Mလုလင္May 10, 20123min35435
ကျွန်တော် နဲ့ ဦးပေါက် နဲ့ ကျိုက်ခေါက် ဘက် ခဏ သွားရင်းရိုက်ဖြစ်ထားတာ လေးတွေပါ။ မွန်းတည့်ချိန် မို့ ဘုရားပေါ်မှာ ခုန်ဆွခုန်ဆွ ပြေးခဲ့ရတာ ကတော့ အမှတ်တရ ပါပဲ ….။ လေးစားစွာဖြင့် Mလုလင်


                     “ဈေးဝယ်ခြင်းနှင့်ဈေးလည်ခြင်း…………..”   ကျနော်တို့ငယ်ငယ် 25လမ်းဝင်းထဲမှာနေတုံးက မနက်ခြောက်နာရီခွဲ ခုနှစ်နာရီလောက်ဆိုရင် ပဲပြုတ်သည်ပုဏ္ဏားမကြီး အိမ်ရှေ့ကိုရောက်လာပါပြီ။ ဘာနဲ့မှနိုင်းယှဉ်ပြလို့မရလောက်တဲ့ ပုဏ္ဏားမကြီးရဲ့ “ပဲပြုတ်”လို့ ဆွဲဆွဲငင်ငင်အော်လိုက်တဲ့ မပီမသဂီတသံကြားလိုက်ရင်သူအိမ်ရှေ့ကိုရောက်လို့ လာပါပြီ။ သူ့ခေါင်းပေါ်ကတောင်းမြေကြီးအောက်အချ ကျနော်တို့မောင်နှမတွေကလဲ အပြေးအလွားရောက်လို့သူ့ရှေ့မှာ လက်ဝါးဖြန့်ပြီးသားပါဘဲ။ ကျနော်တို့ကိုမြင်တာနဲ့သူကလဲ  စားတော်ပဲပြုတ်အိအိလေးတွေကို လက်ကလေးနဲ့အသာဆုပ်၊ နှမ်းထောင်းလေးနည်းနည်းထဲ့ပြီးအလုံးလေးဖြစ်အောင်လုပ်လို့ ကျနော်တို့စားဘိုု့လုပ်ပေးပါတယ်။ ကလေးဘဝကတော့ ဒီ ပုဏ္ဏားမကြီးပေးတဲ့ ပဲတစ်ဆုပ်က နတ်သုဒ္ဓာပါဘဲ။ ကျနော်တို့အဖွားက ထမင်းကြော်နဲ့စားဘို့အတွက် ပဲပြုတ်နှစ်ဆယ်သားနေ့တိုင်းဝယ်ပါတယ်။ ကျနော်တို့ကလဲ နေ့တိုင်းပဲပြုတ်တောင်းစားပါတယ်။ သူကလဲ ကျေကျေနပ်နပ်နဲ့နေ့တိုင်းပေးပါတယ်။ (ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ ဒိုးတူဒိုး စစ်စတမ်နဲ့ပရိုိုမိုးရှင်းတွေပေးပြီး မားကက်တင်းလုပ်သွားတာပါဘဲ။) &&&&&&&&&&&&&&&  &&&&&&&&&&&&&&&&& &&&&&&&&&&&&&&&&&&     ကျနော်ခြောက်တန်းရောက်တဲ့အခါ ဈေးဆွဲခြင်းကို ဆွဲနိုင်တော့အဖွားနဲ့ဈေးလိုက်ခွင့်ရပါတယ်။ ကျနော်တို့အိမ်ကနေ တောင်ဘက်ကို လေးပြလောက်လမ်းလျှောက်လိုက်ရင် တရုပ်တန်းဈေးကို ရောက်ပါတယ်။ အရင်က တရုပ်တန်းဈေးက( […]


“ပေါက်ပန်းပွင့်ချိန်ခါမီ တပေါင်းမိန်ရာသီ”   ဒီနေ့မနက်အလုပ်သွားတော့ ဘုရားကြီးစာတိုက်ကွေ့ကို နည်းနည်းလေးအကျော် ကျောက်လမ်းမပေါ်မှာ ကြွေကျနေတဲ့ပေါက်ပန်းပွင့်တွေကို တွေ့တော့ အပေါ်မော့ကြည့်မိပါတယ်။ အုးိ………………တပင်လုံး ပုစွန်ဆီဖျော့ဖျော့အသွေးနဲ့ပေါက်ပန်းပွင့်တွေဝေလို့ပါကလား။ ဒါဆိုရင် တပေါင်းရောက်ခါနီးပြီပေါ့။ တပေါင်းဆိုတာနဲ့လွမ်းစရာအကြောင်းလေးတွေက