ခင္ခAugust 7, 20141min4408
” အပြုံးလေးသာ ထပ်ကာကွန့်စို့ “   ပိတုန်းရောင်ကေသာအလှ ဘေးအသာချလို့ မြန်မာဆန်ကာဝတ်ဆင်စွာနဲ့ ဆွဲခြင်းလေးနဲ့သူလှမ်းတယ် မြင်သူကြည့်ရကျက်သရေဗျ အိန္ဒြေအလှနဲ့ တင့်လို့တယ်၊   ဆံကေသာရောင်စုံချယ် နုပျိုအကြွ လှသွေးကြွယ် စကပ်တိုဘောင်းဘီတိုနဲ့ ဖြူဝင်းလှပေါင်တံနှစ်သွယ် မြင်သူငေးကြသူ့အလှဝယ် ပေါ့ပါးသွက်လက် သဘောကျဖွယ်၊   အမြင်ကွဲကြ လှဟန်များကို ကြည့်မိခံစား အငြင်းပွားလို့ မြန်မာဆန်မှ လှသည့်ထင်သူ ခေတ်ဆန်အလှ လက်ခံကြသူ တကယ်ဆန်းစစ် တွေးမိလိုက်တော့ လူတိုင်းကိုယ်စီ အလှရှိသပေါ့။   တစ်ချို့ကလည်း ဆိုကြမြဲကွယ် ရုပ်လှဖို့ထက် စိတ်လှဖို့လို မြင်ကွင်းတွေ့ရ ရုပ်ပါဘဲမို့ အပြုံးလေးသာ ထပ်ကာကွန့်စို့ ဘာဘဲဝတ်ဝတ် လှတယ်ဗျို့။   ခင်ခ။


ဇီဇီAugust 7, 201410min184583
 အပိုင်း (၁)  https://myanmargazette.net/201746 အပိုင်း (၂)   https://myanmargazette.net/201827           အပိုင်း (၃) ကို စ ကြစို့ရဲ့။ ဆာဆာရေ။ ရွာထဲမှာလေ ကျနော်ရောက်စလောက်မှာပဲ ရွာထဲကို အလာကျဲသွားတဲ့ ဆြာတစ်ယောက် ရှိဖူးရဲ့။ အဝင် အထွက်လိုပဲ ဆိုတော့ အဲ့ဒီ ဆရာ ရေးတဲ့ ပို့(စ) တွေကို တိတ်တိတ်လေးပဲ ဖတ်ခဲ့ဖူးတယ်။ ကိုယ် က အဲလို အလေးအနက်တွေ စဉ်းစားရတာတွေ အားနည်းတဲ့သူမို့ မမန့်ရဲ ခဲ့တဲ့ စာရေးသူတစ်ယောက်ပါဗျာ။။ သူ့ကို ပြန်လာစေချင်ပါတယ်။ လောဘကြီးတယ်ပဲ ဆိုဆို။ ဂဇက် အတွက်ပါ။ ကိုသစ်မင်း မဟုတ်လား ဇီဇီရေ။ ကျနော်သူ့ကို ဆရာသစ်လို့ပဲလေးလေးစားစား ခေါ်ခဲ့ဖူးတယ်ဗျ ။ […]


ကျနော့်တွင် အနီရောင် ပုဆိုးတစ်ကွင်း ရှိသည်။ ထိုပုဆိုးမှာ ကရင်ပုဆိုး ဖြစ်ခြင်းကြောင့် ကန့်လန့်ဖြတ် လိုင်းများ၏ အလယ်တွင် အနီရောင် လိုင်းကြီး ပါရှိသည်။ ပုဆိုး၏ အနံမှာ တိုပါသည်။ ပုဆိုးဟု ဆိုလျင် ခပ်တိုတိုသာ ဝတ်တတ်သော ကျနော်နှင့် ကွက်တိပင် ဖြစ်နေပါတော့သည်။ ကျနော်သည် ထိုပုဆိုးကို အလွန် နှစ်သက်ပါသည်။ သို့ရာတွင် ထူထဲခြင်း မရှိဘဲ ပုဆိုးပါး တစ်ခုသာ ဖြစ်သောကြောင့် နေရောင် တောက်ပသော နေ့ခင်းအခါများတွင် လူကြားသူကြား ဝတ်မသွားရဲပါ။ ထို့ကြောင့် အိမ်နေရင်းသာ ဝတ်ဆင်ပါသည်။ တစ်ခါတစ်ရံ မိုးကလေး အုံ့တုံ့တုံ့ ရှိပြီး ကျနော်ကိုယ်တိုင်လည်း အတန်ငယ် စိတ်ရူးပေါက်နေသည့် အချိန်များတွင်မူ ဟိုနားဒီနား သွားလာသည့်အခါ ဝတ်ဆင် တတ်ပါသည်။ သို့ရာတွင် ပုဆိုးမှာ […]


