“အမြင့်အမြင့်မှ အဝေးအဝေးသို့လွင့်ကြည့်ခြင်း…………………….”   ဥမင်သုံးဆယ်ဘုရားအနောက်ဘက်အစွန်ဆုံးမှာကြီးမားလှတဲ့မန်ကျည်းပင်ကြီးရှိပါတယ်။ သူ့အောက်မှာတော့အပန်းပြေထိုင်စရာ ခုံလေးတွေရှိပါတယ်။ ခုံလေးတွေရဲ့မြောက်ဘက်မှတော့ အပေါ်တက်တဲ့လှေကားတစ်စင်း။ ကျနော်နဲ့ပါလာတဲ့အဖော်တွေက အပေါ်ကိုရောက်နေကြပါပြီ။ လှေခါးကနေရှေ့တည်တည့်ကြည့်တဲ့အခါ ရေတက်ချိန်ဖြစ်လို့ ကျယ်ပြန့်တဲ့ရေပြင်ကြီးဖြစ်နေတဲ့ ဧရာဝတီ။ အနောက်ဘက်ခြမ်းမှာတော့ အဖြူမှရွှေရောင်အသွင်းပြောင်းခဲ့တဲ့ကောင်းမူ့တော်စေတီကိုလှမ်းမြင်ရပါတယ်။ ဟိုအရင်ညများမှာတော့ ထုံးသင်္ကန်းနဲ့ကောင်းမူ့တော်ဘုရားက အမှောင်ထဲမှာအလင်းဆောင်နေသလိုဘဲလို့ပြောကြပါတယ်။ အခုရက်မှာတော့ဧရာဝတီမြစ်ရေတက်တဲ့အချိန်ဖြစ်တော့ တောင်ပေါ်ကနေအနောက်ဘက်ကို ကြည့်လိုက်တဲ့အခါ ရေပြင်ကျယ်ကြီးကိုဘဲမြင်နေရပါတယ်။ လွတ်လပ်ကျယ်ပြန့်သောကောင်းကင် စိမ်းစိုမြရှိန်းသောသစ်တောအုပ် ရွှေရောင်ဝင်းလဲ့နေသော စေတီများကိုတွေ့မြင်ရခြင်းက စိတ်အတွင်းမှာကြည်နူးမူ့တွေဖြစ်လာပါတယ်။ အရှေ့ဘက်ခြမ်းမှာတော့ သဲသောင်ယံတွေနဲ့ဧရာဝတီ ။ ဆွမ်းဦးပုညရှင် ရှင်ဖြူရှင်လှဘုရားများ၊ အောက်ဖက်မှာတော့ သီတဂူစေတီတော်  ငါးထပ်ကြီး ဆင်များရှင်ဘုရားများကိုဖူးမြင်ရပြန်ပါတယ်။ တောင်အထက်အမြင့်ဆိုပြန်တော့ သန့်ရှင်းလပ်ဆပ်သောလေကြောင့်အေးမြလို့ကြည်လင်။ သဘာဝတရားကြီးကပေးတဲ့လက်ဆောင်တွေက များပြားလှပါတယ်။ ကဲ မိတ်ဆွေ အားတာမအားတာအပထား ကိုယ့်အနီးအနားက သဘာဝအလှတွေကို သွားပြီခံစားကြည့်လိုက်စမ်းပါ။ အရသာတွေ့သွားမယ်နော်………………………….     ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ (24-7-2012)     […]


    အညီးပြေ………….. အခုရက်သူများဆီက ပုံတွေကို ဘဲတင်နေတာများပါတယ်။ မန်းလေးကိုပြန်ရောက်တဲ့ရက် အရင်လောက်ကင်မရာမကိုင်မိပါဘူး။ ဒါပေမယ့် ခဏခဏရောက်ပြီး ဘယ်တော့မှမရိုက်ဖြစ်တဲ့ပြင်ဦးလွင်က နာရီစင်ရယ်။ မင်္ဂလာဈေးမှာ မဒမ်ပေါက်ဈေးဝယ်တာစောင့်ရင်းရိုက်ခဲ့တဲ့ အရုပ်ကလေးတွေရယ်။ အလှူတစ်ခုသွားရင်း ဘုန်းကြီးကျောင်းထဲမှာတွေ့ခဲ့တဲ့ဘီလူးရုပ်လေးတွေရယ် ကျောက်တော်ကြီးဘုရား ခုံတန်းလျား လေးရယ် သဘာဝကြီးကပေးနေပေမယ့် ကျနော်တို့ ကမယူဖြစ်တဲ့ ညနေခင်းလေးတွေရယ်ကို အညီးပြေ တင်ပေးလိုက်ပါတယ်။ ကြည့်ရင်းကြည်နူးပါစေ။   ကိုပေါက်လက်ဆောင်မြန်မာပြည်မှ အလှတရားများ (20-6-2012)


