Computer မေတ္တာပွားနည်း

etoneMay 12, 20101min624

ဘယ်သူရေးတာလည်းတော့မသိဘူး သူငယ်ချင်းတယောက်ပို့တဲ့စာမှာပါလာလို့ ရယ်ရတာနဲ့  upload လုပ်လိုက်တယ်။

Computer မေတ္တာပွားနည်း

ဒို့ပြည်မြန်မာ အိမ်တကာ ကွန်ပျူတာ ရှိပါစေ……

မရှိသူများ ဆိုင်မှာသွား တော်ကီ (talking) ပွားနိူင်စေ…။

ပီစီ (PC) တစ်လုံး ကိုယ်စီသုံး ရွှင်ပြုံးကြပါစေ….

ပီစီ (PC) ၏ ရန် ဗိုင်းရပ်(စ်)ဒါဏ် တွန်းလှန်နိူင်ပါစေ…..။*

“ အွန်လိုင်း” တက်လာ များသူငါ “ကြူ” နိုင်ကြပါစေ…..*

*
“ ကြူ သူ”တိုင်းဟာ အမြဲသာ ရင်ထဲရှိပါစေ။

“chatting” ထိုင်စဉ် ပြုံးပျော်ရွှင် အဆင်ပြေပါစေ….

“ချက်ချိန်”တိုင်းတွင် အမြဲပင် “ကွန်နက်ရှင်” (connection) ကောင်းပါစေ။*

*“ ဘလော့ဂ် ” ရောက်လာမိတ်သဟာ ကျန်းမာကြပါစေ…

စပ်မိစပ်ရာ ဗလချာ ….ရေးနိူင်ကြပါစေ….။

“ ဘလော့ဂ်ဂါ ”အချင်းချင်း ရန်စောင်ခြင်း လွတ်ကင်းကြပါစေ…..

“ ချိန်း၊ချက် ” ရန်ရှာ၊ ပြဿနာ…ရှောင်နိူင်ကြပါစေ…။*

*ခြိမ်းခြောက်လိုချင်း အချင်းချင်း ကင်းရှင်းကြပါစေ….

ကိုယ့်ထက်သာသူ…ကိုယ့်အောက်လူ ကူညီနိူုင်ပါစေ…။*

*ဒို့ မေတ္တာစွမ်း နှစ်ခါနမ်း… (အာ…ရောကုန်ပီ sorry) ကမာ္ဘလွှမ်း
အေးချမ်းကြပါစေ….။

မေတ္တာရေချမ်းကိုယ်စီဖြန်း….. အရမ်းလန်းပါစေ…။

4 comments

  • Thaw Zin Loikaw

    May 12, 2010 at 12:26 pm

    မေတ္တာပွားနည်းလေးက ဖတ်လို့လည်းကောင်း ကြိုက်လည်းကြိုက်မိပါရဲ့
    ဒါပေမယ့် မြန်မာတစ်နိုင်ငံလုံး အိမ်တိုင်းမှာ ကွန်ပျူတာကိုယ်စီရှိဖို့ကတော့
    လွယ်ဦးမယ်မထင်ဘူးဗျ…။

  • Gong Zhu

    September 14, 2010 at 11:03 pm

    ဟားဟားဟား . . . မိုက်လှချည်လားဟ ။ ပေးတဲ့ဆုနဲ့ပြည့်ပါစေ 🙂

Leave a Reply