ရင်ထဲမှအစီအရီပေါ်လို့လာပါလေရော။   သင်္ကြန်ရေကို အကြိုထောက်တဲ့ပန်းက ပိတောက်ဆိုရင် မိန်တပေါင်းကို ကြိုဆိုတဲ့ပန်းက ပေါက်ပန်းလို့သတ်မှတ်ချင်ပါတယ်။ ကျနော်ပေါက်ပန်းပွင့်ရဲရဲလေးတွေကို ငယ်စဉ်ဘဝကတည်းက နှစ်သက်ခဲ့တာပါ။ ဟိုခပ်ငယ်ငယ်မြစ်ငယ်ဘက်မှာနေကြတုံးကပါ။ အခုလို ရာသီမျိုးမှာပေါ့ ……… ပုလိပ်ချည်မျှင်စက်ထဲက အဖေ့သူငယ်ချင်းအိမ် ကိုသွားကြတဲ့အခါ မြစ်ငယ်တံတားကိုကျော်ပြီး တောင်ဘက်ကိုရောက်တာနဲ့ လမ်းတစ်ဖက်တစ်ချက် မှာပေါက်ပင်တွေတန်းစီနေတာကိုတွေ့ရပါတယ်။ အရွက်နည်းနည်းလေးဘဲကျန်အောင၊် တစ်ပင်လုံးဖုံးအောင်ဝေနေအောင် ၊ ပွင့်နေတဲ့ပေါက်ပန်းပွင့်တွေမြင်ရင်အရမ်းကိုသဘောကျခဲ့တာပေါ့။ တကယ်တော့ပေါက်ပန်းဆိုတာ လှသာလှတယ် စားလို့လဲမရ မွှေးလဲမမွှေး။ ဒါပေမယ့် ကျနော်ကတော့ဒီအပွင့်လေးတွေမြင်တာနဲ့သဘောတွေကျနေခဲ့တာအမှန်ပါဘဲ။ (နောင်ကြီးလာတော့ စာအုပ်ထဲမှာပါတဲ့ ပြည်နှင့်အရေး ပေါက်နဲ့ကျေး ဆိုတာ ဒီပေါက်ပင်တွေကို ညွှန်းထားတာကိုသိရပြန်ပါတယ်။ ပေါက်ပင်အပွင့်က […]


  “ငယ်ငယ်တုန်း ခေါင်းလောင်းသံ အပိုင်းခြောက်” (တကျော့ပြန်နဲ့ ဘင်ခရာ…………….)   တကယ်ထွက်လာတဲ့သတင်းအတိုင်းနေပြည်တော်ကျောင်းက နန်းရှေ့ကိုပြောင်းရပါတယ်။ အဲတော့ ကျနော် နေပြည်တော်က ထွက်ပြီး နောက်ထပ်ကျောင်းတစ်ကျောင်းပြောင်းဘို့ စီစဉ်ရပါတယ်။ ပထမဆုံးကျနော်တို့အိမ်နဲ့ကပ်ရက်မှာရှိနေတဲ့ အမှတ်တစ်အထက်တန်းကျောင်း ကို သွားပါတယ်။ ကျောင်းတွေခဏခဏပြောင်းတဲ့သူမို့ထင်ပါတယ်။ လက်မခံလိုက်ပါ။ အဲဒီတုံးက ကျောင်းအုပ်ဆရာမကြီးကတော့ ဒေါ်ကျင်မြိုင် ပါ။ စာရေးဆရာကြီးမောင်သာရတို့နဲ့အမျုးိတော်ပါတယ်။ စည်းကမ်းအရမ်းကောင်းတယ်လို့ နာမယ်ကြီးတဲ့ဆရာမကြီးဖြစ်ပါတယ်။ ကျနော်နေခွင့်မကြုံခဲ့ပါဘူး။ အဲဒါနဲ့ နောက်ဆုံးတော့ ဦးလေးတွေကလည်း စိန်ပီတာမှာဘဲပြန်ထားချင်ကြပါတယ်။ ဒါနဲ့ဘဲ ငယ်ငယ်ကနေခဲ့တဲ့ကျောင်းကို တစ်ကျော့ပြန်ပြီးရောက်ရပြန်ပါတယ်။   ကြုံတုန်းလေးပွားလိုက်ရရင် အရင်က ကျောင်းသူကျောင်းသားတွေက ကိုယ့်ကျောင်းကို  ကိုယ်သိပ်ချစ်တတ်ဂုဏ်ယူတတ်ကြပါတယ်။ ကျနော်တို့ စိန်ပီတာကျောင်းထွက်တွေဆိုရင်လဲ “ပီတာရိုက်စ်”ခြင်းသာတွေ့လို့ကတော့ ကိုယ်ညီအကိုတွေပြန်တွေ့သလိုစိတ်ထဲမှာရင်းနှီးချစ်ခင်တတ်ကြပါတယ်။ အထူးသဖြင့်သူများမြု့ိရွာရောက်တယ်ဆိုပိုလို့သိသာပါတယ်။   ကျနော်ခြောက်တန်းနှစ် စိန်ပီတာမှာနောက်တစ်ခေါက်ပြန်ရောက်ချိန်မှာတော့ ကျောင်းအုပ်ဆရာကြီးက ဆရာကြီးဦးလှဖြစ်ပါတယ်။ အသားညိုညို အရပ်ရည်ရည် သဘောကောင်းလှပါတယ်။ […]


