etoneDecember 27, 20141min44019
TVကနေ ဖျော်ဖြေမှု အစီစဉ်တခုကို ကြည့်နေတုန်း အောက်ကနားဘက်က ဟိုက်လိုက်ထိုးထားတဲ့ စာတမ်းလေးတစ်ခု အမှတ်မထင်ဖြတ်ပြေးသွားခဲ့တယ် … ။ အမှတ်တမဲ့ မြင်ခဲ့ရတဲ့ စာသားလေးတစ်ခုက ကျွန်မ စိတ်အာရုံကို ဖမ်းစားလိုက်တာ ၊ ထိုင်ကြည့်နေတဲ့ ဖျော်ဖြေမှု အစီစဉ်ကိုတောင် မေ့သွားမိတဲ့ အထိပေါ့ ။ %%%%%%%%%%%%%%%%%%%%%%% ” အခမဲ့ ပညာရေး “ ၂၀၁၁-၂၀၁၂ပညာသင်နှစ်ကနေ စတင်ခဲ့တဲ့ မူလတန်း အခမဲ့ပညာရေးစနစ်က ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာတော့ အလယ်တန်းထိ တိုးမြင့်လုပ်ဆောင်လာနိုင်တာ သိရတော့ ၊ ချို့တဲ့ပြီး ပညာလိုချင်ကြတဲ့ ကလေးတွေအတွက် ဝမ်းသာမိပါတယ် ။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ ဘာအကြောင်းပြချက်နှင့်မှ အလှူငွေ / ငွေကြေး တစုံတရာ ကောက်ခံခြင်းမပြုအောင်လည်း တင်းတင်းကြပ်ကြပ်တားမြစ်ထားတာကြောင့် သာဓုခေါ်စရာကောင်းတဲ့ ပညာရေးအထောက်ကူပြု စီမံချက်တစ်ခုပါပဲ […]


CharTooLanDecember 23, 20141min57825
ချစ်ခြင်းတရားနဲ့ ပြည်ထောင်စု အခိုင်မာဆုံးသော ပြည်ထောင်စုတွေ၊ ကမာ္ဘအရပ်ရပ်မှာ ပြိုကွဲလျှက်ရှိကြပေ အယူအဆအမျိုးမျိုး လိုရာဆွဲကာ၊ စစ်ခင်းလျှက်ရှိကြပေ လူမမယ်ခလေးများ၊ အဘိုးဘွားနဲ့ သားသည်မိခင် ရတက်မအေးရပေ…။ ဒီအဖြစ်မျိုးတော့ မကြုံချင်ဘူးလေ၊ အခြေအနေအရပ်ရပ်ကို အစဉ်သုံးသပ်ကြလေ အနာဂါတ်အကျိုးအတွက် မျှော်ရည်မှန်းကာ ချစ်ခြင်းတရားနဲ့လေ ပြည်ထောင်စုသားတွေ မကွဲမပြားပဲ နှလုံးသားနဲ့ သတိမူကြရင် ရတက်အေးရလိမ့်မည် ဒို့အသက်နဲ့ ဒို့ခန္ဒာတွေ အမြဲရှိသရွေ့ရင်ထဲမှာ ဒို့ချစ်တဲ့ပြည်ထောင်စုကို အစဉ်စောင့်ထိမ်းဖို့အဓိဌာန်ရည် အခိုင်မာဆုံးသော ပြည်ထောင်စုတွေ၊ ကမာ္ဘအရပ်ရပ်မှာ ပြိုကွဲလျှက်ရှိကြပေ အယူအဆအမျိုးမျိုး လိုရာဆွဲကာ၊ စစ်ခင်းလျှက်ရှိကြပေ လူမမယ်ခလေးများ၊ အဘိုးဘွားနဲ့ သားသည်မိခင် ရတက်မအေးရပေ…။ ဒီအဖြစ်မျိုးတော့ မကြုံချင်ဘူးလေ၊ အခြေအနေအရပ်ရပ်ကို အစဉ်သုံးသပ်ကြလေ အနာဂါတ်အကျိုးအတွက် မျှော်ရည်မှန်းကာ ချစ်ခြင်းတရားနဲ့လေ ပြည်ထောင်စုသားတွေ မကွဲမပြားပဲ နှလုံးသားနဲ့ သတိမူကြရင် ရတက်အေးရလိမ့်မည် ဒို့အသက်နဲ့ ဒို့ခန္ဓာတွေ […]


