“ရူခြင်းနဲ့ရှင်ခြင်း”   လူတစ်ယောက်ဟာ ဂုဏ်သိက္ခာမဲ့စွာနဲ့ လူ့လောကကြီးထဲမှာ နေ့စဉ်ဖြတ်သန်းနေတယ်ဆိုရင် သူဟာ “အသက်ရှင်”နေတာ မဟုတ်ဘဲ “အသက်ရှူ”နေတာ လို့မြင်နေမိပါတယ်။   ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး ၁၆၁၀၁၆


“အကြည့်များ”   ရပ်တည်တဲ့နေရာခြင်း အတူတူဆိုပေမယ့်       ကြည့်ကြတဲ့ ဒေါင့်ခြင်းမတူသလို   မြင်ရတဲ့ အမြင်ခြင်းလဲ တူမှာမဟုတ်ကတော့ သေချာပါတယ်။   အမြင်မတူမှတော့ အတွေးတွေလဲဘယ်တူနိုင်ပါတော့မလဲ။ ဟုတ်တယ်ဟုတ်။       ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး ၂၄၆၂၀၁၆  


  “အမိူက်ကစ၍ ”   ကျနော်မိတ်ဆွေတွေနဲ့ပါတ်သက်ရင် တစ်ခါတစ်ခါ ရီစရာလေးတွေတွေ့တတ်ပါတယ်။ ကျနော်ကအလုပ်ကိစ္စနဲ့မပါတ်သက်တဲ့ ကျနော့်လူမူ့ရေးဘဝမှာပွင့်ပွင့်လင်းလင်းဘဲနေ တတ်ပြောတတ်ပါတယ်။ ဘယ်သွားမှာ ဘာလုပ်မှာ ဘာသွားစားမှာ ဆိုတာမျိုးတွေပေါ့။ နောက် ကျနော်က မိတ်ဆွေမက်သလို အလေးအနကိထားပြီးလဲပေါင်းတတ်ပါတယ်။   ကျနော့်မိတ်ဆွေတော်တော်များများကလဲ သူတို့ရဲ့ကိစ္စတွေဘာတွေကိုလဲတိုင်ပင်လေ့ ပြောပြလေ့ရှိပါတယ်။ ကျနော်ကလဲသိသလောက်မှတ်သလောက် အကြံပေးသလို  တတ်နိုင်သလောက်လဲ ကူညီပေးတတ်ပါတယ်။   အဲ့တော့ မိတ်ဆွေတွေရဲ့ကိစ္စတွကို ကျနော်သိနေတယ်လို့ထင်တတ်ပါတယ်။ တစ်ခါတစ်ရံမှာကျနော်နဲ့သိပ်ရင်းနှီးတဲ့ မိတ်ဆွေတွေက ကျနော့်ကိုမပြောဘဲထိန်ချန် ထားတာမျိုးတွေရှိတတ်ပါတယ်။ တိုက်ဆိုင်ချင်တော့ ကျနော်သိတယ်မှတ်ပြီး နောက်တစ်ယောက်ကလာပြောရော။ အဲ့အခါမျိုးမှာကျနော်ကလဲသိသလိုလိုနဲ့ ချော်လဲရောထိုင်လုပ်ရတော့တာပေါ့။   တစ်ခါက ဆိုပါစို့ ကျနော်သိပ်ရင်းတဲ့သူငယ်ချင်းရဲ့ ညီလေးစေ့စပ်ပွဲလုပ်တော့ လိုက်ခဲ့ပါဆိုတော့ မနက်ကတည်းက လုက်ပေးရတာပေါ့။ ကျနော်နဲ့နှစ်ဖက်လုံးကလဲရင်းနှီးနေတာကိုး။   ညနေလဲရောက်ရောက်ရော သူငယ်ချင်းတစ်ယေက် က မနက်ကစေ့စပ်တဲ့ကောင်လေးရဲ့ ညစာ စားပွဲကို […]


