ဟို ရှေးသီချင်းလေးတပုဒ်ပေါ့။ ဝင်းဦးဆိုထား တယ် ဆရာမြို့မငြိမ်းရေးပေါ့။ မပြီးသေးသော ပန်းချီကားတဲ့။ အဲဒီထဲကစာသားလေးက ကြည့်ရင်းကြည့်ရင်း အဓိ္ဓပါယ်ပေါ်လွင်တဲ့။ ဒီအရိုးစုလေးကို သေသေချာချာကြည့်ရင် စိတ်ထဲမယ် ဘယ်လိုခံစားရပါသလဲ ? ဒီအရိုးစုလေးက အလဟဿထားတာမဟုတ်ဘူးရယ် လူတွေကို တရားရအောင်တဲ့၊ ဘယ်နေရာမှာရှိနေတဲ့အရိုးစုလေးလို့ထင်ပါသလဲ? ဒီအရိုးစုလေးကိုမြင်တော့ ကြောက်စိတ်တွေဝင်မိပါသလား? တစ်ပုံနဲ့ တစ်ပုံတူသလိုလိုရှိနေပေမယ့် တကယ်ကြည့်ရင်တော့ မတူပါဘူး။ ဒီပုံလေးရဲ့ ရာဇဝင်ကတော့ …………………………..


ကျနော်ရန်ကုန်ရောက်တုန်းတည်းအိမ်က ဒီတံတားလေးနား။ ကုန်းတံတားအောက်ကနေ့စဉ်ဖြတ်လျှောက်။ ကုန်းရဲ့အနောက်ဖက်ကလက်ဖက်ရည်ဆိုင်ကိုသွား။ နေ့စဉ်နဲ့အမျှ အနည်းဆုံးတစ်ရက်နှစ်ခေါက် ဖြတ်လျှောက်ခဲ့ရတဲ့ တံတားလေးပါ။ ရန်ကုန်ရောက်နေတဲ့ရက် မနက်6နာရီဆိုအိပ်ယာထ ဒီလမ်းကလေးအတိုင်းနေ့တိုင်းလျျောက်သွားတဲ့အခါ……………. ဒီစွယ်တော်ဘုရားလေးကိုရောက်ပါတယ်.။ မိုးသဲသဲမဲမဲ့ရွာချတဲ့ရက်လွဲရင်ပေါ့။ တစ်ရက်တော့ ကုန်းကျော်ပေါ်ကနေသွားချင်စိတ်ပေါ်လာလို့ကုန်းကျော်ပေါ်အတက် ဟိုမြောက်ဘက်မှာ ရွှေရောင်တွေဝင်းပနေတဲ့ စွယ်တော်စေတီကို ကျက်သရေရှိစွာဖူးအပြီး အောက်ဖက်ကို ကြည့်လိုက်တဲ့အခါ လှပတဲ့ပန်းပင်လေးတွေကိုမြင်လိုက်ရတော့ ဘယ်ဘက်ခြမ်းကိုကြည့်လိုက်တော့ ကျနော်ခဏတည်းနေတဲ့အိမ်လေးကို မြင်နေရတယ်လေ တကယ်ပြောရရင် ထူးလဲမထူး လှလဲမလှ ဒါပေမယ့်ယာယီကွန်းခိုဖြတ်သန်းခဲ့ရတဲ့နေရာလေးမို့ ရင်ထဲမှာ ဘယ်လောက်ကြာကြာ သတိရနေမယ်မသိဘူးနော်.


ရန်ကုန်ကစွယ်တော်စေတီကိုသွားတဲ့လမ်းတစ်လျောက်မှာ မန်းလေးမှာကျနော်မမြင်ဘူးတဲ့စွယ်တော်ပန်းအဖြူတွေကိုတွေ့ရပါတယ်။ ဒီပုံလေးကတော် စွယ်တော်ပွင့် တစ်ပွင့်ထဲပုံလေးပါ။ စြွယ်တော်ဘုရားနဲ့စွယ်တော်လမ်း အင်မတန်မှလိုက်ဖက်လှပါတယ်။ ရန်ကုန်စွယ်တော်မြတ်စေတီသွားရာလမ်းမှာတွေ့ခဲ့ရတဲ့ စွယ်တော်ပန်းအဖြုနဲ့ လမ်းတစ်လျောက်က စွယ်တော်ပင်ကိုတင်ပေးလိုက်ပါတယ်။


