“ အထူးတွေး“ လူတစ်ယောက်မှာ သူများပြောတာနားထောင်ဘို့ နား ၂ ကို်ယ်ကပြန်ပြောဘို့ ပါးစပ် ၁ ဖန်ဆင်းထားရစ်ခဲ့ တာတောင်မှ စကုပ်တွေရှား အလုပ်တွေများ စကားတွေရှုပ် ပြဿနာတွေ လုပ်နေလို်က်ကြတာနော်။ တကယ်လို့များ နား ၁ ပါးစပ်၂ သာ ဖြစ်ခဲ့ မယ်ဆိုရင် ပလစ် ပလစ် ပကျစ် ပကျစ် ပြောလိုက်ကြမယ့် ဖြစ်ချင်း အတင်းအဖျင်းပေါင်းစုံ အမယ်မင်းနုတ်ကြောင့်သေမယ့် ပြဿနာ တွေ ဘယ်လောက် များမယ်ဆိုတာ တွေးများတောင်မတွေးရဲပါဘူးကွယ်။ ကိုပေါက်လက်ဆောင်အတွေးစဉ် 17-9-2014


“အတွေးရူး ”   လူ့ဘဝကြီးထဲကို ဘာလို့ငါတို့ ရောက်လာခဲ့ကြသလဲလို့ တွေးကြည့်တော့အဖြေမရှိ။ နေ့စဉ်နေ့တိုင်း မရပ်မနား ဘာလို့ငါတို့ အလုပ်တွေလုပ်နေကြရသလဲလို့ တွေးကြည့်တော့အဖြေမရှိ။ တနေ့နေ့တချိန်ချိန်မှာ အသေအချာ ငါတို့သေသွားခဲ့ရင် ဘာတွေဖြစ်လို့ ဘယ်တွေရောက်မလဲမေးကြည့်တော့ မရေရာသောအဖြေတွေဘဲရှိ။ ဒါပေမယ့် ငါတို့အားလုံး ငါတို့ မပိုင်သော ဘဝလေးကို တွယ်တာ သေရွာကိုလွယ်လွယ်နဲ့ မသွားချင်ကြတာ အမှန်ပါနော။   ကိုပေါက်လက်ဆောင်အတွေးစဉ် 17-9-2014  


“မိုးနေ့ “   အိုု…………….. မိုးရယ်မှောင် လွမ်းလေအောင် သူပြုစားတယ် ရက်စက်လေအား။   တိမ်တွေပြို ငိုနေသလိုပါလား။ မိုးစက်စွေ ရွာနေပုံက လွမ်းစေရော့သလား   ရွှဲရွှဲရယ်စို မိုးခိုတဲ့ငှက်ငယ်လေး သူလဲကွယ်  တစ်ကောင်ထဲရယ် မို့ ကိုယ့် လိုပါလား။    ဟိုးးးးးးးးးးးးးးးးးးးးး အဝေးကလူ ဆွေးသူကို ဖေးကူချော့လာလှဲ့ကွဲ့ ချစ်တဲ့သက်ထား။   ကိုပေါက်လက်ဆောင်အတွေးစဉ် 14-9-2014


” ”  နောင်တ နောင် တ နောင်မှရ””         အခုအခါများ စားရေး နေရေး လုပ်ရေး ကိုင် ရေး အရေး တွေ များ ယားလို့ တောင်မကုတ်အား ပြီဆိုကာမှ ကိုယ့်ဘဝ ကိုယ်မောင်း ကိုယ့်ဝမ်းကိုယ်ကျောင်း ထောင်းလမောင်း ကြေပြီဆိုကာမှာ   “အရိပ်ကလေးလို မင်းရဲ့အပါး ခစားခွင့်များ အမြဲထာဝရ ငါ ရ စမ်း ပါ ရ စေ” လို့ ဘာညာ သရကာ ကိုယ့်ဒုက္ခ ကိုယ်ရှာ အရူးထ မိခဲ့တာတွေကို တွေး ရင်း တွေးရင်း ………………………………………….. ………………………………………… ကိုပေါက်လက်ဆောင်အတွေးစဉ် 9-9-2014  


