ရွာထဲကိုမရောက်တာကြာနေတဲ့ရွာသားတစ်ယောက် ရွာကိုလွမ်းလွန်လွန်းလို့ အလှူသေးသေးလေးတစ်ခုကိုရွာအမည်သုံးပြီးလုပ်ခဲ့လိုက်မိပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ အတွင်း မန္တလေးမှာရောက်နေရတုံး ရွာနဲ့ဝေးနေရတုံးကပါ။ ရွာထဲက ရွာလူကြီးတွေ စွယ်တော်ရွက် အတွက် လှမ်းပြီး စိတ်ပူပေးခဲ့ကြလို့ပေါ့။ လုံးဝထင်မှတ်မထားခဲ့တဲ့ မန်းဂဇက်ရွာကြီးရဲ့နွေးထွေးမှုတွေ ရခဲ့လိုက်လို့ ရွာ့နာမည်သုံးပြီး ရွာအလွမ်းပြေပေါ့ခင်ဗျာ။ မန္တလေးမြို့။ အလုပ်သမားဆေးရုံကြီး မှာ တက်ရောက် ကုသမှုခံယူနေကြတဲ့ လူနာ ၉ဝ ကျော် အတွက် မနက်စောစာ ကြက်သားကြာဇံချက် လှူခဲ့တာပါ။ လူနာစောင့်တွေဘဲလာယူကြတာမို့ အမျိုးသမီးတွေ ပါတွေ့နေရတာပါ။ စည်းကမ်းလုပ်ထားတာမို့ တန်းစီစနစ် အသက်ဝင်နေပါတယ်။ နံနက်စောစာက ထမင်းပူ ဆီဆမ်းနဲ့ပဲပြုတ်ပါ။ အလှူရှင်ရှိရင်ရှိသလို ကြက်သားဆနြ်ပုတ်၊ ဆန်ပြုတ်နဲ့အီကြာကွေး၊ ကော်ဖီမစ်ထုပ်လေးတွေ၊ ကြက်သားကြာဇံချက် စသဖြင့် စားဖိုဆောင်ကတာဝန်ယူချက်ပြုတ်ဝေငှပေးပါတယ်။ နေ့လည်စာက ကြက်သားဟင်းနဲ့ ဟင်းချိုပါ။ ညနေစာက ငါးဟင်း သို့မဟုတ် ကြက်ဥပါ။ […]