Mon LayDecember 7, 20162min1072
Mark’s Square (Image Credit : magical-italy.com) ကျယ်ကျယ်ပြန့်ပြန့်ရှိတဲ့ ဒီ plaza ကတော့ ဘေးပတ်ပတ်လည်မှာရှိတဲ့ တင့်တယ်လှတဲ့ဗိသုကာလက်ရာတွေနဲ့တည်ဆောက်ထားတဲ့ အဆောက် အဦတွေရဲ့ အရှိန် အဝါကြောင့် သီးသန့်ကမ္ဘာလေးတစ်ခုသဖွယ် ဖြစ်နေပါတယ်။ လူတွေက ဒီနေရာ ကို အေးအေးဆေးဆေး လမ်းလျှောက်ဖို့၊ မိတ်ဆွေတွေနဲ့စကားပြောဖို့၊ သူငယ်ချင်းအသစ်တွေရှာဖွေဖို့၊ coffee သောက်ဖို့၊ ပတ်ဝန်းကျင်မြင်ကွင်းတွေကိုခံစားရင်း အချိန်ဖြုန်းဖို့ စတဲ့အကြောင်းပြချက်တွေနဲ့ လာရောက်လေ့ရှိကြပါတယ်။   Zattere (Image Credit : magical-italy.com) Dorsoduro နယ်မြေထဲမှာတည်ရှိတဲ့ ဒီပင်လယ်ကမ်းနဖူးပေါ်က လမ်းကျယ်လေးကတော့ ညနေခင်းလမ်းလျှောက် ထွက်ဖို့ နဲ့ ရေပြင်ကျယ်ကြီးရဲ့ အလှကိုခံစားရင်း ညစာ သုံးဆောင်ဖို့အတွက် အကောင်းဆုံးနေရာလေးတစ်ခုဖြစ်ပါတယ်။ မြို့ပြရဲ့ မွန်းကြပ် တဲ့နေ့စဉ်ဘဝကနေ ရုန်းထွက်နိုင်မယ့် အေးချမ်းတဲ့နေရာလေးတစ်ခုဖြစ်ပြီး ပတ်ဝန်းကျင်မှာလည်း […]


Mon LayDecember 7, 20161min1454
ထိုင်းနိုင်ငံမှာ ရှိတဲ့ Krabi ကို သွားလည်ဖို့ အကြောင်းပြချက်ရှာနေပါသလား။ ထိုင်းနိုင်ငံ က လှပလွန်းတဲ့ Andaman ကမ်းခြေ Krabi ပြည်နယ် လေးဟာ သာယာလွန်းတာကြောင့် နိဗ္ဗာန်ဘုံလေးကို ရှာဖွေနေသူတွေ အဖို့ အရမ်းကို ပြီးပြည့်စုံတဲ့ နေရာလေးတစ်ခု ဖြစ်ပါလိမ့်မယ်။ သူ့ရဲ့ သဘာဝအလှနဲ့ မြို့ပြနဲ့ ဝေးတဲ့ ကမ်းခြေတွေမှာ သင့်စိတ်ကြိုက် အနားယူရင်းအပန်းပြေ လန်းဆန်းတက်ကြွတဲ့ အားလပ်ရက်တွေ ဖြစ်သွားမှာ အမှန်ပါပဲ။ ၁။ သင့်စိတ်ကူးထဲက နိဗ္ဗာန်ဘုံလေး အကြောင်းစဉ်းစားလိုက်ရင် သင့် အမြင်အာရုံထဲ ဝင်လာတဲ့ ပုံရိပ်တွေဟာ Krabiက လှပတဲ့ ရှုခင်းတွေနဲ့ ထပ်တူကျပါလိမ့်မယ်။ စိမ်းလန်းပြီး စိုစွတ်လှပတဲ့ ပတ်ဝန်းကျင်၊ ကြည်လင်နေတဲ့ ရေပြာပြာလေး နဲ့ သဘာဝအလှ မပျက်စီးသေးတဲ့ ကမ်းခြေ တွေဟာ […]


