koyinAugust 31, 20111min23110
အဖေ (တိတ်တဆိတ် တမ်းတမိသော) အဖေ… ကျနော့်ဘဝ နွေထဲမှာ…။ ပြန်မလာနိုင်တော့တဲ့ ခရီး အဖေတစ်ယောက်တည်း စီးနင်းလို့ထွက်ခွာ ကျနော်တို့ မိသားစုမှာတော့ ရွှေတောင်ကြီး ပြိုလဲ သွားသလိုမျိုး ဟိုတုန်းက ဆိုးခဲ့ဖူးတဲ့ ကျနော် ညီမတွေကို အော်ငေါက် ဆေးလိပ်သောက် အရက်ကြိုက် ဖဲမရိုက်တတ်တာက လွဲရင် မိသားစု ငြိုငြင်အောင် မိုက်ခဲ့တာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးတစ်ခု အဖေ စနစ်တကျ ပြုစုပျိုးထောင် ကျနော့်ကြောင့် မိုးမှောင်တွေ ကျခဲ့ဖူးတယ် မရှိမဲ့ ရှိမဲ့ အဖေ့အိပ်ကပ်ထဲက ပိုက်ဆံ ကျနော်တို့ ဆိုင်ထိုင်တော့ နည်းလိုက်တာ….။ မိသားစုအတွက် အဖေရှာသမျှ ကျနော့်အတွက် မလောက်မငှဖြစ်ခဲ့ ညီမနှစ်ယောက်ရဲ့ ရှေ့ရေး ကျနော် တစ်ခါမှ ထည့်မတွေးခဲ့ဘူး အဖေ…။ အိမ်မှာ ဖြစ်ချင်တာ ဖြစ် […]


koyinAugust 30, 20115min1212
အကောင်းမြင်သမား၏ အဆိုးမြင် ဝါဒ ကမ္ဘာကြီးက လုံးနေတယ်… သူ့ဘာသာ စောင်းချင်ရာစောင်းပြီး သူ့ဝင်ရိုးမှာ သူလည်နေတာ ဘယ်သူက စေခိုင်းခဲ့လို့လဲ… ကောင်းကင်က အပေါ်ဘက် မြေကြီးက အောက်မှာ ရပ် နေ အဝင်အထွက်ကို  အရှေ့အနောက် သတ်မှတ်ကြ ဘယ်သူက လမ်းညွှန်ပြသလဲ… အလင်းနဲ့ အမှောင်ကြောင့် အရောင်တွေက ကွက်တိကွက်ကြား အာရုံခြောက်ပါးနဲ့ ခံစားလို့ ရသမျှ သဘာဝ လောကရဲ့ အလှတဲ့ ဘယ်သူတွေ ဆေးခြယ်ကြသလဲ… နေပူလို့ မိုးရွာ လမိုက်တဲ့အခါ ကြယ်မထွက် လေတိုက်လို့ သစ်ရွက်ကြွေ စမ်းရေတွေ စီးပြီး ပန်းတွေ ပွင့် ဘယ်သူက စီရင်ခွင့် ရနေသလဲ… မြစ်ပင်လယ် သမုဒ္ဒရာ စကြဝဠာ အာကာသ အနန္တတဲ့… အ ကာလမှာ လူလာဖြစ်တဲ့ ငါတွေ ငါတွေ ပဋိပက္ခတွေနဲ့ အမုန်း […]


koyinAugust 30, 20112min21511
သူလွမ်းရင် ပန်းမှာစိုးလို့   မင်းနှုတ်ခမ်းက မင်းရဲ့ အနမ်းတွေ  မင်းပဲ လေ ခြွေချ… ကြွေကျသွားခဲ့တာက အသည်းတစ်ခြမ်း အကန်းလမ်းလျှောက်ထွက်ခဲ့တာ  ကမ္ဘာတစ်ပတ်… ကဗျာ စပ်လို့  နေနဲ့လကို ပေါင်းစပ်ဖို့ကြိုးစား ရိုးရိုးသားသား တစ်ခါတရံ အမှားလို့ နှုတ်လုံစွာ မြိုသိပ်  ကဗျာတွေ မအိပ်တဲ့ တိတ်ဆိတ်တဲ့ ညအလယ် ကြယ်ရောင် တစ်လက်လက် ပိုးစုန်းကြူး ခတ်တဲ့ လေပြေ စာရွက်တွေ မွစာကြဲ လက်တစ်ချောင်းလုံးလည်း ကိုက်ခဲနေပြီ… ပျောက်ဆုံးသွားတဲ့ ဗီဇာ ပြည်တော်ဝင်ခွင့်မပါဘဲနဲ့ ရွက်လွင့်ခွင့်မရှိတဲ့ တက်တစ်ချောင်းလို မဲဇာမှာ မုန်တိုင်းကို လှုှိုင်းပုတ်ပြီး တိတ်တဆိတ် စီးဆင်းလိုက်ရတဲ့  ပါးပြင်ပေါ်က ရေတစက် အငွေ့တွေ ထွက်နေတာကတော့…. စစ်ပွဲလား အနိုင်  အရှုံး… ဘယ်တုန်းကရော ပြိုင်ခဲ့ဖူးသလဲ တံပိုးခရာ […]


