အဲဗရီးဘာဒီ မင်ဂါဘာ ရွာထဲ မရောက်တာ တော်တော့်ကို ကြာပါပြီ ။ သတိရပေမယ့် ဝင်မရေးဖြစ်ဘူး ၊ ကိုယ်ပိုင်အချိန်တွေ နည်း သွားတာကြောင့်ရော အလုပ်က စိတ်ဖိစီးမှု များတာကြောင့်ပါ ရွာထဲ မရောက်နိုင်ခဲ့ဘူး ။ တခါတလေ လော့အင်မလုပ်ပဲ ဝင်ဖတ်မိတာကလွဲပြီး comment တောင် ဝင်မပေးဖြစ်ဘူး ။ ဖွဘုတ်မှာတော့ တောအော် တောင်အော် ထထလုပ်ဖြစ်တယ် ။စိတ်ခံစားမှု တစုံတရာရှိတိုင်း ချရေးလိုက်တာပဲ စာဖတ်သူလည်း အားမနာ ။ ရွာထဲမှာ စာရေးတာကျတော့ တောအော် တောင်အော် မလုပ်ရက်ဖူးပဲ ၊ အမှန်ကန်စာရေးနေကြတဲ့ လူတွေ ရှိတဲ့ အပြင် ၊ သတ်သတ်မှတ်မှတ် စာဝင်ဖတ်နေတဲ့ လူတွေလည်းရှိတာကြောင့် ကိုယ်ပေါက်ကရ ရေးတာတွေကြောင့် အချိန်မကုန်စေချင်တာ အားနာတဲ့စိတ်ကြောင့် […]