ကုိ ထြဋ္October 18, 20141min30719
ဒီတခါတော့ ဆောင်ပါပြီ… လေးပေါက်ရယ်… မပြီးသေးသော်လဲ… ပြီးသွားပြီလေ… အထွန့်တက်ပြီး ဟန်းနီးမွန်းသွားလို့ ၅ ပိုင်း ဖြစ်သွားတာ… စုပြီး လေးပေါက်ဖတ်လို့ ရပါပြီလို့… တက်တောင်  မင်္ဂလာဆောင်ပို့စ်ဆိုပြီး စုစည်းလို့ ရအောင် အတူတူပေးထားတယ်… တကယ်တော့ စိတ်ထဲမှာ စာစီနေလို့ ကြာသွားတာပါ… မကျန်သင့်တာ မကျန်ရအောင်ပါဗျာ.. နော်… 🙂   ဆောင်ကြမယ်ဟေ့… ဆိုတော့… တန်းဆောင် မရပါဘူးဗျ… ငွေက တလုံးတည်း မရှိတာရော… အလောသုံးဆယ် လုပ်ရင် မှားမှာ စိုးတာရယ်… တသက်တခါဆိုတော့ စိတ်ကြိုက်လုပ်ချင်တာရယ်ကြောင့်ပါ… ကြိုက်ပြီးကတည်းက ငါ သူ့ကို ယူမှာဆိုတဲ့ အသိရယ်… အိမ်ကို လာရင် အထင်သေးမှာ စိုးတဲ့ အသိရယ်နဲ့… ကြိုပြင်ဆင်ရပါတယ်… အရင်ဆုံး မဒမ်နဲ့ ကြိုက်ပြီး ၁ […]


ကုိ ထြဋ္October 17, 20141min1086
– ဒါက ဟိုး တလောက… စောစောအိပ်လို့၊ စောစောထလို့၊ စောစောကားတိုက်ခံကြပါစို့ ပို့စ်ထဲက ဦးလေးပါ… – ဟိုတနေ့က မင်္ဂလာဆောင် ပုံတွေ ပြန်ကြည့်ရင်း မင်္ဂလာပွဲတုန်းက အတူတူ ရိုက်ထားတာကို ပြန်တွေ့လိုက်ရတော့ စိတ်မကောင်းဘူး… – ပိုဆိုးတာက တရားခံကို မမိပါဘူးတဲ့ဗျာ…  🙁  အခုက သူ့အတွက် ရည်စူးပြီး ထပ် လုပ်တဲ့ အလှူပါ… ဖိတ်စာလေးနဲ့ တကွ ပို့စ်တင်လိုက်ပါတယ်ဗျာ…     – အမှတ်တရ အနေနဲ့ တင်တာမို့ ပွိုင့်မပေးပါနဲ့နော်… 🙁  


ကုိ ထြဋ္October 17, 20141min16714
– ကျွန်တော် တွေးမိတာလေးတွေပါ… ဆဲရင် လဲ ခံရမှာပဲ.. ဒါပေမဲ့ သိသူများ ဖြေပေးစေချင်ပါတယ်… 🙂 – တချို့ အတွက်က အဖြေတွေ ရှိတယ်.. ကြားဖူးတယ်… မမှတ်မိတော့လို့ … နံပါတ်စဉ် တပ်လိုက်မယ်နော်…   ၁ – ည အရက်သောက်ပြီး … မနက် ရေ ပြန်သောက်ရင် ဘာလို့ ချိုတာလဲ… ????????   ၂ – ကြမ်းပိုးကို သတ်ပြီးရင် နံမှန်းသိရက်နဲ့ ဘာလို့ နမ်းကြည့်ကြတာလဲ…?????????   ၃ – နှာခေါင်းထဲမှာ ဘယ်ကနေ နှပ်ချေးတွေ ရောက်လာတာလဲ…. အဖတ်လိုက်ကလေး( မဲမဲလေးတွေ အဓိက) ဘယ်ကရောက်လာတာလဲ…????????????   ၄ – အထူးသဖြင့် […]


