နွေဦးOctober 20, 20121min35911
ဘာပြောရမလဲ..လုပ်တဲ့သူတွေက လုပ်ပေးနေပါတယ်..။ ရည်ရွယ်ချက်လည်းကောင်းပါတယ်..။ အမြန်ဆုံးလဲ အကောင်အထည်ဖေါ်နေပါတယ်..။ ဒါကို အကောင်းမမြင်တဲ့သူတွေ အမျိုးမျိုးဝေဖန်လဲ လုပ်သင့်တယ်ထင်တာကို လုပ်နေကြတာပါဘဲ..။ ကောင်းလာမယ်မကောင်းလာဘူးဆိုတာ အသေအချာတော့ မပြောနိုင်ဘူးပေါ့..။ ခုဘဲကြည့်…… ဘယ်လိုနားလည်ပေးရမှာလဲ.. ကြိုးစားပြီးလုပ်ပေးနေတဲ့ သူတွေကိုမှအားမနာ.. ခပ်ဝေးဝေးတောင်မရောက်သေး.. မျက်စေ့အောက်မှာတင်ရှိနေသေးတာတောင်.. မျက်နှာပြောင်ပြောင် သူတို့မို့လုပ်ရက်တယ်.. အော်..အလုအယက်ဆိုင်ထွက်နေတဲ့သူတွေ ပြောပါတယ်… ဘယ်အချိန်မှာ ဘယ်သူတွေက ကူပြီး ဘယ်လိုခရီးကို ဘယ်တော့ရောက်လိမ့်မလဲ လို့…. နွေဦး..တွေးမိသလို ရေးကြည့်ပါသည်..။


  ဒီနေ့ မဝေ မွေးနေ့မှန်းသိလိုက်ရပါတယ် အတော်နောက်ကျမှသိရတော့ မွေးနေ့လက်ဆောင်လဲ နောက်ကျသပေါ့ ကျနော် မဒမ်ပေါက် နဲ့ မဝေတို့အကြားမှာ ခင်မင်သော မိတ်ဆွေ အဖြစ်နဲ့ အမှတ်ရစရာတွေများကြီး မန်းလေးမှာ ကော်နက်ရှင်မကောင်းတဲ့အချိန် မဝေ ကျနော်ကို ကူညီတာတွေက မမေ့နို်င်စရာ ကျနော်ဓါတ်ပုံတင်မတင်တတ်ချိန် သင်ပေးတာကလဲ ချန်ထားလို့မရ ကဲ  ဒါတွေထားလိုက်တော့ အမြဲတမ်း ပျော်ရွှင်စရာကောင်းသောအဖြစ်တွေကိုသာဆုံတွေ့နိုင်ပါစေလို့ ကိုပေါက်နဲ့မဒမ်ပေါက်က ဆုတောင်းရင်း မွေးနေ့လက်ဆောင်ဓါတ်ပုံလေးပေးလိုက်ပါတယ်။   ခင်သော ကိုပေါက်(မန္တလေး)


ခင္ခOctober 16, 20121min33115
စေတနာအဟုုတ်နဲ့ အမှန်လုုပ်ပါ လူအချို့ဟာ အတော်များများ အလုုပ်လုုပ်တဲ့အခါ ဟန်ပြလုုပ်တာတွေ၊ ဟန်ဆောင်လုုပ်တာတွေကို လုုပ်ပြလေ့ ရှိတတ်ပါတယ်။ စေတနာ မပါဘဲ သူများအထင်ကြီးအောင်၊ သူများလေးစားအောင် လူရှေ့သူရှေ့ ဟန်ဆောင် လေ့ ရှိတတ်ပါတယ်။ ဒါဟာ အမှန်ပြယုဂ်မဟုုတ်ဘဲ ဟန်ဆောင်သရုပ်သာ ဖြစ်တဲ့အတွက် အချိန်တန်တော့ လည်း သူ့အလုိုလုို လဲသွားကြတော့တာ ဖြစ်ပါတယ်။ အမှန်တော့ ကုိုယ်လုုပ်တဲ့အလုုပ်ဟာ သူများအထင်ကြီးဖုို့၊ သူများချီးကျူးခံရဖုို့ အဓိကမကျပါဘူး။ ကုိုယ့်စေတနာ မှန်ဖုို့ပဲ အရေးကြီးလှတာ ဖြစ်ပါတယ်။ ကောင်းတဲ့အလုုပ်တွေမှာ စေတနာမှန်နဲ့သာ လုုပ်သွားကြမယ်ဆိုရင် ဘယ်သူ အထင်ကြီးကြီး မကြီးကြီး၊ ဘယ်သူလေးစားစား မစားစား ကုိုယ့်ကုိုယ်ကိုတော့ ကုိုယ်ကုိုယ်တုိုင် အထင်ကြီးလေးစားနုိုင်တာ ဖြစ်ပါတယ်။ ကုိုယ့်ကိုယ်စောင့်နတ်နဲ့ သူတော်ကောင်းတွေကတော့ သာဓုု ခေါ်နေ ကြမှာ ဖြစ်ပါတယ်။ အဓိကကတော့ စေတနာ […]