Mon LayDecember 6, 20167min1245
ဘန်ကောက်ရောက်ရင်ပဲဖြစ်ဖြစ်၊ချင်းမိုင်ကိုအလည်သွားရင်ပဲဖြစ်ဖြစ် Art in Paradise (3D picture)ကိုဝင်မယ်လို့ ဆုံးဖြတ်ထားခဲ့တာ ခုကျတော့ရန်ကုန်မှာတင်ပန်းချီကားတွေမှာလျှိ ့ဝှက်ချက်တွေရှိသော၊နတ်ဘုံနတ်နန်းရောက် သွားတယ်လို့ထင်ရောင်ထင်မှား ဖြစ်စေနိုင်သော အနုပညာ ဖန်တီးမှုတွေရှိသော၊အတောင်ပံတစ်စုံနဲ့ ကောင်းကင်ကို ပျံတက်သွားနိုင်သော၊ ချောက်ကမ်းပါးကြီးပေါ်က ကြိုးတံတားမှာ သက်စွန့်စံစား ကူးဖြတ်နိုင်သော၊သဲကန္တရာထဲကြီးက အိုအေစစ်မှာ ကုလားအုတ်စီးပြီးသွားနိုင်သည့်အလား 3D dimension ဖြင့် ခြယ်သထားသည့် လူ ့မျက်စေ့ကို မျက်လှည့် ပမာလှည့်စားထားသည့် Art in Paradise ကိုမွန်လေးအလည်တစ်ခေါက်ရောက်သွားခဲ့ပါတယ်။ #ဘယ်မှာရှိတာလဲ သူကHappy World မှာရှိတာပါ။ #ဘယ်လောက်လဲ ဝင်ကြေးကလည်းဘာသက်သာလည်းမမေးနဲ ့ တစ်ယောက်ကိုမှမြန်မာငွေ (၁၀၀၀)ထဲရယ်။ #ဘာလို ့သွားသင့်လဲ စိတ်ညစ်နေရင်ကစားကွင်းသာသွားလိုက်ပါ ပျော်စရာတွေနဲ ့တွေ ့ပြီးအကြီးကြီးလန်းလာပါလိမ့်မယ်။ ဘဝရဲ့ အမောတွေနဲ့ ပင်ပန်းနွမ်းနယ်သမျှ အနုသယ ရသတွေနဲ့စိတ်ရွှင်လန်းဆန်းပြီူအမြင်အာရုံသစ်တွေလည်းရနိုင်ပါတယ်။ #ဘာရုပ်တွေရှိလဲ (ကိုုယ့်ဖာသာကိုနာမည်ပေးခြင်းသာ) […]


Mon LayDecember 2, 20161min1652
Japan နိုင်ငံမှာရှိတဲ့ Zero-Emissions Bar က စွန့်ပစ်ပစ္စည်းတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ကမ္ဘာကြီးထဲမှာ ဖြုန်းတီးတဲ့လုပ်ရပ်တွေကို ရပ်တန့်သင့်ပါပြီ။ အဲ့လိုမှမဟုတ်ရင်တော့ လူသားတွေဟာ သိပ်မဝေးတော့တဲ့အနာဂတ်မှာ အန္တရာယ်ရှိတဲ့ပြဿနာတွေနဲ့ ကြုံတွေ့ရပါလိမ့်မယ်။Japan နိုင်ငံ Kamikatsu မြို့မှာရှိတဲ့ Kamikatz Public House က စွန့်ပစ် ပစ္စည်းတွေ ကိုအသုံးပြုပြီး တည်ဆောက်ထားတာပါ။ အဲ့ဒီ့barနဲ့ သူတည်ရှိတဲ့ ဂျပန်မြို့လေးကနောင် အနာဂတ်မှာ သဘာဝပတ်ဝန်းကျင် လှပစွာဆက်လက်တည်ရှိနေဖို့ တစ်ဖက်တစ်လမ်းက ကူညီ လုပ်ဆောင်ပေးနေတာပါ။ Kamikatsuမြို့က လက်ရှိအချိန်ထိတစ်မြို့လုံးက စွန့်ပစ်အမှိုက်(၈၀%)က ပြန်လည်အသုံးချပြီးပါပြီ ။နောက်နှစ် အနည်းငယ် အတွင်းမှာစွန့်ပစ်ပစ္စည်း(၁၀၀%)  အပြည့်ပြန်လည် အသုံးချဖို့လည်း စီစဉ်ထားပါတယ်။ ဒီအဖျော်ယမကာကြိုက်သူတွေရဲ့ခိုလှုံရာအဖြစ် မွမ်းမံထားတဲ့ နောက်ကွယ်က ဗိသုကာပညာရှင်တွေဖြစ်တဲ့ Hiroshi Nakamura နဲ့ NAP က (၂၀၁၆) […]


