ဆူးApril 8, 20111min1569
တနေ့က အလုပ်မှာ ဝန်ထမ်း နှစ်ယောက် အမှတ်မထင် ပြောတဲ့ စကားကို ကြားပြီး ခဲ့ပါတယ်။ နယ်က လာတဲ့ ဝန်ထမ်း ကောင်မလေးက သူအထက်လူကြီး စီးတဲ့ ဖိနပ်ကို သဘောကျပြီး ကိုယ်တိုင်လည်း မမေးရဲတော့ ဘယ်မှာ ဝယ်ရမလဲ ဆိုပြီး ရန်ကုန်မှာ နေတဲ့ တခြား လုပ်ဖော်ကိုင်ဖက်ကို သွားမေးပါတယ်။ အမ ဟိုလို နောက်ပိတ်လေးပါတဲ့ ဖိနပ်လေး စီးချင်တယ် အဲဒါ ဘယ်မှာ ဝယ်ရမလဲ နင်က စီးနိုင်လို့လား အေ.. ရှင်.. ပိုက်ဆံ ရှိရင်ဝယ်စီးလို့ရတာဘဲ ဟာ.. ဘာများ မစီးနိုင်ရမှာလဲ.. နင်မသိဘူးလား.. မင်းကြီးမင်းလေး ကိုးကွယ်တဲ့ လူတွေ ဒါမျိုး မစီးရဘူး.. ကိုယ်တော်ကြီး ကိုယ်တော်လေးနဲ့ အမျိုးတော်တဲ့ လူမှ ဒီလို […]


awnayApril 6, 20111min410
ကိုလိုနီလက်သစ်များ၏ ရန်မှ ကာကွယ်ရန် လက်နက်သစ်များတပ်ဆင်ရန် လိုလာသည်။ ယခင်က လက်ဖြင့်တိုက်ခဲ့သည်။ ယခု လက်ဖြင့် တိုက်၍ မရနိုင်တော့။ ထို့ကြောင့် ဓာတု အဆိပ်ငွေ့လက်နက်ကို အသုံးပြုရသည်။ သို့ရာတွင် နည်းပညာ အားနည်းချက်ကြောင့် မိရိုးဖလာ ဆေးမြစ်ဆေးဥများမှ ဖန်တီးသည့် အငွေ့များကို ကာလကြာရှည် အသုံးပြုခဲ့ရသည်။ ထိရောက်သင့် သလောက် မထိရောက်။ ထိုမိရိုးဖလာ အငွေ့များသည် ပတ်ဝန်းကျင်အပေါ်ကိုလည်း မလိုလားအပ်သည့် ဆိုးကျိုးသက်ရောက်သေးသည်။ ထို့ကြောင့် အိမ်နီးချင်း တရုတ်၊ ထိုင်းစသည့် နိုင်ငံများမှ ခေတ်ပေါ် အဆိပ်ငွေ့လက်နက်များကို မှာယူတင်သွင်းရသည်။ နယ်စပ်မှ တိတ်တခိုးဝင်လာသည်များလည်း ရှိသည်။ ထိုလက်နက်သည် နယ်ချဲ့လက်သစ်များအား တိုက်ဖျက်ရေးတွင် ကာလအတော်ကြာအထိ နေရာယူထားခဲ့ပြီး အဖျက်သမားများ ထိုအဆိပ်နှင့် မယဉ်ပါးမီ အချိန်အထိ အတော် ထိရောက်မှုရှိခဲ့သည်။ သို့သော် […]