“ အဲ့ ဒီ ည က ကျ နော် ဥဩ တွေ ဆွဲ တယ်“   တစ်ရက်မှာ တူရာလူတွေစုပေါင်း လုပ်ငန်းတစ်ခုအောင်စေကြောင်းအတွက် ဆုတောင်းပွဲလေးတစ်ခုကျင်းပကြပါတယ်။ မြက်ခင်းပြင်စိမ်းစိမ်းပေါ်မှာ တောာက်ပစွာ ပလွှားစွာ အားကျစရာ အဆင်အယင်တွေနဲ့ လမ်းသလား ကြ အော်ကြ ခေါ်ကြ ပြောင်ကြ နောက်ကြ မတွေ ့ ဘူး သေး တဲ့ သူ တွေကလဲ ကျနော်က တော့ ဘယ်သူပါဆို ပြီး လက်တွေ ဆွဲလို့မိတ်ဆက်ကြ ဖုန်းနံပါတ်တွေလဲကြ လိပ်စာကဒ် တွေကို စားပွဲပေါ် ကြဲချ တကယ် ကို ပျော်စရာကြီးပါနော်။ ပဏာမ အခင်းအကျင်းအဖြစ် ဟင်နီကင် နဲ့ တိုက်ဂါး အမည်သညာပေးထားတဲ့ သံဗူး […]


“ငါးဆယ်….ငါးဆယ် ငါးဆယ်”   ဘဝဆိုတာအသက် ၁၀ဝ မနေရပေမယ့် အမူ့ ၁၀ဝ မက ပွေရတယ်ဆိုတာ အသေအချာ။ မသိသူ နှစ်ဦးက  ခေါ်လာလို့ မရေမရာနဲ့ရောက်ခဲ့တဲ့ ဘုမသိ ဘမသိ ဘဝထဲက ၅ဝဆိုတဲ့နှစ်များအတွင်းမှာ   ပျော်ရွှင်ခြင်းတခဏ ဆင်းရဲခြင်းအမြဲအစဉ် သွေလွှဲခြင်းမကြာခဏ မှန်ကန်ခြင်းဆိုတာကတော့ ရေပွက်ပမာ။ တက်တစ်ကြိမ် နိမ့်အခါခါ   မခေါ်ဘဲရောက်တတ်တာက များစွာသော ဒုက္ခ။ မလိုချင်ဘဲအမြဲရနေတာက သောက။ မကြိုဆိုဘဲ အလည်လာသူက ဒေါသ။ မသိမသာ အောင်းနေတာက မောဟ။ အဆုံးသတ်မှာ သိမ်းကြုံးပြီး ရတတ်တာ  နောင်တ။   ဘဝဆိုတာ သေချင်လို့လဲ သေမရ မသေချင်လို့လဲနေမရ။ ရှည်ချင်လို့လဲရှည်မရ။ ကံပေးသမျှ သာနေပေတော့။ လေ ချင် စရာတွေကတော့ များမှများ။ […]


“ကျနော်ဘာမှ လုပ် မပေးနိုင်ခဲ့ဘူး”       အိမ်ဘေးနားက ကလေးမ ဘွဲ့လေးတစ်ခုရတော့ “ဦးသမီးကို အလုပ်တစ်ခုရှာပေးပါ “တဲ့။ အဲဒီအခါမှာ ကျနော်………………………………….။   ကိုဘအေးရဲ့ သားလေး မောင်ဖိုးခွေး “ဒီနှစ်ကတော့ အခြေအနေမကောင်း သူ့လဲကျောင်းထုတ်မှာ အလုပ်တစ်ခုခုရှာပေးပါဆရာ” တဲ့ အဲဒီအခါမှာ ကျနော်………………………………..။   ဟိုတစ်နေ့က မိစိန်မြတို့မောင်နှမ သူတို့ ခြံ ကို ရောင်းရ တော့ မတဲ့ အမေကလဲ မကျန်းမာ ကင်ဆာဆိုလားဘာဆိုလား အဖေကလဲ အထဲ ရောက် ကျန်တဲ့ကလေး သုံးယောက်က လူမ မယ် သူ ဆို တဲ့ ဈေးနဲ့ ဝယ်သူရှိသတဲ့ အဲဒီအခါ မှာ ကျနော်………………………………။   ဟိုတစ်နေ့က …………………….. […]


