“နေရာပေး၏ မပေး၏” မနေ့ကအလုပ်ကပြန်ရောက်တော့ ဖိတ်စာလေးတစ်စောင်ခုံပေါ်မှာတွေ့ရပါတယ်။ ကောက်ဖတ်ကြည့်လိုက်တော့ နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်သွားကြတဲ့ ဆွေမျုးိအိမ်က အလှူဖိတ်စာလေးဖြစ်နေတာကိုတွေ့ရပါတယ်။ နောက်စာတိုလေးတစ်ကြောင်း။ “အကိုလေးရေ.. လူကြီးတွေလက်ထက်ကဖြစ်ခဲ့တာ ကျနော်တို့လက်ထက်မှာသင်ပုန်းချေလိုက်ရအောင်နော်” လို့ဝိုင်းစက်လှပတဲ့လက်ရေးလေးကိုဖတ်လိုက်ရပါတယ်။ ရေးတဲ့သူကတော့ကျနော့်ညီမဝမ်းကွဲ “အေးအေးမြင့်” အိမ်နောက်ဖေးကထွက်လာတဲ့ မဒမ်ပေါက်က နေ့လည်က” မိအေးကိုယ်တိုင်လာပေးသွားတာ လာမယ့်ဥပုဒ်နေ့ အကိုလေးလာဖြစ်အောင်လာပါလို့လဲ ပြောသွားသေးတယ်”လို့ သတင်းပေးပါတယ်။ ကျနော်လဲ အိမ်ထဲဝင် အဝတ်အစားလဲပြီး  ပက်လက်ကုလားထိုင်ပေါ်မှာထို်င်မိမှ မိအေးရေးသွားတဲ့စာလေးကနေအစပြုပြီး အရင်ဖြစ်ခဲ့တဲ့အကြောင်းတွေကို ပြန်စဉ်းစားမိပါတယ်။ @@@@@@@@@@@  @@@@@@@@@@@@@@ @@@@@@@@@@@@@@@@@@@@   အတိတ်ဆိုတာ အကောင်အထည်မပြနိုင်ပေမယ့် မေ့ပျောက်လို့ မေ့ဖျောက်လို့မရစကောင်းတာလဲအမှန်။ လွန်ခဲ့သောနှစ်ပေါင်းလေးဆယ်လောက်ကဘဲဆိုပါစို့။ မိအေးတို့ အဖွား နဲ့ ကျနော့် အဖွားက အထက်အောက်ညီအမ။ အဖွားက အကြီး မိအေးတို့အဖွားက အငယ်။ မိအေးနဲ့ကျနော်ကျပြန်တော့လဲ ကျနော်က 2နှစ်ကြီးတယ်။ သူ့အကိုက ကျနော်ထက် […]


“လက်သီးပုန်းအနီ တူညီခြင်းအစိမ်းနှင့် ရွာသူရွာသားများ၏ကော်မင်းများ”   ကျနော်2009ခုနှစ် အခုလိုအချိန် ဒီဇင်ဘာလမှာ အင်တာနက်ကို ဝင်ပြီးစာစရေးပါတယ်။ စရေးရေးခြင်းကတော့ ကိုယ်ကဘာမှလဲမတတ်တော့ အသိတစ်ယောက်ကပေးလာတဲ့ မြန်မာသူငယ်ချင်းများနေ့ အဖွဲ့ထဲကိုစဝင်ဖြစ်ပါတယ်.။ အဲဒီအချိန်ကတော့ အင်တာနက်ကို တစ်ပါတ်တစ်ရက် အလုပ်ပိတ်တဲ့ဥပုဒ်ရက်မှာဘဲရောက်ပါတယ်။ စဝင်စက “ပျော်အောင်နေနိုင်ဘို့”လို့အမည်ရတဲ့ စာတိုလေးတစ်ခုရေးလိုက်ပါတယ်။ နောက်တစ်ပါတ်အင်တာနက်ဆိုင်ရောက်လို့ ဖွင့်ကြည့်လိုက်တော့ ကော်မင်းလေးတွေ တွေ့လိုက်တော့ စိတ်ကြီးဝင်သွားပါတယ်။ ကော်မင်းက လေးခုတောင်မှဗျာ။ အဲဒီမှာ အတော်လေးပျော်သွားပါတယ်။ င့ါကိုအားပေးသူတွေရှိတယ်ပေါ့။ ဒါနဲ့ဘဲစာတွေဆက်ရေးဖြစ်ပါတယ်။ စာတွေတင်လိုက်ကော်မင်းတွေရလိုက်နဲ့ပေါ့။ ကော်မင်းပေးတဲ့လူတွေက လဲ ဒီလူတွေဘဲဖြစ်နေတာ ကြာလာတော့ သိလာပါတယ်။ ကျနော် ပိန်းတာတော့မပြောပါနဲ့တော့ နောက်မှရိပ်မိတာ အဲဒီလူတွေက ဆိုက်ထဲက အက်ဒမင်လူကြီးမင်းများဖြစ်နေတာကိုပါ။ ရေးတဲ့လက်သင်ကို ရေးရဲအောင် အားပေးတာပါဘဲ။ တစ်ရက်မှာတော့ အင်တာနက်ဆိုင်ထဲမှာ ကလေးတွေဆူညံပြီး ချက်တင်ထိုင်တာတွေ့တော့ “ချက်တင်ချစ်သူ” ဆိုပြီး ပေါ့ပ် ကဗျာလေးရေးလိုက်တာ […]


“မေ့ပျောက်ထား ၏……… မထား၏”(အာဇာနည်နေ့)   မန်းလေးမှာရှေးကတည်းက ရှိနေတဲ့ ရှေးဟောင်းအိမ်တွေ၊ပြိုပျက်နေတဲ့ရှေးဟောင်းကျောင်းတွေ လူအများနေ့စဉ်ဖြတ်သန်းသွားလာနေပေမယ့် ရင်ထဲမှာတော့ ပျောက်နေရှာတဲ့ နေရာလေးတွေ ကိုလက်ဆေ့ာထားတဲ့ကျနော်ဓါတ်ပုံတွေကို မြင်တဲ့မိတ်ဆွေတွေက “ကိုပေါက်ရေကနောင်မင်းသားကြီးအုတ်ဂူကိုရော မှတ်တမ်းတင်မိသေးလား”လို့မေးကြပါတယ်။ အခုရက် မန်းလေးတောင်ပေါ်ကိုရောက်တဲ့အခါ တောင်ခြေမှာရှိနေတဲ့စန္ဒာမုနိနဲ့ကုသိုလ်တော်ဘုရား တွေကို အပြင်ကသာ လှည့်ပါတ်ဖူးမျှော်ခဲ့ လက်ဆော့ခဲ့ပေမယ့် ဘုရားအတွင်းထဲကိုတော့ မရာက်ခဲ့ပါဘူး။ အဲတော့လဲ စန္ဒာမုနိ ဘုရားအတွင်းထဲမှာရှိတယ်ဆိုတဲ့ကနောင်မင်းသားရဲ့ အုဌ်ဂူကိုတော့ မှတ်တမ်းမတင် ရသေးဘူးဖြစ်နေပါတယ်။ တစ်ရက်မှာတော့ အောင်ပင်လယ်မှာ ကနောင်မင်းသားကြီး ရေမြုတ်ဗုံးစမ်းခဲ့တဲ့အောင်ပင်လယ်ကပုံကို တင်ပေးပါလို့ ဆိုလာသူကလဲရှိပြန်ပါတယ်။ ရှေးက ရှေ့ဆောင်ခဲ့ဦးဆောင်ခဲ့သူတွေကို မမေ့နိုင်စရာဖြစ်လို့လာပါတယ်။ မနေ့ကမုန်တိုင်းရှိတော့ ဆောင်းတွင်းကြီး တစိမ့်စိမ့်ရွာလို်က်တဲ့မိုးကဇူလိုင်လလို မိုးတွင်းကြီးမှာရွာတာနဲ့တူနေပါတယ်။ မိုးတွေရွာတော့ ဟိုစဉ်းစား ဒီစဉ်းစားနဲ့ကနောင်မင်းသားကြီးအကြောင်းတွေးမိပါတယ်။ တိုင်းပြည်ကို တိုးတက်ခေတ်မီစေလိုတဲ့စိတ်နဲ့ ကြံဆောင်နေဆဲ အလုပ်လုပ်လို့ကောင်းဆဲမှာအာဏာရူးသူရဲ့ လက်ချက်နဲ့ ကွယ်လွန်ခဲ့ရပါတယ်။ တကယ်လို့များ ကနောင်မင်းသားကြီးသား အခုလို […]


3ကျောင်းအဝင်ပေါက်အရှေ့ဘက် အရင်ကတော့ သစ်သားတံခါး အခုတော့သံတခါး     “ငယ်ငယ်တုန်း ခေါင်းလောင်းသ-7ံ” (ဂုဏ်ယူတတ်စေသော……….