alinsettAugust 7, 20141min58117
    ဟိုဟိုဒီဒီ…လျှောက်သွားတတ်သူ… ဟိုဟိုဒီဒီရောက်သွားတိုင်း… တွေ ့ရသမျှကို…ဟိုဟိုဒီဒီ…လျှောက်တွေးမိတဲ့သူ.… ။ တွေးမိသမျှကို.. ဟိုလိုလိုဒီလိုလိုနဲ ့…ချ ချရေးပြီး… ဟိုလူဒီလူတွေ… ကိုယ်ရေးထားတာကိုဖတ်ပြီးဘာများပြောကြလေမလဲ..လို ့… သိချင်လာပြန်သူ..… ။ ဒါနဲ ့ပဲ… အခုလိုဟိုဟိုဒီဒီအတွေးတစ်စ… ရေးပြမိပြန်တယ်…ဆိုပါတော့… ။ ……………………………………………………………………………………………………………… ကျွန်တော့်အမြင်တွေပဲ…စောင်းနေလေသလား… ။ ဒါမှမဟုတ်… သူတို ့ သူတို ့…အမြင်တွေကပဲ…စောင်းနေလေသလား.. ။ သေချာတာတော့… ကျွန်တော်က. . . သူတို ့သူတို ့…အများစုရဲ ့ အမြင်ကို… မှားတယ်..လို ့ ပြောရမှာတော့… ခပ်လန့်လန့်ရယ်… ။ အများညီလို. ..”ဤ”ကို”ကျွဲ”လို ့ သံပြိုင်အော်ဟစ်နေကြပြီပဲ… ။ (ဒါမှမဟုတ်… ကျွန်တော်ကများ… ကျွဲကို…ဤ ထင်နေတာလား… ။ အမှန်တရားတော့…ရှိလိမ့်မယ်…) […]


alinsettAugust 6, 20144min54014
ကျနော်တို ့… လူငယ်စာချစ်သူတော်တော်များများရဲ ့ ရင်ထဲထိ..ရောက်အောင် ပို ့နိုင်တဲ ့… စကားလုံးများ ဖန်တီးသူ…   ဆရာတာရာမင်းဝေ (သို ့မဟုတ်)  ရွှေဘုန်းလူ…. ကျနော်တို ့ကို..ခွဲခွဲထားခဲ့တာ… လွန်ခဲ့တဲ့…  2007 ခုနှစ်ရဲ  .August ……မိုးဖွဲတွေနဲ ့..နေ့ရက်ကလေး..တစ်ရက်…. 5 . 8 .2007 . တနင်္ဂနွေ / နေ့လည် 12 း 40 …. ကတည်းက…. ဒါပေမယ့်…  အခုထိ…ကျနော်တို ့သူ့ကို မေ့လို ့မရသေးဘူး.. ။ သူ ့..အနုပညာတွေက… ကြယ်တစ်စင်းလိုပဲ… ကျနော်တို ့ချစ်တဲ ့..စာပေကောင်းကင်မှာ.. လင်းလက်တောက်ပနေဆဲ.. ကျနော်တို ့… အဲဒီ ကြယ်စင်အလင်းတန်းတွေကို.. ဖမ်းဆုပ်ကြည့်ပြီး… ရင်ထဲ..နင့်နင့်နဲနဲ… […]


အာဂAugust 6, 20141min40610
-ဘယ်တော့မှ နှင်းမကျတဲ့ -မြို့လေးထဲ …… -ကိုယ့်အလွမ်းဆွေးတွေ -ကြွေကျနေပုံများ တစ်ဖွေးဖွေးနဲ့…။ -အဝေးဆိုတဲ့ အကွာအဝေးက -သတိရမှုကို ကြိုးနဲ့သီဆွဲထားသလိုပဲ…။ -ကောင်မလေးရေ… -ဧရာဝတီ မြစ်ရေဟာ.. -ဘယ်နေရာရောက်ရောက် ပြောင်းပြန်မစီးဆင်း သလိုပေါ့..။ -ငါ့ရဲ့ အဝေး မြို့လေးမှာဖွက်ထားတဲ့ -မင်း ရဲ့ နှလုံးသားပေါ်မှာလည်း -ငါ ဘယ်တော့မှ ပြောင်းပြန်မစီးဆင်းဘူး..။ -တကယ်တော့ -သတိရတယ်ဆိုတာ ထမ်းထားရသူသာ -လေးလံကြောင်းသိတဲ့အရာပါ..။ -ငါ့လိုပဲ မင်း ရဲ့ရင်ထဲသတိရခြင်းတွေ -လေလံနေရင်… -ရန်ကုန်မှာ နှင်းတွေကျသလိုပေါ့…ငါ အရမ်းပျော်မိ..တယ်။