  “ဒွိဟ” တစ်ခါ            တစ်ခါမှာ ဖြစ်ချင်ခြင်း      မဖြစ်ချင်ခြင်း ဖြစ်သင့်ခြင်း     မဖြစ်သင့်ခြင်း ဖြစ်နိုင်ခြင်း       မဖြစ်နို်င်ခြင်း ဖြစ်လိုခြင်း       မဖြစ်လိုခြင်း ဖြစ်ကောင်းခြင်း မဖြစ်ကောင်းခြင်း ဖြစ် စေခြင်း မဖြစ်စေခြင်း ဆိုတဲ့ ဖြစ်ခြင်း နဲ့ မဖြစ်ခြင်း အကြား ဝိဝါဒကွဲ သူတို့ အချင်းချင်း လွန်ဆွဲကြသောအခါ ကျနော်နှစ်ခြမ်းကွဲသွားပါတယ်။ အဲဒါကို သရုပ်ခွဲပြန်တော့ သိစိတ်နဲ့ မသိစိတ် လို့ ဆိုပြန်သပေါ့ဗျာ။ ကဲ………………………… အဲဒါလေးအသာထား သူတို့ ရဲ့ လွန်ဆွဲပွဲမှာ ဘယ်ဘက်က သာမယ်ထင်သလဲဗျာ။ ကိုပေါက်လက်ဆောင်အတွေးစဉ် 19-12-2013


“ မိုက်မဲသူတစ်ယောက်အကြောင်း”  လူမိုက်ဆိုတဲ့လူမို်က်မှာ နောင်တ တရားတွေကတော့များမှများ။ သူတို့ရဲ့လက်သုံးစကားတွေကတော့ “ဆုံးရှုံးမယ်မှန်းသိရင် စကတည်းက မယူခဲ့ပါဘူး။  ခွဲရမယ်ဆိုတာသိခဲ့ရင် စကတည်းက လွဲအောင်နေမိမှာပါ။ အဆုံးသတ်မှာ ဝေးရမယ်ဆိုရင် ပြေးတွေ့ဘို့ကြိုးစားမိမှာမဟုတ်ဘူး။ မုန်းသွားမယ်ဆိုတာကြိုသိရင် ချစ်မိအောင်မနေခဲ့ပါဘူး။ “ ဆိုတာပါဘဲ။   မသိစိတ်ရဲ့ချဉ်ခြင်းကို သိစိတ်ရဲ့ ဆင်ခြင်ခြင်းက အရှုံးပေးလိုက်ရတဲ့အခါ ကိုယ်ကိုကိုယ် မကျေနပ် မှန်ရှေ့မှာရပ်ရင်း စွတ်စွဲငြင်းခုံခြင်းတွေနဲ့ ရန်ဖြစ်တတ်တာကလဲ အဲဒီလိုလူမိုက်ပါဘဲ။ ဟော……………. ကျနော်လဲအခုမှန်ရှေ့မှာရပ် ရန်ဖြစ်နေမိပြန်ပြီ။   ကိုပေါက်လက်ဆောင်အတွေးစဉ် 25-10-2013  