ဒါကတော့ ရန်ကုန်မှာရှိတဲ့ရွှေပုစွန်ကို မိတ်ဆွေတွေနဲ့မုန့်သွားစားကြတော့ ဘုရားမှာထန်းပင်ရှိနေတာကို မချင့်မရဲဖြစ်နေတဲ့ ကိုကိုပုကို သတိရလို့ပေါ့။ ထန်းပင်မှာ ထန်းရေးအိုးလေးတွေ တန်းလန်းချထားတာ သွားရည်ကျချင်စရာဗျာ။ ကဲကိုကိုပုနဲ့ ရွာသားများအတွက်ပြီးသွားတော့ ရွာသူလေးများအတွက် ပန်းတွေလာပါမယ်။ ဒါကတော့ ရွာသူလေးများအတွက်သစ်ခွပန်းလေးပါ။ ဒါကတော့ရွှေငးါလေးတွေပါ ကန်ထဲမှာအလှမွေးထားတာ ပုံလေးတွေကတော့ မထူးဆန်းပါဘူး။ ဒါပေမယ် လှတယ်ထင်လို့ ရွာထဲက မိတ်ဆွေများအတွက်လက်ဆောင် ဒါကတော့ အိမ်ရှမင်မများအတွက် ချက်စားဘု့ိမိူပွင့်လေးပါ။


အခုတလောမြန်မာပြည်မှာ အင်စတော်လေးရှင်းလို့ ဘိုလိုခေါ်တဲ့ထူးထူးဆန်းဆန်းပြကွက်လေးတွေကို အနုပညာမြောက်စွာတွေ့ရပါတယ်။ စစ်ကိုင်းတောင်ရောက်တော့ တကယ့်သဘာဝ အင်စတော်လေးရှင်းတွေကိုတွေ့လိုက်ရပါတယ်။ ရူ့စားတော်မူကြပါ. ဒါကတော့ ဆွမ်းဦးပုညရှင်(စစ်ကိုင်းတောင်ပေါ်)ကဘုရားရဲ့အရှေ့ဘက်မှာရှိတဲ့ တရုပ်စံကားပင်ရဲ့ သဘာဝ အင်စတော်လေးရှင်းအမှတ်တစ်ပါ။ ဒါကတော့ ဒုတိယမြောက်အင်စတော်လေးရှင်း။ ဒါကတော့ စစ်ကိုင်းတောင်အဆင်းလမ်း မှာတွေ့ရတဲ့ ဘုရားပုရဝုဏ်ထဲက တရုပ်စကားပင်တွေရဲ့သဘာဝအင်စတော်လေးရှင်းပါ။ ဒါလေးကတော့ နှစ်ပင်တွဲပေါ့။ ဒါကတော့သုံးယောက်ပေါင်းပြီးပြတာလေ။ ကဲသဘာဝ အင်စတော်လေးရှင်းလေးက မလှလားဗျာ.


