“တိမ်တွေနဲ့နီးအောင်အမြင့်သို့်တက်ကြည့်ခြင်း”   ကျနော်ဓါတ်ပုံရို်က်တဲ့အခါ တိမ်တွေ ရေထဲမှာအရိပ်ကျတာတွေကိုအတော်လေးနှစ်သက်မိပါတယ်.။ အထူးသဖြင့်ငယ်ငယ်လေးကတည်းကနှစ်သက်ခဲ့တဲ့တိမ်တောင်ထုတွေကို အခုထိလည်းနှစ်သက်နေတုံးပါဘဲ။ ဒီစက်တင်ဘာလ ကတော့ ခါတို်င်းထက်တိမ်တွေပိုလှတယ်လို့ထင်မိပါတယ်။ ခက်တာက ကောင်းကင်အပေါ်ပိုင်းမှာလေတွေတို်က်နေတော့ တိမ်တွေကရွှေ့လျားလို့နေပြန်ပါတယ်။ တိမ်တောင်ထုလေးပေါ်လာလိုက်။ ညနေကျရင်  သွားရိုက်မယ်စိတ်ကူးထားလိုက်။ တိမ်တွေကြ့ပိုကျသွားလိုက်နဲ့ ဖြစ်နေပြန်ပါတယ်။ တစ်ခါတစ်လေရိုက်မယ်လုပ်ပြန်ရင် မြင်ကွင်းက မရှင်း။   ခေါင်မိုးမြင့်မြင့်အပေါ်စီးကသာရိုက်မယ်ဆိုရင်တိမ်တွရှင်းနေမှာဘဲလို့တွေးမိပါတယ်။။ မန္တလေးတောင်ပေါ်က တက်ရိုက်ဘို့စဉ်းစားပေမယ့် အဆင်မပြေ။ တိမ်တွေကို အပေါ်အမြင့်ကရိုက်ကြည့်ချင်စိတ်က တိုးတိုးလို့လာပါတယ်။ တစ်ရက် ဟိုတယ်တွေမှာ ဒိုဘီအပ်တာလက်ခံတဲ့မိတ်ဆွေတစ်ယောက်ကို အကူအညီတောင်းရပါတယ်။ သူက ဟိုတယ်အပေါ်ဆုံးထပ်မှာသွားပြီး လျှော်ပေးရမယ့်အထည်တွေကို သွားလက်ခံရပါတယ်။ သူနဲ့အဖော်လိုက်သွားပြီး ခေါင်မိုးပေါ်တက်လိုက်တဲ့အခါ မန်းလေးမြို့ကြီးကိုအပေါ်ကစီးကြည့်လိုက်ရတဲ့ မြင်ကွင်းက ရင်သပ်ရှု့မော။ ကျယ်ပြန်တဲ့ကောင်းကင်မှာရှိနေတဲ့တိမ်တွက ကိုယ်နဲ့ ပို ပိုနီးကပ်လာသလိုပါဘဲ၊။ အရှေ့ဘက်မှာရန်ကင်းတောင် ရှမ်းရိုးမနဲပ […]


    “ကြက်ညီနောင်ထဲက ရွှေကြက်ကျပေါ်က လက်ဆော့မိခြင်း နှစ်”     မင်မိုရီကဒ်လဲပြီးချိန်မှာတော့ ဘုရားရဲ့အမြင့်ဆုံးနေရာလေးကိုရောက်သွားပါတယ်။ အဝေးကိုလှမ်းကြည့်မိတော့ စစ်ကိုင်းတောင်မူံပြပြ။ မော်တော်ဘုတ်ကလေးက ရေလည်မှာ။ နေရောင်တစောင်းကျနေတာလေးက လရိပ်ထုးိသလို။. (ဒီပုံလေးမျိုး မနှစ်ဆောင်းတွင်းကရိုက်ဘူးပါတယ်) အောက်ကိုငုံကြည့်တော့ကိုယ်လို လက်ဆော့နေသူတစ်ယောက်ကိုတွေ့ရပြန်ပါတယ်။ သူတို့ရှိတဲ့အနားကိုဖြတ်သွားတော့ အုန်းပွဲငှက်ပျောပွဲတွေ နံဘေးမှာအမျုးိသမီးသုံးယောက်။ တစ်ယောက်က ငှက်ပျောပွဲကိုချီမလို့ ပါးစပ်ကလဲတတွတ်တွတ်ရွတ်လို့ဆုတောင်း။ ကျန်တဲ့နှစ်ယောက်ကတော့ လက်အုပ်ကလေးချီလျက်။ သူတို့နားကနေဖြတ်ပြီး မြောက်ဘက်ခြမ်းကို ထွက်လာခဲ့ပါတယ်။ မြောက်ဘက်ခြမ်းအဆောင်လေးကနေ ကြည့်ရင် မန်းလေးတောင်ကို ဝိုးတဝါးမြင်ရပါတယ်။ ကျနော်အောက်ဖက်ကိုကြည့်လိုက်တော့ ရေချုးိဆိပ်ဖြစ်နေပါတယ်။ ရေချိုးဆိပ်ကို ဓါတ်ပုံရိုက်နေတုန်း တခစ်ခစ်ရီသံကြားလို့လှည့်ကြည့်လိုက်တော့ အနောက်ကခုံတန်းလျားပေါ်မှာ အချစ်သဲနေတဲ့စုံတွဲတစ်တွဲ။ ရေလည်မှာစီတန်းနေတဲ့ သင်္ဘောတွေ လှေတွေကို ဓါတ်ပုံရိုက်။ နောက်တော့ ကိုစိန်သော့ကို ရုံးဆင်းရင်လာမလားလို့လှမ်းမေး။ တိမ်လှရင်လာမယ် လှရင်သူ့ဆီဖုန်းဆက်လို့ပြန်ဖြေ.။ ကျနော်ကလဲ 15မိနစ်လောက်စောင့်ကြည့်လိုက်မယ် နေက တိမ်ထုထဲရောက်လို့လှမယ်ဆို […]


            “  အောင်ပင်လယ် မိုးညနေခင်းလေးကတိမ်………………….  “   1-9-2012 နေ့  နေ့လည်ခင်းလောက်မှာ တက်သိမ်းအင်းက တိမ်တွေကို လက်ဆော့အပြီးမှာ ဦးပွားကုန်းကျော်ကနေ တက်လာခဲ့ပါတယ်။ ကုန်းအလည်ခေါင်အရောက်မြောက်ဘက်ကိုလှမ်းအကြည့် အင်မတန်လှပတဲ့မြင်ကွင်းလေးကိုမြင်ခဲ့ရပါတယ်.။ ဦးပွားဘုရားနဲ့ တိမ်အဆင် ကို လှမ်းလို့လက်ဆော့၊ တံတားရဲ့တောင်ဘက်ခြမ်းကိုလက်ဆော့ အပြီးမှာ တံခွန်တိုင်ဘက်ကိုသွားဘို့ စိတ်ကူးလိုက်ပါတယ်။ အဲဒီအချိန်ရွာသားကိုဖိုးထောင်ကို သတိရလို့ လမ်းဘေးမှာဆိုင်ကယ်ရပ်လို့ ဖုန်းဆက်တော့ အောင်ပင်လယ်မှာတဲ့…………..။ ဘယ်နားမှာလဲလု့ိ မေးတေ့ာ သံယောဇဉ်မြန်မာပင်ကျရည် ဆိုင်မှာရောက်နေပါသတဲ့။ မနက်က တင်အဲဒီဘက်က ပြန်လာခဲ့တာဆိုတော့ သိပ်တော့မသွားချင်။ “လေးပေါက်ရာ တိမ်တွေအရမ်းကိုလှနေတာ ကျနော်လဲ နေအကျဓါတ်ပုံရိုက်ချင်လို့စောင့်နေတာ”ဆိုတဲ့ အသံလဲကြားရော တံခွန်တိုင်ဘက်ကိုသွားဘို့ဦးတည်ထားတာကို သိပ္ပံလမ်းဘက်ေြပြာင်းလိုက်ပါတယ်။ အဲဒီနေ့ နေလည်ခင်းက နေအတော်ပူပါတယ်။ ဒါပေမယ် တိမ်တွေလှတယ် ဆိုတဲ့စကားလေးက […]


      “တက်သိမ်းအင်း……….. မုးိညနေခင်းလေးရဲ့ တိမ်အဆင်……………”     စက်တင်ဘာလ တစ်ရက်နေ့က ကျနော်အလုပ်ပိတ်တဲ့နေ့ဖြစ်ပါတယ်.။ မနက်ပိုင်းမှာတော့အောင်ပင်လယ် ဘက်ကိုသွားဖြစ်ပါတယ်။ နေ့လည်ထမင်းစားပြီးတဲ့အခါ အိမ်အနောက်ဖက်က တက်သိမ်းအင်းဘက်လှမ်းကြည့်တဲ့အခါ ကောင်းကင်ပြာကြီးအောက်မှာ တိမ်တွေအရမ်းလှနေတာကိုမြင်လိုက်ရပါတယ်။ အဲဒါနဲ့ကင်မရာယူပြီး ကန်ဘက်ကိုထွက်လာခဲ့ပါတယ်။ စစခြင်းကန်အနောက်ဘက်ခြမ်းကနေ ထန်းပင်လေးရှိတဲ့ဘက်ကိုလှမ်းလို့ကြည့်။ ကန်ဘောင်အမြင့်ကနေ ရိုက်ရတာအားမရတော့ကန်ဘောင်အခြေက ရေစပ်ကိုဆင်းရိုက်ပါတယ်။ အဲဒီအခါမှ တိမ်တွေက ကျနော့်ခေါင်းပေါ်ကိုအုပ်မိုးကျလာသလို မြင်ရပါတယ်။ ဒီဘက်ကရိုက်လို့ဝတော့ အင်းရဲ့တောင်ဘက်ခြမ်းကိုသွား မြောက်ဘက်ခြမ်းကိုရိုက်။ နောက်တော့ မြောက်ဘက်ခြမ်းကားလမ်းပေါ်ကနေပြီး တောင်ဘက်ခြမ်းကိုရိုက်။ ကန့်အရှေ့ဘက်ကို သွားလို့ ကန်အနောက်ဖက်ခြမ်းကိုရိုက်။ ရိုက်………………ရိုက်………………….ရိုက်လို့ မဝနိုင်အောင်ပါဘဲ.။ ခါတိုင်းဆိုရင် တိမ်တွေက လေအဝေ့မှာခဏလေးနဲ့ပါသွားတတ်ပါတယ်။ အဲဒီနေ့ကတော့ကံကောင်းထောက်မစွာနဲ့ တိမ်တွေက အတော်နဲ့မရွှေဘဲငြိမ်နေတော့ မိုးညနေခင်းလေးတစ်ခုရဲ့လှပသော တိမ်များကို သူများတွေကြည့်ခွင့်ရအောင် မျှဝေခွင့်ကြုံ့လိုက်ပါတယ်။   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (9-9-2012)     […]


        “ခိုနားအေးရိပ်………ချွေးသိပ်အပန်းဖြေ……….”   မန်းလေးမြို့ကြီးဆိုတာ တောင်တန်းတွေကြားထဲမှာရှိတဲ့မြို့ကြီးတစ်မြို့ပါဘဲ။ မြို့အနောက်ဘက်ခြမ်းမှာ ဧရာဝတီမြစ်ကြီးကိုစီးမိုးလို့ကြည့်နေတဲ့ “မင်းဝံတောင်တန်း”ကြီးရှိမယ်။ မြို့အရှေ့ဘက်ခြမ်းမှာ ရန်ကင်းတောင်ကို ငုံ့ကြည့်နေတဲ့ “ရှမ်းရုးိမတောင်တန်းကြီး “ရှိမယ်။ မြောက်ဘက်ခြမ်းမှာဆိုရင် မန်းလေးတောင်နဲ့သခင်မတောင်တော်ရှိမယ်။ တောင်ဘက်ခပ်ဝေးဝေးမှာဆိုရင် ကျောက်ဆည်ဘက်က တောင်တန်းတွေရှိမယ်။ ဒါပေမယ့် တကယ်အနီးကပ်မြင်နေရတာကတော့ အောင်ပင်လယ်ကန်ဘောင်ရိုးကို အနားသတ်ပေးထားတဲ့ မိူင်းပြာပြာရှမ်းရိုးမကတော့ အထင်ကရပေါ့။ ပြင်ဦးလွင်ကိုသွားမယ်ဆိုရင် စိမ်းမြတဲ့အောင်ပင်လယ်ကို ဖြတ်သွားမှသာရောက်ပါတယ်။ အရင်ကတော့ အောင်ပင်လယ် လယ်ကွင်းတွေထဲကိုဖြတ်သွားစရာလမ်းကောင်းကောင်းမရှိပါဘူး။ ဒီဘက်ခေတ်မှာတော့ ရေတံခွန်တောက်ဂေါ်က်ကွင်း အသစ်ပေါ်လာတော့ သူ့ဆီကို သွားတဲ့ကားလမ်းလဲပေါ်လာပါတယ်။ အဲတော့ ဟိုးအရင်က အောင်ပင်လယ် က စပါးခင်းတွေကို ကားလမ်းမပေါ်ကသာလှမ်းငေးခဲ့ရတာပါ။ 2000ပြည့်နှစ်ရဲ့ တစ်ခုသောတန်ဆောင်မုန်းလပြည့်တစ်ရက်မှာ ရေတံခွန်တောင်ကျောအောက်ခြေမှာ ရှိတဲ့ လူမသိသူမသိဘုန်းကြီးကျောင်းလေးတစ်ခုကို မိတ်ဆွေတွေနဲ့အတူ “မိုးပေါ်ကျကထိန်”သွားခင်းဖြစ်ပါတယ်။ (မိုးပေါ်ကျကထိန်ဆိုတာ ကြိုတင်စီစဉ်ထားခြင်းမရှိဘဲ လှူဘွယ်ပစ္စည်းတွေကိုသယ်သွားပြီး ကထိန်အလှူလက်မခံရသေးတဲ့ […]


(1)   မဟာမုနိရုပ်ရှင်တော်   ရခိုင်ပြည်မှပင့်ဆောင်လာသောဘုရားဖြစ်ပြီး မန်းလေးမြို့တောင်ပြင်ရှမ်းပွဲရပ်တွင်တည်ရှိပါသည်။ ၄၅လမ်း ၈၁လမ်းနှင့်၈၄လမ်းကြားတွင်တည်ရှိပါသည်။ မဟာမြတ်မုနိ(သို့မဟုတ်)ဘုရားကြီး ဟု ခေါ်တွင်ပါသည်။ ဘုရားအတွင်းတွင် ရခိုင်ပြည်မှသယ်ဆောင်လာသော ကြေးရုပ်ကြီးများမှာထင်ရှားပါသည်။ ယုံကြည်တတ်သူများက ကြေးရုပ်ကြီးများ ၏ခန္ဓာကိုယ်အစိပ်အပိုင်းများကိုလက်ဖြင့်ပွတ်သပ ်၍ မနာမကျင်စေဘို့ ဆုတောင်းတတ်ကြပါသည်။ ၎င်းကြေးရုပ်ကြီးများအနီးတွင် ကြီးမားသောကြေးစည်နှင့် ကြေးမောင်းကြီးကို တွေ့နိုင်ပါသည်။ ဘုရား၏တောင်ဘက်တွင် အာနန္ဒာဘုရားကို ဝင်ရောက်ဖူးမျော်နိုင်ပါသေးသည်။ နံနက်လေးနာရီမထိုးမီတွင် နရည်းရေကင်းတီးလုံးများဖြင့် မျက်နှာသစ်တော်ရေဆက်ကပ်၍ သက်ရှိတစ်ဦးကဲ့သို့ မျက်နှသစ်တော်မူ ခြင်းသည်ထူးခြားထင်ရှားပါသည်။ မြို့ခံများနှင့် ဧည့်သည်တော်များသည် ၎င်းအချိန်မီအောင်သွားရောက်ကုသိုလ်ယူလေ့ရှိကြပါသည်။ ဘုရားကြီးမြောက်စောင်းတန်း၏ အရှေ့ဘက်ခြမ်းတွင်နံနက်မျက်နှာသစ်တော်ရေဆက်ကပ်ချိန်တွင် အသုံးပြုရန်အတွက်သနပ်ခါးများ သွေးသော ကျောက်ပြင်ကြီးများ ထားရှိပါသည်။ ဘုရားဖူးလာသူများသည် သနပ်ခါးများကို ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်သွေး၍ ကုသို်လ်ယူနိုင်ပါသည်။ (အကယ်၍ မျက်သစ်တော်ရေဆက်သချိန်အမှီအရောက်သွားလိုပါက 78လမ်းတွင်ရှိ ဂရိတ်ဝေါလ်ဟိုတယ်တွင်တည်းမည်ဆိုပါလျှင် တောင်ဘက်သို့ (၂)ပြခန့် လမ်းလျောက်သွားရုံဖြင့် ဘုရားကြီးသို့ရောက်နိုင်ပါသည်။) (2)   […]