“အတိတ်ကို အလည်ပြန်သွားခဲ့တဲ့ည” ဆန်းစကွေးကွေး လရောင်လေးရဲ့ အလင်းစက်များက မူန်ပြပြ ရီဝေဝေ သစ်ရွက်ကြိုသစ်ရွက်ကြားတွေမှာ ဝိုးတို့ဝါးတားဖြာကျ ကဗျာဆန်စွာလှပ လွမ်းဘို့ကောင်းတဲ့ညလေးတစ်ညပါဘဲ။ အိပ်လို့မရပါဘူးဆိုမှ ရာသီဥတုကလဲပူမှပူ။ မကြားချင်ပါဘူးဆိုမှ ဘယ်ကလာမှန်းမသိတဲ့ အသံတွေကလဲ ဆူလိုဆူ။ အစိုးမရတဲ့စိတ်တွေကလဲ ဟိုရောက်ဒီရောက် ကိုယ့်အနားကပျောက်သွားတဲ့ ချစ်ခဲ့ဘူးသူကို သတိရလို့ရ။ အထီးကျန်ည တစ်ကိုယ်တည်းည အဖော်မရှိတဲ့ ည သန်းခေါင်ယံည အိပ်မရတဲ့အတူတူ ဟိုနားဖွ ဒီနားအဖွမှာ ဖွင့်မကြည့်တာ အကြာကြီးကြာနေတဲ့ ဒိုင်ယာရီစာအုပ်အဟောင်းကြားမှာ “သတိရရင်ကြည့်ပါကြည့်မိရင်သတိရပါ”လို့ သေးသေးသော့သော့လက်ရေးလေးအောက်က ပြုံးနေတဲ့မိန်းမလှလေးရဲ့ ဆေးရောင်ပျယ်စ ဓါတ်ပုံလေးကတစ်ပုံကို တစ်ဝက်တစ်ပျက်သာကျန်နေရှာတဲ့ စွယ်တော်ရွက်လေးတစ်ရွက်နဲ့ ယှဉ်တွဲလျက် မြင်လိုက်ရတဲ့ ခဏ ထိန်းမနိုင်တဲ့စိတ်တွေက ဟိုးအဝေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အတိတ်ဆီကို ရိပ်ကနဲပြန်ပြေးအသွားမှာ အိပ်မောကျသွားသလိုငြိမ်သက် ချစ်ခဲ့ဘူးတဲ့ရက်များကို ပြန်သတိရ ငါ နင့်ကို လွမ်းလိုက်တာ မိတိုက်ရာ။ ငါ […]


  “မိုးသည်းတဲ့နေ့ကစိန်ပန်းပင်အောက်မှာ” (အလွမ်းတစ်) မေလရဲ့အပူလွန်ကဲတဲ့နွေတစ်ရက်မှာပေါ့။ နေ့လည်ခင်းနာရီပြန်တစ်ချက် အကာကွယ်မဲ့သောကတ္တရာလမ်းထက်မှာ နေရောင်ခြည်တွေအခ အပူပျံ့ငွေ့တွေကချောင်းချောင်းထ။ အဲဒီအချိန်ကြီးမှာ မိုးစက်တွေက ပိုးပိုးပေါက်ပေါက်နဲ့ ရုတ်တရက်အကျ ကျနော် လဲ နီးရာအပင်နံဘေး အမြန်ပြေးအခို စိန်ပန်းပင်အိုကြီးအောက် မထင်မှတ်ဘဲ ရောက်သွားပါတယ်။ မိုးစက်တွေက ရက်ရက်စက်စက်ရွာအချ စိန်ပန်းပွင့်အနီတွေကလဲ ပက်ပက်စက်စက်ကြွေကျ မြင်ရတာ လွမ်းစရာကြီးပါဗျာ။ အဲဒီအချိန်ခဏလေးမှာ အဖြစ်ခြင်းတူလွန်းပါတဲ့ လွန်ခဲ့သော နှစ်ပေါင်းများစွာက အဖြစ်အပျက်တွေ နောက် တွေရဲ့နောက် ကျနော့်စိတ်တွေက ကောက်ကောက်ပါအောင်လိုက်သွားပါတော့တယ်။ (အလွမ်းနှစ်) ကလေးတုံးကလိုပြောရင်ဟိုရှေးရှေးတုံးကလိုု့ဆိုပါစို့.။ အဲဒီတုန်းကခေတ်စားတဲ့ ကိုင်ဇာ့သီချင်း “ငယ်ငယ်တုန်းကသူငယ်ချင်း မင်းအရမ်းချစ်ဘို့ကောင်းတယ် အိမ်အပြန်ကျောင်းအဆင်းမှာသိချင်းလေးဆို”ပေါ့ နေ့စဉ်အတူတူ ကျောင်းသွားနေကျလမ်းနံဘေးမှာပေါက်နေတဲ့ စိန်ပန်းပင်ကြီးအောက် ရောက်ပြီဆိုမှဖြင့် ဆော့တဲ့အခါဆော့ ထိုင်တဲ့အခါထိုင် ငေးတဲ့အခါငေး မုန့်တွေအပြန်အလှန်ကျွေးတဲ့အခါကျွေး တောင်စဉ်ရေမရ စကားတွေပြောတဲ့အခါပြော ကျနော်တို့အတွက်ကတော့ ကွန်းခိုစရာနေရာလေးပါဘဲ။ မူလတန်း အလယ်တန်း […]


