moonpoemNovember 28, 20141min2128
“ခေတ်သစ် စကားပုံနှင့်စကားထာများ” ၅နှစ်တစ်ခါ ပေါ်လို့လာ ငါသာမင်းလောင်း ထီးဖြူဆောင်း။ အဖြေ။ ။ ၂၀၁၅ရွေးကောက်ပွဲကို ဆိုလိုသည်။ နွားနို့တစ်ပန်းကန် တစ်ပြည်လုံးလျှံ အဖြေ။ ။လမင်းကြီးကို ဆိုလိုခြင်း မဟုတ်ဘဲ သမ္မတကြီးပြောကြားသော မိန့်ခွန်းကို ဆိုလိုခြင်း ဖြစ်သည်။ တစ်တိုင်ဆီမီး ထိန်ထိန်ငြီး အဖြေ။ ။ ဖယောင်းတိုင်တစ်တိုင်ဖြင့် နာမည်ကြီးသွားသော ဟိုလူကြီးကို ဆိုလိုသည်။ ပျက်အစဉ် ပြင်ခဏ မြန်မာပြည်ရှိလမ်းများကို ဆိုလိုသည်။အစဉ်အမြဲပျက်နေသည်ကများပြီး၊ လာပြင်သည့်အခါ ခဏသာ ဖြစ်၏။ တစ်ပင်လဲမူ တစ်ပင်ထူ လမ်းဘေးရှိ ဓာတ်တိုင်များကို ဆိုလိုသည်။ မည်မျှပင် မီးမလင်းသည် ဖြစ်စေ၊ တိုင်ဆွေးသည် ဖြစ်စေ မပြုပြင်ဘဲ လဲကျသွားမှ နောက်တစ်တိုင်ထူခြင်းကို ပြောခြင်းဖြစ်၏။ ဟိုဘက်ကမ်းက မီးထိန်ထိန် ဒီဘက်ကမ်းက မီးမှိန်မှိန်။ အဖြေ။ ။ […]


moonpoemNovember 24, 20141min18310
သူတို့ ထုတ်တဲ့ ဥပဒေတွေကလည်း MPT ငွေဖြည့်ကဒ်လိုပဲ ကြာရှည် မခံဘူး။အရေးယူ မယ့်သူ မရှိတော့ လိုက်နာမယ့် သူလည်း မရှိတာ မဆန်းပါဘူးလေ။ပမာ ပြောရရင် ကြည့်ပါလား လိုင်းကားတွေ ညာဘက်ယာဉ်ကြောကနေသာ မောင်းရမယ်ပြောတာ ဘယ်လိုင်းကား ကများ လိုက်နာလို့တုန်း။ တွေးကြည့်ရင် ကျွန်မတို့ တွေ အခုလို လမ်းပိတ် မြောင်းပိတ် တံတားပိတ် ဘဝမှာ ခံနေရတာ ရှေးဘဝက သူတို့တွေနဲ့ ထုပ်ဆီးတိုးတမ်း ဆော့တုန်းက ညစ်ခဲ့လို့လား မသိ။ဒီဘဝတော့ ကိုယ့်ကြည့် အပိတ်ခံ အတားခံနေရတာ။ ပိတ်ဆို့တာ တင်းကြပ်တာတွေများလာတော့ ကဲငါတော့ မြို့မှာမနေတော့ဘူး။ရွာပြန် လယ်စိုက်မဟဲ့ လုပ်ပြန်တော့ ရွာမှာလည်း လယ်တွေအသိမ်းခံရတာ များသတဲ့။ဪ လယ်စိုက်စားလို့ မဖြစ်တောပြန်ဘူးပေါ့။ ဒါနဲ့ စိတ်ပေါက်ပေါက်နဲ့ အပြီးပိုင် တောထွက်မယ်ဆိုပြီး ထွက်ဖို့တောရှာတယ်။ […]


