မြန်မာ- ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေးဖျော်ဖြေပွဲကို အမျိုးသားပြဇာတ်ရုံတွင် ပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ အဖွင့် အခမ်းအနားတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ကျောက်ဆည်ဆင်အကဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ ဆက်လက်၍ ကိုရီးယားနိုင်ငံ၏ နာမည်ကြီး ဗုံအကဖြင့် ဖျော်ဖြေပြီးနောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုတစ်ခုဖြစ်သည့် ရခိုင်ရိုးရာ ဆီမီးခွက်အကဖြင့် ဆင်နွှဲခဲ့ပါသည်။ ထို့နောက် ကိုရီးယားနိုင်ငံ၏ K-Pop Dancer အကများ ဆက်လက် ဖျော်ဖြေပြီးနောက် ကိုရီးယား အဆို၊ အက များ ပြိုင်ပွဲဖိုင်နယ်ကိုပါ ပြုလုပ်ပြီး ဆုရရှိသည့်အဖွဲ့ကို ဆုတော်ငွေ ၁ဝ သိန်းချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။ ာ