ဂုဏ်တင့်စေသော……………)   အဲဒီတုံးက ကျောင်းအုပ်ဆရာကြီးဦးလှ က အားကစား ကို အရမ်းအားပေးပါတယ်။ ကျနော်တို့ကျောင်းသားဘဝကဒီဇင်ဘာလဆိုရင်အမှတ်(9)ကျောင်းရဲ့ အားကစားပွဲတော်ပါဘဲံ။ တစ်လလုံးနီးပါးလောက်ပြိုင်ကြဘင်ခရာတီးဝိုင်းတွေလေ့ကျင့်ကြနဲ့ပျော်စရာကြီးပါ။ အားကစားမျိုးစုံမှာ ဝင်မပြိုင်တဲ့ ကျောင်းသားမရှိသလောက်ပါဘဲ။ မီတာတစ်ရာ ၊မီတာနှစ်ရာ၊မီတာရှစ်ရာ၊ တန်းကျော်ပြေးပွဲ၊ဘတ်စကက်ဘော၊ဘော်လီဘော၊ဘောလုံး၊ပင်ပေါင်၊ တင်းနစ်၊ကြက်တောင်၊အလျားခုန်၊သံလုံးပစ်အတော်လေးစုံပါတယ်။ ပြိုင်ပွဲမှာဝင်ပြိုင်တယ်ဆိုရင် စာသင်ခန်းဝင်စရာမလိုတော့ ဟုတ်ဟုတ် မဟုတ်ဟုတ်ဝင်ပြိုင်ကြပါတယ်။ ပြိုင်ပွဲဝင်မယ့်ဆိုရင်အရင်စာရင်းပေး။ စာရင်းပေးပြီးရင် အကြိုပြိုင်ပွဲတွေလူရွေးပွဲတွေထပ်လုပ်ပါတယ်။ ဆရာဒေးဗစ်လေသံနဲ့ပြောရရင် “ဟိ “ ယူတယ်ပေါ့။ နောက်ဆုံးကျန်တဲ့ဆယ်ယောက်( ဟိ ဝင်တဲ့သူပေါ့)ဘဲ နောက်ဆုံးနေ့မှာဝင်ပြိုင်ခွင့်ရပါတယ်။ တကယ့်ပွဲကြီးနေ့မှာဝင်ပြိုင်ရတဲ့လက်ရွေးစဉ်တွေမှသာပွဲနေ့အခမ်းအနားမှာ စီတန်းလမ်းလျောက်ခွင့်ရပါတယ်။ အဲတော့လဲ အားလုံးက တကယ့်ပွဲနေ့မှာပါဝင်ခွင့်ရအောင်ကြိုးစားကြပါတယ်။ တကယ့်ပွဲနေ့မတိုင်ခင် ကျောင်းဝင်းထဲက ဘောလုံးကွင်းထဲမှာ ဘင်ခရာအဖွဲ့ကလေ့ကျင့်ပါတယ်။ တကယ်ပြိုင်ပွဲရက်နီးတဲ့အခါမှာ ဖွင့်ပွဲပိတ်ပွဲအတွက် လက်ရွေးစဉ်တွေက လမ်းလျောက်လေ့ကျင့်ရပါတယ်။ ပိတ်ပွဲနေ့က […]


“ပြီးစလွယ် သဘောဆောင်တဲ့ တကယ့် အန္တရာယ်ထောင်ချောက်”   မနေ့ညက အင်တာနက်ဆိုင်ရောက်နေတုံး အပြင်မှာ အုံးကနဲ့အသံကြားတော့ အားလုံးထွက်ကြည့်ကြပါတယ်။ ဆိုင်ကယ်တစ်စီး က လမ်းအလယ်ခေါင်က သဲအိတ်တွေကို ဝင်တို်က်ပြီးလဲသွားတာပါ။ လူလဲနာ မီးခွက်ကွဲ ဆိုင်ကယ်လဲကျိုးပဲ့ပေါ့။ မန်းလေးစစ်ကိုင်းလမ်းမ ကန်တော်ကြီးအဝင်လမ်းမရောက်ခင် မှာပါ။ ဒီစစ်ကိုင်းလမ်းကိုချဲ့ဘို့အတွက်အိမ်တွေကိုနောက်ဆုတ်။ လမ်းမြေကိုကျုးထားတယ်ဆိုတဲ့နေရာတွေကိုဖယ်ခိုင်းထားပါတယ်။ ဖြစ်ချင်တော့ ဒီလမ်းက အနိမ့် အရှေ့ဘက်က အိမ်တွေကအမြင့်။ လမ်းဖျက် မြေတူး လမ်းချဲ့ မြောင်းတူး တဲ့အလုပ်တွေလုပ်တာနှစ်ပေါက်အောင်ကြာပါတယ်။ ပြီးခဲ့တဲ့လပိုင်းကတော့ လမ်းခင်းပြီးသွားပါတယ်။ ဒါပေမယ့် နိမ့်ဆင်းနေတဲ့လမ်းကို အမြင့်မှာရှိနေတဲ့အိမ်တွေက ယာယီတံတားခင်းပြီး ဆင်းကြတက်ကြ အတော်လေးဒုက္ခရောက်ကြပါတယ်။ လမ်းပြီးသွားတော့ ရွှေတစ်ချောင်းနဲ့ဆက်နေတဲ့လမ်းလယ်က ရေမြောင်းကြီးကကြာနေပြန်ရော။ ရေမြောင်းကို အကြာကြီးပိတ်ထားရာကနေ ဘေးဘောင်တွေခင်းပြီးသွားပေမယ့် အခုဓါတ်ပုံထဲ ပါတဲ့မြောင်းပေါက်ကြီးက ဒီအတိုင်းကျန်နေပြန်ပါတယ်။ နဂိုရ်ကထဲက သစ်ပင်တွေအုပ်ဆိုင်းနေလို့ နေ့မှာတောင်မှောင်နေတဲ့လမ်း ညမှာဆို လမ်းမီးရောင်က […]


