CourageSeptember 25, 20131min1427
လူသိဖို့ လူတက်လုပ်နေသူများ (facebook တွင်း လုပ်ဆောင်ချက်)             တွေ့နေမြင်နေရတာကြာပြီဖြစ်သလို ဒီအကြောင်းတွေ ရေးချင်သားချင် နေတာ တော်တော်ကြာပါပြီ။ သို့ပေမယ့် သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်း မပြောချင်တာရော မြို့မေတ္တာခံယူကာ ဖရုဿဝါစာ အလှူခံ မဖြစ်လိုတာရော ပေါင်းပြီး ပြောချင်တာတွေကို မျိုသိပ်ထားတာ ကြာလှပြီ။ ကဲ… အခုတော့ မမြင်သာတဲ့အရာတွေကိုတောင် ပွင့်လင်းစွာ ထုတ်ဖေါ်ပြသနေတဲ့ ခေတ်ကြီးထဲမှာ အကျွန်ုပ်လဲ ပွင့်လင်းစွာပြောတော့မည်။ တစ်နေ့တစ်နေ့ ကြိုးပေါ်(online) တက်လိုက်တိုင်း အထူးသဖြင့်Facebook ထဲဝင်လိုက်တိုင်း ပို့စ်(posts)တွေ စတေးတပ်စ် (status)တွေများ ကြည့်မနိုင်လောက် အောင် အရာ အထောင် အသောင်း။ အဲ့ထဲမှာမှ ဘာမဟုတ် ညာမဟုတ်တဲ့ အကြောင်းအရာတွေ ဥပမာဆိုရရင် “ချစ် ကိုယ်ထမင်းစားပြီးသွားပြီ ချစ်ကော စားပြီးပြီလား” “ဝါး… အိပ်ချစ်လိုက်တာ” […]


CourageAugust 23, 20131min23614
သာသနာတော် မညှိုးနွမ်းစေလိုပါ   ကျွန်တော့ရဲ့ ကိုယ်တွေ့အဖြစ်လေးမို့လို့ ခပ်ရှက်ရှက်နဲ့ပဲ ရေးလိုက်ပါရစေ။ စကားပုလ္လင်တွေတော့ ရှည်ရှည်ဝေးဝေး မခံတော့ပါဘူး။ လိုရင်းကိုပဲ ဆိုကျစို့။ ၂၀၁၃ခုနှစ် ဩဂုတ်လ ၂၁ရက်နေ့ ( ၁၃၇၅ခုနှစ် ဝါခေါင်လပြည့်နေ့ (သို့) မေတ္တာ အခါတော်နေ့) ညပိုင်း ရနာရီဝင်းကျင် အချိန် ကျွန်တော်တို့ မိသားစု ရွှေတိဂုံဘုရားမှ ဘုရားဖူးပြီးအပြန် ကြုံခဲ့ရတဲ့ အဖြစ်လေးပါ။ အဲ့နေ့က ဘုရားဖူးပြီး ပြန်တဲ့အချိန်မှာ မိုးတွေက မသဲပေမယ့် ဖွဲစိဖွဲစိတော့ ရွာလို့ပေါ့။ ဘုရားတောင်ဘက်မုဒ် ဓါတ်လှေကားဝင်ပေါက်ကနေ အငှားကားကို ငှားပြီး အပြန် ရွှေတိဂုံဘုရားတောင်ဘက်မုဒ် ကန်တော်မင်္ဂလာ ပန်းခြံ မီးပွိုင့်မှာ မီးနီကြီး စိမ်း သွားမယ့်အချိန်ကို စောင့်နေတုန်း ကားဘေးနားကို ကိုရင်လေးတစ်ပါး ရောက်လာ ပါတယ်။ ပြီးတော့ […]


