ပန်းပြပွဲ…ဓါတ်ပုံပိုစ်   ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့် နေ့က မေမြို့ကိုရောက်သွားပါတယ်။   အဲ့မှာရိုက်စရာကတော့ ပန်း ဘဲ ရှိတယ်လေ   အဲ့တော့       ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ   10-10-2014


ကြွားပါရ ဇီ( ဓါတ်ပုံပို့စ်)   မန်းလေးမှာ ဓါတ်ပုံပြပွဲလေးတစ်ခုလုပ်ပါတယ်။ မန်းလေးအခြေစိုက် ဂျာနယ်သမားတွေ သတင်းသမားတွေ ရဲ့ ရူ့ခင်းဓါတ်ပုံတွေကို ပြပွဲလုပ်တာပါ။ အဲတော့ ဂျာနယ်လစ်စာရင်းဝင် ကျနော်လဲ ဓါတ်ပုံ5ပုံတင်ခွင့်ရပါတယ်။ ကျင်းပတဲ့ နေရာကတော့ Thi Ri Art Gallery 73လမ်းမြို့သစ် အားကစားကွင်းကြီးနဲ့ မျက်နှာချင်းဆိုင်မှာရှိပါတယ်။ ကမ္ဘောဇဘဏ် နံဘေးက နေ အနောက်ဖက်ခြမ်းကို ဝင်သွားရင်ရောက်ပါတယ်။ Ocean Center ရဲ့ ကျောဘက်မှာရှိပါတယ်။ ပုံကိုရောင်းဈေး ပြောပါ ဆိုတော့ ကျပ် နှစ်သောင်းခွဲနဲ့ ရောင်းမယ်လို့ ပြောလိုက်ပါတယ် တစ်ပုံမှ မရောင်းရ ရင်တော့ အရှက်တွေကွဲမှာသေချာပါတယ်။ ပြပွဲကတော့ 4-10-2014 ကနေ 6-10-2014ထိ သုံးရက်ပြမှာပါ။ ပြပွဲမှာတင်ထားတဲ့ပုံလေးတွေကိုဖော်ပြလိုက်ပါတယ်။ ရွာသားများမြင်ဘူးကြမယ်လို့လဲထင်မိပါတယ်   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 4-10-2014


အဆင့်ဆင့် အစီစီ (ဓါတ်ပုံပိုစ်)   ဓါတ်ပုံရို်က်သွားတဲ့အခါမှာ ကို်ယ်နှစ်သက်မိတဲ့ နေရာ ရိုက်ချင်တဲ့ နေရာရောက်ရင် အကြောင်းအရာ တစ်ခုထဲကို ပုံ တွေအများကြီးရို်က်မိပါတယ။် ကိုယ်က ကျွမ်းကျင်သူမဟုတ်ဘဲ ဝါသ နာရှင်ဖြစ်တဲ့ အတွက် ကိုယ်သိသမျှ တတ်သမျှလေးလောက်ကို ဟိုပြောင်းဒီပြောင်းနဲ့ ရိုက်လေ့ရှိပါတယ်။ အဲတော့ တစ်နေရာရောက်ရင် တမေ့တမော ရိုက်လေ့ ရှိပါတယ်။ ကဲ မျှ ဝေ ခံစား ဘို့ တင်ပေးလိုက်ပါတယ်။     ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 2-10-2014


မိုးညနေခင်းလေးမှာ(ဓါတ်ပုုံ့ပိုစ်)       တောင်သမန်အင်းကိုရောက်ခဲ့ တဲ့ တစ်ညနေ     ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 23-9-2014


ဖိနပ် မပါ ဓါတ်ဆရာ….(ဓါတ်ပုံပိုစ်)   တစ်ခါ က ဖိနပ်မပါ ဘဲ လမ်းဖြတ်ကူး   ခဲ့ ကြ တဲ့ ဘီတဲလ် သီချင်းအဖွဲ့လေး ရဲ့ဓါတ်ပုံ ကကမ္ဘာ ကျော် ခဲ့ ဘူး ပါတယ်။   ကျနော်တို့ရွာသား နှစ်ယောက်လဲ ဖိနပ်မပါဘဲ  လမ်းလျောက်ခဲ့ ကြ ဘူးပါတယ်။   တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်မှတ်တမ်းတင်ခဲ့ ကြတာပါ။   ကဲ  ကြည့် လိုက်ကြပါအုံး         ကိုပေါက်လမ်းသလားနေသည် 19-8-2014


“လှ သော ည နေ ခင်း  “ ရွှေအိုရောင် ညနေခင်း လေးမှာ လှော်သူမဲ့ သော လှေကလေးက တစင်း မျောချင်ရာမျောနေတဲ့ ဗေဒါလေးက တသိုက် မြင်မြင်ရာ ရိုက်နေတဲ့ ဓါတ်ဖမ်းသူက တစ်ယောက် တွေးချင်ရာတွေး ရေးချင်ရာ ရေး နေတဲ့ ကဗျာဆရာ က တစ်ဦး အော် အားလုံးပေါင်း တော့ အလှ တစ်ခု ပေါ့။ ကိုပေါက်လက်ဆောင်အတွေးစဉ် 18-9-2014