ကုိ ထြဋ္October 16, 20141min20618
ဒါက နောက်ဆုံး အပိုင်းပေါ့… စိတ်မရှည်လို့ ဆဲချင်သူများ… ပို့စ်ပြီးသွားလို့ အမြင်ကပ်ပြီး မပေါင်းချင်သူများ ပိုမို ပေါ်ထွက်လာမယ်ထင်တယ်… ဟီး… ငယ်ငယ်ထဲက အရမ်း ခြစ်ဖို့ကောင်းတဲ့ ( ဓားနဲ့ ပြောတာ )…. ကျွန်တော့်ကို… မမွေးခဲ့ရင် ပြီးပြီ မျက်စိနောက် သက်သာတယ်လို့ ပြောမယ့်သူတွေလဲ အပုံအပင် ဖြစ်လာမှာပေါ့နော့…. ဟဲ… 🙂   ကဲပါ… ၈ တန်း – ဘီခန်းကို ကျသွားတယ်… အံ့ဩမဆုံးဘူး… စာတွေ တောက်လျှောက်ရ အဆင့်လဲ ကောင်းရဲ့သားနဲ့ပေါ့… ဒါပေမဲ့ ဆုတော့ တောင်းခဲ့တယ်… အမေထားနဲ့ အင်္ဂလိပ်စာ သင်ချင်တယ်လို့… သူက ဘီခန်းပဲ သင်တာကိုး… ကံမကောင်းခဲ့ဘူး… သူက အဲနှစ် တသက်လုံး ဘီကို သင်လာတာ.. […]


ကုိ ထြဋ္October 15, 20142min26239
ဒီ အစီအစဉ်လေးက ကျွန်တော် တင်သမျှပို့စ်တွေထဲမယ် အဆင်ပြေသလို ရှိတဲ့ ပို့စ်လေးထင်ပါတယ်… ဟီး… အဲလိုလေးလဲ ရှိဦးမှ… တခါတခါ အားကို ရှိချင်ဘူး… ဒီဆိုင်လေးက ရွှေဟင်္သာတ ဆိုင်လေးရဲ့ မျက်စောင်းထိုးမှာဗျ… မိုးရာသီတုန်းက ခပ်ကုပ်ကုပ်လေး ဆိုပေမယ့် မနေ့က သွားစားတော့ ဆိုင်က ကြီးသားဗျ… တကယ်တော့ ရွှေဟင်္သာတ ဆိုင်ကလဲ အရင်က ဒီဆိုင်လို လမ်းဘေးဆိုင်လေးပဲ… နောက်မှ အားပေးတဲ့ ပရိသတ်များလို့ ဆိုင်နဲ့ ကနားနဲ့ ဖြစ်သွားတာ… အစီအစဉ် တခုနဲ့ တခု ခြားသွားတာ ခွင့်လွှတ်ကြပါနော်… တကယ်တော့ တဂျီး စပွန်ဆာ မပေးသေးလို့ စောင့်နေတာ… အခုတော့ ပေးပလားဆိုတော့… နိုးပါ…. မနေနိုင်လို့ ကိုယ်ဘာသာ ဝယ်စား၊ ရိုက်ပြီး ပို့စ်တင်ရတာပါ…. 😛 […]


ကုိ ထြဋ္October 14, 20141min17612
အပိုင်း ၁ ဖတ်ပြီး တော်တော် ဆဲချင်နေလောက်ပြီ ထင်တယ်.. ဒီကောင် လောကမှာ ရှိနေသေးတာ အံ့ဩတယ် မပြောကြဘူးလား… 🙂   စတုတ္ထတန်း – အေခန်းပဲ ရောက်တယ်… အတန်းပိုင် ဒေါ်ရီရီဌေး… သူ့သမီးက ငုဝါကျော်… ကျွန်တော့် နာမည်က ထွဋ်အောင်ကျော်… ရုတ်တရက် ခေါ်လိုက်ရင် ကျွန်တော့ ခေါ်တယ် အောင့်မေ့လို့ ထူးမိတယ်… အိမ်ရှေ့အိမ်ကို ကေခိုင် ဗလာစာအုပ် အလုပ်ရုံပြောင်းလာတော စာအုပ် အပယ်တွေ အလကားရတယ်… ကျောင်းမှာ အဲဒီနှစ်က စာရွက် ဖြုတ်မဖြေရ… စာအုပ်နဲ့ ဖြေရမယ်ဆိုတော့.. ကျွန်တော် စီးပွားတက်တာပေါ့… 🙂 ဒီအပြင် နွေပိတ်ရက်ဆို သူတို့ သနပ်ခါးလဲ ထုတ်တော့ အဲမှာ အလုပ်လုပ်နေပြီ… တဘက်တလမ်းက ဝင်ငွေရှာရတာပေါ့… […]


