“သက်သေရှိ၏ မရှိ၏” (သက်သေမရှိရင်လွတ်မယ်တဲ့လား)       မူရင်းပိုစ်ကိုဖော်ပြပေးလိုက်ပါတယ်။ (ဆေးမူးတယ် ဆေးကွဲတယ်လို့သတ်မှတ်ကြတာပါပဲ ခုတော့ ကိုယ်တွေ့ဗျာ… ကျုပ်အစ်ကို ခံလိုက်ရပီ… ရုံးမှအပြန် အစ်ကို အောင်မင်းဦးနှင့် ကျော်ဇင်ဟိန်းတို့ ဆိုင်ကယ်နှင့် အပြန်လမ်းတွင် အနောက်မှ အောင်မင်းဦးဖြစ်သူကို သံတုတ်ဖြင့် ရိုက်ရာ ဆိ်ုင်ကယ်ပေါ်မှပြုတ်ကျသွားပြီး.. လူ၈ ယောက်ခန့် အုပ်စုဖြင့် ဝိုင်းကာ ဆွမ်းကြီးလောင်းကြသည်။ ၎င်းတို့တွင်သံတုတ်များ. ဓါးများ အသင့်ပါကြသည်။ ၂ယောက်နှင့် ၈ယောက်.. ဖြစ်သည့်နေရာတွင် လူမှားမည်စိုးသဖြင့် အရိုက်ခံနေစဉ်တွင် အမည် အလုပ်အကိုင်များကို ပြောပြသော်လည်း သည်းကြီးမဲကြီးသာ ဆော်ကြပါသည်။ ကိုအောင်မင်းဦး ခွေလဲကျချိန်တွင် ၅၊ ၆ ယောက်ခန့်ဝိုင်းပြီး ကန်ကြောက် ရိုက်နှက်ကာ မြောင်းထဲကျသွားသည်ထိပင်. မြောင်းမှာ.. လူတစ်ရပ်စာနီးပါးခန့်ရှိသည်။ ဒဏ်ရာအနေဖြင့်. ဆီးခုံကွဲခြင်း၊ အူမကြီးပေါက်သွားခြင်း၊ […]


[1]                        “ဝါဆို ဝါခေါင် ရေကကြီးသနဲ့………………..”   ပြီးခဲ့တဲ့ဥပုဒ်နေ့က စစ်ကိုင်းဘက်ကမိတ်ဆွေတစ်ယောက်ဆီကို ကန်ပါတ်လမ်းကနေအသွားရှမ်းလေးကျွန်းရေမြုတ်နေတာကိုတွေ့ရတော့ အံ့ဩသွားပါတယ်။ ခါတိုင်းဆိုရင် ဒုတိယဝါဆို ဒါမှမဟုတ်ဝါခေါင်လကျမှ ရေဝင်တတ်တဲ့နေရာလေးက အခုပထမဝါဆိုမှာရေတွေရောက်နေလို့ပါ။ ရှမ်းလေးကျွန်းကတော့ ရှေးကတည်းက ဧရာဝတီမြစ်ရေတက်တယ်ဆိုရင် ရေဝင်နေကျ ရေမြုတ်နေကျနေရာပါဘဲ။ ဒါကြောင့်လဲ အဲဒီရွာမှာရှိတဲ့အိမ်အားလုံးခြေတံရှည်တွေဆောက်ထားပါတယ်။ ဒါပေမယ့်လဲ ရေတက်ပြီဆိုတာနဲ့တစ်ရွာလုံးရှိတဲ့လူရောနွားရော ရေလွတ်တဲ့ကန်ပါတ်လမ်းပေါ်ရောက်လာတာပါဘဲ။ ဒီလိုရေတက်ချိန်ဆိုရင် ဧရာဝတီမြစ်ရေကျချိန် သောင်ထွန်းနေတဲ့နေရာမှာယာယီတဲဆောက်ပြီးနေသူတွေရယ်၊ နုံးတင်မြေနုကျွန်းပေါ်မှာနေသူတွေနဲ့မြစ်ကမ်းနံဘေးက ရှိတဲ့ရွာကအိမ်တွေတင်မကပါဘူး စစ်ကိုင်း-ရွှေကြက်ယက်-အမရပူရ ကားလမ်းတောင်ဘက်မှာရှိတဲ့ရွာတွေကအိမ်တွေပါ စစ်ကိုင်းမန်းလေး ကားလမ်းဘေးမှာ အကုန်ရွှေ့ပြီးလာနေကြရတာနှစ်စဉ်နှစ်တိုင်းပါဘဲ။ ရေတက်ပြီဆိုတာနဲ့ကားလမ်းနံဘေးမှာ အိမ်လေးတွေအရှိုအရှိုနဲ့ပေါ်လာပြီး ရေမကျမခြင်းဒီအနားမှာဘဲဖြစ်သလိုနေကြရတော့တာပါဘဲ။ နှစ်စဉ်နှစ်တိုင်း ရေတက်လာရင် ရေလွတ်တဲ့နေရာပြောင်းနေလိုက် ရေကျတော့ မူရင်းနေရာပြန်သွားပြီ တံငါလုပ် ကိုင်းလုပ် ယာလုပ်နဲ့နေခဲ့ကြတာ ဘိုးစဉ်ဘောင်ဆက်အသားကျနေပြီလို့တောင်ဆိုနို်င်ပါတယ်။ ဒီလိုရေတက်ချိန်မှာဆိုရင်ရေဘေးပြေးလာတဲ့မိသားစုတွေအတော်များပါတယ်။ သူတို့ခမျာမှာ ယာယီဆောက်ထားတဲ့တဲပေါက်စနထဲမှာဖြစ်သလိုနေကြရပါတယ်။ နေ့ဆိုအိမ်ရှိလူကုန်အပြင်ထွက်နေ၊ညဆိုတိုးခွေ့အိပ်၊ထမင်းဟင်းချက်တော့ တဲ့ရှေ့မှာမီးခိုးတလူလူနဲ့ချက်။ သုံးတဲ့ရေက ကျောပေးထားတဲ့မြစ်ရေကိုခပ်သုံး။ အိမ်သာမရှိတော့ ကြုံတဲ့နေရာမှအညစ်အကြေးစွန့် […]


  (ခ)အမိူက်ပုံကိုပွအောင်ဖွသူများ     (ဂ)ထူးမခြားနား …………………………     သူတို့ဆီက စည်ပင်သာယာ   “etone နောက်ကလိုက်ခြင်း (ပစ်သူတစ်ဆယ် ဖွသူငါး သိမ်းသူတစ်)”   ဒီနေ့မနက် ရး၃ဝလောက် ဆိုင်ကယ်နဲ့အလုပ်ကိုအသွား ၃ရလမ်း၈၄လမ်းဒေါင့်မှာ စည်ပင်သာယာအမုူိက်သိမ်းတဲ့ကားက အမိူက်ပုံ်ကိုပြောင်သန့်နေအောင်သိမ်းနေတာ အဝေးကလှမ်းတွေ့နေရပါတယ်။ သူတို့ကားလေးထွက်သွားလို့မှ မကြာသေးဘူး အဲဒီပြောင်သန့်နေတဲ့နေရာလေးကို ကောင်ကလေးနှစ်ယောက်က ခြင်းကြားကြီးနဲ့အမိူက်တွေ လာပစ်သွားတော့ မိနစ်ပိုင်းလေးအတွင်း သန့်ရှင်းနေတဲ့နေရာက အမိူက်ပုံပြန်ဖြစ်သွားပါတယ်။ ခက်တာက အဲဒီနားမှာ အမိူက်ထည့်ဘို့ ဘာပုံးမှ မရှိတာပါဘဲ။ အဲဒီမြင်ကွင်းလေးမြင်တော့ အချိတ်အဆက်တွေလွဲနေတဲ့ အမိူက်ပစ်သူနဲ့ အမိူုက်သိမ်းသူ ကို ညီအောင်ညှိပေးချင်စိတ်ကလေးပေါ်လာပါတယ်။ အဲဒါလေးတွေမြင်တော့ ကျနော်စိတ်ထဲမှာဟိုတစ်ရက်က etone ရဲ့ အမိူက်ပုံးနဲ့ပါတ်သက်တဲ့ပိုစ်လေးကို သူရေးနေကျ မန်းလေးဂေဇက်မှာရော ထာဝရသူငယ်ချင်းများဆို်က်မှာပါဖတ်လိုက်ရပါတယ်။ ဒီအမိူက်ပြဿနာက အတော်လေးကို အုံးစားရတဲ့ပြဿနာလဲဖြစ်ပါတယ်။ […]


“မျော်ပြီကွဲ့ဝူး”(ခွေးအလွမ်းဇာတ်ကလေး) “မျှော်ပြီကွဲ့ဝူး” ကျနော်ရွှေကြက်ယက်ဆိပ်ကမ်း      ကိုရောက်တော့ ထုံးစံအတိုင်းလက်ဆော့ပါတယ်။ အသစ်ဆောက်ထားတဲ့ဧရာဝတီတံတားနဲ့မြစ်ပြင်ရူ့ခင်းကို ရိုက်နေပါတယ်။ အဲဒီမှာပုံတော်တော်များများကို လက်ဆော့ပြီးကွန်ပြူတာမှာပြန်ဖွင့်ကြည့်မှ စစ်ကိုင်းတံတားကိုအသားပေးပါမှ ရှေ့မှာခွေးလေးတစ်ကောင်ပုံပါနေပါတယ်။ အစကတော့ ဖျက်မလု့ိစဉ်းစားမိပေမယ့် သေချာကြည့်မိတော့ မှ အလွမ်းဇာတ်လမ်းလေးတပုဒ်ရလိုက်သလိုခံစားရပါတယ်။ ဟိုအရင် ရှေးရှေးက ခွေးအလွမ်းဇာတ်ကိုဖွဲ့ထားတဲ့ ကဗျာလေးကို သွားသတိရလိုက်မိလို့ပါ။ အဲဒီကဗျာကတော့ ဘကြီးတော်ဘုရားလက်ထက်မှာ ဖိုးသူတော်ဦးမင်းက ကျားမနဲ့ ဂမ္ဘီ ဆိုတဲ့ခွေးနှစ်ကောင် လူတွေက ဇွတ်အတင်းခွဲလို့ တစ်ကောင်နဲ့တစ်ကောင်ခွဲခွာနေရတာလေးကို ကဗျာဖွဲ့ထားတာပါ၊ “မျှော်ပြီကွဲ့…………ဝူး”           လို့အမည်ပေးထားပါတယ်။ ကျနော်တို့လူတွေလဲ ခွဲရရင်လွမ်းတာပါဘဲ။ လွမ်းရင်ကဗျာတွေစာတွေရေး သီချင်းတွေဆိုလို့အလွမ်းဖြေပါတယ်။ သူတို့လဲ လွမ်းတော့ ဝူး လို့အော်တာလေးကို နားထောင်မိတဲ့သူက ဘာသာပြန်ပေးထားတာပါ။ ပုံစာတွဲပြီးခံစားကြည့်လိုက်ပေါ့နော်။ ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး (24-12-2011)


“ဆိုင်ရှင်ရှိ၏မရှိ၏ တန်ဘိုးထား၏ မထား၏” ပြီးခဲ့တဲ့ လေးရက်လောက်က ကိုဇော်အေးနဲ့ကျနော် လက်ဖက်ရည်ဆိုင်ထို်င်ရင်းစကားတွေပြောဖြစ်ကြပါတယ်။ အားနေလို့ပြောတာကတော့ တောရောက်တောင်ရောက် ဗျသနပေါင်းစုံပေါ့။ ကျနော်တို့စကားပြောနေတုန်းအသက်သုံးဆယ်ပါတ်ဝန်းကျင်လောက်ဘဲရှိတဲ့လူငယ်လေး တစ်ယောက် ကကိုဇော်အေးကို လာနုတ်ဆက်ပါတယ်။ ထုံးစံအတိုင်းအရောင်းအဝယ်ကောင်းလားဘာလားမေးတော့ အဲဒီကောင်လေးက “အရင်လောက်မဟုတ်ဘူးအကို”လို့ပြန်ဖြေပါတယ်။ “အကိုလဲ ကျနော်ဆို်င်ဘက်ကို မလာတာကြာပြီနော်”လို့ပြောတော့ ကိုဇော်အေးက “ငါလာတော့ လဲ မင်းက ဆိုင်မှာမှမရှိတာ။ဆိုင်လဲကပ်အုံးဟ တစ်ချို့က မင်းနဲ့မှညှပ်ချင်တာကွ”လို့ကိုဇော်အေးက ပြန်ပြောလိုက်ပါတယ်။ အဲဒီကောင်လေးထွက်သွားမှ ကိုဇော်အေးက “အဲဒီကောင်က တော်တယ်ဗျ ဒါပေမယ့်ရေလိုက်လွဲနေတာ”ကအစချီလို့ ကောင်လေးအကြောင်းပြောပြပါတယ်။ “သူ့နာမည်အရင်းတော့မသိဘူးဗျ။ ကျနော်တို့ကတော့ သူ့ကို “အာကြီး”လို့ဘဲခေါ်လိုက်တာကြတာဘဲဗျာ။ သူက အာဆင်နယ်ပရိတ်သတ်စစ်စစ်လေ။ သူ့ကဆံပင်အလှပြုပြင်ရေးလုပ်တာ။ သူနဲ့ကျနော်သိကြတာတော့ဆယ်နှစ်ကျော်ကျော်လောက်တော့ ရှိမယ်ထင်တယ်။ အဲဒီတုန်းက ကျနော်ကလဲမြောက်ပြင်မှာနေတာ။ သူကလဲ ရွာကနေမြို့ရောက်ခါစ။ အဲဒီတုန်းက ဒီကောင်လေးအသက်နှစ်ဆယ် နီးပါးလောက်ရှိပြီထင်တာဘဲ။ ကျနော်ဆံပင်ညှပ်နေကျဆိုင်မှာ “အာကြီး” က ပညာသင်လေးပေါ့။ ဒီကောင် […]