Ma MaDecember 18, 20148min31120
မအေး (aye.kk) ရဲ့ ထိုင်းက ဘုရင်မပန်းခြံ ပုံတွေကြည့်ပြီး အားကျလို့ …. ထိုင်ဝမ်သွားတုန်းက ရောက်ခဲ့တဲ့ Shi Ling စွတ်လင်းလမ်းက  ပန်းခြံပုံတွေ တင်လိုက်ပါတယ်။   ပန်းခြံထဲဝင်လည်တော့မယ်နော်။ 🙂 ပန်းခြံအဝင်မှာ LOVE ဆိုတဲ့ စာလုံးနဲ့ အလှဆင်ထားတယ်။ ပန်းခြံထဲဝင်သွားရင် အဝင်ဝရဲ့ လမ်းဘေးတွေမှာ နားနားနေနေနေဖို့ အရုပ်လေးတွေ၊ ထိုင်ခုံလေးတွေ ရှိတယ်။ ပန်းခြံထဲမှာ ဖျော်ဖြေနေတဲ့ လမ်းဘေးအနုပညာရှင်တွေရဲ့ လက်စွမ်းကလည်း အံ့ဩလောက်အောင် ပြောင်မြောက်ပါပေရဲ့။   သီချင်းတွေကလည်း ကိုယ်နားယဉ်ထားတဲ့ စိုင်းဆိုင်မောဝ် သီချင်းတွေဆိုတော့ အဝေးကြီးက ကြားကတည်းက လိုက်ဆိုနေမိတာ။     ပန်းခြံထဲရောက်ရောက်ခြင်း ပန်းခင်းတစ်ခုမှာ………. ထိုင်ဝမ်ရဲ့ နာမည်ကြီး ပင်လယ်ကမ်းစပ်တစ်ခုဖြစ်တဲ့ ရဲလျိ ု (Yeh Liu […]


moonpoemDecember 16, 20141min20910
ဒီဇင်ဘာ ဖြစ်သော်ငြား ပူအိုက်နေသကဲ့သို့ တနင်္ဂနွေသားသမီးများလတ်တလောအပူများနေတတ ်သည်။တစ်နေ့၂ခါ ရေမှန်မှန်ချိုးပါ။ နိုင်ငံရေးတွင် လှည့်ကွက်များ သောအတိုက်အခိုက်များသော ကာလ ဖြစ်သကဲ့သို့ တနလာင်္သားသမီးများ လည်းရန်သူများတတ်သည်။ သိုင်းပြောင်းပြန်ကျင့်ထားပါ။ လက်နက်ပုန်းသုံးပါ။ ဆန္ဒပြသူများကို အသံချဲ့စက်များ ဖွင့်၍ နှိမ်နှင်းခြင်းသည် အင်္ဂါသားသမီးများအတွက် ရှေ့ဆက်လုပ်သင့်သော စီးပွားရေးလုပ်ငန်းကို နမိတ် ပြခြင်းဖြစ်သည်။DJစက်ရောင်းပါ။အဝယ်လိုက် လိမ့်မည်။ ဗုဒ္ဓဟူး သားသမီးများ ယခုနှစ် မကုန်မချင်း မလိုအပ်ဘဲ အခွန်ဆောင်ရကိန်း မြင်သည်။ ထို့ကြောင့်ငှက်ပျောသီးစားပြီးပါက ငှက်ပျောအခွန်သိမ်းထားခြင်းရှောင်ပါ။ ကားများကြပ်နေသဖြင့်စိတ်ပိုညစ်တတ်သောကြာသပတေးသားသမီးများကားချောင်လိုပါကရထားသံလမ်းအတိုင်း ဘေးမှလမ်းလျှောက်ပါ။ ကားအလွန်ချောင်မည်ဖြစ်သည်။ သောကြာသားသမီးများ စိတ်မွန်းကြပ်နေတတ်သည်။ သိပ်ပြီးထိန်းချုပ်မထားပါနှင့်။ လွတ်လပ်စွာ ထားပါ။အားရပါးရ အီးပေါက်ပစ်လိုက်ပါ။ ပြေလည်သွားလိမ့်မည်။ ၄ပွင့်ပင် ဖြစ်စေ ၆ပွင့်ပင် ဖြစ်စေ မတွေ ့ဆုံနိုင်သကဲ့သို့ စနေ သားသမီးများ အချစ်ရေးတွင် လမ်းလွဲနေတတ်သည်။လမ်းမလွဲစေရန် မြေနီကုန်းတံတားဆောက်နေသော […]


