ဒီနှစ်ဒီဇင်ဘာမှာ မန်းလေးကငယ်သူငယ်ချင်းတွေအတင်းခေါ်လို့ မန်းလေးကအလယ်တန်းကျောင်းဆရာဟောင်းကြီးများ ကန်တော့ပွဲကိုသွားဖြစ်ခဲ့ပါတယ်… ၅တန်း၊ ၆တန်း လောက်ကတည်းက အတူကျောင်းတက်ခဲ့ကြတဲ့ နှစ်ပေါင်း၄ဝကျော် မတွေ့ဖြစ်ကြတဲ့ ငယ်သူငယ်ချင်းများကို တွေ့ချင်တာလည်းပါပါတယ်။ ူငယ်ချင်းတွေပြန်တွေ့ကြတော့လည်း တစ်ယောက်ကိုတစ်ယောက် မနည်းကြည့်ပြီး ငယ်ရုပ်ဖမ်းယူရတယ်…ရီလည်းရီရပါရဲ့… ဒီကာတွန်းလေးထဲကအတိုင်းပေါ့   ယောက်ကျားလေးတွေကလည်းလူစုမိတာနဲ့ သောက်ထားကြပြီ…မိန်ကလေးတော်တော်များများကဝတုတ်တွေ…ခိခိ သူငယ်ချင်းတွေနဲ့စစ်ကိုင်းတောင်က ဆွမ်းဦးပုညရှင်၊ ကောင်းမှုတော်တို့လျောက်လည်ပြီး ကြုံရာဆိုင်မှာစားကြသောက်ကြပေါ့.. အပြန်ကျ ထုံးစံအတိုင်း ဦးပိန်ရောက်……ဦးပိန်မှာလည်းပိတ်ရက်မို့ လူအပြည့်…ဒါကြောင့်တံတားပေါ်တောင်မတက်ဖြစ်ပဲ လှေပဲပါတ်စီးပြီးဓါတ်သေရိုက်ခဲ့တယ်…တံတားတိုင်တွေအခြေအနေအတော်ဆိုးနေပြီဗျာ…..         နောက်နေ့မနက်ပိုင်းတော့ ကျောင်းတော်ကြီးမှာဆရာကန်တော့ပွဲပေါ့…ကျုပ်တို့နေခဲ့တုန်းကတော့ တပ်တွင်းတွဲဖက်အလကပေါ့ ခုတော့ အထကကျောင်းကြီးဖြစ်နေပါပြီ….ကျုပ်ဆိုတဲ့ကောင်ကလည်းတလွဲ..အောက်ပုံမှာပါတဲ့ဆရာတွေကြိုတဲ့အပေါက်ကဝင်ချသွားတာ အကန်တော့ခံလာတဲ့ဆရာမှတ်ပြီး ရင်ဘတ်တံဆိတ်အတင်းတတ်ပေးကြသဗျ…ကျုပ်လည်းအဲ့တံဆိတ်ကြီးနဲ့လျောက်သွားနေတာပေါ့ သူငယ်ချင်းတွေနဲ့တွေ့မှ အဖြစ်မှန်သိပြီးရီလိုက်ကြရတာ….. တံဆိတ်ဝိုင်းကမန်းကတန်းဖြုတ်ပစ်ရတယ်…မဟုတ်ရင်စင်ပေါ်ကြွပါလုပ်နေမှ အခက်… ငယ်ဆရာတစ်ယောက်က ဆို ကျုပ်ကိုခွေးမသား..ခုထိသောက်တလွဲလုပ်တုန်းဆိုပြီးပြုံးပြုံးကြီးပြောတော့ သူငယ်ချင်းတွေပွဲကျသွားပြန်ရော….         […]


KyaemonJanuary 2, 20167min2606
ဟပ္ပီးနယူးရာ ၂၀၁၆–၂  နှစ်သစ်ကြိုပွဲကို နယူးရောက်မြို့မှာ နှစ်စဉ် နှစ်တိုင်း စည်ကားသိုက်မြိုက်စွာကျင်းပကြတယ်၊ လူပေါင်းသန်းချီပြီးကမ်ဘာအရပ်ရပ်ကလာပြီး ချိန့်ချိန့်သဲ ဆင်နွဲတြ တယ်   လက်ရွေးစဉ်ဓာတ်ပုံတွေကိုရှူစားနိုင်ရန်ရှာဖွေ တင်ဆက်လိုက်တယ်၊   ——– နှစ်ဟောင်းမှသည်နှစ်သစ်အကူး၊ သန်ကောင် ၁၂ နာရီထိုးဘို့စက္ကန့် ပိုင်း ကိုချိန်ကိုက်ပြီး တဖြေးဖြေးကျဆင်းလာ တဲ့ Big Apple ပန်းသီး စက်လုံး ကိုလိုက် ကာ၊ လူတွေကနှစ်သစ်ကူးတာကို စက္ကန့်ပိုင်း အတိအကျနဲ့ဝမ်းပန်းတသာ တကူးတကန့် ကြိုကြ ပျော်ကြတယ်၊     ခွေးကလေးကို သားရတနာ၊သမီးရတနာ လိုယုယပိုက်ထွေးပြီး၊ ပန်းသီးလုံး ကျဆင်း နေတာကိုတအံ့တဩ တမျှော်မျှော်နဲ့လာ ကြည့်တယ် ——   နံမယ်ကျော် တေးသံရှင် Carrie Underwood ကာရီ အန်ဒါဝုဒ် ——- […]


