ဒီရက်ပိုင်းတွေက မိုးကလဲရွာ… အိမ်ထဲရိုက်စရာလဲ ပန်းကမရှိ… ရှိတဲ့ပန်းတွေချည်းပဲ လွှတ်ရိုက်နေပြန်ရင်လဲ… မြင်သူတွေက အကောင်းသေးသေးကွေးကွေးနဲ့ စိတ်ပြောင်းသွားပြီထင်မှ… ကိုယ်ကျိုးနဲနေပါ့မယ်ဆိုနေတုန်း… ဓာတ်ပုံလေးတစ်ပုံရိုက်ဖြစ်ဖို့ အကြောင်းတိုက်ဆိုင်လာသဗျ… ဒါနဲ့ပဲ အဲ့ပုံလေးရိုက်ဖြစ်တယ်ဆိုရမှာပေါ့ဗျာ… ဒီပုံလေးနဲ့လိုက်မယ့် အင်္ဂလိပ်သီချင်းလေးတစ်ပုဒ်ထဲက… အပိုင်းအစလေးတစ်ခုလဲ… ထပ်တူသတိရမိပြန်ရော… “I’m the one who took a walk on the moon And I made the seven wonders too There is nothin’ that I cannot do Cause I am human…..” ဆိုတဲ့သူက ကျွန်တော်လွှတ်ခိုက်တဲ့အဆိုတော်ကြီး Rod Stewart ရဲ့ သီချင်း… သီချင်းခေါင်းစဉ်က “Human” တဲ့… […]


              မက်ခရို ဆိုလို့ လွန်ခဲ့တဲ့ ၂ လ လောက် က ရိုက်ထားတာလေးတွေ တင်လိုက်ပါတယ် ခည။ း) တကယ်ကတော့ တျူးလစ်ပွဲ မှာ ရိုက်ထားတာတွေပဲ ခက်တာက တျူးလစ် ပုံတွေကျ တစ်ပုံမှ မ မက်ခရို ရှာဘူး ဆိုတော့ကာ….   မင်္ဂလာဘာ ပိတ်သတ်ကြီး။   စားကြပါဦးလို့   ဒီ သုံးပုံ က ဟိုဘက်ပို့စ် မှာ ဆြာဂီ ပြောထားသလိုပဲ aperture သုံးမျိုး နဲ့ ဆွဲထားတာ။     ဒါက အရမ်း ကြိုက်တဲ့ ပုံလေး။     […]


ムラカミJune 3, 20153min27917
ကနေ့နေ့လည်က စကားကောင်းကြတယ်… ဓါတ်ပုံနဲ့ ပါတ်သတ်လို့ပါ… မက်ခရိုတွေ ဆေးထိုးတာနဲ့ ပါတ်သတ်ပြီး မေးကြ တယ်ဆိုပါတော့… ကျနော်လည်း သည်ရက်ပိုင်း ဒါတွေချည်း လှိမ့် ရိုက်နေတာကိုး.. အဲ … တခုတော့ စကားခံပါရစေ မက်ခရိုက ကျနော် အနှစ်သက်ဆုံး အမျိုးအစားမဟုတ်ဘူး ဆိုတာပါပဲ… (ထသွားထလာ အရိုက်ဖြစ်ဆုံးမို့ အရိုက်များနေတာပါ)   ၁။ Macro ရိုက်မယ် ဆိုရာဝယ် အထူးသဖြင့်တော့ ရာသီစာလည်းဖြစ်နေတဲ့ ပန်းတွေပေါ့ဗျာ… ရိုက်တော့နှက်တော့မဟဲ့ ဆိုရင်ပေါ့။ စံပါယ်ပန်းဗျာ … စံပါယ်တရုံလုံးမှာ အသီးသီး ပွင့်နေတာကို ပြချင်တာလား … ဒါဆို ရှင်းပါတယ် ရိုးရိုး ဓါတ်ပုံရိုက်တဲ့နည်းနဲ့ ရိုက်ရုံပေါ့…။ အဲ .. တပွင့်သော်လည်းကောင်း တခက်သော်လည်းကောင်း ကွက်ပြီး ပြချင်တာမျိုး ဆိုရင်တော့ […]


“ညနေခင်းက နေမင်း ………….”(ဓါတ်ပုံပိုစ့်)   ကျယ်ခေါင်မြို့မှာ နေ့ခဲ့စဉ်က ညနေခင်းတိုင်းမှာ ကျနော်လမ်းလျောက်ဖြစ်ခဲ့ပါတယ်။   လမ်းလျှောက်တိုင်း လဲဓါတ်ဖမ်းဖြစ်ပါတယ်။   အဲတော့…………………………   ိကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 2-6-2015


ムラカミJune 2, 20153min24014
ဘာရယ်မဟုတ်… အိမ်က အပင်တွေ မပွင့်လို့သော်လည်းကောင်း အပြင်ထွက် မရိုက်ဖြစ်လို့သော်လည်းကောင်း… ဘုရားစင်ပေါ်တင်ထားလည်း အေးအေးမနေရရှာသော်လည်းကောင်းပေါ့ဗျာ                       ဂန္ဓမာ ပိစိပေါက်စလေးတွေပေါ့ဗျာ…   တော်သေးပြီ..