“ခါတော်မီ စွန်ရဲအင်းအတွက် အတွေးတစ်စ” အခုရက်ပိုင်း လည်ကြပါတ်ကြတာနဲ့ပါတ်သက်ပြီး ဖေစ်ဘုတ်စာမျက်နှာမှာ ရေပန်းစားတာကတော့“ စွန်ရဲအင်း “ပါဘဲ။ ကြာခင်းကြီးတွေရှိတဲ့အင်းပေါ့။ အချို့ကတော့လည်း လည်စရာပါတ်စရာအဖြစ်ညွှန်းကြသလို အချို့ကတော့ သဘာဝအလှတရားတစ်ခု ပျက်စီးပါပြီဆိုပြီး ကန့်ကွက်ကြပါတယ်။ စွန်ရဲအင်းဆိုတာက မန်းလေးမြို့တောင်ဘက် ကျောက်ဆည်သွားတဲ့လမ်းမှာရှိနေတာပါ။ မန်းလေးကျောက်ဆည် လမ်းသစ်အတိုင်းသွားရင် စဉ့်ကိုင်အလွန် လမ်းဘယ်ဘက်ခြမ်း(မန္တလေးအခေါ် အရှေ့ဘက်ခြမ်း) မှာ ကျောက်ပြားထုတ်လုပ်တဲ့စက်ရုံ ဆိုင်းဘုတ် ကျောက်ပြားကြီး စိုက်ထားတာတွေ့ရင် အဲဒီလမ်းအတိုင်း ကွေ့ဝင်လိုက်ပါ။ လမ်းခွဲတွေ့ တိုင်း ညာဘက်လမ်းကို လိုက်သွားပြီး လမ်းအဆုံးရောက်ရင် စွန်ရဲအင်းရှိတဲ့နေရာကိုရောက်သွားပါမယ်။ စ ဝင်ဝင်ခြင်းကတော့ ကတ္တရာလမ်းဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ ကျောက်ခဲနဲ့မြေရောတဲ့ လမ်းဖြစ်ပေမယ့် လမ်းကောင်းပါတယ်။ အင်းထဲကို ကွေ့ဝင်တဲ့လမ်းကတော့ အောက်ခံမြေက မြင့်တဲ့အတွက် အောက်ပိုင်းနိမ့်တဲ့ကားဆိုရင်တော့ သတိထားမောင်းရပါလိမ့်မယ်။ စွန်ရဲအင်းက အတွင်းပိုင်းမှာရှိတော့ အရင်က လူသိနည်းပါတယ်။ အလှအပတရားကိုရှာဖွေကြတဲ့ […]


“ကြောင်ချီးဇာတ်ရှုပ်”   ကြောင်ချီးဆိုတာ ပျော့ပျော့လေးနဲ့နံတာ လူတိုင်းသိတယ်။   အဲဒီကြောင်ချီးကိုမှ နံမှန်းသိရဲ့နဲ့ ပယ်ပယ်နယ်နယ် မက်မက်စက်စက် စားချင်တဲ့ကောင်တွေ လဲတပုံတပင်ရှိတယ်။     ခက်တာက သူဘာသာသူ ကြောင်ချီးကြိုက်လို့စားတာက ကိစ္စမရှိဘူး။ ကြောင်ချီးကိုင်ထားတဲ့လက်နဲ သူများတွေကိုလာ လာကိုင်တော့ အားလုံးကြောင်ချီးနံ့ စွဲကုန်တာပေါ့ဗျာ။   အဲတော့ ကြောင်ချီးကို ကိုယ်ကြိုက်ရင်ကိုယ်စား သူများတော့လိုက်လိုက်ပြီး မကိုင်နဲ့ မထိနဲ့လို့ပြောချင်ပါသဗျာ။   ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး ၁၀၇၁၆  


