၁။ လူတစ်ယောက်ရဲ့ဘဝ ကောင်းခြင်း၊ မကောင်းခြင်းဟာ သူရဲ့စိတ်နဲ့ ကိုယ်ကျင့်တရားပေါ်မှာပဲ ရပ်တည်တယ်။ အခြားဘာဆိုတာနဲ့မှ ပတ်သက်စရာမရှိဘူး။ ၂။ ဘဝရဲ့အောင်မြင်မှုလျှို့ဝှက်ချက်ဟာ ကိုယ်ကျင့်တရားဆိုတာမသိထားကြလို့ လူတွေဟာ အောင်မြင်သူနည်းလှတယ်။ ၃။ ကြီးမားခိုင်ခံ့တဲ့ ကိုယ်ကျင့်တရားဟာ ရိုးစင်းသေးငယ်တဲ့ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်လေးတွေက ပေါက်ဖွားလာတာဖြစ်တယ်။ ၄။ ကိုယ်ကျင့်တရားကောင်းကို ဘယ်ကုသိုလ်ကောင်းမှုကမှ လိုက်မမီဘူး။ ၅။ လူငယ်တစ်ယောက်ကို ပညာသင်ပေးနေရခြင်းဟာ သူပညာတက်ဖို့ထက် စာရိတ္တပြုပြင်ဖို့သာဖြစ်တယ်။ ၆။ သူတစ်ပါး ကိုယ်ကျင့်တရားတွေ၊ ပြုပြင်ပေးချင်တဲ့ စိတ်ရှိရင် ကိုယ့်ရဲ့ကိုယ်ကျင့်တရားကို ကိုယ်အရင်ဆုံးခိုင်မာအောင်ပြင်ပါ။ ၇။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်၊ ကိုယ်ကျင့်တရားက ဖြစ်ချင်ရာမဖြစ်ရ၊ ဖြစ်သင့်တာပဲဖြစ်ရပါမယ်။ ၈။ အသက်ရှင်နေထိုင်ခြင်းမှာ အသက်ရှူရန်နှင့် စားသောက်ရန်အတွက်သာမဟုတ်ဘဲ အမြဲတစေပဲ ကိုယ်ကျင့်တရားကို မွေးဖွားပြုစုရမှာဖြစ်တယ်။ ၉။ စိတ်ထားညံ့ပြီး ကိုယ်ကျင့်တရားပျက်တဲ့သူဟာ ကိုယ်လုံးတီး လမ်းလျှောက်တဲ့လူထက် […]