အခုရက်ထဲ . . . ရန်ကုန်ကနေ နယ်တွေဆီ ခရီးထွက်လာတာ။ ပြည် – ဥသျှစ်ပင်- ပုသိမ် မုံရွာလမ်း – မင်းတုန်း – ပဒါန်း- မင်းဘူး- မကွေး – အထက် မင်းလှ- သရက် စသည်ဖြင့် မြို့တွေ မြို့တွေထဲက အစိုးရ ရုံးတွေဆီ လှည့်ပတ် သွားလာကြရတယ် ဆိုပါစို့။ ခရီးသွားရင်း ကြုံရတာလေးတွေကို အသေးစိတ် ပြောပြချင်လာတာတွေ ရှိပေမဲ့ အချိန် မရတာကြောင့် ခပ်တိုတို တုတ်တုတ်ပဲ အတင်း အုပ်ပါတော့မယ်။ :k: အစိုးရုံးဝန်ထမ်းတွေရဲ့ ဆက်ဆံရေးနဲ့ လုပ်ဆောင်မှုတွေ. . . အရင်ထက် ပို ကောင်းမွန်လာပြီး တတ်နိုင်သမျှ မြန်ဆန်အောင် လုပ်နေကြပါပြီ။ စင်းလုံးချောတော့ ကောင်းလာပြီ […]


Mon LayJune 6, 20171min7015
MNA က စင်ကာပူ၊ ဟောင်ကောင်၊ ဘန်ကောက်နှင့် ချင်းမိုင် ဒါ့အပြင် ခုနှစ်ဒီဇင်ဘာကစလို့ချန်ဒူးနဲ့ ကူမင်းလည်းပြေးဆွဲတော့မယ်ဆိုတော့ကာ…ခရီးတွေသွားဖို့ပြင်ရတော့မယ်ပေါ့နော်…ပျော်ရိထှာ


Mon LayApril 22, 20178min2991
??? ??? အိမ်မှာသိပ်ကပ်လေ့မရှိတဲ့မွန်လေးကို သင်္ကြန်ကြီးပြီးသွားတော့ ညီမလေးကတစ်နေရာရာကို ခရီးထွက်ကြရအောင် လို့လာဆွယ်တော့ ခရီးဆိုသိပ်ထွက်ချင်နေတဲ့ကိုယ်ကလည်း အေးကောင်းတယ်သွားမယ်.နေရာရွေးကြမယ်ဆိုပြီးရွေးကြတာ နောက်ဆုံးနေ့ချင်းပြန်သွားလို့တဲ့ တခါမှလည်းမရောက်ဖူးသေးတဲ့ #ဝင်္ဂဘော်ဆင်စခန်း ၊ #မိုးယွန်းကြီးအင်းနဲ့ #ပဲခူး ဘက်ကို နေ့ချင်းပြန်ထွက်ခဲ့ကြပါတယ်။? ရန်ကုန်နဲ့နီးတဲ့ ဆင်စခန်း ၂ခုရှိပါတယ်။ မှော်ယောကြီးရယ်၊ ဝင်္ဂဘော်ရယ်ဆိုပြီးပေါ့။ မှော်ယောကြီးက ၁၀၅မိုင်ခွဲမှာရှိပြီး ဝင်္ဂဘော်ကတော့ ၃၉မိုင်မှာရှိပါတယ်။ ရန်ကုန်နဲ့ပိုနီးပြီး မိုးယွန်းကြီးအင်းနဲ့ တစ်လမ်းထဲ သွားနိုင်တဲ့ ဝင်္ဂဘော်ကို ရွေးချယ်ခဲ့ကြပါတယ်။ ရန်ကုန်ကနေဆို ၁နာရီကျော်ကျော်ပဲ မောင်းရပါတယ်။ #ဘယ်လိုသွားခဲ့ကြလဲ ?? ကိုယ်ပိုင်ကားလေးရှိတော့ ကိုယ့်ကားနဲ့ကိုယ်ပဲသွားခဲ့ကြပါတယ်။ ရန်ကုန်ကနေ ရ နာရီခွဲကျော်မှ စထွက်လာခဲ့တာ ဝင်္ဂဘော် ဆင်စခန်းရောက်တော့ ၉ နာရီထိုးပါတော့မယ်။ ရန်ကုန် မန္တလေး အမြန်လမ်းအတိုင်း သွားပြီး ၃၉မိုင်အရောက်မှာ ဘုရားကြီးလမ်းခွဲကိုချိုး ၅မိနစ်လောက်သွားအပြီး ဘယ်ဘက်မှာ “ဝင်္ဂဘော်ဆင်စခန်း”ဆိုတဲ့ ဆိုင်းဘုတ်ကိုတွေ့ပါလိမ့်မယ်။ #ဝင်္ဂဘော်ဆင်စခန်း ?? […]