koyinAugust 30, 20112min32719
ခေါင်းစဉ်မရှိသော… အမေ..ဆိုတဲ့ ဂုဏ်ဖွဲ့မှုနဲ့ ငါ့ကိုယ်ငါ ထုဆစ်ကြည့်တယ်…။ တစ်ခါ တစ်ခါ ဝင်္ကဘာထဲက ကျနော် ကြောက်စိတ်တွေပေါ်ခဲ့ရင် အမေ.. လို့ အားပါးတရခေါ်ပြီး အားအင်တွေ ပြန်ပြန်ဖြည့် ဒီနေ့ ကျနော် ဖြစ်တည်နေသမျှ အမေပြုစုခဲ့တဲ့ ကာယနဲ့ အမေပြောခဲ့တဲ့ စကား အမေပေးခဲ့တဲ့ အားတွေချည်းပါ…။ ဒါပေမယ့် အမေ ကျနော်လေ အိပ်မက်ဆိုးတွေနဲ့ အမေ့ရဲ့ အမိုးအောက်မှာ အသက်ရှူကြပ် အနာဂါတ်တွေ မျှော်လင့်ချက်မဲ့သလိုမျိုး (ရိုးရိုးသားသားပြောတာပါ) ကျနော် ခံစားခဲ့ရဖူးတယ်…။ တစ်ခါတစ်လေ ကျနော် ရင်ဖွင့်ချင်တာတွေ ရှိတယ် အမေ နားလည် လက်ခံပေးမလား… သားသမီးတွေမှားရင် အမေပြင် အမေကိုရော ဘယ်လိုထင်မြင်ချက်တွေ ပေးခွင့်ရှိမလဲ… အမေ့ရဲ့ စေတနာ ဝေဒနာတွေ ဖြစ်သွားတာမျိုး… ညီမငယ်တွေ အိပ်မက်ဆိုးမက် ကျနော်တို့ […]


koyinAugust 29, 20115min1476
လွန်း   တမင်သတ်သတ် ရစ်ပတ်လို့ထား အဲဒါ … အချစ်တဲ့လား ဟင် မရုန်းချင် တွယ်ငင်တဲ့ နွယ်တစ်ခက်လို မွန်းကြပ်တဲ့… ရင်။   သံယောဇဉ်… တကယ်ပင် ချည်နှောင်တဲ့ သည်ကြိုး ပြန်ပြောရင် သမရိုးမကျတဲ့အရာမို့ သမုဒယရဲ့ လောင်မြိုက်ခြင်းလို့ အမည်တပ် ဒြပ်မဲ့တဲ့ ဖြစ်အင်…။   ပျက်အစဉ်… နှာခေါင်းသွေးတွေပင် လျှံပါစေတော့ လူးကာ လွန့်ကာ တိမ်းကာ ယိမ်းကာနဲ့ အဝေးသို့ပျံပါလေသော ငှက်ငယ်သို့… အရည်စို့တဲ့ မျက်ဝန်းတစ်စုံကို ပြန်ကာကြည့်ရင်ဖြင့် အပြစ်တော်တင် ဘဝင်မရဲတဲ့သူပါလေ… ဝဋ်ကိုပင် လည်စင်းကာ ဆပ်ပါရစေ။   မြွက်ဟလို့ခြွေ… သံစဉ်မပီလေသည့် သည်စကား ဘယ်တော့များမှ မကြားနိုင်သော်ငြားလည်း ထားရဲလို့ ထားခဲ့။   အပြစ်ဖွဲ့တဲ့ လမ်းခွဲမှာ လွမ်းရဲကာ လွမ်းရရင်ဖြင့် နှုတ်ဆက်ခွင့်ကိုမှ မပိုင်သူ  နိုင်တော်မူ […]