johnnydeerAugust 6, 20141min3827
  မှတ်မိပါသေးတယ်……. 2010 မတိုင်ခင်တုန်းကဆို ဟိုတယ်တွေ… တည်းခိုခန်းတွေဆို…ဟိုက လာနှိပ်စက်လိုက်…ဒီက လာနှိပ်စက်လိုက်နဲ့…ရန်သူမျိုး ငါးပါးထဲက …ဟို.. တစ်ပါးဒဏ် တော်တော် ခံလိုက်ရတာကိုး… အလှုငွေ ဘယ်လောက်အနည်းဆုံးထည့်ပါရန် ဆိုသည့်နည်းကတစ်မျိုး…. ဖုန်းဖြင့် အခန်းပေးပါဦးဆိုသည့်နည်းက တစ်ဖုံ…. ဘာပွဲရှိလို့ အခန်းယူသည်ဖြစ်စေ…မယူသည်ဖြစ်စေ…မဖြစ်မနေ ချန်ထားပေးပါရန် ဆိုပြီး စာထုတ်လို့ က တဖုံ…. နည်းပေါင်းစုံ နဲ့ အနှိပ်စက်ခံ ခဲ့ရတာပေါ့… ဟိုဟာ သည်းခံ…ဒီဟာ သည်းခံ နဲ့…ဘုရားဟောခဲ့တဲ့ ခန္တီစ သည်းခံခြင်းဆိုတဲ့ တရားကိုလဲ တော်တော့ကို  နက်နက်ရှိုင်းရှိုင်း နားလည်ခဲ့ရပါတယ်… ဘာမဟုတ်တဲ့ …ကိုယ့်ပုဆိုး ကိုတောင် မနိုင်တဲ့သူက မူးထောင်ပြီး …ငါ့ကို ဘာမှတ်နေလဲ…မင်းတို့ ဟိုတယ် သတိထား…ဧည့်စာရင်း လာစစ်ပစ်လိုက်မယ် ဆိုပြီး ခြိမ်းခြောက်သွားတာတွေလဲ ခံခဲ့ရပါရဲ့….(ဧည့်စာရင်း စစ်လို့ ဧည့်စာရင်း […]


ခင္ခAugust 6, 20141min53519
” ဝဋ်လည်တယ်လို့ ဆိုချင်ဆို “   အညာထန်းပေါ ထန်းတောထဲဝယ် ကြီးပြင်းလာခဲ့ ကလေးငယ် ညနေဆို သောက်သူအုံလို့ လက်မလည်အောင်ရောင်းရရှာတော့ သူတို့ခဗျာ ပျော်ကြတာပေါ့ တစ်နေ့သောအခါ ထမ်းအိုးတစ်ခုမှ ကျန်သည့်ထန်းရေ သောက်မိလေရော အဖေဖြစ်သူ စိတ်တွေဆိုးလို့ ထိုးလိုက်တဲ့လက်သီး ဖင်ထိုင်ကာလဲပြီး ချာလည်ကာ အမူးတွေပျောက် ထွက်လာခဲ့ ဒီထန်းတောညို ကြာခဲ့ပ ထိုချိန်ရယ် မီးမှိန်မှိန် ဒေါင့်ကျစားပွဲ ကဇော်ရေ သောက်ကာလဲ အဖေသိရင် သတ်မလားဘဲ။   ခင်ခ။     စာကြွင်းးးးးးးးးးးးးးးး ငယ်ငယ်ကဆိုခဲ့ဘူးတဲ့ ဒီကဗျာလေးကို သတိပြီးရွတ်မိတဲ့ ခဏခံစားကြည့်တာလေ။ “နွေဦးကာလ မြူထသောခါ ယင်းထောင်ယင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ ထန်းပွင့်ထန်းခိုင်ရွှန်းရွှန်းမြိုင် ကလိုင်သာလွယ်၍ တက်သည်နှင့်လေး”  


