မွန်လေးတို့ နိုင်ငံမှာ မြေပြင်ရဲ ့အလှအပကို အပေါ်စီးကနေ ခံစားချင်တယ်ဆိုရင် ပုဂံတို့၊ အင်းလေးတို့၊ မန္တလေးတို့ နဲ့ငပလီတို့မှာမိုးပျံပူဖောင်း စီးလို့ရပါတယ်။ မိုးပျံပူဖောင်းစီးလိုက်ရင်ဖြင့် မြင်သမျှမြင်ကွင်းတွေက အသဲတယားယားနဲ့ ရင်အေးဖို့ကောင်းတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးကို အပေါ်စီးကနေ အကုန်ကြည့်လို့ရတယ်။ ပုဂံမှာဆို နေထွက်ချိန်ကိုစီးရင်သိပ်လှတာပဲတဲ့။ ဈေးက မြောက်တော့ တစ်ခါမှတော့ မစီးဖူးသေးပါ။ အဲ့တာနဲ့ လာအိုမှာ ပူဖောင်းစီးတာတွေ ရှိတယ် ကြားတော့ မွန်လေးတို့သယ်ရင်းတွေ လာအိုကိုသွားပြီး ပူဖောင်းစီးခဲ့တာလေးကို ပြန်ရှယ်ပေးချင်ပါတယ်။ လာအိုမှာပူဖောင်းစီးမယ်ဆို Vang Vieng လို့ခေါ်တဲ့မြို့လေးကိုသွားရပါမယ်။ အဲ့မှာ ပူဖောင်းစီးမယ်ဆို တိုးတွေမှအားကြီးပဲ။ ကိုယ်အဆင်ပြေရာတိုးကိုသွားပြီးပိုက်ဆံရှင်းပြီး ဝယ်ရုံပဲ။ သူတို့က မနက်ဘက်ရယ် ညနေရယ် စီးလို့ရတယ်။ တစ်ခါစီး ဒေါ်လာ ၈ရတဲ့။ မွန်လေးတုို့စီးတုန်းကတော့ မနက်ဘက်မှာ မိုးရွာသလိုလိုဖြစ်နေတာနဲ့ ညနေဘက်ပဲစီးခဲ့တယ်။ ကားကဟိုတယ်ကိုလာခေါ် ပေးတယ်။ […]