ကုိ ထြဋ္October 14, 20141min1028
မနေ့က ရက်အားဖြင့် ၁၃ ရက်… အယူအရ Unlucky Day ပေါ့… နေ့အားဖြင့် တနင်္လာနေ့…တနင်္လာ အရင်းပါလေ … ဒါမှမဟုတ် တနင်္လာ နေ့ လုပ်တဲ့ အလုပ်က ၂ ခါပြန် လုပ်ရသတဲ့… ရုံးအလုပ် အနေနဲ့ မြို့ထဲသွားတယ်… တိုက်ဆိုင်တာလား မသိ ၂ ခါ ပြန် လုပ်ရတယ်… ဒီနေ့ ထပ်သွားရမယ်… ပြောချင်တာကတော့ အပြန်ကိစ္စပေါ့… အပြန် ကျွန်တော်က သာကေတမှာ လုပ်တာ… ဖယ်ရီက သုဝဏ္ဏ ကို ဖြတ်ရတယ်…. ဘောပွဲ နဲ့ ဆိုတော့ ဖြတ်ရမှာ မဟုတ်ဘူးဆိုပြီး… ကမာကြည်ဘက်က ပတ်ပြန်ရတယ်…   ကံဆိုးတာက အိမ်ပြန်နောက်ကျဖို့ ဖြစ်လာတယ်… ကံကောင်းတာက အိပ်ရေး ဝ […]


ကုိ ထြဋ္October 13, 20141min20914
မွေးတာက မြိတ်… ၂ နှစ်ခွဲသားမှာ ရန်ကုန်ရောက်… TB Subject ကြောင့်လဲ ပါတယ်…   မူကြို  –  မူကြို ၄ မှာ တက်ခဲ့တယ်… အစ ပိုင်း ရက်တွေမှာ မျက်ရည် နဲ့ မျက်ခွက်… ကျောင်းမတက်ချင်ဘူးဆို ငို… ကျောင်းကားလာခေါ်ရင် လိုက်… ဘာလို့လဲ ဆိုတော့ ပြောတာက မြိတ်လို ဆိုတော့… သူတို့က နားမလည်… စကားကလဲ ပြောချင်… ဒါကြောင့်… နောက်တော့ ဆိုးတာမှ တာတေလန်… နေ့လည် ထမင်းစားရင် လိုက်ပွဲ ဘယ်သူယူမလဲဆို.. မရှာနဲ့… သားကို ပေး ဆိုတာချည်းပဲ… စားပြီးအိပ်ရင် ဆရာမတွေ အခန်းထဲက ထွက်သွားတာနဲ့…. တစောင်း စောင်းအိပ်တဲ့ ကောင်တွေကို အောက်မှာ […]


ကုိ ထြဋ္October 11, 20142min28630
တယောက်တည်း အလှပုံ…. 🙂 လှတော့ မလှဘူးပေါ့… ဟဲ စုံတွဲပုံကိုမှ အနောက်က မီးခိုးထည့်ရတာ… တော်တော်ပင်ပန်းတယ်ဗျ… Smoke အလွှတ်… မီးလဲ နောက်က အထိုး… လူကလဲ သရုပ်အဆောင်… ဓာတ်ပုံကလဲ အရိုက်… အံကိုက်ဖြစ်မှ… 😀 ဒီပုံက မင်္ဂလာခန်းမ ရှေ့မှာ ထောင်တဲ့ ပုံပေါ့… ဟီး… လူကို မမြင်ရဘူးမလား… 🙂 ဒါကတော့ ၂ ယောက်စလုံး အကြိုက်တူတဲ့ ပုံပါ… 🙂 ဝတ်စုံက ၂ စုံထဲ ယူထားတာဆိုတော့… အပေါ်အကျီင်္ချွတ်ပြီး နောက်တစုံ ပုံစံ ဖမ်းထားတာ… ဟီး… နေရောင်လေးကိုပါ ကြိုက်လို့ဗျ… တော်တော်ပင်ပန်းတယ်… ဒီပုံတွေလဲ… ကင်မရာမင်းလဲ ဝမ်းလျားကို မှောက်… အဲဒါ ၁၂ နေတည့်တည့်ပဲ… […]