ခင္ခAugust 6, 20141min55614
” ချမ်း အေး ပူ အိုက် “   ကျုပ်နေတဲ့ မန္တလေးကို နန်းတော်ရှေ့ဆရာတင်က သီချင်းထဲမှာတောင် ဒီလိုရေးစပ်သွားတယ် မန္တလေး ကျွန်တော်တို့ ရွှေမန္တလေး ချမ်း အေး ပူ အိုက် အောက်သူတွေလိုက်ခဲ့ရမယ် မောင်တင်မဆို ရန်ကုန်မှာမပြတ် နေခြင်းပါတယ် နတ်ပြည်ကြီးလို ထင်ရပေမယ့် သို့ပေမယ့် ကိုယ့်မြို့ကိုယ်တော့ လွမ်းသေးတယ် …………..တဲ့။ မြန်မာပြည်တွင်ရာသီဥတု သုံးမျိုးရှိပါသည် တစ် နွေဥတု နှစ် မိုးဥတု သုံး ဆောင်းဥတုတို့ ဖြစ်ကြပါသည်….. ဆိုပြီး ငယ်ငယ်တုန်းက အော်ပြီး စာကျက်ခဲ့ကြရပါတယ်၊ ရန်ကုန်မှာနေတုန်းကတော့ အဲဒီလို စာထဲ ရာသီဥတု သုံးမျိုး ရှိပါသည်လို့ အော်ကျက်ခဲ့ပေမယ့် ရန်ကုန်မိုး ဘယ်အညှိုးနဲ့ရွာ မစဲတော့သလို စာဆိုနဲ့အညီ မိုးဥတု တစ်မျိုးဘဲ […]


မြန်တျန့်ပြည် သမဒ ဦးသိန်းဂိန်ဟာ ၁၉၈၈ စစ်အုပ်ချုပ်ရေးကာလအတွင်း ဒီမိုကရေစီအရေး အုံကြွလှုပ်ရှား တောင်းဆိုသူများကို ရက်ရက်စက်စက် နှိပ်နှင်းရာမှာ ပါခဲ့တယ်လို့ လန်ဒန်အခြေစိုက် ယူကေဘားမား ကမ်ပိန်းအဖွဲ့ကြီးမှ ဝီကီလိခ် သတင်းပေါက်ကြားမှုကို အခြေခံ စွပ်စွဲထားပြီး ဘယ်အခန်းကဏ္ဍမှာ ပါဝင်ကပြ အသုံးတော်ခံ ခဲ့သလဲဆိုတာ ပွင့်ပွင့်လင်းလင်း ပြည်သူကို တင်ပြဖို့ တောင်းဆိုထားတယ်ဗျ။ ဒီတော့ ပြုပြင်ပြောင်းလဲရေး ကြွေးကြော်သံနဲ့ မဲလိမ်မဲခိုး တက်လာတဲ့ ကြောက်ဖွတ်ပါတီ အုတ်ကထ ဦးသိန်းဂိန် ဘာကောင်လဲ ဂေဇက်ရွာသူားများနဲ့ ပါးပါးလေး ဆွေးနွေးချဉ်သဗျ။ ဒင်းတက်လာခါစကတော့ အခုဝံကျီးဖြစ်သွားတဲ့ မောင်ရဲထွက်တို့ ဝါဒဖြန့်တာမှာ သမဒဂျီး အရေးအခင်း ကာလက ကလေးမြို့မှာ တပ်ရင်းမှူး တာဝန်ယူခဲ့တယ်။ တောခိုဖို့ ထွက်ပြေးလာသူ ကျောင်းသား အချို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး အိမ်ပြန်ပို့ပေးခဲ့တယ်…ဘာညာ […]


“ဇေယျာကမ်း လွမ်း စရာ “         တစ်ခု သော ညေ န ခင်း လေးမှာ ရွှေကြက်ကျ ဆိပ်ကမ်းပေါ်ကို ကျနော် အရောက်   ခဏလေး အတွင်းမှာပြောင်းလဲ သွားတဲ့ သဘာဝ အလှ တရား ကို ဖမ်း ယူဖြစ် ခဲ့ တဲ့ ပုံလေးတွေပါဘဲ။   စိတ်ချင်း ထပ် တူ ကျရင်တော့ နှစ်သက်ကြမယ် ထင်ပါတယ်   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 6-8-2014