ကထူးဆန္းOctober 13, 20121min52924
မြင်ကွင်း (၁) ကထူးဆန်း . ဒီမယ် ကျွန်မပြောမယ် ။ ကျွန်မက စည်းကမ်းလိုက်နာမှ ကြိုက်တာ ။ ကားကို သတ်မှတ် မိုင်နုန်း အတိုင်း မိုင် ၃ဝ ထက် ပိုမမောင်း နဲ့ ။ မှတ်ထားနော် ။ ဟာရီရာကားသစ်ကြီးမောင်းလာသော ယာဉ်မောင်း အသစ်ချပ်ချွှတ် ကထူးဆန်း ကားနောက်ခန်းမှ ထွက်ပေါ်လာသော ဒေါ်ပဒုမ္မာ အသံကြောင့် လန့်သွားသည် ။ မိုင်ခွက်ကို ကမန်းကတန်းပြန်ကြည့်လိုက်သည် ။ အရှိန်ပြဒိုင်ခွက် တွင် ကီလိုမီတာ ၈ဝ ပြနေသည် ။ သတ်မှတ် မိုင်နုန်းက မိုင် ၃၀။ ယခု ပြနေတာက ကီလိုမီတာ ၈ဝ ။ ဒါဆိုရင် နှေးတာလား မြန်တာလား ။ […]


ထီကနဲဆို ပွဲစကထဲက ရှုံးတတ်သော ကြေးမုံဂျီး ဒီတခေါက်တွင်လည်း နောက်ကောက်ကျပြန်ပီ။ ပြောလည်းပြောပြော ဘယ်တော့မှ အမှတ်သည်းခြေ မရှိ၊ ပြောသူသာ မောရသည်။ မနေ့က ကျင်းပသော ချိုင်းနားအိုးပင်းတင်းနစ် ဆီမီးဖိုင်နယ်တွင် ရှာရာပိုဗာဂလေးက နလီကို ၆-၄ ၆-ဝ နှစ်ပွဲပြတ် အနိုင်ရကာ ဗိုလ်လုပွဲ တက်သွားသည်။ တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ညနေ၆နာရီတွင် အမေရိကန်နိုင်ငံတွင် ကြီးပြင်းလာသူ ရုရှားနိုင်ငံဖွား ရှာရာပိုဗာကြောင်ကြီးနှင့် ဘီလာရပ်စ်နိုင်ငံသူဂျီး အဇာရန်ကာတို့ ယှဉ်ပြိုင်ဗိုလ်လုကြမည်ဖြစ်သည်။ အမေရိကန်နိုင်ငံနှင့် ဥရောပဘုံဈေးအဖွဲ့အား အကြွေးဖြင့်သိမ်းမည်ဟု ထင်ရာမြင်ရာ ပြောဆိုမိသူ ကြေးမုံဂျီးခမျာ ဦးကြောင်ကြီးထံ အကြွေးများစွာ တင်နေပြီဖြစ်ရာ ဂေဇက်ရွာတွင် သို့လောသို့လောဖြင့် ၎င်းတို့နှစ်ဦးအကြောင်း ကာလသား၊ ကာလသမီး၊ အပြိုဂျီး၊ လဗျိုဂျီးအပေါင်းမှ ပါးစပ်အရသာခံ ပြောကြားနေပြီး လောင်းကစားဒိုင် ကပေထံတွင် ဝါမကျွတ်ခင် […]