  “မရောစကောင်း ရောစကောင်း  မရောင်းစကောင်း ရောင်းစကောင်း” ရွှေမြန်မာတွေက  ဆီအသုံးကြမ်းတယ်လို့ ဆိုနိုင်ပါတယ်။  “ဆီကိုရေချိုး ဆေးရိုးမီးလှုံ”လို့စာချိုးထားခဲ့တာသာကြည့်ရင်သိနိုင်ပါတယ်။ (ရွှေမြန်မာ =မြန်မာပြည်အတွင်းတွင်လက်ရှိနေထိုင်သူအားလုံးကို ရည်ညွှန်းပါသည်) မြန်မာနိုင်ငံမှာအများဆုံးသုံးတာက ပဲ ဆီ ဆိုတဲ့ မြေပဲဆီ။ အညာဘက်မှာတော့ နှမ်းဆီ ကိုအသုံးများပါတယ်။ ဆုံဆီ စစ်စစ်လေးများဆိုရင်အရမ်းမွှေးတော့ ကြိုက်ကြပါတယ်။ ဒါက ရှေးရှေးတုံးက အကြောင်းတွေပါ။ တိုင်းပြည်က လူမွဲစာရင်းဝင်ချိန်မှာတော့ မြန်မာပြည်သူပြည်သားတွေလဲ အကောင်းကြိုက်ပေမယ့် အကောင်းမသုံးနိုင်တော့ပါဘူး။ မသုံးနိုင်ဆို ဝင်ငွေမှ မကောင်းတာကိုးဗျ။ အဲတော့ ပဲဆီအစား သူများနိုင်ငံက ထွက်တဲ့စားအုန်းဆီဆိုတာကို တင်သွင်းပြီး သုံးကြရပါတော့တယ်။ (ဒါကလဲ လူတစ်စုအတွက်ဖန်တီးယူလိုက်တဲ့ဈေးကွက်စီးပွားရေးပါ။) စားအုန်းဆီ မှာ အခွံကထွက်တဲ့ အဆီက လူစားဘို့ပါ။ အစေ့ကထွက်တဲ့အဆီကတော့ ဆပ်ပြာချက်တာတို့ ဘာတို့လုပ်တဲ့ လုပ်ငန်းသုံးဆီပေါ့။ ဒါပေမယ့် ကျနော်တို့ ဈေးပေါတယ်ဆိုပြီးဝယ်စားခဲ့ကြတဲ့ […]


”   သာမညတွေကို  အဓိကလုပ်နေကြရင် ”   ဟိုတစ်ရက်က ဖွဘုတ် ပေါ်မှာပိုစ်တစ်ခုတက်လာတာတွေ့လိုက်ပါတယ်။ အင်တာနက်တွင်ပိုစ်ရေးနည်းသင်တန်းဆင်းပွဲ ကျင်းပတဲ့အကြောင်းလေးပါ။ လူအများစုက လွယ်လွယ်နဲ့လုပ်ဆောင်နိုင်တဲ့ကိစ္စကို ရေးကြီးခွင်ကျယ်လုပ်ပြနေတာတွေက ရီစရာကောင်းနေပါတယ်။ သင်တန်းပေးတာက ပေးလို့ရပါတယ်။ စနစ်တကျသင်ယူ ရတယ်ဆိုတာကောင်းသောလက္ခဏာပါဘဲ။ ဒါပေမယ့် ဒီလိုအသေးအဖွဲလေးကို သင်တန်းဆင်းပွဲဆိုတာကြီးလုပ်နေတာတော့ လူရီစရာကြီးပါဘဲ။ သင်တန်းဆင်းပွဲလုပ်မယ်ဆိုရင် အကျွေးအမွေးမပါတောင်မှ ဒီပွဲံကိုလာရောက်ချီးမြင့်မယ့် လူကြီးလူကောင်းများအတွက် အနည်းအပါးတော့ ဧည့်ခံရမယ်။ ဒါတွေက မလိုအပ်တဲ့ကုန်ကျစားရိတ်တွေပါဘဲ။ ဒီသင်တန်းဆင်းပွဲ အတွက်အခန်းအနားပြင်ဆင်ရမယ်။ ဆိုင်းဘုတ်တွေဘာညာကွိကွတွေလုပ်ရမယ်။ အဲတော့ အပြင်ကလူမငှားလို့ ပိုက်ဆံမကုန်ပေမယ့်လဲ ကိုယ့် ဝန်ထမ်းတွေ ပုံမှန်လုပ်ရမယ့် အလုပ်တွေပျက်မယ်။ လာရောက်ကြတဲ့ လူကြီးတွေလဲ ကိုယ်လုပ်ရမယ့် အရေးကြီးသောအလုပ်တွေကိုထားခဲ့ပြီး ဒီအခန်းအနားကိုလာရတော့ အချိန်ကုန်ပါတယ်.။ ဒီသင်တန်းဆင်းပွဲဆိုတာကြောင့် ငွေကုန် အချိန်ကုန် လူပန်း အကျိုးမရှိပါဘူး။   ကျွန်တော်တို့ နိုင်ငံမှာ […]