Mon LayDecember 2, 20163min962
Angkor Wat ဆိုတာ ဘာလဲ။ Angkor Wat ကို – သက္ကရာဇ် (r 1112-52) မှာ ခမာဘုရင် Suryavarma II က တည်ဆောက်ခဲ့ပြီး ဟိန္ဒူဘုရားကျောင်း အဆောက်အအုံများကို နတ်ဘုရားတွေရဲ့ ဘုံဗိမာန်အဖြစ် ခမာအင်ပါယာကြီး ရဲ့ နန်းမြို့တော်အဖြစ် တည်ထားခဲ့တာပါ။ ကမော္ဘဒီးယား နိုင်ငံရဲ့ ရှေးခမာ ဘုရင် အဆက်ဆက် ဟာ ဘိုးဘေးတွေ ထက်ပိုပြီး ထုထည် ကြီးအောင် ဆက်ပြီး မွမ်းမံ ပြင်ဆင်ဆောက်လုပ်ထားခဲ့ ကြလို့ ဒီနေ့ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဘာသာရေး အဆောက်အအုံကြီး တစ်ခုလည်းဖြစ်ပါတယ်။ ဒီ ဘုရားကျောင်းကြီး ဟာ ကမော္ဘဒီးယား နိုင်ငံရဲ့ အမျိုးသားရေး ဂုဏ်သိက္ခာကို မြင့်မားစေတဲ့ နိုင်ငံရဲ့ အသည်းနှလုံး […]


” ခွဲ” ဆုံတွေ့ပြီးတဲ့ အဆုံး ကြုံပြီးတဲ့ သကာလ လက်တွဲမရ တော့တဲ့ အခါ   ငြိမ်းအေးစွာ ခွဲခွာကြပါစို့။   ကိုပေါက်လက်ဆောင် အတွေးစဉ်   ၁၁၂၁၆  


Mon LayDecember 1, 20164min972
ကြည်လဲ့လဲ့ရေ၊ ဖြူလွလွသဲသောင်ပြင်၊ အုန်းပင်နဲ ့တောင်ကုန်းစိမ်းတွေ၊ ရေလှိုင်းစီးတဲ့နေရာတွေနဲ ့အံ့ဩဖို ့ကောင်းတဲ့ ရေအောက်ကမာ္ဘတွေရှိနေတဲ့ အာရှတိုက်က လှပတဲ့ကျွန်းတွေကို နတ်ပြည်နဲ ့တောင် တင်စားနိုင်ပါတယ်။ အနားယူဖို ့နဲ ့မြို ့ပြရဲ ့ရှုပ်ထွေးမှုတွေက ရုန်းထွက်ချင်ရင်တော့ အောက်မှာ ဖော်ပြထားတဲ့ အာရှတိုက်က အလှဆုံး ကျွန်း ၁၅ ကျွန်းကို သွားဖို ့တိုုက်တွန်းချင်ပါတယ်။ ဆီမီလန် ကျွန်း၊ ထိုင်းနိုင်ငံ (Similan Islands, Thailand) ကျွန်းစု ၉ ခုနဲ ့ဖွဲ ့စည်းထားတဲ့ ထိုင်းနိုင်ငံ အနောက်ဘက်ကမ်းက အန်ဒမန် ပင်လယ်ထဲမှာရှိတဲ့ သာယာလှပတဲ့ ဆီမီလန်ကျွန်းကို ထိုင်းအစိုးရက ကာကွယ်စောင့်ရှောက်ထားပါတယ်။ ကြည်လင်နေတဲ့ ရေကတော့ ရေငုပ်သမားတွေနဲ ့ရေအောက်ရှုခင်းကြည့်သူတွေရဲ ့အကြိုက်ဖြစ်စေမှာပါ။ ရေအောက်မှာ မီတာ ၂ဝ […]