CharTooLanApril 1, 20111min38751
ကျွတ်တယ်= ကြောက်တယ်။ လန့်တယ်။ ကျွေးလိုက်ရ= ချလိ်ုက်ရ။ ဆော်လိုက်ရ။ ထိုးလိုက်ရ။ ကြီးပေါ= ကြီးမှပေါသောသူ။ ကီးလိုက်ရ= ကုန်းတိုက် ပေးလိုက်ရ။ ချောက်တွန်း ပေးလိုက်ရ။ ကက= (အနက်မပြန်လိုပါ) မကောင်းသောမိန်းမ။ မိန်းခလေးများ ကိုယ့်ကို ထိုသို့အခေါ်ခံရလျှင် ချစ်စနိုးနှင့် ညည ဟုခေါ်သလိုမျိုးဟု မထင်လိုက်ပါနှင့်။ ပါးလှည့်တီးထည့်လိုက်ပါ (စကားချပ်) ကြောင်းသည်= လိုက်စကားပြောသည်။ လမ်းကြောင်းထွင်သည်ဟု အနက်ယူ။ (ဥပမာ- ငါဟိုကောင်မလေးကို လိုက်ကြောင်းလိုက်ဦးမယ်) ကြူသည်= အီစီကလီပြောသည်။ ကူလီကူမာ = မကောင်းကြံစည်ခြင်း။ ကြပ်သည် = အနဲငယ် ချောက်တွန်းလိုက်သည်။ တိုင်သည်။ ဒုက္ခရောက်အောင် လုပ်သည်။ ဥပမာ ငါဟိုကောင်ကို နဲနဲကြပ်ပေး လိုက်ဦးမယ်။ ကျွတ်ကျဲ= ကြောက်လန့်သွားခြင်း ။ အသံကြားရုံမျှနှင့် ကြောက်လန့်သွားခြင်း (မောင်မောင်၏ […]


ဆူပူမှုဖြင့်ယောက်ျားမရနိုင်…  မင်းမဲ့စရိုက်ဖြင့်မိန်းမ မရနိုင်…  ဟိုဒင်းဟိုဝါဖြင့်သာ ကလေးရနိုင်ပါသည်။  သန်မာဖွံဖြိုးသော အိမ်ထောင်ရှင်ကို လိုလားသည်။ ယောက္ခထီး လိမ်နေသည်၊ ယောက္ခမ ညာနေသည်၊  ယောက်ဖတွေ ရန်တိုက်ပေးနေသည်၊ မရီး၊ ခယ်မ သွေးထိုးပေးနေသည်။  အိမ်နီးနားချင်းက ကာလသားများ လျှော့မတွက်နဲ့ သတိထား။ credit -forward mail


shanMarch 31, 20111min700
သတင်းထူးတွေသတင်းထူးတွေ..မန္တလေးရတနာပုံသတင်းစာတွေ ရမယ် ဟုတစာစာ အော်ရောင်းနေသော သတင်းစာ ရောင်းသူကို ဈေးချိုအတွင်း ဈေးဝယ်သူများ ၊ဆိုင်ရှင်များ ခေါင်းထောင်လာကြပြီး အလုအယက် သတင်းအားပြောပြခိုင်း၏..။သတင်းစာရောင်းသမားက  ဝယ်ဖတ်ဖိုရန်တောင်းပန်လေသည် ရွှေဆိုင်မှခေါ်ယူပြီးတစောင် ၁၀၀ဝကျပ် ကို၁၅၀ဝပေးကာအော်ကြီးဟစ်ကျယ်ဖတ်လေတော့၏။ သတင်းစဉ်…။ဦးလေးကြီးသိန်းစိန်မှ ပြည်ပရောက် အတိုက်ခံများအားြ ပည် ်တွင်းသို့ပြန်လည်ခေါ်ယူပြီးတိုင်းပြည်တိုးတက်အောင် ပရိုပိုဆယ်များများများရယူပြီးတိုင်းပြည်တိုးတက်ရေးအတွက် အတိုက်အခံတို၏ ဖန်တီးရရှိသော ပရိုပိုဆယ်ငွေများ ကို ပညာရေး၊လူမှူ့ရေး၊ကျန်းမာရေးတို့အတွက် အသုံးပြုမည်ဖြစ်ကြောင်း MRTV4မှထုတ်လွှင့်ပြီးနိုင်ငံတကအားမောင်းခတ် ကြော်ညာခဲ့၏ သိုသော်လည်းအတိုက် ခံများမှ နောက်ထပ်၁၈နှစ်ကြာအောင်စောင့်ပြီးမှ ဒီကိစ္စအားကိုင်တွယ်မည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုမှူ့ကြောင့် ဈေးသူဈေးသားများနဲ့ ဈေးဝယ်သူများ ဒေါသသံများဖြင့်တောက်ခေါက် ကြိမ်းဝါး သံများကြောင့် ကျွန်တော် ဆိုင်အတွင်းအိပ်ပျော်ရာမှ လန့်နိုးခဲ့ရာ နေရက်ကိုကြည့်လိုက်ရာတကမ္ဘာလုံးတွင် ဧပြီလ ၁ရက်နေ့ဖြစ်နေကြောင်းတွေ့ရလေသည်…။