“ယုံကြည်မူ့ပျောက်ဆုံးခြင်းကြောင့် ဖြစ်တဲ့ အဟ” သူငယ်ချင်း တွေအကြား မောင်နှမ တွေအကြား မိဘနဲ့သားသမီး အကြား ဆရာနဲ့တပည့်အကြား သမီးရီးစားချစ်သူတွေအကြား လင်နဲ့မယား အကြား လုပ်ဖော်ကိုင်ဘက်တွေအကြား အပြန်အလှန် ယုံကြည်ခြင်းတွေရှိနေဘို့လိုအပ်ပါတယ်။ တစ်ယောက်ကယုံကြည်မူ့တွေ အပြည့်အဝထားနေချိန် ကျန်တစ်ယောက်က လိမ်ညာပြောဆိုနေုတဲ့အခါမျိုးမှာ အလိမ်တွေပေါ်သွားပြီ လိမ်နေတာကိုတစ်ဖက်လူ သိသွားပြီဆိုရင် နှစ်ယောက်ကြားက အပြန်အလှန်ယုံကြည်မူ့ဆိုတာ ပျောက်ဆုံးသွားပါတော့တယ်။ ဒီအချိန်မှာဖြစ်သွားတဲ့အဟ က ကြီးပါတယ်။ ယုံကြည်မူ့ပျောက်သွားခဲ့ရင် ပြန်လည်တည်ဆောက်ရတာ ပထမအကြိမ်ကထက်ပိုကြာသလို် ပြန်လည်ဆက်မိတယ်ဆိုရင်တောင်မှ အရင်လောက်လဲမခိုင်မြဲနိုင်ပါဘူး။ ချေမွထားတဲ့စက္ကူလို ပြတ်တောက်လို့ပြန်ဆက်ထားတဲ့ကြိုးလို အကောင်းတိုင်းပြန်မဖြစ်နိုင်တော့သလိုပေါ့။ ဖေစ်ဘုတ်ကိုဖွင့်ကြည့်နေရင်းကတွေးမိလာတဲ့အတွေးလေးပါ။ ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး ၇၆၁၆