“ငယ်ငယ်တုန်း ခေါင်းလောင်းသံ အပိုင်းလေး” (ဟိုပြောင်း  ဒီခုန်)   အဲဒီနေ့က ကျနော်အဖွားတွေက အဖေနဲ့အမေကိုလာကွိုင်ကြတာပါ။ ဒီလောက်ငယ်ငယ်လေးကို မီးရထားစီးပြီးနေ့တိုင်းကျောင်းလာခိုင်းရသလားပေါ့။ တကောင်ကြွက်မှ မဟုတ်တာဘာညာသာရကာပေ့ါလေ။ အမေတို့ကလဲ အဘိုးတို့အိမ်မှာနေဘို့အဆင်ပြေမယ်ထင်လို့  ကလေးကိုကျောင်းပြောင်းလိုက်တာပါပေါ့။ လူကြီးတွေဘယ်လိုညှိနုိုင်းပြီး ဘယ်လိုဇာတ်သိမ်းတယ်တော့ကျနော်မသိပါဘူး။ နောက်နေ့မနက်မှာအမေ့ဘက်က အဖွားတို့နေတဲ့ တောင်ပုလင်းဝင်းကို အထုပ်ဆွဲပြီးကျနော်လိုက်ခဲ့ရတာပါဘဲ။ ကျုံးထိပ်က အိမ်က ကျနော့်ကိုကျောင်းလိုက်ပို့ဘို့လူမရှိ။ အိမ်နဲ့ကျောင်းက အရှေ့ထိ်ပ်နဲ့အနောက်ထိပ်။ အဲတော့ အမေ့ဘက်ကအဖွားအိမ်မှာဘဲနေခိုင်းပါတယ်။ အဲဒီအိမ်က ကျောင်းနဲ့အိမ်နဲ့တော့နီးသွားပြန်ပါတယ်။ အိမ်နီးပေမယ့်လဲ  ထမင်းချိုင့်ကတော့ မနက်သွားကတည်းကယူသွားရတာပါဘဲ။ အဖိုးနဲ့အဖွားက ဟိုတောင်ဘက်က ဘီလူးမညောင်ပင်ဈေး(အခုတော့ပြည်ကျော်ဈေး) နားမှာဆိုင်သွားဖွင့်တော့ မနက်ဆို သူတို့လဲထမင်းထုပ်ကျနော်လည်းထမင်းထုပ်။ ညနေကျောင်းဆင်းပြန်လာရင်တော့ အိမ်နားက အမျုးိမကင်းတဲ့ မဝင်းတို့အိမ်ကနေ အဖိုးအဖွားတို့ပြန်အလာကိုစောင့်ရပါတယ်။ နောက်မဝင်းတို့အိမ်ကစောင့်ရတာပျင်းတော့ အိမ်ကဘဲစောင့်ပါတော့တယ်။ အဖိုးနဲ့အဖွားကလဲအိမ်ငှားနေကြတာပါ။ အရင်က အမေတို့နေမယ်လို့စီစဉ်တဲ့အိမ်က အမေ့ အမေရဲ့အဖေ့အိမ်ပါ။ အဲဒီအိမ်မှာ အမေ့မောင်နေပါတယ်။ ဒါပေမယ့် […]


“ငယ်ငယ်တုန်း ခေါင်းလောင်းသံ”(အပိုင်းတစ်)   (ဦးတင်ဦး နှင့်စိန်ပီတာ)   (10-12-2011)  မနက်ပိုင်းမှာရွှေကျီးမြင်ဘုရားကိုရောက်တော့ အရှေ့ဘက်စောင်းတန်းနံရံမှာချိတ်ထားတဲ့  ဗုဒ္ဓဝင်ပန်းချီကားတွေကို လျှောက်ကြည့်ရင်းကနေပြီး စောင်းတန်းအထွက်ပေါက်ထိရောက်သွားပါတယ်။ စောင်းတန်းအထွက်ပေါက်ရောက်လို့ အရှေ့ဘက်လှမ်းအကြည့်မှာ ငယ်ငယ်က ကျောင်းအပျော်တက်ခဲ့တဲ့” ဦးတင်ဦးကျောင်း”ကိုမြင်လိုက်တော့ ကျောင်းသားဘဝလေးကို ပြန်အမှတ်ရ လိုက်ပါတယ်။ နေ့လည်ဘက် 22စီလမ်းဘက်ကိုအသွား 86လမ်းပေါ်ကနေလာမိတော့ငယ်ငယ်က နေခဲ့တဲ့ စိန်ပီတာ(ခ) အမှတ်ကိုးအ.