“ချစ်စရာ လွမ်းစရာ  ကြည်နူးစရာ မန္တလေး” အောင်ကျော်ချမ်းအေး မန္တလေး။ အုတ်ကျစ်ကျော်အေး မန္တလေး။ ရတနာပုံ ဆိုတဲ့  ရွှေမန္တလေး ။   အသက်ကလေးရယ်ရှည်စေဘို့ တောင်ရိပ်ခိုတဲ့  မန္တလေး။       ရှမ်းရိုးမနဲ့ မဝ်းဝံ အတွင်းကိုဝင်နေတဲ့မန္တလေး၊   အလျံဝင်းပြောင်ရန်ကင်းတောင် အောင်ပင်လယ်ရဲ့မန္တလေး။   မဟာမုနိရုပ်ရှင်တော် ကိန်းစက်ပျော်တဲ့မန္တလေး။     ဧရာမြစ်မင်းရင်ခွင်တွင်း သက်ဆင်းနေတဲ့မန္တလေး။     မင်းတုန်းအစ သီပေါအဆုံး အုံးအုံးကြွက်ကြွက် ပြည်ပျက်ခဲ့တဲ့မန္တလေး။   ၁၃၀ဝမှာအာဇာနည်တွေပေါ်လာခဲ့တဲ့မန္တလေး။ အိမ်တော်ရာဘုရားဈေးနဲ့ အင်္ဂလိပ်ကိုအာခံခဲ့တဲ့မန္တလေး။ စိန်ဗေဒါ နေခဲ့တဲ့ မန္တလေး။ မမြရင်နေခဲ့တဲ့မန္တလေး   ဆရာတင် နေခဲ့တဲ့ မန္တလေး မြမျိုးလွင် နေခဲ့တဲ့ မန္တလေး   မြို့မညိမ်း […]


“မူန်ရီဝေဝေ မန္တလေး”   ဆောင်းအဆင်း နှင်းကြွင်းကမူန်ရီရီ။ ညိုနီနီ နန်းမြို့ရိုး ရယ်ကြောင့် လွမ်းစိတ်က ဝေစီ။ ဟန်ချီချီ လာပြန်ပြီ လက်ပံနီတွေက ပေးပြန်သည်ဒီအလွမ်းရယ်နဲ့ နန်းတစ်ခို အလွမ်းပိုအောင် ထန်ုးညိုညို ညီနောင်အစုရယ်က စိမ်းပြာလဲ့ ရေပြင်ဆီ ပြေးဝင်ခစား တားမရပါ အလွမ်းဆာ ငါ့ရဲ့စိတ်တွေက ဝေးးးးးးးးးကာလ ဟို အတိတ်ဆီကို မနှေးအမြန် အပြေးပြန်လို့သွားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး   ကိုပေါက်လက်ဆောင်အတွေးစဉ်ကဗျာ။   16-2-2013