koyinAugust 29, 20116min1474
တံလျှပ် ခြွေတဲ့ ရေ ရစ်ပတ်တယ် မဆိုထားနဲ့ အမြစ်ဖြတ်ဖို့ ကြိုးစားခဲ့တာတောင် အထပ်ထပ် ချည်နှောင်လိုက်တဲ့ ကြိုး သံယောဇဉ်ကို ငါ မခိုးခဲ့ပါဘူး ငါ့ဘာသာ တိတ်တဆိတ်နဲ့ မြတ်နိုးနေမိတာ ဘယ်သူက မာယာနဲ့ သွေးဆောင်ခဲ့လို့လဲ…။ ရင်ကွဲတယ် ဆိုရုံနဲ့လည်း ရင်ခွဲရုံက လူသေကောင်လို…။ အဲလောက်ထိကိုလည်း …။ ဒါဟာ  အချည်းနှီး ပေးဆပ်လိုက်ရတဲ့ အရင်းအနှီး ကြေးကြီးတဲ့ အလောင်းအစားမှန်းလည်း သိလျှက် ဘဝတစ်ခုလုံးနဲ့ ပုံပြီး အလဲအထပ်ပြုခဲ့တာ…။ တစ်ဖက်သက်… ယုံမှတ်ခဲ့မိတဲ့ ရင်နံရံ အတွင်းသားတွေက အပ်နဲ့ ဆွထားသလို… သည်းခြေယိုစိမ့်ထွက်တဲ့ အက်ကြောင်းတစ်ခု တမင်သက်သက် ပြုစားခံလိုက်တဲ့  အတုအယောင် ပုံရိပ်တစ်ချို့အတွက် အဲဒီ တံလျှပ်ကလည်း ဒြပ်မဲ့တဲ့ အရာ… ဖမ်းဆုပ်ဖို့လည်း မကြိုးစားရပါဘဲနဲ့ တစ်သက်စာ ကျောက်ချရပ်နားခဲ့တယ် ဆိုရင်…။ လေချဉ်တက်တဲ့ ပင့်သက်တစ်ခုက ရင့်ကျက်ချင်ဟန် ဆောင်ထားမှန်းလည်း အသိ လျှပ်တပြက် ငြိတွယ်သွားတာမျိုး လေပြေကတော့ […]


koyinAugust 28, 20116min21210
နှင်းသည်းနွေ လူမသိ သူမသိနဲ့  အပူမိသည့် ရင် သံယောဇဉ်ကို ပိုက် ငါ့ညတွေ နှစ်ခြိုက်မတဲ့လား လစ်လပ်နေတဲ့ ကွက်လပ်က သစ်ပင်ကို အမြစ်က ဖြတ်ထားသလို ရွက်သစ်တွေလည်း ထွက်မလာ ရွက်ဝါတွေသာ ကြွေကြွေကျ အိပ်မက်တွေ မြေခပျက်သုဉ်း နှလုံးသားက လုံးပါးပါးလာလိုက်တာ အာရုံတွေ ထိုင်းမှိုင်း ဦးနှောက်က နှေးကွေး အသိဉာဏ်က ဝေးသထက်ဝေးလို့ ခံစားမှုက ပုပ်အက်ဆွေးမြေ့ ကြာတော့  စက်ရုပ်တစ်ရုပ်ရဲ့ သေနေ့ကိုရှာ ငါ့ကိုယ်ငါတောင် ဘာသာမပြန်တတ်တော့ဘူး မငို မမဲ့ မပြုံးတတ်တဲ့ သက်မဲ့ မျက်နှာ ငါ့ခန္ဓာက ဘာသားနဲ့ ထုထားသလဲ အို… အိုအေစစ် ကန္တာအလယ်မှာ နွေသင့်တဲ့သူ ရင်အပူကို လာဝင်ကူလို့ ညတွေဆို အိပ်မက်ချိုတွေနဲ့ နှစ်ခြိုက်ေစခဲ့တာ မနက်ဖန်တွေလည်း သာယာလို့ ငါ့အရုဏ်တွေ ရောင်နီပျို့ခဲ့ပြီ နှင်းကို မေ့နေခဲ့သလို နှင်းကိုလည်း မတွေ့ရတဲ့ နှင်းမရှိတဲ့ ကမ္ဘာ ဆောင်းမလာတဲ့ အရပ် အခုဆို နှင်းကိုယ်ငွေ့နဲ့ ချမ်းတတ်လာခဲ့… […]