CourageApril 23, 20131min1205
ကမ်းလှမ်းမယ့်လက်များ           ဇွန်လဆန်း ကျောင်းများပြန်ဖွင့်ချိန်ဖြစ်၍ ရွက်ကွက်လေးတစ်ခုရှိ မူလတန်းကျောင်းလေးပြန်လည်အသက်ဝင်လာသည်။ အပေါ်အဖြူအောက် အစိမ်း နှင့် ကလေးငယ်များ၊ ပြုံးပျော် ရယ်ရွှင်နေသောကလေးငယ်တို့ကြောင့် သုံးလတာ ခြောက်ကပ်ကပ်ဖြစ်နေသည့် ကျောင်းကြီးမှာ စို်ပြေနေ၏။ မျက်နှာဟောင်းကျောင်းသားများမှာ အတန်းသစ်ကိုတက်လို့၊မျက်နှာသစ်ကျောင်းသားများကလည်း အတန်းသစ်ကိုတက်လို့။မျှော်လင့်ချက်အသစ် စိန် ခေါ်မှုအသစ် အတွေ့အကြုံအသစ် ပညာအသစ်များကို သူတို့လေးတွေ အမိအရဖမ်းယူကျတော့မည်။           မောင်မောင်လည်း ထိုအရာများကို ဖမ်းယူချင်သည်။ ဆန္ဒရှိသည်။ ကျောင်းတက်ရတာကိုသူပျော်သည်။ အဖြူနှင့်အစိမ်းကို တွဲဖက်ဝတ်ဆင်ရ ခြင်းအား သူဂုဏ်ယူသည်။ သူ့မျက်စိရှေ့တွင်တွေ့နေရသော အပြုံးပန်းများနှင့်ရွယ်တူကျောင်းသားလေးများကို ကြည့်ရင်း သူ ကြည်နူးစွာပြုံးလိုက်သည်။ပျော်စရာကောင်းလိုက်တာ။ ဒီလို တူညီဝတ်စုံဝတ်ရင်း၊ ဘဝ တိုက်ပွဲကို ဘယ်လိုနွဲရာမယ်လို့ သင်ကြားပေးနေတဲ့နေရာ၊ တိုက်ခိုက်နေချိန် အသုံးပြုရမယ့် အသိပညာလက်နက်တွေ ဝေမျှပေးနေတဲ့ ဒီနေရာက သူတို့သူတို့တွေရဲ့ ရွှင်လန်းမျှက သူ့ကို လန်းဆန်းသွားစေသည်။ […]


CourageMarch 26, 20131min28315
ကြားစကား ကြား(ဂျား)စကား ခါး ခါး ခါး   တစ်နေ့ တစ်နေ့ မျိုးစုံနေအောင် ကြားနေရတဲ့ မကောင်းသတင်း၊ အဆိုးသတင်းတွေကို နားမှာကြားမိခဲ့တော့ ဘာရယ် တော့ မဟုတ်ပါဘူး ငယ်ငယ်က ကြားဘူးခဲ့တဲ့ ပါးစပ် ဇာတ်လမ်းလေးတစ်ခုကို သွားပြီ သတိရမိလေရဲ့။ ဖြစ်ရပ်မှန်တော့ မဖြစ်နိုင်ပေမယ့် ဒီပုံပြင်ရဲ့ အဓိက ပေးချင်တဲ့ အသိလေးကတော့ တော်တော့ကို သင်ခန်းစာ ယူစရာကောင်းတယ်ပဲ ဆိုရမယ်ထင်။ တစ်ကယ်တော့ ဒီဇာတ်လမ်းလေးက ပုံပြင်မဟုတ်ပါဘူး။ ဖြစ်ရပ်တစ်ခုကို ခြေခံပြီးပေါ်လာတဲ့ အကြောင်းရင်းလေးပါ။ ဘာများပါလဲ။ အားလုံးလဲ ကြားဖူးပြီးသားပါ။ “ခလုပ်တိုက်၊ ဖါးပြုပ်ကိုက်၊ တရုပ်ရိုက်” ဆိုတဲ့ ဖြစ်ရပ်လေးပေါ့။ တစ်ကယ်တော့ ဆန္ဒရှိလို့သာ ရေးမယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့် အမှန်အတိုင်းဆိုရရင်ကျွန်တော်လဲ ဒီဇာတ်လမ်းလေးကို အတိအကျ မမှတ်မတော့ပါ။ သို့ပေမယ့် […]


CourageFebruary 23, 20131min1005
အိမ်ထဲက အိမ်လေး             မြန်မာနိုင်ငံမြေပုံကို ကျွန်တော်အိမ်တစ်လုံးထဲမှာ ထည့်ကြည့်မိတယ်။ တိုင်းနဲ့ပြည်နယ် ၁၄ခုမှာ နေထိုင်တဲ့ မျိုးနွယ်ကြီး ၈ခုအပါအဝင် အားလုံးသော တိုင်းရင်းသား မျိုးနွယ်စုတွေ တစ်စည်းတစ်လုံးနဲ့ နေနိုင်တဲ့ အိမ်မျိုးမှာပေါ့။ ကျွန်တော့ရဲ့ အိမ်မှာ ပြတင်းပေါက်ကြီးကြီး၊ တံခါးပေါက်ကြီးကြီးတွေ ရှိ တယ်လေ။ ဒီတော့ အိမ်ထဲမှာနေတဲ့သူတွေအားလုံး လေကောင်းလေသန့်ကို အပြည့် အဝ ရလို့ အသက် ဝဝရှူရတယ်၊ နေရောင်ခြည်အလုံအလောက်ရလို့ နွေးနွေးထွေး ထွေးနေနိုင်လေရဲ့။ ပြောရရင်တော့ ဗျာ… နွေးထွေး ချောင်လယ်တဲ့ ဘဝလေးနဲ့ အား လုံး အဆင်ပြေပြေ နေနိုင်ခဲ့တယ် ဆိုပါတော့။ ဒါပေမယ့်လဲ ကောင်းကွက်တစ်ခုရဲ့ နောက်ကွယ်မှာ ဆိုးကျိုးဆိုတာက ရှိ တက်စမြဲပဲလေ။ ပြတင်းပေါက်ကြီးကြီး၊ တံခါးပေါက်ကြီးကြီးတွေရှိချင်းရဲ့အကျိုးဆက် အနေနဲ့ကတော့ အိမ်ထဲကို အပြင်က […]