black chawOctober 4, 20122min61063
ဒီလိုရှိပါတယ် လူကြီးမင်း … မနက်ဖြန် အောက်တိုဘာလ (၅) ရက် နေ့ဟာ ကျွန်တော်တို့ ရွာသား လူပျိုစစ်စစ် ယင်မတောင် မသန်းသေးဘူးတဲ့ ညီငယ် အမတ်မင်း ရဲ့ မွေးနေ့ ဖြစ်ပါတယ်…။ ဆိုတော့ … ဆော်ကြည်ထီပေါက် နိဗ္ဗာန်ရောက် ဘာညာလောက်နဲ့ တော့ မွေးနေ့ ပို့စ်တစ်ခုမတင်ချင်တော့တာနဲ့ ကျွန်တော် ရိုက်ခဲ့ဘူးတဲ့ ပျော်စရာဓါတ်ပုံလေးတွေကို တင်ရင်း ညီငယ်အမတ်မင်းအတွက် မွေးနေ့လက်ဆောင်ပို့စ်လေးတစ်ခု ဖန်တီးပေးချင်ပါတယ် … ဆိုတော့ ဒီပို့စ်ထဲမှာပါတဲ့ ဓါတ်ပုံရှင်တွေအနေနဲ့ ပြသနာတစ်စုံတစ်ရာရှိခဲ့မယ်ဆိုရင် ချက်ခြင်း ပြန်ဖျက်ပေးပါ့မယ်လို့ လေးလေးစားစား ပြောပါရစေ ခင်ဗျာ…။ ကဲ စလိုက်ကြစို့ရဲ့…။ ပြီးခဲ့တဲ့ ၂ လလောက်ကပေါ့ဗျာ…။ ညနေခင်းတစ်ခုရဲ့ စိတ်ဖြေရာနေရာတစ်ခုမှာ… ကျွန်တော်နဲ့ ကိုကြီးမိုက်တို့ သူတော်ကောင်း နှစ်ယောက် အတိုင်အဖေါက်ညီစွာပဲ […]


KyaemonSeptember 30, 201247min2062
         ဒေါ်စုရောက်ခဲ့တဲ့ အင်ဂလန် ပါလီမန်လွှတ်တော်ကိုဆက်လက်ပြီးလေ့လာကြရအောင်  –  အဆက်         မြန်မာပြည်သူတွေက  မန်းတလေးမြို့က ဈေးချိုနာရီစင်ကိုသိကြသလို ကမ်ဘာအရပ်ရပ်က လဲ လန်ဒန်မြို့ရှိ  Big Ben  နာရီစင်ကိုသိကြတာ၊   အချိန်ကိုအတိုင်းထက်အလွန်ပင် မှန်ကန်တိကျရ အောင် စက်ကန့်ပိုင်းထိချိန်ကိုက်ထားတာ၊  တနေ့ကိုအကြိမ်ပေါင်းများစွာ ချိန်ကိုက်ရတာ  နာရီထိုးသံက ကျယ်လောင်သလောက် ကြည်လင်ငြိမ့်ညောင်းသာယာတာကြောင့်  အင်ဂလိပ်တွေက Big Ben ကိုမြတ်နိုးတွယ်တာ အသဲစွဲကြတာ    ကမ်ဘာစစ်မှာလန်ဒန်အရပ်သားတွေကBig Ben ရဲ့နာရီထိုးသံကြားရတာကိုက စိတ်ကြည်နှူးပြီးနှစ်ထောင်းအားရတာ           ခွပ်ဒေါင်း ချင်သေ့ တံဆပ်တို့လိုမျိုး Big Ben  ဟာလဲ အင်ဂလိပ်တွေရဲ့  Icon  အမှတ်တံဆိပ် ဖြစ်နေတာ (Big Ben […]


ပြထားတဲ့ ဓာတ်ပုံထဲမှာ ရွာသူခရစ်စတယ်လိုင်းဂလေးရဲ့ အကိုစုံတွဲရှိပါတယ်။ ဒေါ်စု နယူးယောက်လာရင် တိုင်းရင်းသားဝတ်စုံနဲ့ ကြိုဆိုမည့်သူများထဲမှာ သူ့အကိုစုံတွဲပါမယ် ပြောထားဖူးလို့ တခုတ်တရ ရှာဖွေဖေါ်ထုတ် ပေးလိုက်ပါတယ်…။ ဤသို့ပြုရ ကုသလကြောင့် ချမ်းမြအေးကြည် ဘေးမမြည်ဘဲ (ခရစ်စတယ်လေးနဲ့ ) ရွှေပြည်သို့ရောက် မီဂါထီပေါက်ပါရစေ။ :harr: ကိုးကား။ http://www.burmatoday.net/albums.php?album_ID=14 ပို့စ်ထဲမှာပုံ သိပ်မကြည်ရင် ပေးထားတဲ့လင့်ခ် သွားရှာကြည့်ပါ၊ ငါးပုံမြောက်ဖြစ်ပါတယ်။  