ムラカミJune 1, 20151min24810
အဖြူခံ ဟုတ်လား ..သဂျီး… အင်း .. အဖြူခံ ဆိုတော့လည်း အဖြူခံ ပေါ့ဗျား…       အကျင်္ီ အသစ်တထည်ထဲက ကတ်ထူပြားအထူတချပ်ယူပြီး ရိုက်ထားသဗျ… အစက ခူးပြီး တေဘယ်လ်တော့ပ် လုပ်ပစ်ဦးမလို့ပဲ … အချိန်မရလို့ဗျာ…   တော်သေးဘီ..


“ကျနော်ဓါတ်ဖမ်းသမား” (၄) (ကြုံရဆုံရ ဓါတ်ဖမ်းသမားဘဝ)   တကယ်တော့ ဓါတ်ဖမ်းသူတစ်ယောက်က ပေါင်းသင်းဆက်ဆံရေးနပ်ဘို့လိုပါတယ်။ ပြုံးပြတတ်ဘို့လိုပါတယ်။ အဲလိုမှမဟုတ်ဘဲ ခပ်တည်တည်ကြီးလုပ်ရင်တော့ အဆော်ခံထိဘို့များပါတယ်။ နောက် ကိုယ်ဓါတ်ပုံသွားရိုက်တဲ့အခါမှာ ကိုယ့် အနားပါတ်ဝန်းကျင်ကလူတွေရဲ့ အရိပ်အကဲအလုပ်အကိုင်ကိုလဲသိဘို့လိုပါတယ်။ တစ်ခါက ရန်ကုန်ကလာတဲ့ဓါတ်ဆရာက နေဝင်ချိန်လေးမှာဧရာဝတီမြစ်နံဘေးက ဖောင်တွေကိုရိုက်ချင်တယ်ဆိုတာနဲ့ ကျောက်သပိတ်ဘက်ကိုသွားကြပါတယ်။ အဲနားရောက်တော့ ပက်လက်ကုလားထိုင်ပေါ်ထိုင်နေတဲ့တစ်ယောက်က “ဆရာကြီးသွားမှာလား” လို့ လှမ်းမေးတဲ့အခါ ကျနော်ကပြုံးပြီး “ဟိုရက်ကမှ သွားထားတာ”လို့ခပ်တည်တည်နဲ့ ပြောလိုက်ပါတယ်။ ရန်ကုန်သားကတော့ ကျနော်တို့အထာကိုနားမလည်ပါဘူး။ ပြီးမှ “ဖောင်တွေ ကို ဓါတ်ပုံရိုက်မလို့ ဆိုင်ကယ်ခဏထားခဲ့မယ်နော်”လို့ ပြောပြီး အောက်ဖက်ကိုဆင်းခဲ့ကြပါတယ်။ အဲဒီကနေဖောင်ပေါ်ရောက်တော့ ဓါတ်ပုံတွေရိုက်ကြပါတယ်။ ကျနော်တို့ရိုက်နေတုန်းအသိတစ်ယောက်ကထပ်ရောက်လာပြီး ကျနော်တို့နဲ့အတူ ဝင်ပြီးဓါတ်ဖမ်းတဲ့အချိန် ဖောင်တစ်ခုပေါ်မှာ ဟော့နေအောင်ပြင်ဆင်ဖီးလိမ်းထားတဲ့ ကောင်မလေး တွေ လှေပေါ်တက်နေတာကို မြင်တော့သူကလှမ်းရိုက်လိုက်ပါတယ်။ အဲလိုလဲလှမ်းရိုက်ရော ဟိုဘက်ဖောင်က  လူတစ်ယောက်က “ဟေ့လူတွေ […]


ムラカミMay 30, 20152min1649
  ဟိုနေ့ကပဲ အန်တီအိ ပိုစ့် တွေ့တယ်.. မန့်ဖြစ်ရင်း ကနေ့မနက် မထင်မှတ်ဘဲ ယုဇနပန်း ရိုက်ဖြစ်တယ် ပြောရရင် အိမ်မှာ ယုဇနပန်း ရှိမှန်းမသိ.. အမေက ပွင့်တယ်ပြောမှ အပြေးသွားရိုက်ဖြစ်တာ…   အော်… ယုစ့် .. ယုစ့်…           မိုးဦးကျတော့ ပန်းတွေပဲ ဆက်ရိုက်ဖြစ်နေမယ် ထင်ပါရဲ့ဗျာ..   တော်သေးဘီ