CourageNovember 22, 20121min21912
သပွတ်အူ ရှင်းတမ်း   ပြောင်းလဲမှုဆိုသည့်စကားကို ကြားသာကြားခဲ့ဖူးသည်။ ကျွန်ုပ်အသက်တစ်လျှောက် ကောင်းကောင်းမတွေ့ဘူးခဲ့တာ လွန်ခဲ့ သည့်နှစ်နှစ်ဝန်းကျင်အထိပေ။ တစ်ကယ်တန်းတွေ့မယ့်တွေ့တော့လဲ ပြောင်းလိုက်တဲ့အပြောင်း လဲလိုက်တဲ့အလဲ။ လူကိုမျက်စိတွေ တော်တော်တောင် လည်သွားတယ်။အစကတော့ ဒီလူနဲ့ဒီမူ မကိုက်ပါဘူးလို့ ဝေဖန်ခဲ့ကျတဲ့သူတွေ အခုတော့လဲ ဒီလူရှိမှဒီမူမြဲမှာဟေ့ ဆို ပြီး သဘောထားလိုက်ကျတာ လက်ခုပ်သံတွေတစ်ဖြောင်းဖြောင်းဆိုပဲ။ ထားတော့။ဒါတွေက နိဒါန်းအနေနဲ့ စာလှအောင်ရေတာတွေ။ တစ်တမ်း ကျွန်ုပ် ပြောချင်သည်ကတစ်ခုပင်။ အစစ ပြောင်းလဲသွားခဲ့သော ကျွန်ုပ်တို့ရဲ့နိုင်ငံကြီးကိုမြင်ရတာ အရင်ကလိုမဟုတ်တော့၊ အားလုံးအသစ်သစ်တွေပင်ဖြစ်နေ ပြီ။ ပြောင်းသင့်တာကိုပြောင်းပြီး လဲသည်တာကိုလဲလိုက်၍လားမသိ အရင်ကလိုအခြေအနေ(တစ်အုံနွေးနွေးဖြင့် လှုပ်မရ၍ငုံရခဲ့သည့် အခြေအနေ)များကို မတွေ့ရတော့။ ပွင့်လင်းမြင်သာသောလူ့အဖွဲ့အစည်းမှ ပွင့်လင်းစွာ ထုပ်ဖေါ်ပြောဆိုမှုများကို တွေ့လာရသည်။ ကောင်းလေစွ။ သို့သော်လည်း တစ်ခါတစ်လေတော့ လူတို့၏ထုံးစံအတိုင်း အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းကိုတော့ တစ်မျှော်မျှော်ဆိုသည့် အဖြစ်တွေကိုလဲတွေ့ရသေး၏။ အင်းလေ […]