ထ.က ရှေ့ကနေဖြတ်အလာမှာ ကျောင်းဝင်းကြီးက တံခါးဖွင့်ထားတာတွေ့လိုက်ရပါတယ်။ မနက်က သတိရတဲ့ အရှိန်မသေတော့ ကျောင်းဝင်းထဲကို အလိုလိုဝင်မိသွားပါတယ်။ ကျနော်တို့ငယ်ငယ် က အရှေ့ဘက်အပေါက်က သစ်သားတံခါး။ အခုတော့သံပန်းတံခါး။   ဝင်ဝင်ခြင်းမုန့်ဆို်င်တန်းတွေရှိတယ် ဆိုင်တွေပေါ်မှာ အမိုးလေးလုပ်ပေးထားတယ်။ ခေါင်မိုးလဲမရှိတော့ ဘူး။ မုန့်ဆိုင်တွေလဲ မရှိတော့ ဘူး။ ရှေ့တည့်တည့်မှာ ကျနော်တို့ ဆော့ခဲ့တဲ့ဘော့လုံးကွင်း။ ကျနော်တို့ အမောဖြေရင်းနားခဲ့တဲ့ ကုက္ကိုပင်ကြီး အသက်ကြီးသွားပေမယ့်မတ်မတ်ရပ်နိုင်နေဆဲ.။ […]


  သူကြီးရေ……………   ဟိုလွန်ခဲ့သောရက်များက ကျနော် နဲ့ တပ်မ77 တို့ “ရွာသားများနဲ့ငြင်းခုန်ခြင်း”ဆိုတဲ့ကဗျာကိုအကြောင်းပြုပြီးညိခဲ့ကြပါတယ်။ တစ်ရက် မန်းလေးကန်တော်ကြီးက နှင်းမူံထဲက ကရိဝိတ်ပုံကိုတင်လိုက်တော့ သူက “နှင်းမဟုတ်ဘူး မြန်မာပြည်မှာ နှင်းမကျဘူး”လို့ရေးလာပါတယ်။ နိုင်ငံခြားကလူတွေရဲ့ snow က အတုံးအလိုက်အခဲလိုက် အဖတ်လိုက်ကြီးကျတာကိုးဗျ။ ကျနော်တို့ မြန်မာပြည်က နှင်းလို့ သတ်မှတ်ထားတာကတော့ အဖြူရောင်တံတိုင်းလေး ဖြစ်သွားရုံလောက်လေးကြပါတယ်။ အခု မမ ရဲ့ sweet December ပို့စ်ထဲမှာ သူကြီး က snow ကိုနာမည်အသစ်ပေးရအောင် အကြံပေးလာပါတယ်။ အဲတော့ ကျနော်လဲ နှင်းပါတဲ့စကားလုံးတွေကို လက်လှမ်းမှီသမျှ ကိုယ်အနီးမှာရှိတဲ့ရှေးစာအုပ်တေရှေးွကဗျာတွေထကရှာရတာပေါ့။ အဲဒီမှာဘာသွားတွေ့လဲဆိုတော့ မြန်မာပြည်က နှင်းကျတဲ့ကာလက မြန်မာလိုပြာသို ဘိုလိုဆိုရင် ဇန်နဝါရီလမှာကျတယ်ဆိုတာသွားတွေ့ရပါဘဲ။ နှင်းနဲ့ပါတ်သက်လို့ သုံးထားတဲ့စကားလုံးလေးတွေကတော့   1.(ဆီးရည်ကျရွှမ်း တောတောင်မွှမ်းမျှ […]


“အထူးလူ – အထူးနေရာ” ၁၉၆၄ခုနှစ် အဲဒီတုန်းက ကျနော် က”သူငယ်တန်းကြီး” ဘဲရှိပါသေးတယ်။ ကျနော်တက်နေတဲ့ကျောင်းကတော့ “စိန့်ပီတာ ခရစ်ယာန်သာသနာပြု ကျောင်း”မှာပါ။ {အခုတော့ အမှတ်(၉)အ.ထ.