Mon LayDecember 1, 20165min822
ကမ္ဘာ့မြောက်ဖက်ခြမ်းက အလင်းရောင်တွေနဲ့ သန်းခေါင်ချိန်မှာ နေကိုမြင်နိုင်တဲ့ဒေသ၊ အံ့ဩဖွယ်ရေလက်ကြား၊ ရေခဲမြစ်တွေနဲ့ ချစ်စဖွယ် ကမ်းရိုးတန်း ရွာလေးတွေ၊ ခမ်းနားတဲ့ မြို့ပြတွေကြောင့် Norway နိုင်ငံဟာ ကမ္ဘာ့မြေပုံပေါ်မှာ ထူးခြားတောက်ပနေပါတယ်။ Norway နိုင်ငံကတော့ ဥရောပတိုက်ရဲ့ရင်သပ်ရှုမောဖွယ်အကောင်းဆုံး လည်စရာ နိုင်ငံလေးတစ်ခုပါ။ ဥရောပတိုက်မြောက်ဖက်စွန်းက ရှည်လျားကျဉ်းမြောင်းတဲ့ နိုင်ငံလေးဖြစ်ပါတယ်။အမြဲတမ်းအံ့ဩထူးဆန်းဖွယ်ရာတွေရှိနေတတ်ပါတယ်။ပင်လယ်ဓါးပြတွေရှိခဲ့တဲ့ နိုင်ငံလည်းဖြစ်လို့ဒဏ္ဏာရီဆန်ဆန်သူရဲကောင်းပုံပြင် တွေရှိတဲ့ နိုင်ငံဖြစ်သလိုကမ္ဘာ့အထူးခြားဆုံး မြေမျက်နှာသွင်ပြင်ကိုပိုင်ဆိုင်ထားရာ နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ ဒီလို ရေလက်ကြားတွေအများကြီးရှိတဲ့ နိုင်ငံမျိုး ဘယ်နေရာမှာမှ မရှိပါဘူး။ Norway ကမ်းရိုးတန်းဆိုတာလည်း ရှည်လျားပြီးတော့ နက်ရှိုင်းတဲ့ပင်လယ်အော်တွေ၊ကျွန်းတွေနဲ့ မြစ်လက်တက်တွေနဲ့ဖွဲ့စည်းထားပါတယ်။ကုန်းပေါ်မှာဆိုရင်လည်းဥရောပတိုက်ရဲ့အမြင့်ဆုံး တောင်တန်းကြီးတွေ၊အကြီးမားဆုံးရေခဲမြစ်တွေ၊အနိမ့်ဆုံးတောင်ကြားတွေနဲ့အနက်ဆုံးတောအုပ်ကြီးတွေကို တွေ့မြင်နိုင်ပါတယ်။ မြောက်အမေရိက သမင်ကြီးတွေ၊ မြေခွေးတွေနဲ့ မျောက်ဝံကြီးတွေ ကျက်စားရာဒေသဆိုလည်း မမှားပါဘူး။ Norway မြောက်ဖျား အာတိတ်ဒေသမှာဆိုရင်ဦးချိုအကြီးကြီးတွေနဲ့ ရေခဲပြင်သမင်တွေရှိပါတယ်။ကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ထဲမှာတော့ ဝေလငါးတွေနဲ့ ဖျံတွေကိုတွေ့ရပါတယ်။ အံ့ဖွယ်သမိုင်းတွေနဲ့ သဘာဝရှုခင်းတွေက သွားလည်ဖို့အကြောင်းပြချက်အနေနဲ့ […]