ပြင်ဦးလွင်သွားတဲ့လမ်းမှာ ထုံးဘိုမရောက်ခင်လေး လမ်းဘေးကို လှမ်းကြည့်မိတော့ မြင်လိုက်ရတဲ့ မြင်ကွင်းက လူကို မှင်သက်မိသွားစေပါတယ်။ ဟိုအဝေးမှာလွင့်နေတဲ့ ဘော်ငွေရောင်တိမ်ဖြုလေးကတအုပ်။ သူ့ဘေးမှာနေရောင်ခလို့ ဖြူလွနေတဲ့ တိမ်တောင်က တခု။ အဖော်မဲ့နေရှာတဲ့ ထန်းပင်မြင့်မြင့်ကြီးကတပင်။ စိမ်းလန်းနေတဲ့ကောက်ပင်တွေက ယိမ်းကလို့ တစ်ဖွဲ။ နည်းနည်းလေးလယ်ကွင်းထဲကိုတိုးဝင်လိုက်တော့ ဟို့………အနောက်ဘက်ကောင်းကင်မှာ ချိတ်ဆွဲထားတဲ့ တိမ်ဖြူမွမွလေးတွေက မီးပန်းဆိုင်းကြီးဆွဲထားသလို။ သူ့အောက်မှာ့တော့ စိမ်းမြညိုမှောင်နေတဲ့ သစ်ပင်က တအုပ်။ ဟိုခပ်ဝေးဝေးမှာတော့ အစိမ်းရောင် အပင်အုပ်လေးက မျက်စေ့အေးစရာ။ ဘာအလုပ်မှသာ မရှိဘူးဆိုရင် ဒီနေရာလေးမှာ ဖျာကလေးခင်း ရေနွေးကြမ်းလေးက တအိုး လက်ဖက်သုတ်လေးက တပန်းကန် ဖတ်စရာစာအုပ်လေးက တအုပ် နဲ့သာဆိုရင် …………………………………………………….


စစ်ကိုင်းဘက်က ပြန်လာတဲ့တစ်ရက် မန်းလေးကန်တော်ကြီးရဲ့တောင်ဘက်အဆုံးနားကို အရောက် ဆိုင်ကယ်စီးရတာပူတော့ အတော်လေးကို အုပ်ဆိုင်းအေးမြနေတဲ့ကုက္ကိုလ်ပင်ကြီးအောက်ကို ဝင်ပြီး အရိပ်ခိုလိုက်ပါတယ်။ အဲဒီအောက်လဲရောက်ရော နေပူလို့ပင်ပန်းသမျှ ခဏလေးနဲ့ပျောက်သွားပါတယ်။ သစ်ပင်အရိပ်ကအေးတာရယ် ကျယ်ပြန့်တဲ့ရေပြင်ကို ဖြတ်တိုက်လာတဲ့လေအေးအေးရယ်ကြောင့်ထင်ပါတယ်။ သစ်ပင်အောက်ကနေ အဝေးကို လှမ်းကြည့်လို်က်တော့…….. ဟိုးအဝေးမှာ တိမ်ဖြူဖြူလေးက တအုပ် ပြာလွင်နေတဲ့ကောင်းကင်ကြီးက တစ်ခု အေးမြပြီး တိမ်ရဲကအရောင်တွေဟပ်နေတဲ့အင်းရေပြင်ရယ် သူ့အပေါ်မှာကျနေတဲ့ သစ်ပင်ရိပ်ရယ်ဆိုတာ့ စိတ်ထဲမှာ အေးသထက်အေးပါဘဲ။


အောင်ပင်လယ်…………….. ရှေးကတော့ရေပြင်ကျယ် အခုတော့လယ်ကွင်း အဝေးကရှမ်းရိုးမ စိမ်းစိုမြလဲ့နေတဲ့ယာခင်းအလယ်မှာ တဲအိမ်လေးတစ်လုံး တဲလေးပါတ်ပါတ်လည်မှာကရေပြင် စိမ်းစိုတဲ့ကောက်ပင် မြင်ရတာအေးချမ်းဟိုအဝေးက တိမ်တွေကဘော်ငွေဖြူ ပန်းပုလက်ရာလိုလို တိမ်ပန်းချီလိုလို တောင်တွေကလဲ စိမ်းညို့ညို့ တဲအိမ်ကလေးကတော့အထဲဝင်နေချင်စရာ အောင်ပင်လယ်က အဝေးကလှမ်းမြင်ရတဲ့ တဲလေးကိုမြင်တော့ နေချင်စိတ်ပေါက်သွားတာကြောင့် စနက်ရှော့မဟုတ်တဲ့လက်ဆော့ကိုတင်ပေးလိုက်ပါတယ်။ ကြည့်ရင်းကြည်နူးမယ်ထင်ပါရဲ့။