” အသိပေးကြေညာချက် “ ရွေးချယ်စရာမရှိ ပါသောကြောင့် မချစ်သော်လည်း အောင့်ကာ နမ်းခဲ့ရသည့် ပထမဇနီး ( မပုတု)သည်၎င်း အပြော ချိုချိုဖြင့်ကတိတွေ တွင်တွင်ပေးသည်ကို ယုံကြည်မိ၍ ဆွေမျိုးမိဘအသိုင်းအဝိုင်းက သဘောမတူသည့်ကြားမှ ပေါင်းသင်းမိခဲ့သော (ဒေါ်အူတူ)သည်၎င်း အရင်သူတွေထက် သာရပါစေမည် ဟုအကြိမ်ကြိမ်ပြောလွန်း၍ ပုံအပ်မိသော (မိတာနော) သည်၎င်း ခေါ်ဆို၍မရ နိုင်ခြင်း အဝိုင်းလည်ပြသည်မှလွဲ၍ မည်သို့မှဆောင်ရွက်ပေးနိုင်ခြင်း မရှိကြပါသောကြောင့် ၎င်းတို့အားကြိုတင်ပေးအပ်ထားသောငွေများကုန်သည့်နေ့တွင် ၎င်းတို့နှင်ပြတ်စဲမည်ဖြစ်ကြောင်းမိတ်ဆွေအပေါင်းအားအသိပေးအပ်ပါသည် ကာဗမို ၃၁-၁၁-၂၀၁၄


ကုိ ထြဋ္October 25, 20141min20913
ဒါက သူငယ်ချင်း တယောက် မွေးနေ့တုန်းက စုရိုက်ထားတာပါ… 🙂 ဒါလဲ ကစားနေတုန်း ရိုက်မယ် ဟေ့.. ရိုက်မယ် ဟေ့… ဆိုလို့… 🙂 သူငယ်ချင်း တယောက် အိမ် ပြန်ဆောက်နေတုန်း… လာ.. သားတို့ အမှတ်တရ ရိုက်မယ်ဆိုလို့… 🙂   ကဲ.. ဆိုးပေလေးကို ရှာလိုက်ကြရအောင်… ဂဇက် ပရိသတ်ကြီး ပျင်းနေမှာစိုးလို့ပါ… 🙂 အခုထိ အဲတုန်းက အကျီင်္လေးတွေ ဘဝ မမေ့အောင် သိမ်းထားပါတယ်… 🙂  


ကုိ ထြဋ္October 17, 20141min21914
– ကျွန်တော် တွေးမိတာလေးတွေပါ… ဆဲရင် လဲ ခံရမှာပဲ.. ဒါပေမဲ့ သိသူများ ဖြေပေးစေချင်ပါတယ်… 🙂 – တချို့ အတွက်က အဖြေတွေ ရှိတယ်.. ကြားဖူးတယ်… မမှတ်မိတော့လို့ … နံပါတ်စဉ် တပ်လိုက်မယ်နော်…   ၁ – ည အရက်သောက်ပြီး … မနက် ရေ ပြန်သောက်ရင် ဘာလို့ ချိုတာလဲ… ????????   ၂ – ကြမ်းပိုးကို သတ်ပြီးရင် နံမှန်းသိရက်နဲ့ ဘာလို့ နမ်းကြည့်ကြတာလဲ…?????????   ၃ – နှာခေါင်းထဲမှာ ဘယ်ကနေ နှပ်ချေးတွေ ရောက်လာတာလဲ…. အဖတ်လိုက်ကလေး( မဲမဲလေးတွေ အဓိက) ဘယ်ကရောက်လာတာလဲ…????????????   ၄ – အထူးသဖြင့် […]