“ငယ်ငယ်တုန်း ခေါင်းလောင်းသံ အပိုင်းငါး” (တစ်နှစ်ထဲပါ…………….)   1968ခုနှစ် ကတော့ဘဝမှာအမှတ်တရ။ ကျနော့်ဘဝမှာကြီးမားသောအပြောင်းအလဲကြီးတစ်ခုပေါ်ပေါက်ခဲ့ပါတယ်။ အဲဒါကတော့ ကျနော်တို့အဖေနဲ့အမေကွာရှင်းပြတ်စဲကြတာပါဘဲ။ ရုပ်ရှင်ထဲကလို လဲငိုယိုပြီးတောင်းပန်တာတွေဘာတွေမလုပ်နိုင်ပါဘူး။ လေးတန်းကျောင်းသားတစ်ယောက်အနေနဲ့ဘာမှလဲရေရေရာရာ မသိလိုက်ပါဘူး။ အဖေနဲ့အမေစကား မများစဘူး တစ်ယောက်တစ်ခွန်းစကားများကြတာကိုတော့သိတယ်။ အဲဒီနေ့က အမေကျနော်တို့နဲ့အတူမအိပ်တာကိုသိတယ်။ အဲဒီရက်တွေက စပြီး  ကျနော်တို့မောင်နှမတစ်တွေခါတို်င်းလိုအိ်မ်မှာမနေခဲ့ရတော့ပါဘူး။ မနက်အဖေအလုပ်သွားရင်အဖေနဲ့အတူ 25လမ်းကျုံးဒေါင့်ကအိမ်ကိုလိုက်၊ ညနေဆိုရင်လဲ ညစာထမင်းစားပြီးမှ ပုလင်းဝင်းကအိမ်ကိုပြန်ပြီးအိပ်ကြပါတယ်။ ကျနော်တို့ငှားထားတဲ့အိမ်က နှစ်မစေ့သေးလိုဆက်နေတာပါတဲ့။ ကျောင်းမဖွင့်ခင် လပိုင်းအလိုမှာတော့ ကျနော်တို့ 25လမ်းအိမ်ကို အပြီးပြောင်းလာပါတော့တယ်။   ကျောင်းတွေဖွင့်တော့မယ်ဆိုတော့ အမေနဲ့နီးတဲ့ ဒိုင်အိုကျောင်းမှာ ကျောင်းဆက်မထားတော့ပါဘူး။ 25လမ်းအိမ်နဲ့နီးတဲ့ကျောင်းမှာထားမယ်ဆိုပြီးစီစဉ်ပါတော့တယ်။ ကျနော်တို့ 25လမ်းနားမှာ အမှတ်တစ်အထက်တန်းကျောင်းရယ် နေပြည်တော်ကျောင်းရယ်ရှိပါတယ်။ ကျောင်းတွေဖွင့်ခါနီးတော့ ဒိုင်အိုကျောင်းကထွက်ပြီး အိမ်နဲ့နီးတဲ့ “နေပြည်တော်ကျောင်း”လို့ အမည်တွင်တဲ့ အမှတ်(17)ကျောင်းကိုပြောင်းရတာပါဘဲ။ အဲဒီကျောင်းကတော့ 23နဲ့24လမ်းကြား လမ်း80ပေါ်မှာရှိပါတယ်။ ကျောင်းရဲ့တောင်ဘက်မှာတော့ နာမည်ကျော် […]


“ငယ်ငယ်တုန်း ခေါင်းလောင်းသံ အပိုင်းသုံး” (မီးရထားနှင့်ကျောင်းတက်ခြင်း) (အရင်ကတော့ ဒိုင်အိုနောက်တော့ အ.ထ.က ၁၀)   ကျောင်းတွေဖွင့်တဲ့အချိန်ရောက်တဲ့အခါ ကျနော့်အဖေက ကျနော်ကို မန်းလေးက “သံတဲကျောင်း(ခ)ဒိုင်အိုစီဇင်ကျောင်း”မှာသွားပြီးကျောင်းပြောင်းပြိင်္းနေရမယ်လို့ပြောပါတယ်။ ရှေးတုံးကတော့ ဒိုင်အိုကျောင်းလို့ခေါ်ကြပါတယ်။ ပြည်သူပိုင်သိမ်းပြီးတဲ့နောက်ပိုင်းမှာ တော့ အမှတ်(10)အ.