black chawDecember 15, 20142min28016
ဒီနေ့ မနက် ရွာထဲက လူ ၅ ယောက်နဲ့ FB မှာ ချက်တင် ဝင်မိတယ်။ အဲဒါလေး အမှတ်တရ ပြန်ရေးပြမလို့။ ပထမဆုံး က စင်္ကာပူက။ ခင်ဇော်လေ။ သိတယ်မဟုတ်လား။ လူမိုက်ဘွဲ့ခံထားတဲ့ ခင်ဇော်ပေါ့။ အောင်မလေး။ သူကလည်း လေသံကိုက ကြောက်စရာဗျ။ သူ့အဖေကလည်း ရုပ်ရှင်ထဲက လူမိုက်ကြီး ဝါးခယ်မရဲမောင်ဆိုလား။ ဂီဂီ (ဖားသက်ပြင်း) ပြောတာပဲဗျာ။ စင်္ကာပူကနေ January’ 2015 Plan ကို အသေးစိတ်ညွှန်ကြားပြီး ဖြစ်အောင်လုပ်ပါ ဆိုတဲ့ ညွှန်ကြားချက်ကို ပေးတယ်ဗျာ။ အဲ့ဒါနဲ့ လူကောင်ကြီးပြီး ကြောက်တတ်တဲ့ ကျွန်တော် ခေါင်းညှိတ်လိုက်ရပါတယ်။ လူမိုက်ပြီးတော့ ကဗျာဆြာနဲ့ ဆက်ချက်ပေါ့။ ဘယ်သူရှိရမှာလဲဗျာ။ နှပ်ချေးကို ချစ်စရာကောင်းအောင် ရေးပြတတ်တဲ့ Come Way […]


black chawDecember 15, 20144min35925
ခေါင်းစဉ်နဲ့ ပတ်သက်၍ မန္တလေး ဂဇက်က ကျွန်တော့် ရဲ့ အိမ်ကွင်းပါ။ အဲဒါကြောင့် ဒီနာမည်ပေးလိုက်တာပါ။ ခင်ဗျားတို့ရဲ့ ဘီစီ (ဘလက်ချော) ကို အယ်ဒီတာလူကြီးမင်းက ညွှန်ကြားချက်ပေးလာပါတယ်။ ဒီလစာမူကို ရှယ်လိုချင်ပါတယ် တဲ့။ အထူးပေါ့လေ။ အဲဒါ နဲ့ ဘီစီလည်း စာမူကို အထူးကြိုးစားပြီးသကာလ လက်ကုန်ဖွင့် ရေးချလိုက်ပါတယ်ဗျာ။ ထူးရင်ထူး မထူးရင်ရူးပေါ့ ကျောင်းဒကာတို့ရယ်။ မြန်မာ့ဘောလုံးသတင်းကတော့ ခင်ဗျားတို့ သိပြီး ဖြစ်ကြမှာပါ။ အရှေ့တောင်အာရှ ရဲ့ အဆင့်အမြင့်ဆုံးပြိုင်ပွဲ ဖြစ်တဲ့ Suzuki ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်က ညှိုးငယ်သော မျက်နှာနဲ့ ထွက်လာခဲ့ပြီးသကာလ ရုတ်တရက် အသံတွေ တိတ်သွားပါရောလားဗျာ။ လက်ရွေးစင်အဆင့် အသင်းကြီးတွေသာ ပြိုင်ရတဲ့ ပြိုင်ပွဲမို့ ဒါဟာ မြန်မာ့ဘောလုံးရဲ့ အဆင့်အတန်းအမှန်ပဲလို့ ဆိုလာခဲ့ရင် ဘီစီ […]