ေမာင္ရိုးOctober 13, 20143min46420
 ပုံ – ၁  မိုးကြိုးပစ်ခံရသောရဲတိုက်           ဂမ္ဘီရ နဲ့ ဗေဒင်ဆိုတာ ဖျော်ဖြေတဲ့ နေရာကိုပို့ထားတဲ့ သဂျီးခိုင်အတွက် တဲရော့များကပြောတဲ့ သူ့ကံကြမ္မာကို ဖွင့်ချလိုက်ပါတယ် ။   သဂျီးခိုင်နှင့်တကွ ဖတ်မိ ………   ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~   သဂျီးခိုင် အတွက်ရည်ရွယ်ပြီး ကဒ်သုံးကဒ် ဆွဲပါတယ် ။ အတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂါတ် အတွက်ရည်ရွယ်ပါတယ် ။   ပုံ ( ၁ ) က အတိတ်အတွက်ဖြစ်ပြီး ပုံ (၂ ) က လက်ရှိ ပစ္စပ္ပန် ပါ။ ပုံ ( ၃ […]


moonpoemOctober 1, 20141min23014
ကိုကိုMPTရေ ရှင်ဟာ ကျွန်မအပေါ်မှာ နွေးထွေးမူှမရှိဘူး။စိမ်းကားတယ်လို့ ထင်ခဲ့လို့ ကိုကို ooredooနဲ့ ကိုကို telenor အပေါ်မှာ ကျွန်မ စိတ်တွေ တိမ်းညွတ်ခဲ့တာ ကျွန်မ ဝန်ခံပါတယ်။သူတို့က အပြင်ပန်း သိပ်smartကျတာတွေနဲ့ စွဲဆောင်ခဲ့တာကိုး။ ကျွန်မအထင်ကြီးတာ မလွန်ပါဘူး ကိုကိုmpt။ရှင်က နေ့နေ့ ညညခေါ်မကြား အော်မကြား၊ အေးတိအေးစက် ဆက်ဆံရေးတွေနဲ့ ကျွန်မရှင့်ကို စိတ်ကုန်မိတာ ဆန်းသလားလို့ ပြောစမ်းပါ။ ကိုကို Ooredoo နဲ့ ကိုကို Telenor ကို ကျွန်မအပါအဝင် တော်တော်များများ သည်းသည်းလှူပ်ခဲ့ကြတာ မှန်ပေမယ့် သူတို့က ရှင်စိမ်းကားတာထက် ပိုတဲ့ အသည်းမာတဲ့ ရက်စက်တဲ့ နှလုံးသား ပ်ိုင်ရှင်တွေဆိုတာ ကျွန်မ အခု နားလည်ခဲ့ပါပြီ။ အခုလည်း ရှင့်ကို ကျွန်မ သဘောကျ လွန်းလို့ […]


ဗျားဒို့ဂို ဒီနေ့ အနော်သိတဲ့ Qအကြောင်း ဆွေးနွေးချဉ်သဗျ။ အများသိ IQ, EQ တို့တော့ ဟုုတ်ဝူး၊ အဲဒါဒွေ ပြောဖို့လဲ ညံအမှီဗူး.. ဆိုဒေါ့ ကိုယ်သိတာပဲ ကိုယ်ပြောမဲ…။ လက်တွေ့ အသုံးသိပ်ဝင်တဲ့ ကြူလေးကြူ ရှိသဗြ၊ ပထမဆုံးဃ… ရွှီးကြူ.. ဖြီးကြူလို့လဲ ခေါ်တယ်။ မသိလျင် ရွှီးသာရွှီး ဖြီးတာဖြီး။ အဲ.. ရွှီးတာနဲ့ ဖြီးတာ မတူဗူးဗျ..။ ဟားဗတ် တက္ကသိုလ်ထုတ် BCKG မြန်တျန့် အဘိဓါန်မှာ ဒီလိုဆိုဒယ်..။ ရွှီးခြင်း = မသိဘဲ ပြောသည်။ ဖြီး = အပေါ်ယံ နဲနဲ သိသည်ကို တတ်ယောင်ကားလုပ်သည်။ သဂျီးမာမွတ်ခိုမ် ဝိပဿနာအကြောင်း ပြောတာမျိုးဆို ရွှီးကြူပေါ့၊ အင်တာနက်မှာ သူ ဂူဂဲလ်လုပ်ရှာ ဖြတ်ညှပ်ကတ်ပြီး […]