“အ ကာလ ညတွင် လင်းလက်တောက်ပသော(ဓါတ်ပုံပိုစ်) “   နေ့ပိုင်းမှာဓါတ်ပုံရို်က်ရတာ ရိုးတော့ ည ကို ဓါတ်ဖမ်းထွက်ကြပါတယ်။ ည ဆို တော့ သဘာဝအတိုင်းလင်းလက်နေတဲ့နေရာရှိတယ်။   မှောင်မဲ နေတဲ့ နေရာတွေကို အမှောင်ခွင်းအလင်းဆောင်ပေးလိုက်ရတာရှိတယ်။ ဘာဘဲပြောပြော ထူး ခြားတဲ့ ပုံလေးတွေကိုပိုင်ဆိုင်ရတယ်လို့ ထင်မိပါတယ်။ ခံစားကြည့်လိုက်ပါအုံး။         ညမြင်ကွင်းများကို အခုမှ စမ်းသပ်ရိုက်တာကြောင့် ချို့ယွင်းချက်များရှိနေခဲ့လျင် ထောက်ပြဝေဖန်စေလိုပါသည်   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 16-9-2014


အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ကျောင်းဆင်းပွဲ 6-9-2014 နေ့ ပုံရိပ်များ(ဓါတ်ပုံပိုစ်)(ဂီတ)         (6-9-2014 ) နေ့မှာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ကျောင်းဆင်းပွဲ ကျင်းပပါတယ်။ ကျောင်းဆင်းပွဲမှာသင်တန်းသား တွေ က   ဧည့်ခံဖျော်ဖြေပါတယ်။ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန် ) က ဆရာ ဦးသန်းမြင့် (ဂီတ) က ကျနော့် ကို ဒီပွဲ ကိုသွားရိုက်ပေးဘို့ ပြောလာတာနဲ့ ကျနော် လဲ သွားပြီးမှတ်တမ်းတင်ခဲ့ပါတယ်။ အခုပုံတွေကတော့ ဂီတအဖွဲ့ ရဲ့မှတ်တမ်းပါ။   နောက်နေ့ မှာ အကအဖွဲ့ ရဲ့ မှတ်တမ်း ပုံတွေ တင်ပေးပါမယ်။   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 6-9-2014


” ၅၂၈ သွယ်သော အလွမ်းများ” အဝေးကနေ ခဏလာကြတဲ့ မိတ်ဆွေတွေ နဲ့ ခရီးသွားတဲ့ တစ်ရက်ပေါ့။ မနက်အစောကြီး ကျနော်အိပ်ယာက နိုးလာတာ ပြန်မအိပ်ချင်တော့ ခြံထဲမှာလမ်းလျှောက် နေမိတယ်။ အဲဒီမှာကောင်းကင်ရဲ့အရောင်တွေ ကလှ ပစွာပြောင်းလဲလို့ သွားပါတယ်။ ဒီတော့ ကျနော်က လဲ အမိအရ ဖမ်းထားလိုက်တာပေါ့။ အခုတော့ အတူ ခရီးသွားခဲ့ တဲ့ မိတ်ဆွေ တွေက ဟိုးးးးးးးးးးးအဝေးမှာ။ ကျနော်ကတော့ ဒီဓါတ်ပုံလေးတွေမြင်ရင် သူတို့ကို သတိရ နေတာပေါ့။ ကျယ်ပြောတဲ့လောကထဲမှာ ဘဝဝမ်းရေးအတွက် နေ့စဉ်နဲ့အမျှ ရုန်းကန်နေရတဲ့ ရေခြားမြေခြားမှာနေတကြတဲ့ သူတို့ကတော့ ကျနော့် ကို သတိရမယ် မထင်မိပါဘူး။ ကျနော် တို ့အညာသား ဆို တာက ဧည့်သည်ကိုမျှော်ပြီး ဧည့်သည်ပြန်ရင်လွမ်းတတ်တဲ့သူတွေကိုးဗျ။ အဲ […]


အညာဒေသ ရဲ့ မရိုးနိုင်သောမြင်ကွင်းများ (ဓါတ်ပုံပိုစ်)     အညာဒေသ ကို ဓါတ်ဖမ်းထွက်ကြတုံးက ရလာ တဲ ့ အမှတ်တရ ပုံလေးတွေကို တင်ပေးလိုက်ပါတယ.်   ကိုပေါက်လက်ဆောင် အလင်းပုံရိပ်များ 29-8-2014  


မြောက်ကျုံးဒေါင့်(ဓါတ်ပုံပိုစ်)           ပြီးခဲ့တဲ့ရက် က မြောက်ကျုံးဒေါင့်ရောက်တော့ မှတ်တမ်းတင်ထားတာပါ။   နောင်ဆို  တယ်လီဖုန်းတိုင်တွေထောင် တော့ မယ် ဆို တော့ အခု လို မြင်ကွင်းရချင်မှ ရနိုင်တော့ မယ်လေ။   းဒါကြောင့်မှတ်တမ်းတင်ထားတာပါ     ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ   27-8-2014


စွန်ရဲအင်းမှ……………ပုံရိပ်များ(ဓါတ်ပုံပိုစ်)   စွန်ရဲအင်းကမန်းေးလးမြို့ရဲ့တောင်ဘက်မှာရှိတဲ့ ကျောက်ဆည်မြို့အနားမှာတည်ရှိတဲ့အင်းလေးဖြစ်ပါတယ်။ မန်းလေးဘက်ကလာမယ်ဆိုရင်ရွှေသိမ်တော်ဘုရား ကို နည်းနည်း လေးအကျော်မှာရှိပါတယ်။                                                                                       လမ်းဘယ်ဘက်ခြမ်း (မန်းလေးအခေါ်အရှေ့ဘက်)ကို  လှမ်းကြည့် လိုက်ရင် […]