“ထမီချွတ်၏ မချွတ်၏” ပြီးခဲ့တဲ့ဥပုဒ်နေ့က ကျနော်တို့ ကြီးမိုက်ကြီးတွေ လက်ဖက်ရည်ဆိုင်မှာဆုံကြတော့ ဟိုရောက်ဒီရောက်ပေါက်တတ်ကရပြောကြတာပေါ့ဗျာ။ အဲဒီကနေသီချင်းအကြောင်းရောက်သွားပြန်ပါတယ်။ ရှေးက သီချင်းရေဆရာကြီးတွေရဲ့စာသားတွေက ဒီနေ့ထိခေတ်မှီတဲ့နေအကြောင်း လေးနက်တဲ့စာသားတွေကိုသေသေချာချာခံစားပြီးရေးကြတဲ့အကြောင်းတွေပြောရင်းကနေ ပြည်လှဖေဆိုထားတဲ့  “ဇွဲ”သီချင်းအကြောင်းရောက်သွားပါတယ်။ အဲဒီအထဲက မခံချင်စရာကောင်းတဲ့စာသားလေးပါ ပါတယ်။ “ဆော်ဒါလင်မနစ်ရည် ဖောက်လိုက်ရင်မြည်သတဲ့ ဘာသာခြားနဲ့ကုလားကဆိုပြန်သည်” စာသားလေးပါဘဲ။ ကျနော်တို့မြန်မာတွေက ဘုန်းတန်ခိုးတို့ဘာတိုကို ပြောတတ်တာကိုးဗျ။ အဲတော့ မြန်မာမင်းတွေမှာ ဘုန်း ရှိတယ်လို့ပြောတော့ အဲဒါကို အင်္ဂလိပ်တွေက နှိမ့်ချတဲ့အနေနဲ့ဘုန်း ဆိုတာ ဘိလပ်ရည်ပုလင်းဝထိပ်က ဖန်သီးလေးကို ဖောက်ထုတ်လိုက်ရင် ဖုန်း ဆိုမြည်တာနဲ့အတူတူဘဲလို့ နှိမ်ပြီး ပြောလိုက်တာပါ။ အဲဒီ ဖုန်းကနဲမြည်တဲ့အသံအကြောင်းကိုပြောရင်းကနေယောက်ျားတို့ ဘုန်းအကြောင်းရောက်သွားပါတယ်။ ယောကျာ်းတို့ ဘုန်းလက်ရုံး လိုပပေါ့လေ။ အဲဒီမှာ ဘုန်းနိမ့်တဲ့အကြောင်းကိုရောက်သွားပြန်ရော။ အကျီတန်းအောက်ဝင်ရင် ဘုန်းနိမ့်တယ်။ ညာဘက်လက်ရုံးကို မိန်းမခေါင်းအုံးအိပ်လိုက်ရင်ဘုန်းနိမ့်တယ်။ မိန်းမထမီလို့ ဟာမျိုးအောက်ရောက်ရင် ဘုန်းနိမ့်တယ်လို့ တစ်ယောက်ကတင်ပြလာပါတယ်။ […]


“ပရောက်ကစ်မယ် ကြော်မယ် ဆွဲမယ် နောက်မှ……………………..” (ပရော်ကျစ် နိဂုဏ်း) ကျနော်ညီမမေးမှ ငယ်က ပုရစ်ကောက်ခဲ့ကြတာကိုပြန်သတိရပါတယ်။ ဟိုအရင် က မန်းလေး မှာ 84လမ်းမ၊လမ်း80၊78လမ်းနဲ့ကျုံးဘေးတစ်လျှောက်မှာ သာ မာကျုရီမီးတိုင်တွေရှိပါတယ်။ ကျန်တဲ့နေရာတွေကတော့ မီးလုံးဝါကျင်ကျင်လေးတွေပေါ့။ ဒီပုရစ်တွေက ပိုးဖလံမျိုးမီးကို တိုးဆိုတဲ့အတိုင်း မာကျူရီမီးရောင်မြင်ရင် မနေနိုင်ဘဲထွက်လာတတ်ကြပါတယ်။ အဲတော့လဲ ပုရစ်က ဒီပြင်နေရာထက်စာရင် မာကျုရီမီးရောင်ရှိတဲ့အရပ်မှာ ပိုအထွက်များပါတယ်။ အဲတော့ ဒီလိုတန်ဆောင်မုန်းရာသီရောက်ရင် ဆောင်းရောက်ရင် မန်းမြေမှာ ပုရစ်လှိုင်လှိုင်ထွက်ပါတယ်။ ကျနော်တို့ငယ်ငယ်ကတော့ ပုရစ်ဆိုတာ ဝယ်စားရတဲ့ပစ္စည်းလို့ မသတ်မှတ်ပါဘူး။ ပုရစ်ထွက်တဲ့ညဆိုရင် အိမ်ရှိလူကုန် အရပ်ထဲရှိသမျှလူကုန် ပုရစ်ထွက်ကောက်ကြတာပါ။ ရှေးမန္တလေးက ဒီလို တန်ဆောင်မုန်းဆိုရင်ကိုအတော်လေးအေးနေပါပြီ။ ဆောင်းအေးအေးမှာ ပြေးလိုက်လွှားလိုက်နဲ့ ချွေးတဒီးဒီးကျအောင်ပုရစ်ကောက်ကြတာပါ။ အဲဒီတုန်းက အခုခေတ်လို လူတွေက ညဉ့်နက်သန်းခေါင်အပြင်သိပ်မထွက်။ နောက်ဆိုင်ကယ်ဆိုတာလဲ သိပ်မရှိကားကလဲ ညဆိုသိပ်မထွက်တော့ပုရစ်ကောက်ထွက်ရင်းကားတိုက်ခံရတယ်ဆိုတာ မရှိသလောက်ပါဘဲ။ […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း(10)” (စူဠာမုဏိလောကချမ်းသာစေတီတော်) ကျနော်အခန်းထဲပြန်ရောက်တော့ ရေချိုး (ရေပူပိုက်)ရှိလို့ချိုးရဲတာပါ။ မဒမ်ပေါက်လဲ ပေါင်ပေါင်တွေဘာတွေရိုက်လို့ အလှတွေလဲပြင်ပြီးရော ဗိုက်ဖြည့်ဘို့ အစီအစဉ်ဆွဲရပါတော့တယ်။ ကိုယ်မရောက်ဘူးတဲ့အရပ်ဖြစ်တော့ ဟိုတယ်က ကလေးတွေကို မေးရပါတယ် ဘယ်ဆိုင်က မုန့်ကောင်းပြီး လက်ဘက်ရည်ကောင်းသလဲပေါ့။ ကလေးတွေက ကမ္ဘောဇဘဏ်ရှေ့က “တောင်ကြီး”ကတော့ လက်ဖက်ရည်နဲ့ပေါက်စီကောင်းတယ် ခေါက်ဆွဲစားချင်ရင်တော့ဈေးထဲက “တိုကျို”ကိုသွားလို့ပြောပေးပါတယ်။ အဲဒါနဲ့သူတို့ပြောတဲ့အတိုင်းရှေ့တည့်တည့်ဆက်သွားပြီး လမ်းမကိုကျော်လိုက်ပါတယ်။ လမ်းဘေးမှာ တော့သစ်သီးဈေးတန်းလေးခင်းကျင်းထားပုံက လှတပတ။ ပန်းသီး၊စပျစ်သီး၊မက်မန်းသီးတွေက လတ်လတ်ဆတ်ဆတ်နဲ့အလုံးအထည်ထွားထွား၊ ကောက်ညှင်းပေါင်းလေးတွေကလဲ ပူပူနွေးနွေးနဲ့စားချင်စဖွယ်။ ဈေးလေးရဲ့အနောက်ဖက်ဖျားမှာဖောက်ထားတဲ့ မလွယ်ပေါက်ကလေးက ဝင်လိုက်တော့ ဖက်ထုတ်ကြော်ဆိုင်လေးတွေ့ရပါတယ်။ ဆက်ဝင်လိုက်တော့ “တိုကျို”ဆိုတဲ့ဆိုင်လေးတွေ့ပါတယ်။ သူ့နံဘေးနားက တိုဟူးနွေးဆိုင်လေးကထွက်နေတဲ့ တိုဟူးကျိုတဲ့အနံ့လေးကလဲ သွားရေကျစရာ။ ဒါနဲ့ဘဲအဆာခံအောင်ခေါက်ဆွဲစား ပြီးတော့ မှသိ်ပ်မဝေးတဲ့ ကလေးတွေပြောတဲ့ဆိုင်မှာလက်ဖက်ရက်သောက်ပါတယ်။ လက်ဖက်ရည်အရသာကတော့ ကျွန်တော့အကြိုက်ပါဘဲ။ လက်ဖက်ရည်သောက်ပြီး ဆိုင်အပြင်ထွက်တော့ မိုးဖွဲဖွဲလေးကျနေတာကို မြင်မှ ပါလာတဲ့ထီးကိုသတိရလို့ပြန်ယူ။ မန်းလေးမှထီးဆောင်တာအကျင့်မရှိတော့ […]


“ မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓါတ်ရှင်အကြောင်း” (ဒုတိယပိုင်း- သီချင်းနဲ့ဓါတ်ရှင်) ၁။ (လူထုကြားက ရုပ်ရှင်သီချင်းများ………..) ဟိုအရင်က လူတွေမှာ နားဆင်ခံစားစရာဆိုုလို့ မနက်(7)နာရီကနေ့ နေ့လည်တစ်နာရီထိတစ်ကြိ်မ်၊ ညနေလေးနာရီကနေ ညကိုးနာရီထိတစ်ကြိမ် တနေ့နှစ်ကြိမ်လာတဲ့ရေဒီယိုရှိမယ်။ မြန်မာသီချင်းတွေကိုပြောတာပါ။ ဓါတ်စက်နဲ့ဖွင့်လို့ရတဲ့ ဓါတ်ပြားရှိမယ်။ တိတ်ရီကော်ဒါရှိမယ်။ နောက် တစ်ပါတ်တစ်ခါ အသစ်လဲတဲ့ ဓါတ်ရှင်ရှိမယ်။ တစ်ခါတစ်လေ ဘုရားပွဲရှိမှကြည့်ရတဲ့ အငြိမ့်တို့ ဇာတ်တို့ရှိမယ်။ ဒါအကုန်ပါဘဲ။ နောက်အိမ်တိုင်းမှာ ရေဒီယိုမရှိ။ ဓါတ်စက်မရှိ။ တိတ်ရီကော်ဒါမရှိ။ ဒီတော့လဲ ဇာတ်တွေ ရုပ်ရှင်တွေက သီချင်းတွေကို မက်မက်မောမောနဲ့နားထောင်ကြရပါတယ်။ ဇာတ်ဆိုတာကတော့ တကြိမ်ထဲဘဲပြတယ်ဆိုတော့ထပ်ကြည့်ဘို့လဲမလွယ် သိပ်မှတ်မိဘို့မလွယ်။ ရုပ်ရှင်ကတော့ တစ်ကားဆိုအကြာကြီးလဲပြ ကြည့်ချင်တယ်ဆိုရင်လဲထပ်ကြည့်လို့ရတာကြောင့် ရုပ်ရှင်ထဲက သီချင်းတွေကို ပိုပြီးလူတွေကစိတ်ဝင်စားကြပါတယ်။ အရင်ကတော့ ရုပ်ရှင်ကားတကားမှာဆိုရင် ဇာတ်ဝင်သီချင်းက တပုဒ်နှစ်ပုဒ်သာပါပေမယ့် နောက်ပိုင်းမှာတော့ သီချင်းတွေများသထက်များအောင်ထည့်လာကြပါတယ်။ […]


“ဘောစမျုးိ၏ ညွှန်ကြားချက်များနှင့် ဆာသော်၏ မဟာဗျုဟာများ” နောက်သိပ်မကြာခင်တစ်ရက်မှာတော့ မိတ်ဆွေတစ်ယောက်ရဲ့အိမ်မှာဝါဆိုပန်းကပ်လုပ်တော့ ဆာသော်နဲ့ကျနော်ထပ်ဆုံကြပြန်ပါတယ်။ အဲဒီကျတော့မှ ဟိုနေ့ကမပြီးသေးတဲ့ “ဘောစမျိုး”တွေရဲ့ဇာတ်လမ်းကိုသိချင်တာနဲ့ထပ်ဗျုးရပြန်ပါတော့တယ်။ ဆာသော်ရဲ့”ဘောစမျိုး”များက ဘယ်လို တွေလုပ်ကြတယ်၊ဘာတွေပြဿနာတက်တယ်၊ ဆာသော်က ဘယ်နည်းဘယ်ပုံဖြေရှင်းပေးရတယ် ဆိုတာလေးကို လည်း ဗဟုသုတရချင်တာလဲပါ ပါတယ်။ သူများဖြစ်ခဲ့လုပ်ခဲ့တာ ကို နားထောင်ထားတော့ ကိုယ့်အလှည့်ကျရင် အချိန်မကုန် အုံးမစား ပင်ပန်းစရာ မလိုဘဲ ဖြေရှင်းလို့ရတာပေါ့နော်။ အလှူရှင်ကကြွေးတဲ့ ဒန်ပေါက်ကို တဝတပြဲစား၊ သူများမထိုင်ချင်တဲ့ ဒေါင့်ကျကျနေရာလေးမှာနှစ်ယောက်သားထိုင် အချိုပွဲအုပ်ရင်း ဆာသော်ရဲ့ မဟာဗျုဟာတွေကို နားဆင်ရပါတော့တယ်။ ဆာသော်ရဲ့ ရင်မောရ စိတ်လေရတဲ့ အတွေ့အကြုံများကတော့…………………………………။ ဒီအလုပ်ကို စရောက်တော့ အရင်ဆုံး လုပ်ရတာက ပါတ်သက်ဆက်နွယ်မူ့လမ်းကြောင်းတွေကို လေ့လာရတာဘဲ။ ဒီလိုမိသားစုအားလုံးဝင်လုပ်တဲ့ အလုပ်တွေမှာ သူတို့ရဲ့ ” ဘေစချစ်”စာရင်းလေးတွေကို သိထားရတယ်။ မသိရင် ဂွမ်းမယ် […]