Mon LayNovember 29, 20164min1054
ဗီယက်နမ် နိုင်ငံ မြောက်ပိုင်း မှ တောင်ပိုင်း သို့ သွားရာ လမ်းတစ်လျှောက် ဝင်လည်စရာ လှပတဲ့ နေရာများ ဗီယက်နမ် နိုင်ငံ မြောက်ပိုင်း ဟနွိုင်းမြို့မှတောင်ပိုင်း ဟိုချီမင်းမြို့ သို့ ခရီးသွားရာ လမ်းတစ်လျှောက်ရှိ ဝင်ရောက်လည်ပတ်စရာ နေရာများ အာရှတိုက်က နိုင်ငံ ငယ်လေး ဖြစ်တဲ့ ဗီယက်နမ် နိုင်ငံဟာ ခရီးသွားတွေ ရွေးချယ်လာကြတဲ့ အသွားများတဲ့ နေရာလေး တစ်ခုဖြစ်လာပါပြီ။ ဘန်ကောက်မြို့တော် နဲ့ ဘာလီကျွန်း စတဲ့ အရှေ့တောင်အာရှ က နေရာ တွေ မှာ ကမာ္ဘလှည့်ခရီးသည် တွေ နဲ့ ပြည့်နှက်နေတဲ့အချိန်မှာ ဗီယက်နမ်နိုင်ငံ ရဲ့ လူသိ မများသေးတဲ့ ချစ်စရာကောင်း ပြီး လှပ တဲ့ နေရာလေးတွေ ဟာ […]


Mon LayNovember 29, 201638min2328
#Vietnam #Danang #Hoi_an #Ho_Chi_Minh ဒီတစ်ခေါက်မွန်လေးရောက်ဖြစ်တဲ့နိုင်ငံကတော့ ၂၀၁၆ မှာhot ဖြစ်နေတဲ့ဗီယက်နမ်နိုင်ငံပါ။ သွားလည်တဲ့မြို ့တွေကတော့ ဒါနန်း၊ ဟွေ ့အန်းနဲ ့မြို  ့တော်ဖြစ်တဲ့ဟိုချီမင်းပါ။ဒါနန်းကဗီယက်နမ်နိုင်ငံရ ဲ ့အလယ်ပိုင်းမှာရှိပြီး ဟွေ ့အန်းကတော့ ဒါနန်းကနေ နောက်ထပ်(၁)နာရီလောက်ကားနဲ ့ဆက်သွားရင်ရောက်တဲ့နေရာလေးပါ။ ဘယ်လိုသွားလဲ ရန်ကုန်ကနေဒါနန်းကိုတိုက်ရိုက်လေယာဉ်တော့မရှိပါဘူး။ဟိုချီမင်း(စိုင်ဂုန်)ကနေtransit နဲ ့ဒါနန်းလေဆိပ်ကို ဆက်စီးရပါတယ်။ဘတ်ဂျက်လိုင်းဖြစ်တဲ့ Viet Jet နဲ ့ဟိုချီမင်း(စိုင်ဂုန်)မှာတစ်ထောက်နားပြီးဒါနန်းကိုလေယာဉ် ဆက်စီးကြတာပါ။Vietnam Airline လည်းရောက်ပါတယ်။နောက်တစ်ခေါက်ဆိုရင်တော့ Vietnam Airline စီး ကြည့်ပါမယ်။Viet Jet ကရန်ကုန်ကနေစထွက်ကတည်းကနေ ့လည်(၁)နာရီအချိန်ပဲရှိတာမို ့လို ့ဒါနန်းလေဆိပ် ကိုရောက်တော့ ည(၈)နာရီကျော်နေပါပြီ။ လေဆိပ်ကနေဟိုတယ်ကိုမိနစ်(၂၀)လောက်သွားရတာမို ့ရောက်တဲ့နေ ့မှာလည်ဖို ့အချိန်မရှိတော့ပဲဟိုတယ်မှာ ပဲညအိပ်လိုက်ပါတယ်။ ညစာကိုဟိုတယ်ကညွှန်ပေးတဲ့စားသောက်ဆိုင်မှာဝင်စားလိုက်ပါတယ်။သူတို ့မှာMenu ကအစ ဗီယက်နမ်၊တရုတ်၊ကိုရီးယား(ကိုရီးယားလူမျုူိးတွေလာတာများလို ့)စာတွေပဲပါတာများပါတယ်။အင်္ဂလိပ် […]