Mon LayApril 11, 20173min4394
. ??.If you don’t have money, don’t be sad, you can follow my ways as below!! ?? . ပိုက်ဆံမရှိလို့ ခရီးမသွားဘူးလို့ပြောပြောနေကြလို့ ဒီကနေမွန်လေးရဲ ့ခရီးသွားတော့မယ်ဆို..ကြိုလုပ်တတ်တဲ့အကျင့်လေးတွေ အလေ့အထားလေးတွေကိုပြန်ရှယ်ပေးပါမယ်။ မွန်လေးရဲ ့ခုထိသွားနေတဲ့ခရီးစဉ်အားလုံးက ကိုုယ်ပိုုင်ပိုုက်ဆံ ( ကိုယ်ရှာထားတဲ့ ပိုုက်ဆံ ) နဲ့သွားခဲ့တာတွေပါ။ . ✈️ဒီနှစ်မှာဘယ်သွားမယ်ဆိုတာရည်မှန်းချက်ထားပါ ၂၀၁ရမှာ ကိုယ်တော့ ဘယ်ကိုသွားမယ် ရောက်အောင် ကြိုးစားမယ်ဆိုုပြီး အရင်ဆုုံး သွားချင်တဲ့ နိုုင်ငံတွေကိုု စာရွက်နဲ့ချရေးပါတယ်။ တကယ်သွားဖြစ်မှရယ်လို့မဟုတ်သေးဘူးနော်..ရည်မှန်းထားတဲ့နေရာလေးတွေကိုပေါ့။ . Hong Kong Bali Australia France Singapore Korea Japan Italy များတယ်နော် 😛 […]


Mon LayMarch 29, 201713min5874
????ဝေသီခေါင်အောင်..မြင့်မားတဲ့မြေ…တောင်ပေါ်လမ်းက..ကားလေးနဲ ့လေ…..??ဆိုတဲ့အတိုင်းမြင့်မားတဲ့တောင်များကိုကွေ ့ပတ်သွားရတဲ့တောင်ကြီး၊ ပင်းတယ၊အင်းလေးခရီးစဉ်ကိုဖောင်တော်ဦးဘုရားပွဲတော်အမှီအရောက်သွားခဲ့ပါတယ်။ #ဘယ်လိုသွားလဲ?? ရုံးကအမတွေညီမတွေနဲ ့ဘတ်စ်ကားလက်မှတ်ဖြတ်ပြီးတော့သွားခဲ့ကြပါတယ်။ကားခတွေကတော့ အစားစားပဲ။ မနက်(၈)နာရီ၊ညနေ (၆)နာရီ ထွက်တာက Lumbini (VIP – 18000 kyats)? မနက်(၈)နာရီ၊ညနေ(၅)နာရီ၊ည(၆)နာရီထွက်တာက        Elite ( Executive – 14300 kyats/Business – 22300 kyats)? နဲ ့ပုဂံမင်းသား (VIP – 18500 kyats)? မနက်(၈)နာရီ၊နေ ့လည်(၃)နာရီနဲ ့ည(၆)နာရီထွက်တာက         ဒို ့ညီနောင် (ရိုးရိုး – 11300 kyats)? ညနေ(၄)နာရီထွက်တာက ရွှေမန်းသူ (ရိုးရိုး – 10700 kyats)? ညနေ(၆)နာရီထွက်တာက မန္တလာမင်း (ရိုးရိုး – 12500 kyats) ?၊ မန်းသစ္စာ […]