ထ.ကလို့ပြောင်းခေါ်ပါတယ်။ မန်းလေးကျောင်းနာမယ်တွေနဲ့ပါတ်သက်ပြီးထူးခြားတာလေးကို ကျနော်မှတ်မိသလောက်လေးပြောပြချင်ပါသေးတယ်။ မန်းလေးကကျောင်းတွေက သီးသန့်နာမယ်တွေနဲ့ရှိနေတာလေးကိုပါ။ ဟိုအရင်ပြည်သူပိုင်မသိမ်းမီကာလမှာ ခရစ်ယန်သာသနာပြုကျောင်းတွေကလဲ သူတို့ရဲ့ ဘုန်းတော်ကြီးတွေရဲ့ နာမယ်တွေနဲ့။ ကျနော်တို့မြန်မာတွေထောင်တဲ့ကျောင်းတွေကလဲ မြန်မာနာမယ်တွေနဲ့ရှိခဲ့ကြတာပါ။ သာသာနာပြုကျောင်းတွေဆိုရင် “စိန့်ဂျိုးဇက်ကော်ဗင့်”  ၊”ဖားသားလဖုန်း    “၊၊” ဝက်စလီ   “၊” စိန့်ဪဂတ်စတင်   “ ”   စိန့်ဇေးဗီးယား  “၊”  စိန့်ပီတာ  “၊” ဒိုင်အိုစီဇင်   “ဆိုတဲ့နာမယ်တွေရှိသလို၊ ကျနော်တို့မြန်မာကျောင်းတွေမှာလဲ “နေရှင်နယ်ကျောင်း”၊”အမျိုးသားကျောင်း    “၊” နေပြည်တော်“၊”သျှန်ကျောင်း” “ပွဲကုန်းကျောင်း”၊”ခရေပင်ဝိုင်းကျောင်း”၊ဦးတင်ဦးကျောင်း”၊”အိုဗာစီးကျောင်း” “တိုင်းချစ်ကျောင်း”ဆိုပြီးကျောင်းတွေကိုနာမယ်တွေနဲ့ဖွင့်ခဲ့ကြပါတယ်။ ဒါပေမယ့် ပြည်သူပိုင်းသိမ်းပြီးတဲ့အခါမှာတော့ မူလတန်းကျောင်း ၊အလယ်တန်းကျောင်း၊အထက်တန်းကျောင်းဆိုခွဲခြားပြီး […]


“ငယ်ငယ်တုန်း ခေါင်းလောင်းသံ”(အပိုင်းနှစ်) (သုံးကျောင်းပြောင်းသောရှင်……………)   ကျနော်ဦးလေးရဲ့စက်ဘီးနဲ့လျှောက်လည်        ကြတဲ့အခါ လမ်းမှာတွေ့သမျှဆိုင်းဘုတ်ကို လိုက်ဖတ်လေ့ရှိပါတယ်။ အစကတော့ တစ်လုံးခြင်းစာလုံးပေါင်းဖတ်။ နောက်တော့ ဦးလေးက ဗွေရင် စိတ်ထဲမှာပေါင်းဖတ်ပြီးမှအသံထွက်လို့သင်ပေးပါတယ်။ မှားရင်သူက ပြင်ပေးပါတယ်။ ဒါနဲ့ဘဲကျနော်က စာဖတ်ရင်စိတ်ထဲမှာဘဲစာလုံးပေါင်းတဲ့အကျင့်လေးရသွားပါတယ်။ အဲဒီကျောင်းသွားအပ်တဲ့နေ့ကဆရာကြီးရဲ့ခုံပေါ်က သတင်းစာလေးကောက်ဖတ်မိတာက ကျနော်အတွက် ဖိုးကံကောင်းဖြစ်သွားပါတယ်။ နောက်ဆရာကြီးက ဖတ်စာအုပ်ထုပ်ပြီးဖတ်ခိုင်းတော့လဲကျနော်က မကြောက်မရွှံ့ဖတ်ပြပါတယ်။ အဲဒါနဲ့ဘဲဆရာကြီးကစိတ်ပြောင်းသွားပြီး ကျနော်ကိုနှစ်တန်းကျောင်းသား အဖြစ်ပညာသင်ခွင့်ပေးလိုက်ပါတယ်။   1 မြစ်ငယ်မြို့ မူလတန်းကျောင်း အလယ်ကျာင်းဆောင်(ရှေ့ဖက်) 2 မြစ်ငယ်မြို့ က မူလတန်းကျောင်း(ကျနော် 