This Post is suspended by Mod – ( 6 ) . ငပလီ သံတွဲမြို့မှ အစ္စလာမ်ဘာသာဝင်များကို လက်ကိုအပိုင်ကြိုးချည်ပြီးမှ စိတ်တိုင်းကျခုတ်သတ်မီးရှို့ခဲ့သည့်လူမျိုးတုံးသတ်ဖြတ်မှုများ ရခိုင်ပြည်နယ်ငပလီ သံတွဲမြို့နယ်အတွင်ရှိ သဗြုချိုင်၊ပေါက်တော၊ရွှေလှေ၊လင်းသီ မဲကျွန်း၊ဒွါရာဝတီမြို့သစ်၊ကျောက်ကြီး၊ကျီးကန်းရဲကျေးရွာ များတွင် နေထိုင်လျှက်ရှိကြသည့် ဒေသခံတိုင်းရင်းသာကမန်လူမျိုးးအစ္စလာမ်ဘာသာဝင်များကို ရခိုင်တိုးတက်ရေးပါတီ၊၉၆၉ နှင့် အမျိုးဘာသာသနာထိမ်းသိမ်းစောင့်ရှောက်ရေး အမည်ခံ စုးပေါင်းဖွဲ့စည်းထားသောရခိုင်ပြည်နယ်ခွဲထွက်ရေး ရခိုင်လွတ်မြောက် ရေးတပ်မတော်မှ စနစ်တကျစီစဉ်ထားပြီးကားများ၊စက်လှေမောင်တော်များဖြင့်ဖြင့်ကြိုပို ခေါ်ယူထားပြီး စိတ်ကြွဆေးများနှင့် ရောထားသောအရက်များကို စိတ်တိုင်းကျလူစိတ်ပျောက်သည်အထိတိုက်ကျွေးထားပြီးကျေးရွာများမှခေါ်ယူထား သောလူထောင်နှင့်ချီသောအကြမ်းဖက်သမားများကို ကျေးရွာမှထွက်ခွာချိန်တွင်လည်းသက်ဆိုင်ရာအာဏာပိုင်၊ရဲနှင့်တပ်တို့မှလုံးဝဟန့်တားခြင်းမရှိ၊ လမ်းခရီးတွင်လည်းပိတ်ဆို့တားဆီးခြင်းမရှိ၊ ဖျက်ဆီးခံရမည့်ကျေးရွာများသို့ ကားများဖြင့်သက်ဆိုင်ရာမှပို့ပေးပြီးဆိုက်ကပ်ရောက်ရှိရာနေရာရှိအာဏာပိုင်များရဲနှင့် စစ်တပ်တို့မှလုံးဝတားဆီးဟန့်တားပိတ်ဆို့ထားခြင်းမရှိဘဲလုံးဝလမ်းဖွင့်ပေးထားခဲ့ပါသည်။လမ်းတွင်ဒါးများဖြင့်နဖူးတွင်အနီးရောင်စည်းကာသွားလာနေသည်ကိုသက်ဆိုင် ရာတို့မှ လမ်း ဖွင့်ပေးထားပါသည်။ အဖျက်ဆီးခံရမည့်အစ္စလာမ်ဘာသာဝင်ရွာသာများမှမိမိတို့အစီစဉ်ဖြင့်တာဆီးဟန့် တားမှုဆောင်ရွက်ခဲ့သဖြင့်ရွာထဲမှသို့မဝင်ရောက်နိုင်ခဲ့ပါကသက်ဆိုင်ရာအာဏာပိုင်ရဲ နှင့်တပ်ဖွဲ့ဝင်များရောက်ရှိလာပြီးဟန့်တားသလိုဝင်ထိမ်းသလိုပုံစံမျိုးဖြင့်အဖျက်ဆီးခံရမည့်အစ္စလာမ်ရွာများမှအစ္စလာမ်ရွာသားများထံမှဒုတ်ဒါး လက်နက်များကိုသိမ်းယူ ကာအကြမ်းဖက်သမားများ၊ရွာတွင်းသို့ဝင်ရောက်နိုင်သည်အထိအစ္စလာမ်ရွာသားများကိုနောက်ဆုတ်စေခဲ့ပြီးအကြမ်းဖက်သမားများဝင်ရောက်မီးရှိုဖျက်ဆီးသတ်ဖြတ်ခွင့်ရ အောင်အကူအညီပေးခဲ့ကြောင်းရွာခံများမှာအခိုင်အမာသတင်းပေးပို့ပါသည်။ ၃၀-၉-၂၀၁၃နှင့်၁-၁၀-၂၀၁၃ရက်နေ့အကြမ်းဖက်သမား များသည်အစ္စလာမ်ရွာများဖြစ်သည့် သဗြုချိုင်၊ပေါက် တော၊ရွှေလှေ၊လင်းသီမဲကျွန်း၊ဒွါရာဝတီမြို့သစ်၊ကျောက်ကြီး၊ကျီးကန်းရဲကျေးရွာ […]