“ဘယ်လိုခွဲမလဲ……………?” ပြီးခဲ့တဲ့ ဥပုဒ်နေ့ကပြင်ဦးလွင်ကိုသွားတော့ ပြင်စာအလွန်လောက်ရောက်တော့ ဆွဲကြိုးလေးတစ်ကုံး လမ်းပေါ်မှာကျနေတာတွေ့ရပါတယ်။ ကျနော်တို့အဖွဲ့ထဲက ကလေးတစ်ယောက်ကဆိုင်ကယ်ရပ်ပြီး ဆင်းကောက်ပါတယ်။ အသွားအလာကလဲရှင်းတယ်လို့လဲသူ ကောက်ရဲတာပါ။ လူဆိုတာ ဒီအတိုင်းပါဘဲ ကိုယ်လုပ်တာ ကို သူများမသိရင် မမြင်လောက်ဘူးထင်ရင် ဘာဖြစ်ဖြစ်လုပ်ရဲကြတာများပါတယ်။ ဆွဲကြိုးဆင်းကောက်တဲ့ကောင်လေး ကျနော့်ဆိုင်ကယ်ကိုမှီလာတော့ “လေးပေါက်ရေ တောင်ပြုန်း တောင်ပြုန်း”လို့ ရီကျဲကျဲနဲ့ ပြောတော့ ကျနော်သဘောပေါက်သွားပါတယ်။ ဒါနဲ့ဘဲဆက်ပြီး စီးလာလိုက်ကြတာ ပြည်တော်ချစ်ဘုရားကို အရင်ဝင်ဖူး၊ ပြီးတော့မှ သူအောက်မှာရှိနေတဲ့ ပွဲကောက်ရေတံခွန်ကိုဆင်းကြပါတယ်။ တနင်္ဂနွေနဲ့ဥပုဒ်နေ့တိုက်တာရယ် နယ်က ဘုရားဖူးတွေကတောင်ပြုံးပွဲကိုလာကြရင်း ပြင်ဦးလွင်ကိုဆက်တက်လာကြတော့ နေရာအနှံ့ လည်ပတ်သူတွေနဲ့စည်ကားလို့နေပါတယ်။ (ကျနော့်တို့မန်းလေးသားမှန်ရင် ဘယ်သူမှ” ပြင်ဦးလွင်သွားမယ်”လို့မပြောပါဘူး၊ “မေမြို့တက်မယ်”လို့ဘဲပြောလေ့ရှိပါတယ်။ ဒါလေးက ကြုံလို့ ပွားလိုက်တာပါ။) ပွဲကောက်ရေတံခွန်ကိုတော့ ငယ်ငယ်လေးကတည်းက BE FALL(ဘီးအီးဖော)လို့ နုတ်ကျိုးနေပြန်ပါတယ်။ ရေတံခွန်က ရေတွေတဝေါဝေါကျနေတာမြင်တော့လူကြီးလူငယ် မိန်းမယောက်ျားအတော်များများက ရေဆင်းကူးကြပါတယ်။ […]


“လေပြေဆော်လာရင် ညောင်ရွက်သံတရှဲရှဲ ဆည်းလည်းသံညံစီစီ အော်တွေးမိပြီ တွေးပြီ လောကရံသီ အိမ်တော်ရာစေတီ ဘုရားဈေး ပြေးလို့မြင်နိုင်သည်…………” ဆိုတဲ့ မန္တလေးမြို့မ အသင်းကအဆိုတော် မတင်တင်မာရဲ့သီချင်းလေးကတော့ “မဟာလောကရံသီ ဘွဲ့အမည်ရပေမယ့် ဘုရင့်ယာယီစံမြန်းခဲ့တဲ့အိမ်တော်နေရာမှာတည်ထားခဲ့တဲ့ဘုရားမို့ အိမ်တော်ရာဘုရားလို့အရပ်ကခေါ်တဲ့ ဘုရားအကြောင်းကု ိစပ်ဆိုထားတဲ့သီချင်းလေးဖြစ်ပါတယ်။ အိမ်တော်ရာကဘုရားကတော့ မန်းလေးဈေးချိုတော်ရဲ့အနောက်ဘက် (27လမ်းနဲ့29လမ်းကြား)(87လမ်းနဲ့89လမ်းကြား)မှာတည်ရှိတဲ့ ဘုရားဖြစ်ပါတယ်။ ဘုရားပုရဝုဏ်က တပြပါတ်လည်နီးပါး ကျယ်ဝန်းပါတယ်။ တောင်ဘက်မုဒ်အဝင်ကတော့ ဘုန်းကြီးကျောင်းများနဲ့မြောက်ဘက်ကလာရင် 26ဘီလမ်းကနေတည့်တည့်ဝင်လာရင်ဘုရားကို ဒုတ်ဒုတ်ထိရောက်ပါတယ်။ အရှေ့ဘက်ကလာမယ်ဆိုရင် 86လမ်းဈေးချိုရဲ့အနောက်ဘက် “ဆင်တံတား” ကနေဝင်လာရင်ရပါတယ်။ အိမ်တော်ရာဆင်တံတားလို့ အမည်ရတဲ့တံတားအစမှာဆင်ရုပ်ကြီးနှစ်ကောင်ကအခန့်သား၊ တံတားတစ်လျောက်မှာတော့ သင်္ကန်းပရိက္ခရာ အရောင်းဆိုင်များက ဘေးတစ်ဘက်တစ်ချက်။ တံတားအဆုံးမှာတော့ အိမ်တော်ရာဘုရားအရှေ့ပေါက်ကိုရောက်ပါတယ်။ ဘုရားမြောက်ပေါက်ကတော့ 27လမ်း၊ တောင်ဘက်မုဒ်အဝင်ကတော့ ဘုန်းကြီးကျောင်းများနဲ့မြောက်ဘက်ကလာရင် 26ဘီလမ်းကနေတည့်တည့်ဝင်လာရင်ဘုရားကို ဒုတ်ဒုတ်ထိရောက်ပါတယ်။ ဘုရားအနောက်ပေါက်ကထွက်ရင် 89လမ်းပေါ်ရောက်။ ဘုရားရဲ့အနောက်ဘက်လမ်းမှာတော့ ရှေးကတည်းကရှိခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းများက အစီအရီ။ တောင်ဘက်နည်းနည်းသွားရင် […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း(7)” (ရွာသားများနှင့်တွေ့ဆုံခြင်း) တရားရိပ်သာက ထွက်လာတဲ့အချိန် မိုးကတော့ တဖွဲဖွဲရွာနေဆဲ။ ဒါပေမယ့်လဲ ဒီအထိတောင်ရောက်လာပြီးမှ ကျောက်တန်းရေလည်ဘုရားကို ရောက်အောင်သွားမယ်ဆိုပြီး ဆက်သွားကြပါတယ်။ ဟိုးငယ်ငယ်က တစ်ခေါက်ရောက်ဘူးပေမယ့် အခုချိန်မှာတော့ ဘယ်ကနေဘယ်လို့သွားမယ်ဆိုတာ မသိတော့ပါဘူး။ အခုတစ်ခေါက်ရောက်မှသိလို်က်တာကတော့ သံလျင်က သတ်သတ်တစ်မြို့ ၊ ကျောက်တန်းက သတ်သတ်တစ်မြို့ဆိုတာကိုပါ။ ရိပ်သာကနေထွက်လာတော့ဖြောင့်ဖြူးတဲ့လမ်းလေး အတိုင်းလာ ၊ ရှုပ်ထွေးစည်ကားတဲ့ဈေးတန်းလေးကို ဖြတ်အပြီးမှာတော့ ရေပြင်ကြီးရဲ့အလည်မှာရှိနေတဲ့ ဘုရားကို ဘွားကနဲတွေ့လိုက်ရပါတော့တယ်။ ငယ်ငယ်က ရောက်ခဲ့စဉ်တုံးက ဈေးတန်းလေးရှိတယ်ဆိုတာရယ် ရေစပ်က နွံပြင်ကြီးပေါ်မှာငါးပြန်လေးတွေ ဖလန်းဖလန်းထနေတယ်ဆိုတာကလွဲလို့ မမှတ်မိ၊ အခုအချိန်မှာတော့ ရေပြင်ကို သံပန်းတွေနဲ့ခြားထားတော့ အန္တရာယ်ကင်း၊ လမ်းနံဘေးနားက ဆိုင်တွေကလဲ သူ့နေရာနဲ့သူ သပ်သပ်ရပ်ရပ်။ အရှေ့ဘက်ဘေးမှာတော့ ရွှေရောင်တွေဝင်းလက်နေတဲ့မြတ်စောညီနောင်ဘုရား။ မိုးလေးက တိတ်လိုက်ရပ်လိုက်၊ ဘုရားဖူးလာကြတဲ့သူများ အရမ်းမစည်ကားပေမယ့် အဆက်မပြတ် ကျနော်တို့အဖွဲ့လဲ လှေဆိပ်မှာလက်မှတ်ဖြတ်လို့ […]