koyinAugust 28, 201118min20410
ပျောက်ဆုံးခြင်း မင်းမရှိတော့ နှင်း၏ညက်ညော သည်ဆောင်းတောပင် မပျော်ချင်ဘူး…။ နွေဦးရင်ငွေ့ လောင်ကျွမ်းမြေ့စေ ဆယ်နေ ပူပြင်း မိုးမင်းမရွာ အာကာ မှောင်ဖုံး ညလုံး ကြယ်ပျောက် လရောင် နောက်ကျိ နေမထိ ပန်း မစိမ်းလန်းဘူး…။ အရူးတပိုင်း သေရည်မှိုုင်းမိ လှိုင်းဒဏ်ပိသည့် ရွက်မရှိလှေ လူးလွန့်နေသို့ ဘယ်ချိန်တိမ်းမှောက် မကြောက်တတ်ပြီ နရီ ပျက်ယွင်း သေမင်း လှောင်ပြုံး ဘဝရှုံးလည်း နှလုံးကွဲကြေ မကြေညာဘူး…။ ယစ်မူးမာယာ လှကညာလည်း အားမနာတတ် လာလှည့်ဖိတ်ခေါ် စိတ်မပျော်ရွှင် ဘဝင်မလှိုက် ငိုရှိုက်မရဲ မလွမ်းဘဲလေ မသေချာဘူး…။ မြေမှာမူးလဲ ရင်ထဲသိမ်းထား သူ…စိမ်းကား၏ သူစိမ်းအားငယ် အပယ်ခံမို့ ကံလိုလို့ ယိမ်း မိန်းခလေးမြင် ကောင်းကင်လျှပ်စီး ရင်ထက်မီးလျှံ ငရဲခံ…သို့ အိပ်မက်ညှို့ယူ အပူပြင်းအား […]


koyinAugust 27, 20116min79415
သိုက်ပျောက်ငှက် သူတို့တွေ အိပ်တန်းပြန်ကြပြီ……. … .. မနက်ဆို အရုဏ်တက် အလင်းစက်ကို သောက် လောကကို တောက်ပစေတဲ့အရာ နေသာသတဲ့လား…? … ကျွတ်ကျွတ်ညံ အသံပေးလို့ ဝမ်းရေးအတွက် လှုံ့ဆော် လာကြဟေ့ ဘောဒါတို့ ငါတို့တွေ အစာရှာထွက်မယ်… …  ညောင်သီးကိုစားရင်း လေးသံကိုစွင့် ခဲမှန်တာကို ကျင့်သားရလို့ ထုသားပေသားကျသူ နွေနေပြင်းက ပူလိုက်တာ… … ဟိုမှာ လေနီကြမ်း ဟိုမှာ လက်သရမ်းသူ ဟိုမှာ ဇာတ်တူရာစား ဟိုမှာ မုဆိုးများ အားနည်းသူအတွက် လုံခြုံရာ ဘယ်ဌာနမှာ ရှာမတွေ့ဘူး… … ဘာအတွက်လဲ ဘာ့ကြောင့်လဲ ဘယ်သူတွေစီရင်ပြီး ဘယ်သူတွေပြစ်ဒဏ်ခတ်ခဲ့တာလဲ အသိုက်ထဲက ထွက်ခဲ့တဲ့ ကျနော် ခိုနားရာကို မျှော်တတ်လာပြီ… … မျက်စိလည် အတောင်ညောင်း […]