“သူတို့ရဲ့ည”             သူတို့ဆီ က အလင်းများနဲ့ တောက်ပနေတဲ့ည တစ်ညကို   မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 30-5-2015


“ကျနော်ဓါတ်ဖမ်းသမား” (၂) (ဓါတ်ဖမ်းသူများ ဆုံကြခြင်း)   မန္တလေးရောက်တော့ ကိုစိန်သော့ နဲ့ ဆက်သွယ်ပါတော့တယ်။ သူနဲ့တစ်ရက်ဆုံပြီး လက်ဖက်ရည်ဆိုင်ထိုင်ကြ စကားတွေပြောဖြစ်ကြပါတယ်။ သိပ်မကြာခင် ၂၀၁၁ ကုန်ခါနီးမှာ Mလုလင် က မန်းလေးကိုလာမယ်လို့ဖုန်းဆက်လာပါတယ်။ သူကလဲ ကိုစိန်သော့နဲ့တွေ့ချင်နေပါတယ်။ နောက်မန်းလေးမှာ ဓါတ်ဆရာ ရွှေမင်းသား လဲရှိနေပါတယ်။ သူတကယ်လာတဲ့ရက်မှာတော့ ကိုစိန်သော့ ရွှေမင်းသား ကျနော် နဲ့ Mလုလင် တို့ဆုံပြီး တောင်သမန်းအင်းမှာ ကွန်ပစ်တာကို ရိုက်ကြပါတယ်။ အဲ့အချိန်က လှေသမားကို ငါးထောင်လောက်ပေးလိုက်ရင် ကွန်ပစ်တဲ့ပုံ စိတ်တိုင်းကျ မရခြင်းကွန်ပစ်ပေးပါတယ်။ အခုတော့ စားဝတ်နေရေးကျပ်တည်း တာရယ် ကွန်သမားတွေကလဲ စာတတ်ကုန်တော့ ကျပ်သောင်းဂဏန်းပေးမှကွန်ကိုကောင်းကောင်းပစ်ပေးပါတော့တယ်။ ပထမဆုံးအကြိမ်ကွန်ပစ်တာကိုရိုက်တော့ သူတို့မှာတော့ပုံကောင်းတွေရ ကျနော်မှာတော့ တစ်ဝက်တစ်ပိုင်းပုံတွေဘဲရ။ အဲတော့မှာ ကျနော်ကို ကိုစိန်သော့က ဒီလိုပုံမျိုးရိုက်မယ်ဆိုရင် ကွန်းတိန်းညူးရပ်(ဆက်တိုက်ရိုက်တာ)ဖန်ရှင်းမှာထားရိုက်ရတယ်ဆိုပြီးသင်ပေးမှ […]


ムラカミMay 29, 20152min23912
            ရိုက်မိရိုက်ရာပါဗျာ ရိုးမတခွင် ပြဲပြဲစင်တုန်းက..   မိုးတွင်းဝင်တော့မှာမို့ .. ဆန်းဆက်တွေလည်း မလှတော့ပါဘူး ပိန်းပိတ်နေပြီ… အကောင်ရှည်ကလည်း ကြောက်ရသေးသကိုး ..။ ဒင်းတို့က နေပူမိုးရွာဆို သိတော်မူတဲ့အတိုင်း ရသလောက်ပေါ့ စက်လှေပတ်စီးရင်း နဲ့..။         ဒါကနောက်တနေ့ပါ.. လမ်းမကြီးဘေးမယ်… ဘာရယ်မဟုတ် သရက်ပင်အောက် ဖျာထိုင်ယက်နေတာ တွေ့တာနဲ့ပဲ ဝင်ရိုက်ဖြစ်တယ်။ ကျန်တဲ့ပုံတွေတော့ မဖြတ်ရသေး… သည်ပုံအရင် တင်လိုက်ပါတယ်။   အဲ့သည့်ကကျော်လို့ အသီးဆိုင်ဘက် ဆက်လျောက်တော့လည်း ရိုက်ဖြစ်ပြန်တယ်.. ဘာကြောင့်မှန်းမသိ abstract ဘက်ကို စိတ်ဝင်စားနေတုန်းမို့ .. abstract ဆန်ဆန်ပဲ ရိုက်လိုက်ပါတယ်။       နောက်တနေ့ကျတော့လည်း ထုံးစံအတိုင်းပါပဲ။ တနေ့တနေ့ နေလုံးမမြင်ရတဲ့ တိမ်တွေ မြူတွေကြား […]