စိန်ကြက်ဆင်September 14, 20141min52020
 တော်သလင်းနေ ပုစွန်သေဆိုသည့် စကားအတိုင်း နေကား တောက်တောက် ပူနေသည်။ ရမ်းဂွဇွတ်ရွာ ရွာလည်လမ်းကား တံလျှပ်တို့ဖြင့် တညီးညီး ရွာလည်လမ်းဘေး တလျှောက် အစီအရီ ပေါက်နေသော ကြက်ဆူပင်တန်းကား နေမင်း၏ ဒဏ်ကို ကြံ့ကြံ့ခံခံရန် မစွမ်းသာချေ။ အစဉ်သဖြင့် ကူးလူးစုန်ချီ အစည်စည် ဖြစ်နေတတ်သော ရမ်းဂွဇွတ်ရွာကား ယနေ့အဖို့ လွန်စွာ တိတ်ဆိတ် ခြောက်ကပ်လို့ နေသည်။ အကြောင်းမူကား ယနေ့ရွာတွင် အသုရှိလို့ နေပေသည်။ သေခြင်းတရား ဟူသည်ကား ပုထုဇဉ် လူသားတို့အတွက် မဆန်းပင်သော်ငြား ယခုအဖြစ်အပျက်ကါး ရမ်းဂွဇွတ်ရွာအတွက်မူ အတန်ငယ် ဆန်းပြားလို့ နေပေသည်။ ပြောရမည် ဆိုပါလျှင် ယနေ့သည် တရွာလုံးအတွက် ပထမဆုံးသော အသုဘပွဲ ဖြစ်ခြင်းကြောင့် ဆန်းပြားခြင်းလော သို့မဟုတ် သေမင်း၏ ပထမဆုံး တပ်လှန့်မှု […]


စိန်ကြက်ဆင်September 14, 20141min39518
အရက်၂ပုလင်းနှင့် ရဲစည်မသာ ဒီစာကို ကျော် အတော်အားတင်းပီး ရေးခဲ့ရတာပါ အမှားတွေ ပါမဆိုးလို့ တစ်ညလုံး အထပ်ထပ် အခါခါ ပြင်လိုက် ဖျက်လိုက်နဲ့ ရေးခဲ့ရတာပါ…..။ ရွာသူားတွေ ဒီစာကို ဖတ်နေစဉ်မှာပဲ ရိန်း(သူ့ကိုယ်သူ ရိန်းလို့ပြောတာပဲ အဲဗားမူးပီး ဘယ်ညာ ယိမ်းနေလို့) ထာဝရအိပ်စက်နေလောက်ပါဘီ …… …… …… ဟောဒီ ရမ်းဂွဇွတ်ရွာရဲ့ ဗတ်ဆဲလား ဟောဒီ ရမ်းဂွဇွတ်ရွာရဲ့ ဗတ်အမူးသမား အောက်ပါ ကလောင်များရှင် ….. ယွဲစီ(ခ) ကွဲစည်(ခ) စောဖွပြေး(ခ) ခင်ခက်ခက်ခေါ(ခ) ကွိကွိ(ခ) ဗေပိန်ချူံး(ခ) စောဂဲမွေး(ခ) ဆိုင်းဆိုင်းဝင်းအောင်(ခ) ဆလိုင်းဂျက်ဒယ်နီရယ်(ခ) နိူင်မူးယွဲ အသက်(၃၇)နှစ်သည် လွန်ခဲ့သော ၂နှစ်ကြော်ခန့်ကပင် စတင်ခံစား နေရသော “ေ- ွးကျူမာ” ရောဂါဖြင့် ဆရာဝန်များ မိတ်ဆွေများ […]