CourageNovember 18, 20121min2138
ကယ်ကျပါဦး   အောင်မလေး ပူလိုက်တာနော် ပူလိုက်တာ။တစ်ကယ့်ကို ငါ့ခန္ဓာကိုယ်ကြီးပူထက်ပိုပူလာပါ လား။ဘာကြောင့်များ ဒီလောက်တောင်ပူလာတာပါလိမ့်။ဪလက်စသတ်တော့ ငါ့ကိုယ်ပေါ်က အိုဇုန်းဆိုတဲ့ ချုံလွှာကြီး ပေါက်လို့ပြဲလို့ပါလား။ ဒါနဲ့ မင်းတို့ကို ငါမေးရဦးမယ်။မင်းတို့တွေ ပြောပြောနေတဲ့ မင်းတို့လူနေမှုစနစ်ကို တိုးတက်စေတယ်ဆိုတဲ့ စက်ရုံကြီးတွေ၊မော်တော်ယဉ်တွေက မင်းတို့ကိုတစ်ကယ်ရော အကျိုးပြုကျရဲ့လား။အေးလေ ပြုချင်လဲပြုကျမှာပေါ့။ငါ့ အ တွက်တော့ ဒီစက်ရုံတွေ ၊မော်တော်ယဉ်တွေကထွက်တဲ့ အငွေ့တွေက ငါ့ချုံလွှာကိုပါးလာအောင်လုပ်နေတာလို့ပဲထင်တယ်။ ထားပါလေ။အောင်မှာ မင်းတို့တွေက ငါ့ချုံလွှာကို ပါးလာအောင်လုပ်ရတာအားမရလို့ ငါ့ရဲ့အရေပြား(မြေလွှာ)ကို တောင်ဖျက်စီးနေကျပါ့လား။ဒီမယ် မင်းတို့လွှင့်ပြစ်လိုက်တဲ့ ကြွတ်ကြွတ်အိတ်တွေ၊မင်းတို့စွန့်ပြစ်လိုက်တဲ့ဓါတုဗေဒအညစ် ကြေးတွေ၊ကုန်ကုန်ပြောမယ်ကွာ မင်းတို့တွေကောင်းမယ်ထင်လို့ သုံးနေတဲ့ ဓါတ်မြေဩဇာဆိုတာတွေကိုက ငါ့အရေပြား ကိုပျက်စီးစေတယ်ကွ။ ပြီးတော့ ငါ့ရဲ့မွှေးညှင်းနုတွေနဲ့ချွေးစက်တွေလေ၊မင်းတို့စကားနဲ့ပြောရရင်တော့ သစ်ပင်တွေနဲ့မြစ်ပြင်တွေပေါ့ ဒါ တွေကိုလဲမင်းတို့က အန္တရာယ်ပေးနေတယ်နော် ။အေးအေးကောင်းပြီ။မင်းတို့ခုတ်နေတဲ့ သစ်ပင်တွေမျိုးးသုဉ်းသွားတဲ့အခါ၊ မင်းတို့ ဆည်ဖို့နေတဲ့ မြစ်ပြင်တွေကော်သွားတဲ့အခါ မင်းတို့ရဲ့ဘဝ ဘာဖြစ်လာမလဲ […]


CourageNovember 17, 20121min1957
ကြားခေတ်က ကြားလူ             တစ်ကယ်တန်း ဒီအကြောင်းအရာကို စာတစ်စောင်ပေတစ်ဖွဲ့လုပ်လိုက်ရင် လူပြော သူပြောတော်တော် ခံရမှာပဲဆိုတာကို စာရေးသူ နား လယ်ပြီးသားပါ။ သို့ပေမယ့် အကောင်းမြင် သူနဲ့အဆိုးမြင်တက်သူ၊ ဖြည့်တွေးတက်သူနဲ့ဟာကွက်ကိုရှာတက်သူ ဒီလိုမျိုးလူတွေရဲ့အမျိုး မျိုးသော စိတ်အ ခြေအနေ အယူအဆတွေကြားထဲက စာရေးသူလည်း ထောင့်တစ်ထောင့် ကနေပြီး မြင်ကြည့်တဲ့သဘောမျိုးလေးနဲ့ဒီစာကိုရေးလိုက်တာပါ။ အခုတစ်လော။ ဟိုဂျာနယ်ဖတ်လည်း ကံ့ကော်မြေ၊ ဒီမဂ္ဂဇင်းဖတ်လည်း ကံ့ကော်မြေနဲ့ စိန်ပန်းပြာတွေပွင့်တဲ့၊သစ်ပုတ်ပင်ကြီးရှိတဲ့ ဂျပ်ဆင်ထိပ် က လရိပ်ပြာလေးကြောင့်တင့်တယ်နေတဲ့၊ လှိုင်နယ်မြေ RC-2တက္ကသိုလ်ကြီးကို သတိရကြောင်း တမ်းတရကြောင်းရေးထားတဲ့ရင်ဖွင့်ထား တဲ့အကြောင်း အရာတွေကိုတွေ့ရတာ အရမ်းကိုကြည့်နူးဖို့ကောင်းလိုက်တာ။ သမိုင်းအတိနဲ့နေရာ၊ သမိုင်းသိတဲ့နေရာ ဘဝများစွာ အဖြစ်အပျက်များစွာ ခံစားချက်များ စွာ ပေါင်းလံနေတဲ့ ဒီနေရာကြီး အကြောင်းကို ပြန်လည်ဖေါ်ထုပ်နေကျပြီ။ ဒီပရဝဋ်ကြီးဟာ အလကားရှိခဲ့တာမဟုတ်ဘူး။ သစ်ရွက်ခြောက်အကြွေတွေနဲ့ အမှိုက်ရှုပ်ခံရုံသက်သက်မဟုတ်ဘူးဆိုတာကို […]