        “အနောက်နန်းမတော်မမြလေးရဲ့…………………..”     မနက်တိုင်းလမ်းလျောက်ရင် ခဏနားကိုယ်လက်လှုပ်ရှားလုပ်တဲ့နေရာက ပြည်ကြီးမွန်ဖောင်မှာပါ။ ဒီဖောင်ရဲ့အနောက်ဖက်မှာ “မမြလေးဘုရား”ရှိပါတယ်။ ဟိုးအရင်ကတော့ ဒီနေရာတွေက သွားဘို့မလွယ်။ (ကျနော်ကိုယ်တိုင်ရှိမှန်းတောင်မသိခဲ့ပါဘူး) အခုတော့ တက်သိမ်းအင်းကန်ပါတ်လမ်းဖောက်လိုက်တဲ့အခါ လမ်းဘေးမှာဆိုတော့ဖူးရလွယ်။ ဒါပေမယ့် နေ့စဉ်သာဒီအနားကဖြတ်သွားတယ်တစ်ခါမှ ဘုရားပေါ်မရောက်။ ဒီနေ့တော့ စိတ်ကူးပေါက်တာရယ် အချိန်လည်းနည်းနည်းစောတာနဲ့ဘုရားပေါ်တက်ခဲ့ပါတယ်။ ဒီဘုရားကို ရေလည်ကုသိနာရုံ ဆုတောင်းပြည့်မြတ်စွာဘုရားလို့ဘွဲ့အမည်နာမပေးထားပါတယ်။   သက္ကရာဇ် ၁၂၀၅ ဆိုတော့ 1843ခုနှစ်က အင်းဝခေတ်အနောက်မိဖုယား နန်းမတော်မမြလေးတည် ထားတယ်လို့မှတ်တမ်းအရသိရပါတယ်။ အနောက်နန်းမတော်မမြလေးက လှိုင်ထိပ်ခေါင်တင်ရဲ့မယ်တော်ဖြစ်ပါတယ်။ အိမ်ရှေ့စံမင်းသားဖြစ်တဲ့ သာယာဝတီမင်း(ရွှေဘိုမင်း(ခ)ကုန်းဘောင်မင်း)က သူ့ နောင်တော် စစ်ကိုင်းမင်း(ဘကြီးတော်ဘုရား)ထံကနေ ထီးနန်းသိမ်းပိုက်ယူလိုက်တဲ့ သက္ကရာဇ်၁၁၉၉ခုနှစ်မှာ တေးကဗျာလင်္ကာ နဲ့တူရိယာတွေကို ကျွမ်းကျင်တဲ့ မမြတ်လေး (ရှေးသတ်ပုံအရ မမြလေး)ကို “သိရိမဟာရတနာ စန္ဒာဒေဝီဘွဲ့အပ်နှင်းပြီးအနောက်နန်းမတော် အဖြစ်တင်မြောက်ခဲ့ပါတယ်၊ မမြကလေးကိုယ်တိုင်ကလဲ […]


        “ပြည်ကြီးမွန်ဖောင်တော်”     မြန်မာလူမျိုးတွေမှာ မရှိမဖြစ်ပါတတ်တဲ့ အရာတစ်ခုက “ကရိဝိက်ဖောင်တော်”ပါဘဲ။ မင်းခန်းမင်းနားများမှာအသုံးပြုတတ်တဲ့တော်ဝင်နန်းသုံးပစ္စည်းဆိုပြန်ရင်လဲမမှားပါဘူး။ ဒီကရိဝိက်ဖောင်နဲ့ဘုရားပင့်တယ် ဘုရင်းမင်းမြတ်များ ရေလမ်းခရီးသွားရင်သုံးပါတယ်။ နောက်ဒီကရိဝိက်အသံကလည်း သာယာတယ်လို့ဆိုပေမယ့် တစ်ခါမှတော့ မမြင်ဘူးပါဘူး။ ရန်ကုန်မြို့က