moonpoemSeptember 13, 20141min31416
တောသူဆိုတော့ အတိတ်နမိတ်တို ့တဘောင်တို ့တော့ အယုံသားကလား။အဲဒါကြောင့်နေမယ် တလောက ရွာက ကြီးတော်ဘုမက ပြောတယ် တို ့များမြန်မာပြည်မယ် ပီအာ စနစ်ကျင့်သုံးမယ် ဘာမယ်ဖြစ်တော့ သူက လက်မခံနိုင်ဘူးတဲ့။ ဘာဖြစ်လို့လည်း ဆိုတော့ စနစ်နာမည်ကိုက ပီအာ ဆိုမှတော့ အသံထွက်အတိုင်း အပီအာ မှာအေ့။ အဲဒါကြောင့် ညည်းလည်း ကန့်ကွက်လို ့ပြောတာ သူပြောလို့ကျွန်မလည်း သံယောင်လိုက်ပြီး အင်းဆိုပြီး ကန့်ကွက်လိုက်တာပဲ။အတိအကျတော့ နားမလည်ပေါင်တော့ကျွန်မက တောသူ မဟုတ်လား။ ရွာထိပ်က ကာလသားခေါင်းဆောင် မောင်သိန်းကလည်း မခေဘူးတော့။ သူက ဗေဒင်တွေ ဘာတွေ တွက်တတ်လို ့နဲ ့တူပါရဲ ့။ ပြောသေးတာ ဘာတဲ့ ဟိုနင်းအလှမယ် ကောင်မလေး ရင်သားခွဲစိတ်ပြုပြင်တာ အဟုတ်လိုလို ကောလဟာလလိုလိုတွေ ဖြစ်နေတာထောက်ပြီး မြန်မာပြည်မှာ […]


ကုိ ထြဋ္September 12, 20141min964
. အဟမ်း… အဟမ်း… ကြက်မတကောင်… ကြက်မတကောင်… ဖြစ်သတည်း… . ညက ကြည့်ခဲ့ရတဲ့ ပြဇာတ်လေးကို ဖောက်သည်ချချင်တာပါ… မဆိုးဘူး… ပြောရမယ်… ဗွီဒီယို အညွှန်းတော့ ထည့်တော့ဘူး…  🙂 . တခုပဲ ကြည့်နေရင်း မီးပျက်သွားလို့… နည်းနည်းပဲ  ကြည့်ရသေးတယ်… ဒါနဲ့ မီးလာတာ စောင့်တယ်.. လာတယ်…  ခဏပဲ ကြည့်မယ် လုပ်တုန်း ပြန်ပျက်သွားတယ်… . အစပိုင်းကတော့ ထုံးစံအတိုင်းပေါ့… Next ၂ ခါလောက်နှိပ်ရတယ်… ပြီးမှ လိုရင်းရောက်တယ်… အခွေဖွင့်ဖွင့်ချင်းပြောပါတယ်… ရီမုတ် ကြောင်နေတာလဲ ပါတယ်…. 🙂 . ပြဇာတ်ထဲမှာ လူရွှင်တော် ၂ ယောက် နဲ့ စတာပဲ… သွက်လက် နဲ့ ချက်ချာတဲ့… သူတို့ […]


ကုိ ထြဋ္September 11, 20141min23216
တချို့ကတော့ သိပြီးသားတွေ… တချို့ကတော့ မသိသေးဘူး.. စုစည်းတင်ပြထားတဲ့သူ ရှိတော့ ကျွန်တော်လဲ ပြန်ပြီး ရှယ်တာပါ… 🙂 ၁။Moon = လ။ Shine = တောက်ပသည်။ moonshine = အရက်ပုန်း။ ၂။fish = ငါး။ wife = ဇနီးမယား။ fish-wife = ငါးစိမ်းသည်မ။ ၃။frog = ဖား။ man = လူ၊ ယောက်ျားကြီး။ frogman = ရေငုပ်သမား။ ၄။pea = ပဲလုံး၊ ပဲစေ့။ cock = ကြက်ဖ။ peacock = ဥဒေါင်း။ ၅။under = အောက်မှာ stand = မတ်တပ်ရပ်သည်။ understand […]