Mon LayMarch 28, 20176min4713
ဒီတစ်ခေါက်မွန်လေးရောက်ဖြစ်တဲ့နေရာလေးကတော့ ရန်ကုန်မြို ့ရဲ့လူစည် ကားဆုံးနေရာလေးတစ်ခုဖြစ်တဲ့ ပြည်သူ့ရင်ပြင်ကိုပဲဖြစ်ပါတယ်။ အဲ့ရင်ပြင်ထဲ မှာ Myanmar International Lighting Festival ပွဲကို မတ်လဆန်းကနေ ဧပြီလကုန်အထိ (သင်္ကြန်တွင်းမပါ) ကျင်းပပေးမယ်ဆိုတော့..နိုင်ငံခြားကမီး ရောင်စုံထွန်းတဲ့ပန်းခြံတွေလိုမျိုးလှလှ ပပလေးလုပ်ပြီးကျင်းပပေးသွားမယ်လို့လည်းသိလိုက်ရရော..နေရာဆန်းဆန်း တွေကိုသိရင်ချက်ချင်းကိုကောက်ထသွားချင်တဲ့စိတ်ကထိန်းမရတော့ မနေ ့ကပဲ စိတ်တူကိုယ်တူသယ်ရင်းတစ်ယောက်နဲ ့သွားလိုက်တာပေ့ါ။သူကလည်းကိုယ့် အကြောင်းသိနေတော့ လိုက်ပို့ပါ..လိုက်ပို့ပါ..လို့ပြောနေတော့..ကိုယ်လည်း အဲ့ပွဲကိုအမြန်ဆုံးလေးသွားလိုက်ပါတယ်။ #Myanmar_International_Lighting_Festival #Yangon, Myanmar #People’s_Park #ဘယ်လိုသွားကြမလဲ ရန်ကုန်မှာနေတဲ့သူတွေကတော့ ပြည်သူ့ရင်ပြင်ကဘယ်နေရာမှာလဲဆိုတာ ရှင်းပြစရာတောင်လိုမယ်မထင်ပါဘူးနော်။ မြေနီကုန်းနားမှာရှိတာပါ။၂၀၁၆ ခုနှစ် အကယ်ဒမီကျင်းပသွားတဲ့နေရာလည်းဖြစ်ပါတယ်။ #ဘာတွေတွေ့လဲ အဝင်ဝကိုရောက်တာနဲ ့အထဲကိုဝင်ဖို ့အရင်ဦးဆုံး ဝင်ကြေး ၃၀ဝ ပေးရပါတယ်။ ပြီးတာနဲ ့ပန်းလေးတွေ၊ မီးလေးတွေနဲ ့တန်ဆာဆင်ထားတဲ့ နေရာကိုရောက်ဖို့ဆက်လမ်းလျှောက်ရပါတယ်။ သူကတော့ ဝင်ကြေး ၃၀၀ဝ (လူကြီး)၊ ကလေး ၁၀၀ဝ […]


ေမာင္ရိုးMarch 25, 20171min10399
ညရှုခင်း မန်းချောင်းရင်ခွင်မှာ     မန်းစက်တော်ရာဘုရားပွဲကို ရီဗျူးရေးမယ်လို့ ကြံရွယ်ခဲ့ပေမယ့် ပွဲတော်ရက်သာကုန်တော့မယ် အခုထိမရေးနိုင်သေး . . . ။ . . အခုတော့ ရွှေစက်တော်ဘုရားပွဲရဲ့အပြောင်းအလဲလေးတွေကိုကြည့်ရင်း ရေးချင်လာမိပါတယ် ။ တကယ်တော့ မန်းစက်တော်ရာဆိုတာ အခုချိန်မှ ထင်ရှားတာမှမဟုတ်ဘဲလေ ။အင်းဝခေတ်စာဆိုတော်ကြီးရှင်မဟာရဋ္ဌသာရနုစဉ်ကတည်းက “ရွှေစက်တော်သွား တောလား ” ရယ်လို့ စာတစ်ဆောင်ပေဖွဲ့နဲ့ ခေတ်ကြေးမုံကိုပြခဲ့သေးတာမဟုတ်လား . . “. . . တောကြက်တွန်မြူး၊ ကျေးငှက်ကျူး၍၊ သံကြူးမြည်စည်၊ စက်ရိပ်လည်၍၊ နေခြည်ဝင်မြောက်၊ ဆည်းဆာရောက်သော်၊ မျောက်ကကြိုးခွေ၊ ဒေါင်းအိုးဝေနှင့်၊ သံခြေကြွေးကြော်၊ ဖို-မခေါ်လျက် . . . ” . အခုလည်း ကျေးငှက်သာရကာသံတွေဆိတ်သုန်းနေပေမယ့် . . . စိမ်းစိုမှိုင်းညို့နေတဲ့ […]