KyaemonJanuary 2, 20169min1985
ဂေဇက်ကရွာသူရွာသားအပေါင်း ၂၀၁၆ နှစ်သစ်ကူးမှာ ကျန်းမာရွှင်လန်းပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ် – ရွှေတိဂုံဘုရားနားကန်တော်ကြီး က နှစ်သစ်ကြိုမီးရှူးမီးပန်းအလှ ————-   ————— စင်္ကာပူ Marina Bay မရင်းနားဘေး ကမီးရှူးမီးပန်းအလှ —————- Hong Kong ဟောင်ကောင် Victoria ဝိတိုရီးယား ကမ်းနားကအလားတူ ———— တောင်အမေရိက Uruguay ဥရူဂွေးနိုင်ငံရဲ့ နှစ်သစ်ကူးမှာ သင်္ကြန်လိုအပေါ်ထပ်ကနေရေလောင်းချ သန့်စင်ပေးတဲ့အပြင် စက္ကူစုတ်အစအနတွေကိုလဲရွာသွန်ချ ————— Hungary ဟန်ဂါရီနိုင်ငံ Budapest ဘူဒီပက် မြို့လယ်မှာ တခမ်းတနား မီးထွန်း ————- စီးပွါးရေး မပြေလည်တဲ့ ဥရောပကGreece ဂရစ်နိုင်ငံ  Parthenon ဘူရားကျောင်း ရှူခင်း   ——— အိန္ဒ္ဒိယNew Delhi နယူးဒေလီ မြို့လယ်မှာ လမ်းတလျှောက် […]


မြစပဲရိုးDecember 17, 20152min42419
ဟိုး အရင် Miss Universe ပွဲ တွေ တုန်းက တစ်ခြားနိုင်ငံ က ပြိုင်ပွဲဝင် တွေ ကို ပိုကြိုက်ခဲ့ပါတယ်။ ဒီ တစ်ခါ တော့ ကိုယ့် မြန်မာမိန်းကလေး က အားလုံးထဲ မှာ ဆွဲဆောင်မှု အရှိဆုံး လို့ ထင်တာဘဲ။ လဲ သွားတာတောင်မှ ပုံမပျက် ထိန်းသွားတာ လေးက ပိုပြီးတောင် ဆွဲဆောင်မှု ရှိ တာ တွေ့ရတယ်။ သူတို့ သတင်းရဲ့ ခေါင်းစဉ် မှာ “Can’t keep Miss Universe Myanmar down” တဲ့။ Well Done. အမျိုးသားဝတ်စုံ ပြိုင်ရာမှာလည်း အများ အမြင် ထူးဆန်းလွန်းလို့ “The weird […]


ဇီဇီDecember 4, 20152min33912
ပန်းကောင်း တစ်ပွင့် – Rose   ဘား မှ မဟု ပါဘု။ ပို့(စ) သာတင်ချင်တာ ဘားမှ ရေးပြီးသားမရှိတာနဲ့ လက်ထဲရှိတဲ့ နှင်းဆီ လက်ကျန်ပုံတွေ လာတင်တာပါ။ အသက်ကြီးလို့ (အဟွတ်၊ အခုကလည်း ငယ်တော့တာမဟုတ် :mrgreenn:) ပိုင်ဆိုင်ချင်တဲ့ အထဲ နှင်းဆီခြံ နဲ့ ဥယျာဉ်မှူးချောချောလေး (ဟယ် နာ ဘာဒွေပြောနေဒါဘာလိမ့် :mrgreenn:) ပါပါတယ်။ ခက်တာကလည်း ကိုယ့်လက်နဲ့ထိတဲ့ ပန်း (အဲလေ) အပင်တွေက သေလေ့ရှိတော့ ဓာတ်ပုံလေးတွေစုဆောင်းရင်းပဲ စိတ်ဖြေရတော့တာပေါ့လေ။ အဟေ့ဟေ့။