အမဲလိုက် မုဆိုးနှစ်ယောက်ဟာ သစ်တောအုပ်တစ်ခုထဲကို ရောက်နေပါတယ်။ အဲဒီမုဆိုးနှစ်ယောက်ထဲမှ တစ်ယောက်ကတော့ မြေပြင်ပေါ်မှာ လဲကျနေပါတယ်။ သူ့ပုံစံက အသက်ရှူနေလို့တောင် မထင်ရတော့ပါဘူး။ ပြီးတော့ သူ့မျက်လုံးတွေကလည်း ပြူးထွက်နေပါတယ်။ ဒါကြောင့် တခြား မုဆိုးက သူ့ဖုန်းကို ထုတ်လိုက်ပြီး အရေးပေါ်ဌာနကို လှမ်းဆက်ပါတယ်။ သူက ဖုန်းကိုင်တဲ့ သူကို အရေးတကြီးဟန်နဲ့ `ကျွန်တော့် သူငယ်ချင်း သေနေပါတယ်။ ကျွန်တော် ဘာလုပ်လို့ ရနိုင်ပါလဲ´ လို့ မေးပါတယ်။ အဲဒီအခါ ဖုန်းကိုင်တဲ့ သူက အေးဆေးစွာနဲ့ ပြန်ပြောပါတယ်။ `ဒါက လွယ်ပါတယ်။ ကျွန်တော့် အနေနဲ့လည်း ကူညီပေးနိုင်ပါတယ်။ ပထမဦးဆုံးအနေနဲ့ သူ သေလား၊ မသေလားဆိုတာ သေချာအောင် ကြည့်ပါဦး´ ခဏကြာ တိတ်ဆိတ်သွားပါတယ်။ နောက်တော့ သေနတ်ပစ်သံ တစ်ချက် ထွက်ပေါ်လာပါတယ်။ […]


လင်းဝေMarch 30, 20111min1125
အမျိုးသမီး တစ်ယောက်ဟာ သူမရဲ့ နှစ်ငါးဆယ်ပြည့် မွေးနေ့မှာ အလှပြင်ဆိုင် သွားပြီး မျက်နှာပေါ်က အရေးအကြောင်း တွေကို ပြုပြင်လိုက်တယ်။ ဒေါ်လာ ငါးထောင်လောက် သုံးပစ်လိုက်ရပေမဲ့ အင်မတန် အကျိုးထူးတဲ့ ရလာဒ် ကြောင့် သူမ ပျော်ရွှင် နေတယ်။ အိမ်အပြန် လမ်းမှာ သတင်းစာ ဝင်ဝယ်လိုက် သေးတယ်။ သတင်းစာ ဝယ်ပြီး ပြန်မထွက်ခင် သူမက စာရေးကို မေးလိုက်တယ်။ “ဒို့ တစ်ခု မေးရင် မောင်လေး စိတ် မဆိုးဘူးထင်တယ်၊ ဒို့ အသက် ဘယ်လောက်ရှိပြီလဲ ခန့်မှန်းနိုင်လား” “၃၂နှစ်လောက်ပေါ့” စာရေးက ပြန်ဖြေလိုက်တယ်။ “အိုး၊ မဟုတ်သေးဘူး။ ဒို့က ဒီနေ့ပဲ ၅ဝ ပြည့်တာ” အမျိုးသမီးက ပျော်ရွှင်စွာ ပြောလိုက်တယ်။ နောက်တော့ […]