ကန်တော်ကြီးအရှေ့ဘက်ခြမ်းမှာ ဒီကရိဝိက်ဖောင်တော်ကြီးကို တည်လိုက်ပါတယ်။ အဲတော့လဲရုပ်ရှင်တွေထဲမှာထည့်ရိုက်ကြ သီချင်းထဲမှာထည့်စပ်ကြနဲ့အတော်လေးခေတ်စားခဲ့ပါတယ်။ ကျနော်တို့မန်းလေးကတောသားတွေမှာတော့ ဒီကရိဝိက်ဆိုတာကြီးကို တအံ့တဩပေါ့။ နောက်တော့ မန်းလေးကျုံးအရှေ့တောင်ဘက်မှာ ကရိဝိက်ဖောင်လောက်မကြီးတဲ့ ဖောင်တော် တစ်ခုဆောက်လုပ်လိုက်ပါတယ်။ “  ပြည်ကြီးမွန်ဖောင်တော် “လုို့အမည်ပေးပါတယ်။ အဲဒီအပေါ်မှာ  စားသောက်ဆိုင်ဖွင့်လိုက်ပါတယ်။ မင်္ဂလာဧည့်ခံပွဲများကို လဲလက်ခံပေးပါတယ်၊။ အခုတော့ လည်းဒီပြည်ကြီးမွန်ဖောင်တော်က မန်းလေးကန်တော်ကြီးအနောက်တောင်ဘက်ခြမ်းကိုရွှေ့လာပါတယ်။ ကရိဝိက်ပုံစံဆိုတော့လဲ ကရိဝိ်က်အမှတ်တံဆိပ်ပါတဲ့ ရွှေတံဆိပ်ခဏခဏရတဲ့ မြန်မာဘီယာ အတွက်ကြော်ငြာစရာနေရာတစ်ခုဖြစ်လာပါတယ်။   ကျနော်ကမနက်တိုင်းလမ်းလျောက်တဲ့အခါ ကန်တော်ကြီးအရှေ့မြောက်ထိပ်ကနေပြီး ကရိဝိက်ရှိရာ အနောက်တောင်ထိပ်ထိ နေ့တိုင်းလျောက်ပါတယ်။. အဲတော့ […]


      “မန်းတောင်ခြေမှ ကုသိန္နာရုံဘုရား(အင်ကြင်းတော)”   ပြီးခဲ့တဲ့နှစ်အတော်ကြာကြာက မန်းလေးတောင်ခြေမှာရှိတဲ့ကုသိန္နာရုံဘုရားကိုဘက်စုံမွမ်းမံတယ်ဆိုတာ သတင်းစာထဲမှာဖတ်လိုက်ရပါတယ်၊ ဒါပေမယ့်လည်းမေ့မေ့ပျောက်ပျောက်။ ပြောရမယ်ဆိုရင်လဲ ဒီဘုရားဘယ်နားမှာရှိတယ်ဆိုတာကို မသိပါဘူး။ နောက်တော့မန်းလေးတောင်ပေါ်ကိုရော တောင်ခြေကိုရော ခဏခဏရောက်ပေမယ့် ဒီဘုရားကို မရောက်ခဲ့ပါဘူး။ စိတ်ဝင်စားပေမည့်လည်း သေချာတော့ မမေးမိ။ 25-8-2012နေ့မှာတော့ မန်းလေးတောင်ခြေမှာနေတဲ့ အသိတစ်ယောက်အိမ်ကို သွားဖြစ်ပါတယ်။ မဒမ်ပေါက်တို့ စကားပြောနေတုန်းကျနော်က ကတော့ တောင်တက်လမ်းအတိုင်းလမ်းလျောက်ထွက်ခဲ့ပါတယ်။ အဝင်စနားမှာအပေါ်မော့အကြည့် ထူးခြားတဲ့ပုံစံနဲ့တည်ထားတဲ့ ဘုရားတစ်ဆူကိုဖူးမြင်ရပါတယ်။ ရှေ့ဆက်လိုက်တော့မှာ “ကုသိန္နာရုံ အင်ကြင်းတော” ဆိုတဲ့ဆိုင်းဘုတ်ကိုမြင်မိမှ ကျနော်မရောက်ဘူးသေးတဲ့ ဘုရားဆိုတာသိလိုက်ရပါတယ်။ အဲဒါနဲ့စောင်းတန်းလေးအတိုင်း အပေါ်တက်၊ အဝင်ဝမှာ ကုသိန္နာရုံဆိုတဲ့စကားလေးကို ဘိုလိုရေးမိတာကို မြင်မိပါတယ်။ အထဲမှာတော့ လျောင်းတော်မူကိုယ်တော်တစ်ဆူ။ နောက်အင်ကြင်းတောဆိုတဲ့အတိုင်း အင်္ဂတေတိုင်လုံးများကို သစ်ပင်ပုံစံတည်ထားပါတယ်။ လျောင်းတော်မူကိုယ်တော်ရဲ့ ခြေရင်းဘက်မှာတော့ ရသေ့ကြီးဦးခန္တီ အာလာဝကဘီလူးနဲ့ စန္ဒမုခိဘီလူးမ ပုံတော် […]


        “တိမ်နဲ့တောင် အောင်ပင်လယ်နဲ့ တက်သိမ်းအင်း”     အောင်ပင်လယ်အတွင်းဘက်ပိုင်းကို အားရပါးရရိုက်ပြီးပြန်ထွက်လာတော့ နေကပူနေပါသေးတယ်။ အစကတော့ ရန်ကင်းတောင်ခြေနားက လယ်ကွင်းတွေထိသွားမယ်စိတ်ကူးပါသေးတယ် ။ ဒါပေမယ့် နေပူနေတာနဲ့ပြန်ဘို့ဘဲစိတ်ကူးလိုက်ပါတယ်။ ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်း ရဲ့ အနောက်ဖက်မှာမြေလမ်းလေးတစ်ခုနဲ့ချောင်းလေးတစ်ချောင်းကိုမြင်ရတော့ သစ်ပင်ရိပ်မှာဆိုုင်ကယ်ရပ်။ ချောင်းလေးဘေးနားကိုသွား အဝေးကမြင်ရတဲ့မန်းလေးတောင်ကို လှမ်းလို့ ဓါတ်ပုံရိုက်ပါတယ်။ ချောင်းကလေးနံဘေးမှာသစ်ပင်လေးတွေကအစီအရီ။ သစ်ပင်ရိပ်ကလေးတွေက တရေးအိပ်ချင်စရာ မြင်ရတာအေးမြ။   တောင်အနောက်ဘက်ခြမ်းမှာက တိမ်တစ်အုပ်က လှပ။ အဲဒါနဲအောင်ပင်လယ်ကန်ဘောင်ရိုးအတိုင်းပြန်လာခဲ့ပါတယ်။ ကန်ဘောင်ရိုး အတိုင်းလာနေရင်း အရှေ့ဘက်ပိုင်းမှာ မြောင်းကလေးနဲ့လူကူးတံတား။ အဝေးမှာ ရန်ကင်းတောင်။ အနီးမှာက စိမ်းမြတဲ့လယ်ကွင်း။ လယ်ကွင်းရဲ့အလည်မှာ တစ်ခါကရွာသူ မမှီ သဘောကျဘူးတဲ့လယ်တဲလေး။ အဲဒါတွေကို အားရပါးရရိုက်ပြီး လမ်းပေါ်ပြန်အတက် အနောက်ဘက်မှာလှလိုက်တဲ့တိမ်တွေ။ ဒါနဲ့ဘဲနေပူကျဲတဲမှာ တိမ်တွေကိုလိုက်ဖမ်း။ အားရမှပြန်လာခဲ့ပါတယ်။ အပြန်လမ်းမှာတော့ […]


  “ယိမ်းနွဲ့လို့ကသယောင် စိမ်းလဲ့လို့မြအရောင် နဲ့အောင်ပင်လယ်က ……………”   လူကလဲနေပူထဲမှာ အကြာကြီးနေခဲ့တော့  မောပါတယ် ။ မောဆိုချွေးက အရမ်းထွက်တာကိုးဗျ။ အရှေ့ဘက်ဆက်မသွားဘဲ နဲ့ အသွားတုံးက မရိုက်ဖြစ်ဘဲကျော်လာခဲ့တဲ့ နန်းဦးလွင်ရွာထိပ်က ကြွက်ကြော်နဲ့ထန်းရေဆိုင်လေးဘေးနားက စိမ်းလဲ့လဲ့ ကောက်ပင်တွေကိုဆော်ဘို့နှက်ဘို ဆိုင်ကယ်ရပ်။ ပြီးတော့ မှ တံတားထိက်ကနေ လယ်ကွင်းထဲကို ဆင်းရိုက်.