပြန်တယ်ို။ NLD နဲ့ အမေစု၊အဘဦးဝင်းတင်တို့ကိုလဲ Sanction ထောက်ခံပြီးတိုင်းပြည်နဲ့လူမျိုးပျက်စီးရာပျက်စီးကြောင်းလုပ်နေတယ်လို့သမုပ်ပြီးလူထုနဲ့ ကင်းကွာအောင်တိုက်စစ်ဆင်နေကြပြန်ပြီ။ ဘယ်သူမှန်လဲမှားလဲဆိုတာကိုစစ်အစိုးရရဲ့လူသတ်၊လူရိုက်နှိပ်စက်၊တိုင်းပြည်ရဲ့မြေပေါ်ရေအောက်သယံ ဇာတများကိုတရုပ်၊ကုလား၊ယိုးဒယားများကိုရောင်းစား၊ရတဲ့နိုင်ငံပိုင်ဘဏ်ဓါငွေများကိုနိုင်ငံခြားဘဏ်များမှာကိုယ်ပိုင်စာရင်းဖွင့်ခိုးထားတတာတွေက ကွက်ကွက်ကွင်းကွင်းဖေါ်ပြနေပါတယ်။ စစ်အစိုးရပြုတ်ကျမှတိုင်းပြည်လဲသာယာဝပြောလာမယ်ဆိုတာလူပိန်းတောင်သိကြပါတယ်။ ဘာလုပ်ကြမလဲ။ တူနီးရှားမှလူထုတော်လှန်ရေးကြီးကအကျင့်ပျက်လာဘ်စားတဲ့သမ္မတကိုမောင်းထုပ်လိုက်နိုင်တယ်။ အဲဒီလူထုအုံကြွတော်လှန်ရေးကြီးဟာမီးတောက်ကမာတခြားအာဖရိကမြောက်ပိုင်းနိုင်ငံများကိုပျံ့နှံ့တယ်၊ ယီမင်၊ဂျော်ဒန်။ နဲ့ အီဂျစ်တိုင်းပြည်များမှာမီးဒုတ်မီးဒုတ်ရှိ့ရှို့ဆိုပြီးလူသန်းနဲ့ချီပြီးလမ်းတွေကိုထွက်လာပြီးတော်လှန်ရေးဆင်နွှဲကြတယ်။ တူနီးရှားပြည်သူလူထုကဘာ့ကြောင့်တော်လှန်ရေးကိုအောင်မြင်အောင်လုပ်နိုင်ကြလဲဆိုတာကိုသင်ခန်းစာယူကြရမယ်။ သူတို့ရဲ့လူထုအုံကြွမှုကြီးကမြို့တိုင်းနယ်တိုင်းမှာတိုင်းလုံးကြွတ်ညီညီညွတ်ညွတ်လုပ်လို့ သမ္မတလဲဘာမှမတပ်နိုင်ဘဲကိုယ်လွတ်မီသားစုနဲ့ ထွက်ပြေးတယ်။ အဲဒီနည်းနဲ့ဘဲအခုအီဂျစ်မှာမြို့ကြီးတွေမှာလူအင်အားပြအုံကြွနေကြတယ်။သမ္မတမူဘာရက်လဲအတော်ကြောက်နေပြီ။ ပြည်မြန်မာမှာလဲဗိုလ်သန်းရွှေကြောက်လန့်သွားအောင် ရန်ကုန်၊မန္ဒလေး၊မော်လမြိုင်၊ပုသိမ်၊စစ်ကိုင်း၊မကွေး၊မြစ်ကြီးနား၊ကရင်၊ကယား၊တောင်ကြီး၊ရှမ်းပြည်၊ကချင်၊စစ်တွေ၊ရခိုင်ဈချင်း၊ အစရှိတဲ့မြို့တွေနယ်တွေမှာ အားလုံးတညီတညွတ်နဲ့လူထုအုံကြွတော်လှန်ရေးကြီးတပြိုင်နက်ထဲဆင်နွှဲကြမယ်။ စစ်အစိုးရနဲ့ NLD,လူထုတို့ထိပ်တိုက်တွေ့ဘို့ရက်ကတစတစနဲ့နီးလာပြီ။ လွတ်တော်ဖွင့်ပြီးတာနဲ့ဥပဒေပေါင်းစုံထုပ်ပြန်ပြီးသကာလ အမေစုနဲ့လူထုကိုနှိပ်ကွပ်ရေးအစီအစဉ်စပြီ။ အဲဒီထိပ်တိုက်ရင်ဆိုင်ပွဲမှာလူထုခေါင်းဆောင်အမေစုကိုအဖမ်းမခံဘဲ လူထုအုံကြွတော်လှန်ရေးကြီးစကြမယ်။ မီးဒုတ်မီးဒုတ်ရှို့ရှို့နဲ့တနိုင်ငံလုံးတုံလှုပ်စွားစေရမယ်။ […]


SayagyiJanuary 22, 20111min17914