koyinAugust 27, 20111min42016
ဖြစ်တည်မှု အဇ္ဖုတ္တ လွင့်မျောခဲ့ပြီ မိခင်မြေဆီမှ ဒေသခြား နိုင်ငံခြား ဘာသာခြား လူမျိုးခြားတဲ့ အသွင်မတူ ယေဘုယျကွဲ အဲဒီနယ်မြေထဲ အရဲစွန့်ထွက်ခွာခဲ့ မိခင်အတွက် ညီမတွေအတွက် အရာအားလုံးကိုစွန့် အတိတ်အားလုံးကိုမေ့ပြီး လမ်းသစ်ထွင်ခဲ့တာ ဖြစ်တည်မှု ပဓါနလို့ အခါခါဟစ်ကြွေး ငါ့ကိုယ်ငါမေ့ဆေးကျွေးပြီး မွေးရပ်မြေဆီက ရင်ဖွင့်ထွက်ခွာခဲ့… မေ့ပစ်ခဲ့ရတဲ့ အတိတ်မှာ ချစ်သူပါတယ် ရည်းစားဟောင်းပါတယ် မွန်းကြပ်မှုတွေ နာကျင်မှုတွေပါတယ် ရေးတေးတေး ဇာတ်လမ်းလေးတွေလည်း ပါတယ် ချို့တဲ့မှုကနေရုန်းထွက်ဖို့ ငွေကြေးအချို့ကိုမြှုပ်နှံ သရုပ်မှန်ဝါဒီနဲ့ ပိုက်ဆံရှာဖို့ထွက်ခဲ့ အနာဂါတ်ရေ ဘာတွေဖြစ်လာမလဲ ငါရုန်းကန်ရမယ့်နေရာ ဝေဒနာတွေရှိမလား အမေနဲ့ညီမတွေအတွက် ငါစွန့်စားမယ် ခွန်အားတွေရှိတယ် မနေ့ကအတိတ်ကိုမေ့ သေမယ့်မနက်ဖန် ငါမစဉ်းစားဘူး ဒီနေ့ရဲ့ ဒီအချိန် ငါ့ဘဝနေဝင်ခဲ့ရင်တောင် ငါ့ရဲ့ နောက်ဆုံးထွက်သက် မတိုင်ခင်လေးအထိ ငါ့ရည်မှန်းချက်အတိုင်း ငါလျှောက်လှမ်းမယ် လောကဓံက […]


koyinAugust 27, 20111min1224
 အမေ့အိမ် ကားပေါ်ကဆင်းခဲ့တယ် ပြန်မရောက်တာကြာတဲ့ရွာ ကျုပ်ရဲ့မွေးဖွားရာဇာတိ တစ်ခါပြန်လို့ ခြေချမိခဲ့ပေါ့… သစ်လွင်တဲ့အိမ်ကြီးအိမ်ကောင်းတွေနဲ့ စည်ကားနေတဲ့ ရွာလယ်လမ်းမ အတော်ကိုနေသားကျနေပြီပဲ ငေးမောရင်းလျှောက်လာ ဘယ်ညာမှာ အသစ်အဆန်းချည်း အချည်းနှီးကုန်လွန်ခဲ့တဲ့နှစ်တွေ တွက်ရေလို့မနေတော့ဘူး ဟိုရှေ့ကလမ်းကွေ့ဆို ကျုပ် အိမ်ကိုရောက်ပြီလေ… ဒီနေရာလေးစိမ်းသလား အမေနဲ့ညီမတွေနားခိုရာသိုက်မြုံ တစ်ခါပြန်လည်ခိုလှုံဖို့ရောက်ခဲ့တဲ့ကျုပ် ရင်ဆို့ဖွယ်ရာ မြင်ကွင်း အိမ်ဝန်း ဟင်းလင်းပြင်နေရာ ခြံအကာ စည်းရိုးပြိုပျက် ယိုင်နဲ့နဲ့ ဝါးအိ်မ်လေး စုတ်ချာသေးကွေးလှတယ် မြက်ရိုင်းပင်တွေက ရှည်ရှည် အိမ်ရှေ့ကွက်ပျစ်က ဟောင်းလောင်း ခြထောင်သောင်း တောင်ပို့ အိမ်အမိုးက မလုံ့တလုံ ညညဆို ကြယ်တွေစုံပေါ့ အိမ်အခင်း ကြမ်းပြင် ခြေနင်းရင် ကျွံဝင်သွားမလား အိမ်အကာ ထရံပေါက်နဲ့ သရဲကြောက်တဲ့ ညီမလေး အိပ်ဆေးတွေ သောက်ခဲ့ရမယ် ချောက်ချားဖွယ်ညတွေဆို အမေ ဘယ်လိုများကြိတ်ငိုခဲ့ မိုးစက်တွေနဲ့ အိမ်ခန်းမှာ […]