ကပေါ့။} တစ်ခုသောညနေကျောင်းဆင်းချိန်မှာ ကျောင်းသားမိဘတွေက ကျနော်တို့ကိုအတန်းဝအပေါက်ထိလာကြိုကြပါတယ်။ တစ်ခါမှ လာမကြိုဘူးတဲ့ ကျနော့်အဖေတောင်မှာ ကျနော်ကို လာကြိုတော့ ကျနော်မှာတအံ့တဩ။ ကျနော်တို့မကြားဘူးတဲ့စကားလုံးအသစ်အဆန်းလေးကလဲ ပျံ့လွင့်လို့နေပါတယ်။ “ကျောင်းကို ပြည်သူုပိုင်သိ်မ်းလိုက်ပြီ”တဲ့။ “ဖာသားကြီးတွေ ဘရာသားတွေ တီချယ်တို့ ကို ဒီကျောင်းမှာဆက်မထားတော့ဘူး”တဲ့။ “ဒီကျောင်းကို အစိုးရပိုင်သွားပြီ”ဆိုတဲ့ ကျနော်တို့ လိုက်မမှီတဲ့စကားတွေကိုကလေးဘဝမှာကြားလို်က်ရပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံရဲဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးအစ အပြောင်းအလဲကို ကျနော်ကလေးဘဝမှာ စတင်လို့ ထိတွေ့လိုက်ရတဲ့အသိလေးပါဘဲ။ စကားလုံးဆန်းဆန်းလေးကဘာမှန်းမသိပေမယ့် ရင်ထဲကိုရောက်လာပါတယ်။ “ပြည်သူပိုင်သိမ်းတယ်” နောက်တော့လဲမူလတန်းအလယ်တန်းအထက်တန်းကျောင်းသားဘဝမှာတော့ တေဇလူငယ်၊ရှေ့ဆောင်လူငယ်၊လမ်းစဉ်လူငယ် ဆိုတဲ့စကားတွေ၊ ကြက်ခြေနီသင်တန်း၊လမ်းစဉ်လူငယ်သင်တန်း၊လုပ်အားပေးဆိုတဲ့စကားလုံးတွေအောက်မှာ ကျောင်းဖွင့်ရက်ကျောင်းတက် ကျောင်းပိတ်ရက်မှာသင်တန်းတက်လို့ကလေးဘဝကိုလွန်မြောက်ခဲ့ကြရပါတယ်။ နောက်လူငယ်ဘဝလွန်မြောက်တဲ့အခါမှာတော့ အရန်ပါတီ ၊တင်းပြည့်ပါတီဆိုတဲ့စကားတွေ၊ လမ်းညွှန်မှု့၊ပါတီဗဟိုကော်မီတီ၊ဥက္ကဌကြီး၊အတွင်းရေးမှူး၊ဗဟိုဦးစီးအဖွဲ့၊ဒေသပါတီကော်မီတီ၊ […]


“ ပရော်ကျစ် နိဒါန်း” မနေ့က ရန်ကုန်မှနေတဲ့ ကျနော့်ညီမတစ်ယောက်ဆီနေဖုန်းလာပါတယ်။ ပုရစ်ပေါ်ပြီလား? ပေါ်ပြီဆိုရင် ပုရစ်ကြော်ပြီးပို့ပေးစမ်းပါလို့ပြောလာပါတယ်။ ဟိုနေ့ကတော့ ဈေးထဲမှာတွေ့တယ်လို့ဖြေရင်းနင်နဲ့မှ မတဲ့တာလို့ပြောတော့ အကိုကလဲ ဒီအချိန်ရောက်ရင် စတိလောက်တော့စားချင်တယ်လေလို့ပြန်ဖြေပါတယ်။ ပြီးတော့ မှ စားပြီးရင်ဆေးသောက်မယ်လေလို့ ရီသံစွက်ပြီးပြောပါတယ်။ အဲဒါနဲ့ ရရင်ဝယ်ပြီး မြတ်မန္တလာထွန်းနဲ့ပို့လိုက်မယ်လို့ဖြေတော့ ပို့မယ်ဆိုဖုန်းဆက်ပေးလို့ပြောပြီးဖုန်းချသွားပါတယ်။ အဲဒါနဲ့ဘဲနောက်နေ့မနက်ရောက်တော့ မဒမ်ပေါက်နဲ့ ဘုရားကြီးဈေးကိုသွားတော့ ပုရစ်သည်တွေ တွေ့ပါတယ်။ မေးကြည့်တော့ အမခြောက်ထောင် ဂျွန်ငါးထောင်ဆိုတာနဲ့ပြန်လှည့်လာခဲ့ပါတယ်။ အဲလောက်တော့ ဝယ်စားဘို့မတန်ဘူးထင်လို့ပါ။ ဒါပေမယ့်သူများတွေမေးကြည့်တော့၄၅၀ဝထက်တော့ရော့သံမကြားသေးဘူးလို့ပြောကြပါတယ်။ (11-11-11)နေ့မနက်မှာတော့ ရေကြည်ညောင်ပင်(၂၅လမ်းနဲ့၈၅)လမ်းဒေါင့် ပုရစ်တန်းကိုသွားတော့ စောသေးလို့ထင်ပါရဲ့ပုရစ်သည်လေးတွေက တစ်ယောက်စနှစ်ယောက်စဘဲ ဘန်းလေးတွေခင်းရောင်းနေတာကိုဘဲမြင်ရပါတယ်။ ခါတိုင်းဆိုဒီနားလေးမှာ လမ်းဟိုဘက်ဒီဘက် အသည်ချင်းကို ဆက်နေတာပါ။ ဓမ္မာရုံပေါက်မှာထိုင်နေတဲ့ မိန်းမဝဝကြီးရှေ့မှာလူလေးငါးယောက်ထိုင်ရွေးနေပါတယ်။ ၄၅၀ဝ မလျှော့ဘူး သာတမ်းမပေးဘူးလို့ ခပ်တင်းတင်းလေးဆိုပါတယ်။ အဲဒါနဲ့ လမ်းအနောက်ဘက်မှာခင်းထားတဲ့ဆိုင်ကိုသွားမေးတော့ ၃၀၀ဝပါတဲ့။ အကောင်တစ်ရာကိုသုံးထောင်ဆိုတော့ တစ်ကောင်သုံးဆယ်ဆို […]


မနေ့ညက မနက်လေးနာရီလောက်ထိအစည်းအဝေးထုိုင်ရပါတယ်။ အစည်းဝေးထိုင်ရတဲ့အကြောင်းကတော့ မြောက်ဝင်ရိုးစွန်းဒေသမှာရှိနေတဲ့ရေခဲတွေကို အရည်မပျော်အောင် သယ်လာပြီး ကမ္ဘာမှာရေခဲလိုနေတဲ့နေရာတွေကို ပို့ပေးနိုင်မယ်ဆိုရင် ရေခဲအောင်လုပ်ရတဲ့ ကုန်ကျစာရိတ်တွေသက်သာမယ်၊ လျှပ်စစ်စွမ်းအင်တွေ၊နူစွမ်းအင်တွေကို အသုံးပြုရတာ သက်သာမယ်လို့ တင်ပြလာသူရှိတာ သိပ်ကောင်းတဲ့အတွက် ဘယ်လိုပုံစံနဲ့သယ်ရင်ပိုကောင်းမယ်ဆိုတာကို ဆွေးနွေးကြတာပါ။ ဒါပေမယ့် အစည်းအဝေးလုပ်နေတုံး ကျွန်တော်တို့ ခါတိုင်းလို ကေတီဗွီမှာ ကဲနေတယ်ထင်တဲ့ အိမ်က မဒမ်တွေက ဖုန်းဆက်ခေါ်ကြလို့ အစည်းအဝေးကို ရပ်ပြီး အိမ်ပြန်ပြေးကြရတာပါ။ နောက်နေ့က အလုပ်ပိတ်ရက်ဆိုတော့ အေးဆေးဘဲအိပ်လိုက်ပါတယ်။ မနက်ကိုးနာရီအိပ်ယာထတော့ အင်တာနက်ထဲမှာမေးလ်တွေရောက်နေတယ်လို့ အချက်ပြနေတာနဲ့ဝင်ဖတ်လိုက်ပါတယ်။ ဟောဗျာ ရွာထဲက မိတ်ဆွေ အလွယ်ချက်နည်းတွေကို အင်တာနက်ကနေသင်တန်းပေးနေတဲ့ မဝေနဲ့ ဆူးတို့ကနှစ်ယောက်ပေါင်းပြီးဆိုင်ဖွင့်ထားတဲ့ဖိတ်စာလေးကို တွေ့ရပါတယ်။ သူတို့က လူတိုင်းကိုဖိတ်စာပို့မယ်လို့ မထင်ဘူး။ သိရက်နဲ့မသွားလို့ကလဲမဖြစ်ဘူး။ အဲဒါနဲ့ ခရီးသွားအေဂျင်စီကို ရန်ကုန်သွားဘို့ ဟတ်စကီးရမလား နေ့လည်တစ်နာရီမထိုးခင်ရောက်ချင်တာလို့လှမ်းမေးတော့ ရတယ်တဲ့ လေးယာက်ပြည့်ရင်ထွက်ပေးမယ် ဒါပေမယ့် […]


