13876310_1741236182763645_1755867590226417735_n-600x600.jpg

Mon LaySeptember 17, 20166min1040
?မင်္ဂလာပါရှင်? ချစ်ခင်လေးစားရသော ဧည့်သည်တော်များ အတွက် Wings ခရီးသွားလုပ်ငန်းမှ မြေမြတ်မဟာ ဗုဒ္ဓဂါယာ ဘုရားဖူး ဟိုတယ်တည်း??? အထူးခရီးစဉ်လေးနှင့် မိတ်ဆက်ပေးပါရစေနော်… ” ဗုဒ္ဓဂါယာ ဟိုတယ် (ရညအိပ်၈ရက်)ခရီးစဉ် ” ခရီးစဉ်နေ့ရက်များ ? Oct 14 ~ 21 ? Nov 16 ~ 23 ? Dec 23~ 30 ခရီးစဉ်ကုန်ကျစရိတ် =?USD 1100 ( per pax) (16paxs >> 1 pax FOC) ယခုနှစ် ခရီးသွားရာသီအစဖြစ်သော အောက်တိုဘာလ သီတင်းကျွတ်အခါသမယတွင် ယခင်နှစ် ခရီးစဉ်များနှင့်မတူ ဟိုတယ်တည်းခရီးစဉ်လေးများဖြင့် စီစဉ်ပေးထားပါတယ်.. ဗုဒ္ဓဂယာခရီးစဉ်သည် ခရီးဝေးဘုရားဖူးခရီးစဉ်ဖြစ်သောကြောင့် ခရီးစဉ်တလျှောက် ဧည့်သည်တော်များ […]

14079901_1211140272271749_2225041824146404316_n-600x450.jpg

Mon LaySeptember 17, 20164min850
မွန်လေးတို့ နိုဝင်ဘာ 24 ကို ဗီယက်နမ် အလယ်ပိုင်း Da Nang နဲ ့Hoi An ရှေးဟောင်းမြို့ ကိုသွားမလို့..အပြန်စို်င်ဂုန် (ဗီယက်နမ်မြို ့တော်)ကိုဝင်လည်မယ် အဲမှာဘာတွေတွေ ့ရမလဲဆိုရင် ❤️ဒါနမ်းမြို့ပေါ်က Bana Hill တောင်ပေါ်ကို အာရှရဲ့ အရှည်လျားဆုံး Cable ကားစီးရင်း တိမ်တွေဖုံးနေတဲ့ ရှုခင်းတွေခံစားကြမယ် ❤️အဲ့တောင် ပေါ်မှာ စိတ်လှုပ်ရှားစရာလဲကောင်း ပျော်စရာလဲအရမ်းကောင်းတဲ့ လေထဲမှာ ပျံနေသလို ခံစားကြရမယ့် Alpine Coaster စီ်းကြမယ် ❤️ပြီးရင် Fantasy Park – Indoor Theme Park ကြီးထဲမှာလည်းကစားနည်းမျိုုးစုံကို စိတ်ကြိုက်ကစားကြမယ် ❤️ Funicular ရထားလေးစီးပြီး တောင်ပေါ်က ထိုင်တော်မူ ရုပ်ပွားတော်ကြီးကို သွားရောက်ဖူးမျှော်ကြမယ် ❤️ပန်းပွင့်တွေ ပန်းခင်းတွေ […]


Mon LaySeptember 15, 20161min31212
ခုတစ်လော..ကျွန်မစာပြန်ရေးချင်နေပေမယ့် ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့အသေးစားအွန်လိုင်းရှော ့ရယ်…သူများလုပ်ငန်းဖြစ်တဲ့.Travels & Tours ရယ်နဲ ့စာပြန်ရေးချင်စိတ်ရှိနေပေမယ့်မအားဘူးဖြစ်နေပါတယ်…ဒီကြားထဲဧည့်သည်တွေအတွက်တိုးတွေစီစဉ်ပေးရင်း…ခရီးသွား ချင်စိတ်လေးတွေလည်းဖြစ်လို့ ..ခရီးကထွက်ရတာနဲ ့ရေးဖို ့စခန်းကိုမရောက်ခဲ့ပါဘူး….   ခုOutbound Sales Executive တာဝန်ကိုယူထားရတော့..ကိုယ်ကဧည့်သည်မမေးခင်အကုန်သိထားဖို ့ရန်လိုတော့ကာ…သူများခရီးသွားထားတဲ့ ပို ့စ်လေးတွေလိုက်ဖတ်ဖြစ်ခဲ့ပါတယ်…. အားလည်းအားကျမိပါတယ.်.. သူတို ့တွေဆို..ခရီးသွား…စာလည်းရေးနိုင်ကြပါတယ်….. သူတို ့စာလေးတွေဖတ်ရင်း…. အရင်ကမိုးကုတ်ကိုခရီးသွားရင်းရေးထားတဲ့ပို ့စ်လေးလည်းရေးဖူးတော့… စာပြန်ရေးချင်တဲ့ပိုးတွေပြန်ထလို့လာပါရော….. သူများတွေလိုနေရာများများစားစားမရောက်ဖူးသေးပါဘူး… ဒါပေမဲ့သွားခဲ့ဖူးတဲ့နေရာလေးတွေကခုခေတ်စားလာတော့.. ကိုယ့်ရဲ ့အတွေ ့အကြုံဖီလင်လေးကိုလည်းတင်ပြချင်လို့ပြန်ရေးတော့မယ်လို့စိတ်ကူးလိုက်ပါတယ်….. အားပေးကြပါဦးနော်… လာမယ့်စနေ 17ရက်နေ ့မှာလည်းခရီးသွားဖို ့ရှိပါသေးတယ်…အဲ့ခရီးလေးကိုစရေးပါမယ်နော်… ကျေးဇူးအများကြီးတင်ပါတယ်….


ကြောင်ဝတုတ်September 15, 20161min2094
ဦးထီးဆိုခဲ့တဲ့… ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံဆိုတဲ့ သီချင်းလေးကို အတော်လေးနှစ်သက်မိခဲ့ဖူးတယ်… ကိုယ်ကြိုက်တတ်တဲ့ ခပ်ပြင်းပြင်း ခပ်ကြမ်းကြမ်းသီချင်းမဟုတ်ပေမယ့်… စကားလုံးတွေရဲ့ နူးညံ့မှုအင်အားကို ခံစားခဲ့ရဖူးတယ်… ပြီးခဲ့တဲ့သင်္ကြန်… မဏ္ဍပ်မှာ ရေပက်ဖို့လဲ… ငယ်တော့တဲ့အရွယ်မဟုတ်… ရိပ်သာဝင် တရားအားထုတ်ရအောင်လဲ… စိတ်ဝင်စားတဲ့ကိစ္စထဲမပါတဲ့အခါကျတော့… ရေကစားနေသူတွေရဲ့ ပုံရိပ်လေးတွေကို ဝါသနာအရထွက်ရိုက်မယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ ထွက်လာခဲ့မိပါတယ်… လှည်းတန်း မီးပွိုင့်ရောက်လို့ ကားပိတ်နေတဲ့အချိန်မှာ ရေပက်ခံကားခေါင်းခန်းထဲက အပူအပင်ကင်းကင်း… အသောက်အစားကင်းကင်းနဲ့… ဖြူစင်တဲ့အပျော်တွေ ကိုယ့်ဆီကိုပါ ကူးစက်စေတဲ့ ကလေးနှစ်ယောက်ကိုတွေ့မိတော့… ကင်မရာလွယ်… ကားပေါ်ကဆင်းပြီး… ကင်မရာရေစိုလဲ စိုကွာဆိုပြီး… ဆင်းရိုက်လိုက်မိတဲ့ပုံလေးပါ… အကြောင်းကြောင်းကြောင့် Edit မလုပ်ဖြစ်ပေမယ့်… Edit ပြန်လုပ်တဲ့အချိန်မှာပါ… သူတို့အပျော်တွေ ပြန်လည်ကူးစက်သလိုခံစားရပါတယ်… အလုပ်တွေ… တာဝန်တွေကြားမှာ မွန်းကြပ်နေကြတဲ့… ကျွန်တော်တို့အတွက်… ပျောက်ဆုံးလေခဲ့ပြီးသော နိဗ္ဗာန်ဘုံအမှတ်တရပေါ့ဗျာ…. ဂဇက်မှာ လူမှားပေါင်းမိလို့ ဓာတ်ပုံရိုက်ဖြစ်သွားတာမို့… အမှတ်တရ… […]


”  လမ်း  နိယာမ”   မြေလမ်း ပေတစ်ရာလမ်း ကျောက်လမ်း သံလမ်း လမ်းမှန်သမျှဟာ ကျောခင်း သူ့ကိုဖိနင်းလို့ သွားနိုင်တာ။   သို့သော် သူ ခွင့်ပြုသလောက်သာ။     ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၅၉၂၀၁၆  


”  ဘဝထဲမှာ” လင်းတဲ့နေရာ လင်း မှောင်တဲ့နေရာ မှောင် လင်းချင်လင်း မှောင်ချင်မှောင် ကိုယ် ချောင်ပိတ်မမိဘို့ဘဲ လိုပါတယ် မောင်။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၂၉၈၁၆


”  မူ” တစ်ဝက်ထဲဖြတ်ကြည့်သူ တစ်ခြမ်းဘဲ ဖြတ်ကြည့်သူ အဖြတ်မတူရင် အမြင်လဲမတူ။ ကိုယ့်အယူ သူ့ ့အယူ သ ူ ့မူ ကိုယ့်မူ မတူချင်လဲမတူနိုင်သလို တူချင်လဲတူနိုင်မယ်။ သူနှစ်သက်တာ သူယူ ကိုယ်နှစ်သက်တာ ကိုယ်ယူ အဲဒါ့စိတ်ချမ်းသာစေတဲ့မူ။   ကိုပေါက်လက်ဆောင် အတွေးစဉ် ၂၈၈၁၆        


”   လုပ်ငန်းသိမ်းချိန်” တစ်နေ့တာ လုပ်းငန်းသိမ်း နွားထိန်းပြီးလို့ပြန်ခဲ့ပြီ။ နွားများကား အစာဝ လူကတော့ ဝမ်းဟောင်းလောင်း ညောင်းခဲ့သမျှ အတိုးချ အိမ်ရောက်တော့မှ နားတော့မည်။     ကိုပေါက်လက်ဆောင်အတွေးစဉ် ၂၁၆၁၆