ရွေးကောက်ပွဲကတော့ပြီးသွားပြီ၊ အစိုးရကလည်း လွှတ်တော်ခေါ်ပြီးအစိုးရသစ်ဖွဲ ့ဖို ့လုပ်နေကြပြီ။ အစိုးရဆန် ့ကျင်သူတွေကတော့ အခုထက်ထိ ၂၀၀၈ အခြေခံဥပဒေ နဲ ့ရွေးကောက်ပွဲအဖြေကိုလက်မခံကြသေးဘူး။ ရွေးကောက်ပွဲကတော့ ခန် ့မှန်းထားသလိုပဲ အတိုက်အခံတွေက ၂၀% ကျော်ပဲအနိုင်ရခဲ့တယ်။ မဲပေးခဲ့တဲ့ပြည်သူတွေနဲ ့ရှုံးမှာဆိုတာကို သိပြီးဝင်ပြိုင်ကြတဲ့ ပါတီတွေကိုလေးစားပါတယ်။ ဒါပေမဲ ့တချို ့ပါတီတွေက အရှုံးကိုလက်မခံနိုင်ကြပဲ အမျိုးမျိုးပြောဆိုနေကြတယ်။ အဲဒီပါတီတွေကတော့ ရွေးကောက်ပွဲမဝင်ခင်ကတည်းက နိုင်မှာလည်းမဟုတ်ဘူး အစိုးရ မဲလိမ်ရင် မသမာမှုလုပ်ရင် အမျိုးမျိုးပြောကြမယ်၊ အစိုးရကိုသိက္ခာချမယ်ဆို ပြီးတော့ ဝင်ပြိုင်ကြပုံပဲ။ အဲဒါဆိုရင်အစိုးရလည်းသိက္ခာကျမယ် သူတို ့လည်းဒီမိုကရေစီဘက်တော်သားတွေဖြစ်သွားမယ် လို ့ထင်နေကြပုံရတယ်။ အဲဒီလိုလူတွေကတော့ပေါ်ပင်နိုင်ငံရေးသမားတွေပဲသူတို ့နေရာမပျောက်အောင်ရုန်းကန်နေကြရတာ။ မြန်မာ့နိုင်ငံရေးသမိုင်းကိုကြည့်ပါ အဲဒီလိုပေါ်ပင်နိုင်ငံရေးလုပ်သူတွေက နိုင်ငံရေးလောကကနေပျောက်ကွယ်သွားကြတာများတယ်။ အဲဒီပါတီတွေထဲမှာမှ၊ ရှုံးမယ်ဆိုတာသိပြီး ရတဲ့အဖြေကိုရဲရဲ ဝံ့ဝံ့ လက်ခံပြီးရှေ့ဆက်သွားဖို ့ပြင်ဆင်သူတွေကို ပိုပြီးလေးစားတယ်။ ဘယ်လောက်နေရာ၇ရ […]


timothyNovember 22, 20101min620
အမေစုက ဒုတိယပင်လုံညီလာခံကျင်းပရေး သဘောတူညီချက်ကိုတိုင်းရင်းသားခေါင်းဆောင်များထံမှ လက်ခံရယူပါတယ်။ ညီလာခံကျင်းပပေးဘို့လဲအမေစုကိုဘဲတာဝန်ပေးကြတယ်။ ကျနော်တို့ပြည်ထောင်စုသားအားလုံးယုံကြည်တာ ၂ဝရာစုတုံးကဗိုလ်ချုပ်အောင်ဆန်း၊ အခုခေါတ်မှာသူ့သွေးသူ့ချစ်သမီး၊ကျနော်တို့အားလုံးရဲ့အမေစုလဲပေါ့။ အဲဒီအစည်းအဝေးမှာ မြန်မာလူမျိုုးအားလုံးအတွက်သွေးထွက်အောင်မှန်တဲ့၊စိတ်ဓါတ်ရေးတော်လှန်ရေးနဲ့ပါတ်သက်ပြီးပြောသွားတာကို လူတိုင်းမှတ်သားလိုက်နာထိုက်လွန်းလို့ ဧရာဝတီမဂ်ဂဇင်းမှရယူတင်ပြလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် “ကျွန်မတို့တိုင်းရင်းသားတွေဟာ ကျွန်မတို့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟုတ်ရဲ့လားဆိုတာ ကျွန်မတို့ပြရမယ်။ ကျွန်မတယောက်တည်း ကျွန်မသဘောနဲ့ ထမ်းဆောင်သွားလို့ မဖြစ်ပါဘူး။ အခုဒီမှာ ရောက်နေတာက မျိုးဆက်တွေကလည်းစုံတယ်။ လူကြီးတွေ၊ အခုလာပြီးပြောနေတဲ့ ဘဘတို့ ရဲ့ မျိုးဆက်တွေ၊ ကျွန်မတို့ရဲ့မျိုးဆက်တွေ၊ ကျွန်မတို့ထက်ငယ်တဲ့ ၈၈ မျိုးဆက်တွေ၊ ၈၈ ထက်ငယ်တဲ့ လူငယ်တွေ၊ မျိုးဆက်တွေ၊ ဒီမျိုးဆက်တွေ၊ မျိုးဆက်တွေက ဒီတာဝန်တွေကို ဆက်ပြီးထမ်းဆောင်သွားရမယ်။ ညီလာခံတခုထက် အရေးကြီးတာက စိတ်ဓာတ်ပဲ။ ကျွန်မတို့က ပင်လုံစိတ်ဓာတ်ကို ဆက်ပြီးရှင်သန်အောင်လုပ်သွားဖို့က နောင်မျိုးဆက်တွေမှာလည်း တာဝန်ရှိတယ်။ အလုပ်တခုက ညီလာခံတခုနဲ့ ပြီးသွားတာမဟုတ်ဘူး။ ဒီညီလာခံကနေပြီးတော့ အကောင်အထည်ဖော်လိုက်တဲ့ ကိစ္စတွေကို […]