2တန်းကျောင်းသားဘဝကနေခဲ့တဲ့ကျောင်း) 3 မြစ်ငယ်မူလတန်းကျောင်း ဘေးဘက်မြင်ကွင်း 4 ပြိုပျက်နေတဲ့ ကျနော်ငယ်ငယ်ကကျောင်းကလေး အဲဒီတုန်းကကျနော်တို့နေတာက မြစ်ငယ်မီးရထားစက်ရုံကြီးရဲ့အနောက်ဘက်မှာရှိတဲ့ ဝန်ထမ်းလိုင်းအိမ်တွေမှာပါ။ မီးရထားစက်ရုံအုတ်တံတိုင်းကြီးဘေးကဖုံထူထူမြေနီလမ်းလေးအတိုင်းမြောက်ဘက်ကို လျှောက်သွား ရင်ကျနော်တို့နေခဲ့တဲ့ “သဇင်ရပ်ကွက်”6လိုင်းကိုရောက်ပါတယ်။ အိမ်လေးတွေက ပုဆစ်တုပ် ပျဉ်ပြားအကြီးတွေနဲ့ကာ အမိုးကအုပ်ကြွပ်မိုး။ […]


“ကျနော်လဲ တစ်နေ့ ဒီလိုဘဲ………………………….” (3-12-2011)နေ့ ကျနော့်အလုပ်က ကလေးမလေးရဲ့ဖခင်ဆုံးတော့ နာရေးလိုက်ပို့ပါတယ်။ မန်းလေးတောင်အရှေ့ဘက်ကြာနီကန်ကိုသွားပို့တာပါ။ ကြာနီကန်ကိုသွားရတဲ့လမ်းလေးက တစ်လမ်းထည်းရှိတာပါ။ လမ်းလေးက ကျဉ်းကျဉ်းလေး။ နာရေးအခုမှသွားပို့တဲ့ကားရော ပို့ပြီးပြန်လာတဲ့ကားပါရှုပ်ယှက်ခပ်။   လမ်းဘေးမှာတော့ ကလေးတွေက တန်းစီလို့နာရေးမှာကမ်းတဲ့ဆပ်ပြာမူန့်တို့ ရေသန့်တို့ကို ပစ်ချပေးဘို့တောင်းနေကြတာ တစ်လမ်းလုံး။ စိတ်ပျက်စရာ ဘယ်သူစလိုက်တဲ့ အဆင်မှန်းတော့ မသိဘူး။   ဒီနေ့မှ မီးသဂြိုလ်တဲ့နေရာကို ဝင်တဲ့လမ်းက ပျက်နေတော့ အသွားရောအပြန်ရောတစ်လမ်းထဲဆိုတော့လမ်းတွေပိတ်။ ပိုဆိုးတာက နာမူ့တစ်ခုကဒီမှာတင်သရဏဂုံတင်တော့ သူတို့နဲ့ပါလာတဲ့ကားတွေရပ်ထားတော့ ပိုဆိုးသွားပါတယ်၊ အဲတော့ ခါတိုင်းလိုမဟုတ်ဘဲ သချိုင်းကိုကျော်ပြီး အဝေးကြီးမှာကားသွားရပ်။ နောက်မှလမ်းလျောက်ပြီးပြန်လာရပါတယ်။ ခါတိုင်းဆို မီးသဂြိုလ်တဲ့နေရာတင်လှည့်ပြန်။ အခုတစ်ခါမှ သူ့အရှေ့ဘက်ကိုရောက်တော့ ဒီနေရာမှာ မီးသဂြိုလ်စရာနေရာရှိမှန်းတောင်မသိခဲ့ပါဘူး။ ဒီမြင်ကွင်းလေးလိုကြည့် လို့ တစ်နေ့နေ့ မှာ ကျနော်လည်း ဒီလို……………………………….   ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး […]


“အဝေးကွင်းကမြက်တွေ မစိမ်းတော့တဲ့နေ့………………. “ ပြီးခဲ့တဲ့ဥပုဒ်နေ့ကညနေပိုင်းအိမ်မှာဘောလုံးပွဲထိုင်ကြည့်နေတုန်း ကိုအောင်မောင်း အိမ်ကိုရောက်လာပါတယ်။ ”ကိုပေါက် ဘာပွဲလာနေလို့တုန်း” လို့သူကမေးတော့၊ “တိုက်ရိုက်လာတဲ့ပွဲမဟုတ်ပါဘူးဗျာ ထူးထူးခြားခြား သွင်းသွားတဲ့ဂိုးလေးတွေကိုစုထားတဲ့ခွေဖွင့်ကြည့်နေတာပါ” ကိုအောင်မောင်းလဲ ကျွန်တော်နဲ့အတူ ဘောလုံးပွဲကိုကြည့်နေရင်း သူ့ဘာတွေများတွေးမိတယ်မသိပါဘူး သူ့မျက်နှာကပြုံးဖြီးဖြီးကြီးဖြစ်လာပြီး “အဝေးကွင်းကမြက်တွေကမစိမ်းတော့ဘူးဗျ” လို့အဆက်အစပ်မရှိဘဲပြောလိုက်တော့ကျွန်တော်တောင် ကြောင်သွားပါတယ်။ အဲဒါနဲ့သူကို ဘာလဲလို့ မေးဆတ်ပြီး အသံတိတ်မေးလိုက်တော့ “နောက်နေ့ ဖိတ်စာတွေရောက်လာရင် ကိုပေါက် သဘောပေါက်သွားမယ်”လို့ပြောပြီး ထပြန်သွားပါတယ်။ လှေခါးရင်းနားရောက် မှ “တောင်ကြီးဘက်က ပြန်လာလို့ ထင်းရူးဆီတွေလာပို့တာ” လို့လှမ်းပြောရင်း အောက်ကိုဆင်းသွားပါတယ်။ နောက်လေးငါးရက်လောက်ကြာတော့ အလုပ်ကနေအိမ်ပြန်ရောက်တဲ့အချိန် မဒမ်ပေါက် မေးငေါ့ပြတဲ့ မင်္ဂလာဆောင်ဖိတ်စာလေးနှစ်စောင်ကို စာပွဲပေါ်မှာ တွေ့ရပါတယ်။ အဲဒါနဲ့ဖွင့်ဖတ်ကြည့်လိုက်တော့ ကိုအောင်မောင်းတို့ရုံးက ကလေးတွေရဲ့မင်္ဂလာဆောင်ဖြစ်နေပါတယ်။ နာမယ်တွေအလုပ်အကိုင်တွေကို သေချာပြန်ဖတ်ကြည့်လိုက်တော့ ပို့ထားတဲ့ဖိတ်စာနှစ်စောင်လုံးက ကုမ္ပဏီတစ်ခုထဲကဝန်ထမ်းအခြင်းခြင်း ဖူးစာဆုံကြတာဖြစ်နေပါတယ်။ အဲဒီတော့မှ ဟိုနေ့က ကိုအောင်မောင်းပြောသွားတဲ့ စကားကိုသဘောပေါက်ပါတော့တယ်။ […]


“မမှားစကောင်း မှားစကောင်း” သင်္ကြန်မတိုင်ခင်ရက်က မန်းလေးကန်တော်ကြီး(တက်သိ်မ်းအင်း)မှာရေအတော်လေးနည်းတာကိုတွေ့ရပါတယ်။ ရေနည်းနေလို့လည်း ဒီနှစ်သင်္ကြန် ကန်တော်ကြီးထဲမှာ ရေပက်မဏ္ဍပ်တွေမဆောက်ရပါဘူး။ မနှစ်တုံးကဒီလိုနွေရာသီမှာရေနည်းပေမယ့်အခုလိုအောက်ခံမြေသားပေါ်လောက်အောင်တော့လည်းမနည်းပါဘူး။ ဒီလိုရေနည်းသွားတော့ အခုမှအသစ်ဆောက်ထားတဲ့ သိန်းသုံးရာကျော်တန်ဖိုင်ဘာအပျော်စီးလှေကြီးခင်ဗျာလည်း တစ်ခါမှာတောင် မတစ်ခါရသေး အသုံးမပြုရသေးဘဲ ရေများတဲ့နေရာမှာဟိုနားရပ်လိုက် ဒီနားရပ်လိုက်နေဖြစ်နေပါတယ်။ နှစ်ယောက်စီးခြေနင်းလှေ ဘဲရုပ်လေးတွေကလည်း ကုန်းပေါ်ကိုတက်ပြီးအနားယူနေရပြန်ပါတယ်။ ဒီကန်တော်ကြီးက ဇောက်တိမ်တဲ့အတွက်ရေများများသွင်းလို့ရအောင် ကန်ကြမ်းပြင်ကိုနက်အောင်ပြန်တူးမယ် လို့တော့ သတင်းကြားရပါတယ်။ (ဒါကြောင့်လဲ ကန်တော်ကြီးထဲက မြေတွေကို လိုချင်ရင်လာသယ်နိုင်တယ်လို့ သတင်းပါလာတာပါ) ကန်ရေနည်းသွားတော့ ရေစပ်စပ်မှာဗျိုင်းလေးတွေ အစာကောက်နေတာကိုမြင်ရပြန်တော့ ဟိုအရင် ကန်ထဲမှာရေပြည့်နေစဉ်အချိန်တွေမှာ မနက်မိုးလင်းစောစော ငါးအကောက်ထွက်တဲ့လူတွေကို သတိရမိ ပြန်ပါတယ်။ အရင်ကဆိုရင် ကျွန်တော်လမ်းလျှောက်ထွက်တဲ့ မနက်(5း30)လောက်ဆိုရင် ငါးအရှာထွက်သူတွေကို တွေ့ရပါတယ်။ ကန်ထဲမှာမူးပြီးမကူးနိုင်တော့တဲ့ငါးတွေကို ရေထဲဆင်းအသာလေးဖမ်းလိုက်ရုံပါဘဲ။ တစ်ခါတစ်လေတော့ လဲ ကမ်းစပ်က ဗေဒါပင်အုပ်ကြီးဘေးက ရေပြင်ကို ဗြန်းခနဲ့ရိုက်လိုက်ရင် ဗေဒါပင်အောက်မှာ ပုန်းနေတဲ့ ငါးတွေက […]


ဘူဇွာက မှန်ကြောင် မုန့်မှာတာကိုလဲကြားရော “မင်းကွာ ဘိုက်ဆာတာများ ပြောနေသေးတယ် မင်းဘဲ ကဗျာရှိရင် ဘာမှမလိုဘူး ဆို မှာမနေနဲ့ “လို့ ခပ်ငေါ့ငေါ့လေးပြောလိုက်တော့ စားပွဲထိုးလေးခမျာ မှာလည်း မှန်ကြောင်မှာတဲ့ မုန့်ကို မှာရမှာလား မမှာရဘူးလားဆိုတာကို ဝေခွဲလို့မရဖြစ်နေပါတယ်။ အဲဒီအခါမှာ မှန်ကြောင်က ” ဒါက တင်စားတာလေကွာ နောက်ပြီး အခုမှာတာက မင်းပါးစပ်နဲ့ငါစားမှာမဟုတ်ဘူး ငါ့ပါးစပ်နဲ့ ငါစားမှာ မင်းအပူမပါဘူး”လို့ပြန်ပြောတဲ့အခါ “အေး မင်းပါးစပ်နဲ့မင်းစားတာတော့ ဟုတ်တယ် ဒါပေမယ့် မင်းပိုက်ဆံနဲ့ မင်းစားတာ မဟုတ်ဘူး သူများရှာထားတဲ့ပိုက်ဆံနဲ့မင်းအမြဲစားတာ “လို့ ပြောတဲ့အခါမှာ မှန်ကြောင် တော်တော်လေးကို အခံရခက်သွားတော့ ပြန်ပြောမလို့ ပါးစပ်ပြင်နေတုန်းရှိသေးတယ် ဘူဇွာကဆက်ပြီး ” မင်းတို့လိုကောင်တွေက စာရေးဆရာ အစစ်ဖြစ်ချင်တဲ့လူမဟုတ်ဘူး စာပေကို ဗန်းပြပြီး အချောင်ခိုနေတဲ့ကောင်တွေ ” […]


” ဘယ်မှာလဲ ဘာလုပ်ရမှာလဲ ဘာတွေလိုမလဲ ဘယ်လောက်ပေးရမှာလဲ”(အပိုင်းနှစ်) ကျနော်တို့အဖေတို့ ဦးလေးတို့ ငယ်ငယ်တုန်းကတော့ အလုပ်တစ်ခုရဘု့ိသိပ်မခက်ဘူးဆိုတာကိုတော့ သူ့တို့အပြောနဲ့ သိခဲ့ရပါတယ်။ ကျနော်အဖေ 8 တန်းအောင်တော့ အတန်းကျောင်းဆက်မတက်တော့ ဘဲ စက်မူ့လက်မူ့ သိပ္ပံကျောင်း(GTI)ကို သွားတက်ပါတယ်။ နောက်အဲဒီမှာ တက်နေရင်းနောက်တစ်နှစ်ကျောင်းဆက်မနေချင်ဘူးဆိုတာနဲ့ ကျနော်တို့ အဖိုးရဲ့ညီအလုပ်လုပ်နေတဲ့ မီးရထာား(ဘူတာကြီး)မှာလက်မှတ်စစ်အနေနဲ့အလုပ်သွင်းပေးလိုက်ပါတယ်။ အဲဒီခေတ်က အစိုးရအလုပ်က နဂိုရ်အခံလူရှိရင် အလွယ်တကူ အလုပ်ဝင်လို့ရပါတယ်။ နောက်အဲဒီမှာလုပ်နေရင်းကျနော့်အဖေက ဂျီတီအိုင်ကဆင်းလာတယ်ဆိုတာလဲသိရော ကျနော်အဖေကို