yannaingechJune 3, 20101min2041
အမေရိကန်သမ္မတဟောင်း ဘုရှ်တစ်ယောက် Facebook Account တစ်ခုဖွင့်လိုက်ပြီလို့ ဘီဘီစီသတင်းက ဆိုပါတယ်။ Account ဖွင့်ပြီး နာရီပိုင်းအတွင်းမှာ လူ ၂၀၀၀၀(နှစ်သောင်း) ကျော်ဝင်ကြည့်ကြလို့ မစ္စတာဘုရှ်ရဲ့ Account ဟာ အတော်ပေါက်သွားတယ်လို့ဆိုရမှာဖြစ်ပါတယ်။ သူက Bush Clinton Haiti Fund နဲ့ Barbara Bush Foundation နှစ်ခုကို သူအကြိုက်ဆုံး ဝက်ဘ်ပေ့တွေဖြစ်တယ်လို့ရေးထားပါတယ်။ ကြားခံလူတစ်ယောက်နဲ့တင်ထားတဲ့ သူ့ရဲ့ ပထမဆုံးပို့စ် မှာ ၂၀၀၈ခုနှစ် သမ္မတရာထူး လွှဲပြောင်းပြီးတဲ့နောက်ပိုင်းမှာကတည်းက သူဟာ တက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့ ရှိနေခဲ့ကြောင်း ရေးသားထားပါတယ်။ Account ဖွင့်ပြီးနာရီပိုင်းအတွင်းမှာပဲ လူအတော်များများက သူ့ဝက်ဘ်ပေ့မှာ ဆွေးနွေးချက်တွေရေးကြပါတယ်။ “ကျွန်တော်ကတော့ ဘုရှ်အစစ်က အမေရိကန်ပြည်သူတွေအတွက်တစ်ခုခုရေးတာကိုလိုလားပါတယ်။ ဒီမှာတင်ထားတာတွေအားလုံးက လူထုဆက်ဆံရေးတာဝန်ခံတစ်ယောက်က ဖြတ်တောက်စီစစ် ပြီးမှ တင်ထားတာတွေဖြစ်နေတော့ စိတ်ပျက်မိပါတယ်။ ကျေးဇူးပြုပြီး […]