လင်းဝေMarch 30, 20111min1577
“အားနွဲ့သူပါရှင်” ကိုထုံတစ်ယောက် ဈေးရှေ့မှာ စိတ်ညစ်နေတယ်။ သူဝယ်ထားတဲ့ပစ္စည်းတွေကို ဘယ်လိုသယ်ရမှန်းမသိဘူးဖြစ်နေလို့ လေ…. တောင်းတလုံးရယ်၊ အိမ်သုတ်ဆေးတဂါလံပုံးရယ်၊ ကြက်အရှင် ၂ကောင်နဲ့ ဘဲအရှင်က ၄ ကောင်ရယ်လေ။ ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတုံး မိန်းမတေစ်ယောက်ကလာမေးတယ်… “ခြံအမှတ် ဝ၀၇၊ ရေဝတီလမ်းကို သိပါသလားရှင်” “သိတာပေ့ါ၊ ကျနော့်ခြံဘေးကပ်လျက် ခြံဘဲ” “ဒါဆို ဘယ်လိုသွားရမလဲရှင်” “ကျနော်လဲ အိမ်ပြန်မှာ ကျနော်နဲ့လိုက်ခဲ့လေ၊ ဒါပေမဲ့ ဒီဟာတွေကိုဘယ်လိုသယ်ရမှန်းမသိဘူးဖြစ်နေလို့” “လွယ်လွယ်လေး၊ အိမ်သုတ်ဆေးပုံးကို တောင်းထဲ ထဲ့လိုက်ပြီး ခေါင်းနဲ့ရွက်လိုက်၊ ကြက်တကောင်စီကို လက်မောင်းမှာ ချိပ်လိုက်၊ ဘဲ၂ ကောင်ဆီကိို လက်တဖက်ဆီမှာဆွဲလိုက်” သူမပြောသလိုုလုပ်လိုက်တာ ကိုထုံ တော်တော်အဆင်ပြေသွားတယ်။ အဲလိုနဲ့ အတူတူလျှောက်လာကြရင်း လမ်းခုလပ် လူပြတ်တဲ့နေရာရောက်တော့ အဲဒီမိန်းမက ကိုထုံကို စွပ်စွဲပါတော့တယ်… “ရှင်..ရှင်…ကျမကို လူပြတ်တဲ့လမ်းကနေ ခေါ်လာပြီး ဗလက္ကာရကျင့်မလို့ […]


cherrywineMarch 30, 20111min1808
အဖြစ်အပျက်လေးကတော့ဒီလိုပါ ။ ။ …အများသုံး အိမ်သာတစ်ခုထဲ ဝင်ပြီး ကမုတ်ထဲထိုင်ရုံ ရှိသေးသည်။ ဟိုဖက်အိမ်သာထဲက လူက လှမ်းနှုတ်ဆက် “ဟေ့လူ. နေကောင်းလား…” ဒီလိုနေရာမျိုးမှာ အလ္လာပသလ္လာပ စကားပြောရတာ စိတ်မသက်မသာ ရှိလှသည်။ မကောင်းတတ်တော့လည်း ပြန်နှုတ်ဆက်ရသည်ပဲပေါ့. “ကောင်းပါတယ်. ကျေးဇူး” အသေအချာ အကျအနထိုင်ပြီး ကိုယ့်ကိစ္စကို ဆက်ရှင်းမည် ကြံကာရှိသေး. အလိုက်မသိတတ်သော ငနဲသားက ထပ်မေးလာပြန်သည်။ “ခင်ဗျား ဘာတွေ အလုပ်ရှုပ်နေလဲဗျ.” ဟာ… ဒီလူတော့ ခက်ပြီ. ဘာလဲကွာ… ဒီလိုနေရာမျိုးမှာ ဒီလို ဂွတီးဂွကျမေးခွန်းတွေ လာမေးနေတာ ဘာလဲ…. စိတ်ပေါက်ပေါက်နှင့် ဘုတောပစ်လိုက်သည်။ “ခင်ဗျားလိုပဲပေါ့ဗျာ.” ဘာပဲဖြစ်ဖြစ် မြန်မြန်လက်စသတ်ပြီး ထွက်သွားဖို့ စိတ်ကူးလိုက်သည်။ ဒါပေမယ့် နောက်ထပ်မေးခွန်းတစ်ခု ထပ်ထွက်လာပြန်သည်။ “ကျွန်တော်လာခဲ့မယ်ဗျာ. ရမလား” ဗုဒ္ဓေါ……. […]


မောင်ဆန်းMarch 28, 20111min36820
“ပုံပြင်ကို ပုံပြင်လို ဖတ်တော့ ပုံပြင်ဘဲ တခြားနည်းနဲ့ ဖတ်ရင် အဓိပ္ပါယ် တခုပါ။” လို့ ဆူးရဲ့ သစ်ရွက်နဲ့ ဒုတ် ဆိုတဲ့  post ထဲမှာ ရေးထားတဲ့ comment လေးဖတ်မိမှ ကိုယ့်မှာရှိတဲ့ အဟောင်းလေးသွားသတိရတယ် ဆရာအော်ပီကျယ်ရဲ့ ကာတွန်းလေးပါ ဖတ်မိတဲ့သူတိုင်းအတွက် အတွေးပွားစရာလေးတွေများလွန်းတာမို့ မဖတ်ဖူးသေးတဲ့သူတွေအတွက် ရည်ရွယ်ပြီး ပြန်တင်ပေးလိုက်ပါတယ်