။ အစိမ်းနုရောင်ကော်ဇောတစ်ချပ်ခင်းထားသလို ကောက်ပင်လေးတွေမြင်ရတာ အေးမြ။ ဒီမြင်ကွင်းကိုမြင်လိုက်တော့ အမြင်အာရုံတွေ ကြည်လင်အေးမြ။ ဒီနားမှာလဲအတော်ကြာအောင်ဓါတ်ပုံရိုက်မိပါတယ်။ အပြန်လမ်းကတော့အေးအေးဆေးဆေး။ အောင်ပင်လယ်ကန်ဘောင်ရိုးဘက်က နေပြန်လာခဲ့ပါတယ်။ အတော်လေးသွားမိတော့ ၂၀၁၁ခုနှစ်က ကျနော်ရိုက်ထားဘူးတဲ့ ကျနော်တို့ရဲ့ ရွာသူ မမှီ(အခုပျောက်နေသူ)သဘောကျပါတယ်လို့ဆိုထားတဲ့ လယ်စောင့်တဲ့ကလေးကရှိနေဆဲ၊ အဲဒါနဲ့ ကန်ဘောင်ရိုးမှာရပ်ပြီး ဓါတ်ပုံရိုက်။ ဟိုးအရှေ့ဘက်အနားသတ်က ရန်ကင်းတောင်။ ကြားထဲမှာက စိမ်းမြမြ စပါးခင်း။ အောက်မှာတော့ရေမြောင်းလေးနဲ့ တဲအိမ်ကလေး၊ လှပသောမြင်ကွင်းလေးကိုမြင်ရတော့ ကြည်နူးစိတ်တွေက […]


“စိမ်းလဲ့လဲ့ ယိမ်းနွဲ့နွဲ့ စပါးပင်နဲ့အလှဆင် တဲ့အောင်ပင်လယ်”       ကျနော် အောင်ပင်လယ် လယ်ကွင်းတွေရဲ့မြောက်ဘက်ခြမ်းကနေ ကင်မရာတစ်လုံးနဲ့လက်ဆော့နေတာကို တောင်ဘက်ခြမ်းက လယ်တဲအိမ်က လူတွေကလှမ်းကြည့်နေကြပါတယ်။ ဟိုဘက်နဲ့ဒီဘက်ကူးတဲ့တံတားလေးကို တံခါးလေးနဲ့ပိတ်ထားတော့ အလွယ်တကူ ကူးလို့မရပါဘူး။ တံတားကလဲ အခို်င်အမာကြီးဆောက်ထားတာမဟုတ်။ လူသွားသာရုံပျဉ်ချပ်ကလေးထိုးထားတာပါ။ သူတို့ဘက်ခြမ်းမှာကြည့်လိုက်တော့ အောင်ပင်လယ် စပါးခင်းကြီးက စိမ်းစိုလဲ့လဲ့။ ဒါနဲ့ကျနော်လဲ အဲဒီဖက်ကလူတွေကို လှမ်းအော်ရပါတယ်။ ဓါတ်ပုံရို်က်ချင်လို့  အဲဒီဘက်ကိုလာပါရစေပေါ့။ ဟိုဘက်က လူတွေကလဲ သဘောကောင်းပါတယ် ။ လာခဲ့ဘို့ခွင့်ပြုပါတယ်။   အဲဒါနဲ့ တံတားလေကို သတိနဲ့ကူးရပါတယ်။ လူကဝတုတ်ဖက်တီးဆိုတော့ ရေထဲပြုတ်ကျမှာကြောက်လို့ပါ။ ဟိုဘက်ရောက်တော့ သူတို့နဲ့ အလ္လာပ သလ္လာပပြောရပါတယ်။ ငယ်ငယ်တုန်းက ကြာအိုင်ကြီးလာဓါတ်ပုံရိုက်တာပါပေါ့။ သူတို့ကလဲ ဒီကြာအိုင်ကြီးကိုနှမျောပါသတဲ့။ ဘက်ဖိုးနဲ့မထိုးခင်တစ်ရက် က သူ့သမီးတွေကြာအိုင်ကြီးနဲ့ဓါတ်ပုံရို်က်ထားပါသတဲ့။ သူတို့ကဂျာနယ်ထဲ ထည့်ဖို့လားလို့မေးပါတယ်။ ကျနော်လို့ကင်မရာတစ်လုံးနဲ့လာ […]