Arkar11September 25, 20121min70543
ဒီနေ့ ကြုံတွေ့ခဲ့ရတဲ့ ကိစ္စတစ်ခုကြောင့် အတွေးနယ်ချဲ့ရင်းနဲ့ ဒီပို့စ်လေး ရေးဖြစ်သွားတာပါ။  တစ်ခါမှ မရေးဖူးလို့ အရေးအသား ပြေပြစ်မှုမရှိတာကို နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်၊ သင် ဘဝကြင်ဖော် ရှာတော့မည်ဆိုလျှင် ၁. ကိုးကွယ်ရာ ဘာသာတူ ဖြစ်ရမည် (ဘာသာကွဲယူမိပါက နောင်အချိန်တွင် စိတ်ညစ်စရာများနှင် ့ကြုံတွေ့နိုင်သည်။ မိမိမွေးလာသော ကလေးအပေါ်တွင်လည်း စိ်တ်ရှုပ်စရာများ၊ အခက်အခဲများကြုံတွေ့နိုင်သည်။)   ၂. အကျင့်စာရိတ္တကောင်းမွန်ရမည် (အကျင့်စာရိတ္တ မကောင်းသူကို ယူမိပါက မိမိသာလျှင် တသက်လုံး စိတ်ဆင်းရဲရမည် ဖြစ်သည်)   ၃. ရုပ်အဆင်းအဂ်ါပြေပြစ်ရမည် ( လက်ထပ်ပြီး နှစ်အနည်း ကြာလာပါက တစ်ယောက်နှင့်တစ်ယောက် ရိုးအီသွားမည်ဖြစ်သည်။ မိမိကြင်ဖက်ကို မြင်လိုက်သည်နှင့် စိတ်ချမ်းသာမှုရှိနေရမည၊် ရုပ်ဆိုးပါက မိမိသာလျှင် စိတ်ညစ်ရမည် ဖြစ်သည်။)   ၄.  ပညာတတ်ဖြစ်ရမည် […]


Green RoseSeptember 25, 20121min129348
ဒီရက်ပိုင်းမှာ အလုပ်တွေက ရှုပ်လိုက်တာ။ ဘာတွေဘယ်လို ရှုပ်နေမှန်းမသိပါဘူး။  ဟိုတနေ့ကဆိုရင် မနက် Breakfast စားပြီးကတည်းက ညနေ ၃ နာရီလောက်အထိ ဘာမှမစားဖြစ်ဘူး။ အလုပ်တွေရှုပ်နေတုန်းတော့ ဆာတာကိုလည်း သတိမရမိပါဘူး။ ညနေ ၃ နာရီလောက် အလုပ်နည်းနည်းပါးသွားတော့မှ ဗိုက်ဆာတာကို သတိထားမိသွားတာ။ ထမင်းမစားရသေးမှန်းသိလို့ ရုံးကအစ်မက ခေါက်ဆွဲကြော်ဝယ် ပေးထားတယ်။ စားစရာက လက်တစ်ကမ်းမှာရောက်နေပြီး၊ စားဖို့အတွက် လက်ထဆေးတော့မှ အဲဒီ့လက်ဆေးနေတဲ့ အချိန်ခဏလေးကိုတောင် သည်းမခံနိုင်လောက်အောင် ဗိုက်ကအရမ်းဆာလာတာ။ အဲဒီ့ခဏလေးမှာ စဉ်းစားလိုက်မိတာက ကမာ္ဘ့နေရာအနှံအပြားမှာ ဖြစ်နေတဲ့ အစားအစာ ငတ်မွတ်ခေါင်းပါးမှုဆိုတာကိုပါ။ အဲဒီ့က ခလေးတွေ၊ လူကြီးတွေ ဘယ်လိုများနေပါ့မလဲလို့ တွေးမိသွားတဲ့အခါ.. …. အခု Green Rose က စားချင်တာလည်း ဝယ်စားနိုင်တယ်။ စားစရာတွေလည်း လက်တစ်ကမ်းမှာရှိတယ်။ နောက်ပြီး […]