အလုပ်ကိစ္စနဲ့သွားရင်း ရတနာပုံဈေးနားက လေးထပ်အမြင့်ကတိုက်ခန်းတစ်ခုအရောက် အပြင်ထုတ်ထားတဲ့ ဝရံတာလေးကိုထွက်လို့ အပြင်ဘက်ကိုလှမ်းအကြည့်မှာ အရင်ကဆို ထင်းကနဲမြင်နေရတဲ့ ရှမ်းရိုးမက တိုက်တွေကြားမှာပုန်းနေသလို မိုးသာကြောင့် ခဲရောင်ထနေတဲ့တိမ်တွေကြားမှာ အပြာနုရောင်ဆေးစက်လိုင်းတွေနောက်ခံထားသလိုပါဘဲ။ ဟိုးအဝေးက ရှမ်းရိုးမကလဲ တိမ်ခိုးတွေအောက်မှာပျောက်တဲ့နေရာကပျောက်လို့ပေါ့ တနည်းပြောရရင် ကျနော့်အထပ်အမြင့်တွေကိုရောက်ရင်လဲ အလုံပိတ်အခန်းထဲထိုင်စကားပြောပြီးပြန်ရတာများပါတယ်။ ဒီတစ်ခါတော့ အပြင်ထွက်လိုက်မိတာ လွတ်လပ်ကျယ်ပြန့် သောမြင်ကွင်းရောင်စုံက ကျနော့်စိတ်ကို ဖမ်းစားထားလိုက်သလို ငယ်ငယ်ကြားဘူးတဲ့ သီချင်းလေးတောင်ညည်းမိပါရဲ့ ပြာလွင်လွင်ဝေဟင်ထဲ ဝဲလာတဲ့ငှက်ငယ်ရယ်…………………. ဝေဟင်မှာလေယာဉ်စီး ရီးလေးလေးခိုကာရယ်…………………………………


ကျနော့်ရဲညနေခင်းပေါင်းများစွာက အလုပ်ခန်းထဲမှာကုန်လွန်ခဲ့ရတာများပါတယ်။ ညနေပိုင်းဆိုတာအလုပ်ရှုပ်နေတာများတော့ ကိုယ်ကလဲ ညနေခင်းကို သတိမရတတ်ပါဘူး။ တစ်ရက်တော့ အလုပ်ပိတ်ရက် လမ်းလျှောက်ထွက်လာချိန်မှာ အလှကြျီးမဟုတ်ပေမယ့် ………………… ညနေခင်း ဝင်လုဆဲနေရောင်က လောကကိုနုတ်ဆက်ချိန် အရောင်ဖျော့ဖျော့လေးချန်ထားပြီးထွက်ပြေးခါစ မိုးသားနည်းနည်းလေးစွက်နေတိမ်ထုကလဲ နောက်ခံမှာဖြူတစ်ဝက် ညို့တစ်ဝက် ကြည့်နေရင်းဆဲမှာဘဲ ဖြူရောင်သန်းနေတဲ့တိမ်ထုက အမဲစွက် ရေပြင်ကလဲ မူံရီ ကမ်းစပ်ကမြက်ရိုင်းပင်တွေကလဲ ပိုမဲလာသလိုခံစားရပါတယ်။ တစ်ခါတစ်လေ သဘာဝရူ့ခင်းတွေက ရင်ဘတ်ထဲကို မထင်မှတ်ဘဲ ခံစားမူ့တွေပေးတတ်ပါတယ်။ အခုရက်စာရေးဘို့ ပျင်းတော့ ရို်က်ထားတဲ့ပုံလေးတွေ ကွန်ပြူတာထည်းမှာ ပျင်းနေမှာစိုးတော့ သူတို့ကို အပြင်လောကထဲ ထွက်လည်ခွင့်ပေးလို်က်ပါတယ်။ ဒါပေမယ့် စိတ်ရှည်ရသဗျာ။ အပြင်တော်တော်နဲ့မထွက်တော့ဇွတ်မောင်းထုတ်ရတယ်။