ムラカミDecember 10, 20145min32717
  တခါသားပေါ့ဗျာ… စက်ရုံတရုံမှာ လုပ်နေတဲ့ အင်ဂျင်နီယာတသိုက်ကို ဂငယ်စီနီယာကြီးက ကာလတိုသင်တန်းလာပေးဖို့ ရှိတော့… အဲ့ကန်ပနီမှာ ရှိတဲ့ တချိန်က အလုပ်တူတူလုပ်ခဲ့ဖူးသူ ကေအင်ယူအနွယ်ဝင် မဒီလေးက ကျော့်ကို သတိတရနဲ့ ဖုန်းဆက်ပါတော့တယ်..   ညီမငေး ကိုယီးကို ဒဒိယ လို့လား ဟင်င်င် ဟီး အလုပ်ကိစ္စပြောမို့ အော် အေးအေး ညယေး ပြော အထက်ပါအကြောင်းအရာ ကို ပြောပါတော့တယ်… အဲ့သည်မှာ စတွေ့တာပဲ … သူ့ဟာက ဂငယ်ကနေ ဘိရုမာ သက်သက်ဆို တော်သေး.. ဘိုလိုပါ ပြန်ပေးရမယ် တဲ့ …အင်ထှာပျက်ထှာ ဆိုလား .. (သူ့လေကျအတိုင်း ရေးပြတာညော်..) သူက မြန်မာစာ ကို ယင်းဂလိသံ ဝဲဝဲနဲ့ ပြောတတ်သလို ..ကျုပ်ကိုလည်း ဒင်းက (မြန်မာစကားကို […]


မစုဥာဏ္December 8, 20141min59722
လူတိုင်း လူတိုင်း အချစ်နဲ ့မကင်းကြဘူးလို ့ဆိုပေမယ့် … ကိုယ်ချစ်တဲ့ သူတစ်ယောက် အတွက် ကျွန်မတို ့ဘယ်လောက်အထိ အနစ်နာခံနိုင်ကြသလဲ။ ဘာသာမတူ၊ ယဉ်ကျေးမှုမတူတဲ့ ကိုယ့်ချစ်သူ ရဲ ့ခံယူမှုတွေ ကို သူနဲ ့ထပ်တူတန်ဖိုးထားနိုင်သလား။ ကုစရာဆေးမရှိတဲ့ ရောဂါဆိုးတစ်ခု ကို ကိုယ်က နာနာကျင်ကျင်ခံစားနေရပြီး၊ သူ ့မျက်နှာလေးကို နောက်ဆုံးမြင်တွေ ့သွားဖို ့လိုအပ်နေချိန်မှာ ကိုယ့်ထက်ပိုအရေးပေးရမယ့်အရာတွေ၊ ငဲ့ညှာမှုတွေ ကြောင့် လာမတွေ ့နိုင်တဲ့ ချစ်သူကို နားလည်ပေးနိုင်လောက်တဲ့ ချစ်ခြင်းမေတ္ထာမျိုး ကျွန်မတို ့မှာ ရှိသလား။ ဟင့်အင်း..ကျွန်မကတော့ ကိုယ့်အနားမှာ အမြဲရှိနေပြီး၊ နားလည်မှုတွေ အပြန်အလှန် ပေးနိုင်တဲ့ ချစ်သူမျိုးကိုပဲ လိုချင်တယ်။ အတ္ထ ကြီးတယ်ပဲပြောပြော၊ နှိုင်းယှဉ်ရွေးချယ်စရာတွေ နဲ ့ ရင်ဆိုင်ရတဲ့အခါ […]