“စိတ်မဆိုးဘဲနေနိုင်ပါ့မလား” (တောင်တွေးမြောက်တွေးအပိုင်းအစလေးများ-2016)     ကျနော်တို့ငယ်ငယ်ကပေါ့။ စာသင်ပေးတဲ့ဆရာ ဆရာမ ဆိုရင် အရမ်းကြောက်ရပါတယ်။ သူတို့ စာသင်နေချိန်မှာ နားမထောင်ရင် စာလိုက်မရေးရင် ငေးချင်ရင်ငေးနေရင် ဆော့နေရင်အဆော်ခံထိ မှာ အသေအချာပါဘဲ။ အဲလို့ နေမိရင်လဲ စာသင်ပေးနေတဲ့ဆရာ ဆရာမကို မခန့်လေးစားလုပ်တယ် လို့  အသတ်မှတ်ခံရပြီး အပေအတေ စာရင်းထဲဝင်သွားတတ်ပါတယ်။   ပြီးခဲ့တဲ့ ရက်ပိုင်းက ကျနော်ခရီးတွေထွက်ရင်း တာချီလိတ်ကို ရောက်တော့ လမ်းလေးတစ်ခုသာခြားတဲ့ ထိုင်းနိုင်ငံနယ်စပ်က မယ်ဆိုင်မြို့ဘက်ကို မိတ်ဆွေတစ်ယောက် လိုက်ပို့ပေးလို့ ရောက်သွားခဲ့ပါတယ် အဲလိုသွားနေရင်းက  ခန်းနားတဲ့အဆောက်အဦးတစ်ခုကိုမြင်တော့ ကားရပ်ခိုင်းပြီးအထဲကိုဝင်ကြည့်လိုက်တဲ့အခါ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းဖြစ်ပါနေပါတယ်။ ကျောင်းဝင်းထဲလှည့်ပါတ်ကြည့်ရင်း သစ်ပင်ရိပ်မှာ  စာသင်နေတဲ့ ဆရာတစ်ဦးနဲ့ ကလေးလေးတွေကိုမြင်တော့ စိတ်ဝင်စားသွားပါတယ်။ ဆရာကပြောပြလိုက် ဆရာကမေးတဲ့အခါ ကလေးတွေကလက်ကလေးတွေထောင်ပြီးပြန်ဖြေလိုက် လုပ်နေတာကို မြင်ရတာကတော့ ကြည်နူးစရာပါဘဲ။ စာသင်နေပုံက […]


“ခက်တဲ့လူ ……………”   တစ်ခါ တစ်ခါ ရှင်တော်တော် အလိုက်မသိ။ အားမှအားရဲ့လား မစဉ်းစား မီးစိမ်းကလေးမြင်တာနဲ့ ဇွတ်ခေါ် Busy ပါလို့ ရေးထားလဲ သိတော်မမူ ရှင်တော်တော်ခက်တဲ့လူ။   တစ်ခါတစ်ခါ ရှင်တော်တော် အလိုက်မသိ။ လိုင်းကောင်းမှ ကောင်းရဲ့လား နည်းနည်းမှမစဉ်းစား ရှင် Hai  လို့ ပြန်မ hai မိရင် ပူပူ ဆူ ဆူ ရှင် တော်တော်ခက်တဲ့လူ။     “သရီးရှဲဒိုး နဲဗားနိုး” “မရှိတာထက် မသိတာခက် “ ရှင့်အတွက်များ ရည်ရွယ်ထားခဲ့သလား ရှင်တော်တော်ခက်တဲ့လူ။     ကိုပေါက်လက်ဆောင်အတွေးစဉ် 28-9-2014    


                “ဖြတ်သန်းခဲ့ သောပလက်ဖောင်းများ – အမှတ်(၁၃)                  (ပလက်ဖောင်းအမှတ် ၂၁ လုပ်ငန်းခွင်သို့ အဝင်)   ဖောင်ကြီး သင်တန်းပြီးလို့ ရန်ကုန်ပြန်ရောက်ပေမယ့် ကျနော်က သူငယ်ချင်းတွေနဲ့ ရန်ကုန်မှာ သုံးလေးရက်အတူနေလိုက်ပါသေးတယ်။ လည်လို့ပါတ်လို့ အားရပြီဆိုမှ မန်းလေး ကို ပြန်လာပါတော့တယ်။ သွားတုံးက မဲခြောက်ခြောက် ပြန်လာတော့ ဝဝ ဖြိုးဖြိုး ဆိုတော့ အဖွားက သဘောတွေကျနေပါတယ်။ အဘွားအတွက် ဆိုပြီး နလင်ကျော်မြစ်တွေ ကို လက်ဆောင်ပေးလိုက်တော့ အဖွားမှာဝမ်းတွေသာလို့ပေါ့။ ပြန်ရောက်လာခါ စတော့ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်။ ဖောင်ကြီး အတွေ့အကြုံတွေပြန်ပြောပြရတာ မမောနိုင်အောင်ပါဘဲ။ ဒါပေမယ့် လည်း မနက်အလုပ်သွား ညနေစောင်းမှပြန်ဆိုတဲ့ ဘဝစက်ဝိုင်းထဲကို ပြန်ရောက်သွားပါတယ်။ […]