မနက်ခင်းတစ်ရက် မှာ နေရောင်ခြည်တန်းတစ်ခုက နေရာတစ်ခုထဲမှာ ကွက်ကွက်လေး ဖြာကျနေတာကို တွေ့လိုက်ရပါတယ်။ ဟိုအဝေးမှာရှိနေတဲ့ ပြည်ကြီးမွန်ဖောင်တော်(မသွားဘဲကျောက်ချပြီးရပ်ထားတာနော်)ရယ်၊ ကုက္ကုိုကျွန်းထမင်းဆိုင်က နံရံလေးရယ်မှာ မီးဆလိုက်ထုးိထားသလို ရွှေရောင်တွေလက်နေပါတယ်။ ပုံထဲမှာ ဟိုးအဝေးမှာ ရွှေကွန်အုပ်စေတီရယ် ဒေါ်သီသနပ်ခါးကတည်ထားတဲ့ဘုရားရယ် ဟိုအဝေးက စေတီဖြူဖြူလေးရယ် နောက်နာမယ်ကျော် စာဆိုရှင်လှိုင်ထိပ်ခေါင်တင်ရဲ့မယ်တော် မမြလေးတည်ထားတဲ့ ရေလယ် ကုသိနာရုံဘုရား(ကရိဝိက်ဖောင်ရဲ့ဘေးမှာ) နောက်ကောင်းကင်က ညို့မိူင်းရီရီ ရေနည်းနေတုန်းက ပေါက်နေတဲ့မြက်ပင်တွေနားမှာ အပျော်စီးခြေနင်းဘဲရုပ်ကလေးတွေရယ်၊ နောက်သီးသန့်ဆောက်ထားတဲ့ လှေကလေးရယ် ကြည့်ရတာ မျက်စေ့ ပသာဒ ရှိလှပါတယ်။ ဒါကြောင့်လက်ဆော့ လိုက်ပါတယ်။


နေရာတူညီပေမယ့် မတူညီတဲ့ အနေအထားကြောင့်ပြောင်းလဲသွားတဲ့ ပုံလေးတွေပါ။ အင်းဝတံတားလို့လဲခေါ် စစ်ကိုင်းတံတားလို့လဲ့ခေါ်တဲ့ ရှေးပဝေသဏီက တံတားလေးပါ။ ပြီးခဲ့တဲ့နှစ်က မိုးတွေအုံ့ပြီး မူံရီမိူင်းနေတဲ့ အချိန်ကောင်းကင်ကလဲ သပြေသီးရောင်ညိုမှောင်မှောင် ……………… ဒီပုံလေးကတော့ သာယာကြည်လင် ပြာလွင်နေတဲ့ တစ်ရက်ပေါ့…………………….. ဒီပုံလေးကတော့ ဧပရယ်လ ဧရာဝတီမြစ်ရေနည်းနေတော့ သောင်တွေတောင်ထွန်းနေတဲ့ရက်ကလေးမှာ…………………… ဒါကတော့ မကြာသေးခင်တစ်ရက်စစ်ကိုင်းဘက်အသွား ရေတိုးလို့မြစ်တပြင်လုံးရေအနီတွေနဲ့ပြည့်နေချိန်………………….. စစ်ကိုင်းတံတား(ခ)အင်းဝတံတားပုံလေးတွေက တော့ တစ်ခါတင်ပြီးသားပါ။ ဒါပေမယ့် မတူညီတဲ့ အချိန်မှာမြင်ရတဲ့ ကွဲပြားတဲ့အလှလေးတွေကို တစ်စုတစ်စည်းထဲ ခံစားလို့ရအောင်ပါ။


စစ်ကိုင်းတောင်ပေါ်က ဆွမ်းဥိးပုညရှင်ဘုရားကိုရောက်တဲ့အခိုက် ဘုရားအနောက်ဘက်ခြမ်းကို မျှော်ကြည့်လိုက်တော့ ရဲရဲနီနေတဲ့စိန်ပန်း အစိမ်းရောင်တောထနေတဲ့တောအုပ် ခန့်ညားပြီး ရွှေအဆင်းနဲ့လှပနေတဲ့ စေတီတော်(ရှင်ဉာဏိဿရရဲ့ သီတဂူကျောင်းတော်) ဟိုအဝေးမှာတော့ ပြာလွင်နေတဲ့ကောင်းကင် မြင်ရတာ ကြည်နူး စရာ……………… ခံစားမူ့ထွေပြားမှာစိုးလို့ တစ်ပုံထဲတင်ပေးလိုက်ပါတယ်။