တီဗွီထဲမှာ ကြည့်ဖူးတယ်ဗျာ။ ရာသီကူးပြောင်းချိန် တိရစာ္ဆန်တွေ အုပ်လိုက် နေရာ ပြောင်းရွှေ့တော့ ကျိုးပဲ့ အနာတရ ဖြစ်ကျန်တဲ့ အကောင်တွေ။ တချို့လဲ ကျင်းထဲကျကျန်ခဲ့လို့၊ သစ်ကိုင်းညှိကျန်နေခဲ့လို့.. ပုံမှန် အားဖြင့် တကောင်တည်း ကျန်နေ ငတ်ပြတ် သေရတာပဲ။ ရှားရှားပါးပါး လှည့်ပြန်လာ၊ စောင့်နေပေး ထူမ ကယ်တင်တာ သိပ်ရှားတယ်။ တိရစာ္ဆန်မို့ လုပ်ပေးဖို့ အသိညဏ် မရှိ၊ သူ့သဘာဝကိုယ်၌လည်း ဖြစ်ပါမယ်။ ဘယ်လောက် ရင်နာစရာ ကောင်းလိုက်သလဲနော်။ တိရစာ္ဆန်က ထားတော့.. အသိညဏ်ရှိ ခံစားတတ်တယ်ဆိုတဲ့ လူမှာရော.. ဇယားချကြည့်လိုက်လျင် သိပ် မထူးပါဘူးဗျာ။ ကိုယ်လုပ်မှ ကိုယ်စား၊ ကိုယ်ဖြစ်ကိုယ် ကိုယ်ခံ ချန်ထားခဲ့တာပဲ မဟုတ်လား။ အကူအညီ မပေးတဲ့အပြင် ရေနစ်သူ ဝါးကူထိုးတာ လူမှာ ပိုများပါလိမ့်မည်။ […]


အရသာ စာပေလေးနဲ့ စလိုက်ရအောင်..!! စားဖိုမှူးလုပ်ရအောင် အောင်မိုးသူရဲ့ ရသစာ သမားကနေ ရသာ စာပေပိုင်းကို ကူးတော့မလား ထင်မှတ်မှားရတဲ့ ပို့(စ) တွေပါ။ ကိုယ်တိုင်ကျွမ်းကျင်စွာချက်ပြုတ်နိုင်တာမို့ ချက်ရေးပြုတ်ရေး သွေးအေးနေတဲ့ အိမ်ရှင်မတွေ အတွက် အကျိုးရှိနိုင်တာမို့ ညွှန်းလိုက်ပါရစေ။ . . . စိတ်အဆာသွတ်ပေါင်း – ကြွေလွင့်ပန်း https://myanmargazette.net/206993 ကြွေလွင့်ပန်း ရဲ့ ဖြစ်ရပ်မှန် အခြေခံ ရသ စာတစ်ပုဒ်ပါ။ ဖတ်ပြီး နည်းနည်း မွန်းကြပ်လာသလို ခံစားရတာကလွဲရင် ခံစားချက် အပြည့်ပါတဲ့ စာစုမို့ ညွှန်းချင်ပါတယ်။ . . . စိတ်ကိုပြင်ချင် ရိပ်သာဝင် အပိုင်း(၁) မှ (၅)  – aye.kk https://myanmargazette.net/207452 အေးကေကေ ရဲ့ အတွေ့အကြုံနဲ့ […]