မြစ်ငယ်မီးရထားစက်ရုံဘက်ကိုပြောင်းပေးလိုက်ပါတယ်။ ဒါကကျနော့်အဖေအလုပ်ရခဲ့ပုံလေးပါ။ အဖေ့ညီအလတ်ကတော့ သူဆယ်တန်း (အဲဒီတုန်းကတော့ တက္ကသို်လ်ဝင်တန်းလို့ခေါ်ပါတယ်)ရောက်တဲ့နှစ်မှာ ကျနော်တို့အဖိုးက နာမကျန်းပင်စင်ယူလိုက်ရပါတယ်။ အဲဒီအချိန်မှာကျောင်းအုပ်ကြီးက ကျနော်ဦးလေးအလတ်ကို လုပ်ချင်တယ်ဆိုရင ်အလယ်တန်းပြဆရာအဖြစ်ခန့်ပေးမယ်လို့ပြောတာနဲ့ ဘဲ သူလဲကျောင်းဆရာဖြစ်သွားပါတယ်။ နောက်(2)လလောက်နေတော့ ကျနော်တို့အဖေရဲ့ညီမဝမ်းကွဲတစ်ယောက်ကလဲ ဆယ်တန်းကို ဝိဇ္ဇာနဲ့ဖြေတာအခါခါကျနေတော့ ညကျောင်းတက်မယ် နေ့အလုပ်လုပ်မယ်ဆိုပြီးပြောလာတာနဲ့ သူ့အကိုအလတ်လုပ်တဲ့ကျောင်းမှာဘဲ မူလတန်းဆရာမလုပ်ဖြစ်သွားပါတယ်။ ကျနော်အဖေရဲ့အဒေါ်အပျိုကြီးတစ်ယောက်ကတော့ […]


” ဘယ်မှာလဲ ဘာလုပ်ရမှာလဲ ဘာတွေလိုမလဲ ဘယ်လောက်ပေးရမှာလဲ”(အပိုင်းနှစ်) ကျနော်တို့အဖေတို့ ဦးလေးတို့ ငယ်ငယ်တုန်းကတော့ အလုပ်တစ်ခုရဘု့ိသိပ်မခက်ဘူးဆိုတာကိုတော့ သူ့တို့အပြောနဲ့ သိခဲ့ရပါတယ်။ ကျနော်အဖေ 8 တန်းအောင်တော့ အတန်းကျောင်းဆက်မတက်တော့ ဘဲ စက်မူ့လက်မူ့ သိပ္ပံကျောင်း(GTI)ကို သွားတက်ပါတယ်။ နောက်အဲဒီမှာ တက်နေရင်းနောက်တစ်နှစ်ကျောင်းဆက်မနေချင်ဘူးဆိုတာနဲ့ ကျနော်တို့ အဖိုးရဲ့ညီအလုပ်လုပ်နေတဲ့ မီးရထာား(ဘူတာကြီး)မှာလက်မှတ်စစ်အနေနဲ့ အလုပ်သွင်းပေးလိုက်ပါတယ်။အဲဒီခေတ်က အစိုးရအလုပ်က နဂိုရ်အခံလူရှိရင် အလွယ်တကူ အလုပ်ဝင်လို့ရပါတယ်။ နောက်အဲဒီမှာလုပ်နေရင်းကျနော့်အဖေက ဂျီတီအိုင်ကဆင်းလာတယ်ဆိုတာလဲသိရော ကျနော်အဖေကို မြစ်ငယ်မီးရထားစက်ရုံဘက်ကိုပြောင်းပေးလိုက်ပါတယ်။ ဒါကကျနော့်အဖေအလုပ်ရခဲ့ပုံလေးပါ။ အဖေ့ညီအလတ်ကတော့ သူဆယ်တန်း (အဲဒီတုန်းကတော့ တက္ကသို်လ်ဝင်တန်းလို့ခေါ်ပါတယ်)ရောက်တဲ့နှစ်မှာ ကျနော်တို့အဖိုးက နာမကျန်းပင်စင်ယူလိုက်ရပါတယ်။ အဲဒီအချိန်မှာကျောင်းအုပ်ကြီးက ကျနော်ဦးလေးအလတ်ကို လုပ်ချင်တယ်ဆိုရင ်အလယ်တန်းပြဆရာအဖြစ်ခန့်ပေးမယ်လို့ပြောတာနဲ့ ဘဲ သူလဲကျောင်းဆရာဖြစ်သွားပါတယ်။ နောက်(2)လောက်နေ့တော့ ကျနော်တို့အဖေရဲ့ညီမဝမ်းကွဲတစ်ယောက်ကလဲ ဆယ်တန်းကို ဝိဇ္ဇာနဲ့ဖြေတာအခါခါကျနေတော့ ညကျောင်းတက်မယ် နေ့အလုပ်လုပ်မယ်ဆိုပြီး ပြောလာတာနဲ့ သူ့အကိုအလတ်လုပ်တဲ့ကျောင်းမှာဘဲ မူလတန်းဆရာမလုပ်ဖြစ်သွားပါတယ်။ […]