Mon LayNovember 22, 20162min1746
ဆာဟာရာ ကို မေ့လိုက်ပါ။ အာရှမှာတင် သင် တွေ့ကြုံနိုင်တဲ့ သဲသောင်ပြင်နဲ့ သဲကန္တာရပုံစံတွေ ရှိပါတယ်။ သဲသောင်ပြင်တွေဆီ သွားလည်ဖို့ စိတ်ကူးဟာ စင်္ကာပူမြို့ရဲ့ အဲယားကွန်းနဲ့ သက်သောင့်သက်သာ ရှိနေမှု ကနေ ဝေးကွာတဲ့ ပူပြင်းတဲ့ နေနဲ့ အထီးကျန်တဲ့ သဲကန္တာရ ဆီ ကို ခေါ်ဆောင်သွားမှာပါ။ ဒါပေမယ့် အာရှမှာတင် စွန်းမိုက်တဲ့ သဲသောင်ပြင်တွေ ရှိတာ သင်သိပါသလား။ သူတို့က အာဖရိက က ဆာဟာရာ (ဒါမှမဟုတ်) ဂိုဘီ သဲကန္တာရ လောက် နာမည်မကြီးပေမယ့် သွားလာရလွယ်ကူပါတယ်။ ယခု ဖော်ပြမှာကတော့ မြို့ပြကနေ သိပ်မဝေးဘဲ သင် သွားနိုင်တဲ့ အာရှက သဲသောင်ပြင် ၆ ခုပါဘဲ။ သေချာတာကတော့ သင် အပူဒဏ်ကနေ ထွက်ပြေးလို့မရဘူးဆိုတာဘဲ။ […]


Mon LayNovember 22, 20162min1615
နေရာတိုင်းမှာ ရှိနေပြီဖြစ်တဲ့ အိမ်သေးသေးလေး လှုပ်ရှားမှု တွေက လွန်ခဲ့တဲ့နှစ်အနည်းငယ် က စပြီး နိုင်ငံအနှံ့အပြား က ဟိုတယ် လုပ်ငန်း တစ်ခု လုံးကို လှုပ်ခတ်စေခဲ့ပါတယ်။ ဒါ့ကြောင့်လည်း Oregon ပြည်နယ်၊ Colorado ပြည်နယ် စတဲ့ နေရာတော်တော်များများ မှာ ပတ်ဝန်းကျင်အကျိုးပြုနိုင်ပြီး ရိုးရှင်းတဲ့ သဘာဝအလှအပ ကို ခံစားစေနိုင်မယ့်  အိမ်သေးသေးလေး ဟိုတယ်တွေနေရာ အနှံ့ထွက်ပေါ် ထွက်လာတာပေါ့။ လုပ်ရဲကိုင်ရဲတဲ့ ဟိုတယ်ပိုင်ရှင်တွေ၊ စွန့်ဦးတီထွင် သူတွေနဲ့  ကျောင်းသားတွေ ဆောက်လုပ်ခဲ့တဲ့ ဒီဟိုတယ်လေးတွေဟာ အိမ်သေးသေးလေး မှာတည်းခိုခြင်း ဖြင့် ဇိမ်ခံအနားယူနိုင်တဲ့ အတွေ့အကြုံမရစေဘူး ဆိုတဲ့အချက်ဟာ မမှန်ကန်ကြောင်း သက်သေပြ နိုင်ခဲ့ပါတယ်။ Oregon ပြည်နယ် Portland မြို့ က Caravan အိမ်သေးသေးလေး […]