KyaemonSeptember 24, 201220min1975
   ဒေါ်စုရောက်ခဲ့တဲ့ အင်ဂလန် ပါလီမန်လွှတ်တော်ကိုဆက်လက်ပြီးလေ့လာကြရအောင်  –  အဆက်                     အောက်လွှတ်တော် ဥက်ကဌ Speaker ထိုင်ခုံရဲ့ကျောဘက်က  လွယ်အိပ်အစိမ်းမှာကြားနာဘို့ အများပြည်သူလူထုတို့ဆီက  Petitions ပန်ကြားစာတွေထည့်ထားတာ       House of Commons Chamber – a set on Flickr http://www.flickr.com/photos/uk_parliament/sets/72157606360378346/ ခန်းမရဲ့ဘေး နှစ်ဘက်နှစ်ချက်က ဧည့်ခန်းတန်းလျားတွေက  ဆွေးနွေးတဲ့အဆိုကို ထောက်ခံသူများအခန်း နဲ့ မထောက်ခံသူများအခန်း  ဆိုပြီးခွဲခြားထားတာ၊ ပုံထဲဟာက မ ထောက်ခံသူ များအခန်းပါ၊  House of Commons Chamber http://www.flickr.com/photos/uk_parliament/sets/72157606360378346/show/ အောက်က “လမ်းပြ”  လင့်ခကိုနှိပ်ရင် အထက်ပါပုံကိုတွေ့ပါမယ်၊ […]


KyaemonSeptember 22, 201232min2363
       ဒေါ်စုရောက်ခဲ့တဲ့ အင်ဂလန် ပါလီမန်လွှတ်တော်ကိုဆက်လက်ပြီးလေ့လာကြရအောင်                      ပါလီမန်လွှတ်တော်ကို Westminster နန်းတော် လို့လဲခေါ်တာပါ ညရှူခင်းလဲ လှပ ခန့်ညားတာပါ Parliamentary estate – a set on Flickr http://www.flickr.com/photos/uk_parliament/sets/72157615884831971/  Thames မြစ်ပေါ်က  တံတားနဲ့ကမ်ဘာကျော် Big Ben နာရီစင် လဲ ပါဝင်တာ Slideshow ဆလိုက်ရှိုးကြည့်ဘို့ link လင့်ခ ကိုနှိပ်ပါ Parliamentary estate http://www.flickr.com/photos/uk_parliament/sets/72157615884831971/show/ OFFICIAL GUIDE    ပါလီမန်လွှတ်တော်က တရားဝင်လမ်းညွှန်စာအုပ် ILLUSTRATION OF WESTMINSTER […]


htet waySeptember 22, 20121min44513
လူတစ်ဦး တစ်ယောက်ကို အသရေ ပျက်မှာ သိရဲ့ နစ်နာစေမယ်လို့ ယုံကြည်ပြီး ပြုမူ ပြောဆို ရေးသား ထွင်းထူ ပြောဆိုနေတာဟာ အသရေ ဖျက်ရာရောက်တယ်။ တလောက နယ်မြို့လေး တစ်မြို့မှာ အသရေကို ထိခိုက်စေတဲ့ တိုင်ကြား တင်ပြ စာတွေ ဖြန့်ဝေတယ် ဆိုပြီး တရားရုံးကို ဦးတိုက်လျှောက်တဲ့ အမှုတစ်ခု ကြားသိရတယ်။ အမျိုးသားရေး ဘာသာရေး လူမူရေးတွေ ဆောင်ရွက်နေတဲ့ အသင်း အဖွဲ့ (၃)ခုကို တစ်ဆင့်မြင့် တဲ့ အဆိုပါ အသင်းအဖွဲ့ နဲ့ ဋ္ဌာနချုပ် ဗဟိုကို တင်ပြ တိုင်တန်း စာတွေ ဇြန့်ဝေလို့ လက်မှတ်ရေးထိုး ဖြန့်သူ (၃)ဦးကို နစ်နာသူတွေက တိုင်တန်းတာဖြစ်တယ်။လတ်တလောမှာ တရားရုံးမှာ စစ်ဆေးနေဆဲ လို့ သိရပါတယ်။ […]