“ဖြတ် သန်း ခဲ့ သော ပ လက် ဖောင်းများ” (အမှတ်လေး) ကျနော် တို့ တက္ကသ ိုလ် စာပေးစာယူ တက် တဲ့ နှစ် တွေ က ပျော် စရာကောင်း ပါတယ်။ ဒါပေမယ့် စိတ်ညစ်စရာ တစ် ခု ကေ တာ့ သင်ရိုးညွှန်းတန်း စာအုပ်တွေအပြည့် အစုံ မရ တာပါ။ ပထမ ဆုံးအကြိမ်ဖွင့် တဲ့ စာပေးစာယူ သင် တန်းမှာ ဖတ်စာအုပ်အပြည့် မရ တော့ ကျောင်းသူ ကျောင်းသားအချင်းချင်း စာ အုပ်တွေ တစ်လှည့် စီပြန်ငှားပြီး စာစဉ်တွေဖြေကြ ရပါတယ်။ အဲဒီတုန်းက ပေး တဲ့ စာစဉ် ဖြေရ တဲ့ […]


“ငွေအရင်းအနှီး မြေအရင်းအနှီး ကျနော်နေ့တိုင်းသောက်နေကျလက်ဖက်ရည်ဆိုင်လေးကိုရောက်တော့ “လေးလေးရေ သမီးတို့ ဒီလကုန်ရင်နေရာပြောင်းပြီ”လို့ ဆိုင်ရှင်ကောင်မလေးကပြောပါတယ်။ “ဆိုင်လခ က လေးသိန်းဖြစ်မယ်တဲ့ အဲတော့သမီးတို့က မလိုက်နိုင်တော့ဘူး အိမ်ငှားခ ဈေးတက်ပေမယ့် လက်ဖက်ရည်နဲ့မုန့်က ဈေးတက်လို့မရဘူး သူများ ရောင်းတဲ့အတိုင်းလိုက်ရောင်းရတာ ” သူ့လေသံမှာ မောသံလေးတွေစွက်နေပါတယ်။ “တစ်လတစ်ခါ လေးသိန်းချပေးဆိုရင် တော်သေးတယ် လေးလေးရေ တစ်နှစ်စာ ၄၈သိန်း တော့ ပက်ခနဲချမပေးနို်င်ဘူးလေ။ ဈေးသက်သာတဲ့နေရာရွှေ့ရမှာဘဲလေးလေးရေ”လို့စိတ်ဒုန်းဒုန်းချထားတဲ လေသံနဲ့ဆိုရှာပါတယ်။ မနက်တိုင်း မနက်တိုင်း ဒီဆိုင်လေးမှာ လက်ဖက်ရည်သောက်လာတာ သုံးနှစ်လောက်ရှိနေပါပြီ။ ဆိုင်ရှင်လင်မယားကလဲ ဖော်ဖော်ရွေရွေ စားပွဲတိုးလေးတွေကလဲ သွက်သွက်လက်လက် ချက်ချက်ခြာခြာ ဆိုတော့ ဒီဆိုင်လေးထိုင်ရတာ စိတ်ချမ်းသာပါတယ်။ ကျနော်လက်ဖက်ရည်သောက်ပြီး ထပြန်လာတော့ရင်ထဲမှာမကောင်းပါဘူး။   သူုတို့ငှားဖွင့်တဲ့ ဆိုင်လေးက ၃၅ပေXပေ၂ဝအခန်းလေးပါဘဲ။ ဆိုင်လေးက နှစ်ထပ်ဆိုတော့ အပေါ်ထပ်လူနေ။ အောက်ထပ်ကတော့ နေ့ဆိုင်ဖွင့် […]