မစုဥာဏ္November 29, 20141min48122
ဉာဏ်ရည်ဖွ ံ့ဖြိုးမှု နှေးကွေးသူတွေ၊ စိတ်ဝေဒနာရှင် တွေ နဲ ့ ပတ်သက်ပြီး ပညာပေးမှု အားနည်းတဲ့ နိုင်ငံမှာ ကြီးပြင်းလာခဲ့ သူ တစ်ဦး ပီပီ …စိတ်ဝေဒနာသည်တွေ (ဒါမှမဟုတ်) ရုပ်ပိုင်းဆိုင်ရာ ချို ့တဲ့ နေသူတွေ အနားကပ်လာတိုင်း ကျွန်မ စိတ်ထဲ မသိုးမသန် ့ဖြစ်ခဲ့ဖူးတယ်။ သူတို ့တွေ ကို သာမာန်လူသားတွေ လို ့မမြင်ပဲ၊ ကျိန်စာသင့် လူသားတွေ.. သနားစရာ လူသားတွေ လို ့သာ ကျွန်မ မြင်တတ်ခဲ့တယ်။   အဲဒီလို အသိပညာမျိုးနဲ ့အမေရိကန်ပြည်ထောင်စု ကို မအူမလည်နဲ ့ရောက်လာခဲ့တဲ့ ကျွန်မ… AHRC ခေါ် အစိုးရမဟုတ်တဲ့ အဖွဲ ့စည်း တစ်ခုမှာ အလုပ်ရတော့ […]


moonpoemNovember 28, 20141min2288
“ခေတ်သစ် စကားပုံနှင့်စကားထာများ” ၅နှစ်တစ်ခါ ပေါ်လို့လာ ငါသာမင်းလောင်း ထီးဖြူဆောင်း။ အဖြေ။ ။ ၂၀၁၅ရွေးကောက်ပွဲကို ဆိုလိုသည်။ နွားနို့တစ်ပန်းကန် တစ်ပြည်လုံးလျှံ အဖြေ။ ။လမင်းကြီးကို ဆိုလိုခြင်း မဟုတ်ဘဲ သမ္မတကြီးပြောကြားသော မိန့်ခွန်းကို ဆိုလိုခြင်း ဖြစ်သည်။ တစ်တိုင်ဆီမီး ထိန်ထိန်ငြီး အဖြေ။ ။ ဖယောင်းတိုင်တစ်တိုင်ဖြင့် နာမည်ကြီးသွားသော ဟိုလူကြီးကို ဆိုလိုသည်။ ပျက်အစဉ် ပြင်ခဏ မြန်မာပြည်ရှိလမ်းများကို ဆိုလိုသည်။အစဉ်အမြဲပျက်နေသည်ကများပြီး၊ လာပြင်သည့်အခါ ခဏသာ ဖြစ်၏။ တစ်ပင်လဲမူ တစ်ပင်ထူ လမ်းဘေးရှိ ဓာတ်တိုင်များကို ဆိုလိုသည်။ မည်မျှပင် မီးမလင်းသည် ဖြစ်စေ၊ တိုင်ဆွေးသည် ဖြစ်စေ မပြုပြင်ဘဲ လဲကျသွားမှ နောက်တစ်တိုင်ထူခြင်းကို ပြောခြင်းဖြစ်၏။ ဟိုဘက်ကမ်းက မီးထိန်ထိန် ဒီဘက်ကမ်းက မီးမှိန်မှိန်။ အဖြေ။ ။ […]


ဇီဇီNovember 26, 201411min46854
    အဟိဟိ။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတော့ သိပ်မနာဘူးပေါ့နော့။   အင့်။ အပိုင်း (၁) နဲ့ တွဲဖတ်။ https://myanmargazette.net/166589   ငယ်တုန်းက ဘယ်လိုစားသောက်လဲတော့ မသိ။ ရိုက်ကျွေးရတယ် ဆိုတော့ သိပ်မစားဖြစ်ဘူး ခေါ်မှာပေါ့။။ :kwi:   ခုများတော့ တဂျားမင်း နကင်း နဲ့ ဆင်းတားရင်တောင် ခေါင်း ခေါက်လွှတ်လိုက်မယ်။ အူးမာဃလောက်တော့ မကြောက်တာ။ :boss:   ဘဝများ အစားအသောက်နဲ့ကို ကံပါလာချက်။   စလုံး မရောက်ခင် မာစတာ အပြီး အလုပ်လက်မဲ့ ၁ နှစ်ခွဲမှာ သူငယ်ချင်း တစ်စုလုံး သွားလာစားသောက်၊ ဘယ်ဆိုင် ကောင်းသဟေ့ ဆို သတင်းပေး သွားစားး၊ တရုတ်ဆိုင်ရောက်ရင် ဟင်းစပ်ပြီး […]