aye.kkMarch 5, 20171min8167
ဒီတစ်ခါရွာပြန်တာ ချစ်စရာ့ကောင်းတဲ့မြေးလေးတွေ တိုးပွားနေတာသိရပါတယ်။ အထူးသဖြင့် ခင်ပွန်းဘက်ကမြေးလေးတွေပါ တိုက်ဆိုင်တာက ကိုယ့်ရဲ ့တူလေးနဲ ့ခင်ပွန်းဖက်ကတူလေးတိုု့(၂)ဦး မင်္ဂလာဆောင်တာနဲ ့ကြုံပါတယ်။ အမှတ်တရပါ။  


KyaemonFebruary 17, 20176min10572
——–     ဆရာဦးထွန်းလွင်က Hai “ဟိုင်” မြစ် နဲ့Liao  “လျှို” မြစ် အပါအဝင် တရုပ်ပြည်ကမြစ် ခုနှစ် စင်း ပျက်စီးခဲ့ကြောင်းဟောပြောခဲ့ပါတယ်၊ ဒီမြစ် နှစ် စင်း လဲရှင်သန်လျက်ပါ၊ အောက်ကပုံတွေကိုကြည့်ပါ၊ အပေါ်ပိုင်းက Hai “ဟိုင်” မြစ် နဲ့Tianjin “ထီရန်” မြို့ရှုခင်းတွေပါ၊ အောက်ပိုင်းက Liao  “လျှို” မြစ် နဲ့ Shenyang “ရှဲန်ရန်” မြို့ရှုခင်းတွေပါ၊ ဝါးလုံးနဲ့မြစ်အလုံးစုံကို သိမ်းကြုံးပြီး ရမ်းသလို မ ဖြစ်ပေဘူးလားဆရာကြီး? လေနဲနဲလျှော့ပါအုန်း ဆရာကြီးရယ်လို့ပြောချင်တယ်၊       Hai “ဟိုင်” မြစ် နဲ့Tianjin “ထီရန်” မြို့ရှုခင်းတွေပါ၊     ပြောင်လက်နေအောင်သန့်ရှင်းတဲ့ဘူတာရုံ၊   […]


KyaemonFebruary 15, 201713min9322
    ရှေ့ဆောင်းပါးမှာဖော်ပြထားသလို၊ဆရာဦးထွန်းလွင်က တရုပ်ပြည်မှာရေကာတာလုပ်လို့မြစ်ကြီး ရ စင်းကပျက်စီးခဲ့တယ်၊ ၎င်းတို့အနက် Songhua နဲ့ Huai ပါ ပါတယ်၊ မြစ်ကောတယ်၊ရေကြောင်းကျဉ်းသွားတယ်၊မြစ်ဝဒေသကျဉ်းသွားတယ်၊သောက်သုံး ရေ မ ရ ဖြစ်သွားတယ် စသဖြင့်ပြောပါတယ်၊ ဆရာကြီးပြောတာက လုံးဝ မ ဟုတ် မ မှန်ပါ၊ကွက်ပြီးပြောတာ၊အချိန်တခါက ပုံတကွက်တလေ ကိုမူတည်ပြီး မျက်ကန်း ၆ ဦး နဲ့ဆင်တကောင်လို ကြံဖန်ပြီး ပြောနေတာပါ (ပုံတွေကိုကြည့်ပါ)၊ ပဋ္ဌပိုင်းကSonghua မြစ်အကြောင်းပါ၊ Songhua  က တရုပ်မြောက်ပိုင်းရှိHeilongjiang ပြည်နယ်မြို့တော် Harbin ဟာဘင် ကဖြတ်သန်း ပြီးရုရှားAmur မြစ် ထဲစီးဆင်းသွားပါတယ်၊ ဒီမြစ်ကနေရေခဲတုံးယူပြီး အဆောက်အအုံပန်းချီပန်းပုပြပွဲပြိုင်ပွဲကိုနှစ်စဉ်စည်ကားသိုက်မြိုက်စွာကျင်းပတာ ၁၉၆၃ ခုကနေ ယခုထိ(ယဉ်ကျေးမှုတော်လှန်ရေးကာလကလွဲလို့) မြစ်ဝါတို့လို မြစ်လက်တက်တွေတော်တော်များများပါ SONGHUA RIVER   […]