                “ကွတ်ခိုင်ကိုအရောက်…………..(သူတို့ဆီအသွား အပိုင်းလေး)ံ”   သိန်းနီနဲ့ကွတ်ခို်င်အကြားရောက်တဲ့အခါအင်မတန်မှလှပသောမြင်ကွင်းတွေကိုတွေ့ရပါတော့တယ်။ တောင်တန်းများက ပါတ်ပါတ်လည်ဝိုင်းရံထားတဲ့အလည်မှာတော့ မြေပြန့်လွင်ပြင်။ အိမ်ကလေးတွေက အစီအရီနဲ့ လှပသော “သိန်းနီမြို့” တောင်ပေါ်တက်တဲ့လမ်းကလေးက တောင်ခြေက တစ်ဆင့် ကွေ့လိုက်ကောက်လိုက် ဝိုက်လိုက်ဝန်းလိုက်နဲ့ တောင်ပေါ်ကိုတဖြည ်းဖြည်းတက်သွားပါတယ်။ တောင်ပေါ်ကိုမော့ကြည့်လိုက်ရင် အစိမ်းရောင်သစ်ပင်တွေအောက်မှာအဖြူရောင်ကျောက်ဆောင်ကြီး။ ကားလေးက တဖြည်းဖြည်းရုန်းရင်း အပေါ်ကိုအရောက် အောက်ကိုလှမ်းကြည့်တဲ့အခါ ကိုယ်တက်လာရာ လမ်းကလေး ကွေ့ကွေ့ဝိုက်ဝိုက်နဲ့လှမ်းမြင်ရပြန်ပါတယ်.။ အပေါ်မော့ကြည့်လို်က်ရင်တော့ တောင်တန်းတွေရဲ့အပေါ်မှာ  က စိမ်းလန်းသောသစ်ပင်များ ။ အစိမ်းရောင်အပေါ်မှာတော့ အဖြူရောင်တိမ်တောင်ထု။ တိမ်တောင်ထုနောက်မှာတော့ ပြာလွင်သောကောင်းကင် ကြည့်မဝသောမြင်ကွင်းများပါဘဲ။   ဒီနေရာလေးက လွိုင်ဆမ်ဆစ် လို့အမည်တွင်တဲ့ မြောက်ပိုင်းရှမ်းပြည်ရဲ့အလှဆုံးသောနေရာလဲဖြစ်ပါတယ်။ လွိုင်ဆမ်ဆစ် ဆိုတာကတော့ရှမ်းဘာသာစကားလို့သိရပါတယ်။ လွိုင်=တောင်။ဆမ်ဆစ်=သုံးဆယ်။ ဒါကြောင့်လွိုင်ဆမ်ဆစ်ဆိုတာ တောင်အလုံးသုံးဆယ်လို့ပြောပါတယ်။ […]


                      “အောင်ပန်းမြို့အထွက်ကနံနက်ခင်းလေးံ”     အောင်ပန်းကိုရောက်တဲ့ ရက်တွေမှာလဲ  မနက်စောစောလမ်းလျှောက်ထွက်ဖြစ်ပါတယ်။ ပထမတစ်ရက် ဈေးကြီးဘက်ကိုတက်ပြီးမြို့တောင်ဘက်ကိုသွားခဲ့ပါတယ်။ အဲဒီလမ်းဘက်အသွားမှာတော့ ကျန်းမာရေးအရလမ်းလျောက်ထွက်သူတွေကိုတွေ့ခဲ့ပါတယ်။ နောက်ရက်ကျတော့ ကလောမြို့ဘက်အထွက်လမ်းဘက်မှာ ရထားလမ်းလေးနဲ့ယာခင်းလေးတွေရှိတာကိုသတိရတော့ အဲဒီဘက်ကိုထွက်ခဲ့ပါတယ်။ မြို့အနောက်ဘက်လမ်းလေးအတိုင်းလျောက်လာခဲ့ရတာပေါ့။ အဲဒီအနောက်ဘက်ခြမ်းမှာတောင်ကုန်းအတော်မြင့်မြင့်လေးကိုတွေ့ရတော့ နောက်ရက်တက်ကြည့်မယ်လို့ စိတ်ထဲမှာတေးထားလိုက်ပါတယ်။ အဲလိုလျောက်လာရင်း မြို့ဝင်ကြေးနဲ့ဘီးခွန်ကောက်တဲ့ဂိတ်ကလေးကိုလဲကျော်လိုက်ရော ကျနော်ကိုယ်တိုင်တောင်ကုန်းအမြင့်ကြီးပေါ်ရောက်သွားသလိုခံစားလိုက်ရပါတယ။်။ အောက်ငုံကြည့်လိုက်တော့ ချောက်နက်နက်ထဲမှာအိမ်ကလေးတွေအစီအရီ။ အရှေ့ဘက်ကောင်းကင်မှာတော့ နေမင်းက အလင်းရောင်တွေဖျန်းပက်။ တောင်စောင်းရဲ့အောက်မှာတော့ ထွန်ယက်ပြီးစ မြေကွက်တွေရယ် စိုက်ပျိုးပီးစ ယာခင်းလေးတွေရယ်ကို တွေ့ရပါတယ်။ အဲဒီယာခင်းလေးရဲ့အပေါ်မှာတော့ ထင်းရူးပင်လေးတွေစီတန်းနေတဲ့တောင်နဲ့ ဘေးကပ်ရက်မှာတော့ မီးရထားသံလမ်းလေး။ ထွက်ပေါ်စအလင်းဖျော့ဖျော့ရဲ့အောက်မှာတော့ ကောက်ကွေ့သောလ မ်းကလေးကို မြင်ရတာ လှတပတ။ ဒီတောင်ကုန်းလေးနားမှာ တစ်ခါတစ်လေမှလာတဲ့ ဆိုင်ကယ်တစ်စီးတစ်လေအသံကလွဲရင် […]