“ရွာကိုပြန်လာကြပါဗျို့း………………” ဟိုအရင် လွန်ခဲ့ပြီဖြစ်တဲ့ ရက်ဟောင်းများမတော့ ၊ ငြင်းကြခုန်ကြ အပြင်မှာ ဖြစ်ခဲ့တဲ့ မကြင်နာအငြိုးတွေနဲ့ ရွာထဲကိုဝင် ဇွတ်အတင်းကို ရန်ပွဲတွေခင်းကြ။ အချိူ့များကြပြန်တော့လဲ သူကြီးစကား ဘာသာပြန်မှားပါလို့ ။ မတူတဲ့အတွေးတွေနဲ့ မရေးဘဲ မတူတဲ့အမြင်တွေနဲ့ ကိုယ်လက်ခံတဲ့ပေတံ၊ကိုယ့်စံတွေနိုင်းလို့ မမောနိုင် မပန်းနိုင် ဘဲ ငြင်းကြ ခုန်ကြ။ စိတ်ပေါက်ပေါက်နဲ့ကိုဟဝှာ ဆဲလိုက်တာကို၊ ရွာပြင်ထုတ်ရေးမထုတ်ရေး အလေးအနက်ကြီးဆွေးနွေး၊ အခုတော့လဲ ကိုအဝှာကလည်းဆဲမြဲ့ပါဘဲ။ ဆဲတယ်ဆိုတာကလဲ မပြင်နိုင်တဲ့သူ့အကျင့် ခွင့်လွတ်လိုက်ရင်တော့လဲပြီးသွားတာပါဘဲ။ အချစ်များ ယာယီ ဆိတ်သုဉ်းချိန်လေးမှာတော့၊ နားရွက်တံတွေးဆွတ်သူကဆွတ်လိုဆွတ် လက်မညောင်းသမျ လက်ခမောင်းထခတ်သူကလဲခတ် တစ်ယောက်နဲ့တစ်ယောက် စိတ်ကောက်ပြ ထိပ်ခေါက်ကြနဲ့ ခဏလေးတော့ ဂယက်ထ အမှိုက်သရိုက်တွေရှိနေသဟာ လေလာတော့ ပွထသွားသလို။ ကျနော်တို့ချစ်ရတဲ့ရွာကလေး…………………………. ယာယီတော့ အရုပ်ဆိုးသွားပါသေးတယ်။ အခုများမတော့ သာယာ ကောင်းသောလာခြင်းနဲ့ရေးဖွဲ့တဲ့ ပို့စ်တွေကလဲ […]


“တစ်သက်မမေ့ခဲ့တဲ့ လက်ဖွဲ့ခုံ” “လာမယ့်ဥပုဒ်နေ့ ကျနော်သား မင်္ဂလာဆောင်ကျရင် ကိုပေါက်တို့အဖွဲ့ က လက်ဖွဲ့ခုံ ထို်င်ပေးနော်”လို့ မိတ်ဆွေတစ်ယောက်က ဖိတ်စာလာပေးရင်းပြောပါတယ်။ လက်ဖွဲ့ခုံထိုင်ကြမယ့် ကျနော်တို့ အဖွဲ့အတွက်လည်း “အကူဖိတ်” လုံချည်တွေယူလာပါတယ်။ မင်္ဂလာဆောင်မှာ သူ့ဘာသာသူ ဝိုင်းဝန်းပြီးကူကြမယ့် မိတ်ဆွေဖြစ်ဖြစ်၊ ကိုယ်ကအကူအညီသီးသန့်တောင်းလို့လိုက်ပြီးဆောင်ရွက်ပေးကြမယ့်သူကိုဘဲဖြစ်ဖြစ် အခုလိုလက်ဆောင်လေးနဲ့ “အကူဖိတ်”တတ်တဲ့ချစ်စရာကောင်းတဲ့ အလေ့အထလေးက ကျနော်တို့မန်းလေးမှာရှိပါတယ်။ အကူဖိတ်အတွက်ပေးတဲ့လက်ဆောင်ကတော့ ကိုယ့်အနေအထားနဲ့ကိုယ် ချင့်ချိန်လို့ပေးတတ်ကြပါတယ်။ လက်ကိုင်ပုဝါ၊စီးကရက်ဘူး၊တစ်ဘက်၊လုံချည်၊အကျီ အဆင်ပြေသလိုပေါ့။ ကျနော်နဲ့သူ ဟိုရောက်ဒီရောက်စကားစမြည်ပြောပြီးခဏနေတေ့ာသူပြန်သွားပါတယ်။ မပြန်ခင် ကျနော်က မင်္ဂလာလက်ဖွဲ့ငွေနဲ့ ပါတ်သက်တဲ့ မေးခွန်းလေးတွေမေးတော့ “အေးဆေးပါ ကိုပေါက်ရဲ့ ဒီမင်္ဂလာဆောင်က ဘာရှော့မှ မရှိပါဘူး”လို့ရီကျဲကျဲနဲ့ပြောပါတယ်။ သူကတော့ လက်ဖွဲ့ခုံနဲ့ ပါတ်သက်လို့ ဖြစ်ခဲ့တာလေးတွေကို ကျနော်ပြောပြထားလို့ သိလဲသိနေတဲ့သူကိုးဗျ။ သူထားခဲ့တဲ့ ဖိတ်စာလေးရယ် သူပေးခဲ့တဲ့လုံချည်လေးရယ်ကိုကြည့်ရင်း မိတ်ဆွေသူငယ်ချင်းတွေရဲ့ မင်္ဂလာဆောင်တွေမှာ ကျနော် ဝိုင်းဝန်းလို့ကူညီခဲ့တဲ့ပွဲလေးတွေထဲက […]