ကုိ ထြဋ္October 10, 20141min28036
ဒီအကြောင်း မပြောခင် ရုံးက နှစ်စဉ်လိုက်ပို့တဲ့ ချောင်းသာ ခရီးစဉ်ပါ ထည့်ပြောမှ ပြည့်စုံမှာ ဗျ… ခု သွားတဲ့ အခေါက်ကတော့ ဒုတိယမြောက် သူနဲ့ အတူတူသွားတဲ့ ကမ်းခြေသွား ခရီးစဉ်ပေါ့… ( Pre ဟန်းနီးမွန်းဆိုလဲ မမှားဘူး.. ) ပထမနှစ်က ငွေဆောင်သွားတယ်လေ… တရုံးလုံးကို လိုက်ပို့တာဗျ… 🙂 ယောက္ခထီးကတော့ မှာတယ်… မိန်းကလေးတွေက ပင်လယ်စာ သိပ်မတည့်ဘူးတဲ့… ကြည့်ကျွေးပါဆိုပြီး… ဒီတော့ ကျွန်တော်လဲ သိပ်မကျွေးပါဘူး… ဟီး… ခက်တာက ကျွန်တော်က ပင်လယ်သား မြိတ်သားလေ…  ပင်လယ်စာဆို အကုန်ကြိုက်… ဒါနဲ့ ပထမ တခေါက်ကတော့ အကုန်အိုကေသွားတယ်… နောက်တခေါက်သွားတော့ သိပြိလေ… သူ ပင်လယ်စာ တည့်တယ်ဆိုတာကို… သိပ်မစားဖြစ်ပါဘူး… စီစဉ်တဲ့ တိုးက […]


ကုိ ထြဋ္October 9, 20144min1107
ဆရာတော်ရဲ့ ဘွဲ့က ဦးသုဇာတပါ… နာရီစင်ဆရာတော်လို့ နာမည်ကြီးပါတယ်… ပဲခူး မြို့လယ်က နာရီစင်ကြီးက ဆရာတော် လှူခဲ့တာပါ… ဘေးမှာလဲ အလှူရှင် အမည်မှာ ဆရာတော်ဘွဲ့နာမည်ပါပါတယ်… ဓမ္မရိပ်သာကျောင်းမှာ သီတင်းသုံးပါတယ်… အဖေ နဲ့က ဆရာတူ တပည့်တွေပါ… အဖေ ငယ်ငယ်တုန်းက ဘုန်းတော်ကြီး ပညာသင်ကျောင်းမှာ တက်ခဲ့တော့ သူငယ်ချင်းတွေ ဖြစ်နေတာပါ… ခနောင်ဆရာတော်လို့ နာမည်ကြီးတဲ့ ဆရာတော်နဲ့ မြိတ်မှာ ပညာသင်ခဲ့ကြတာပါ… နောက်များ ကျတော့ ဆရာတော်တွေက ဒီကျောင်းမှာ ဒီဘာသာ ကောင်းရင် စာလာအံ… နောက်တကျောင်းမှာ နောက်တဘာသာကို သီတင်းသုံးရင်း စာအံရာ ပြောင်းရွေ့ရာက ပဲခူးမြို့ ဓမ္မရိပ်သာကျောင်းမှာ ကျောင်းထိုင်ဖြစ်သွားတာထင်ပါတယ်… ပြောချင်တာကတော့ မြိတ်မှာ စာလာအံဖူးတော့ ကတ်ကြေးကိုက် ဘုဉ်းရတာ အင်မတန်သဘောတွေ့ပါတယ်… ဒါကြောင့် ရက်ရွေးတုန်းက […]


ကုိ ထြဋ္October 9, 20141min22010
. မနက်က အဘွားတယောက်ကို သွားကန်တော့တော့ ဖယ်ရီ မစီးလိုက်ရဘူး… ဒါနဲ့ တက်စီ စီးတော့ FM က သတင်းတပုဒ်ကို ပြောနေတယ်ဗျ…. . ရှု းဒိုင်း တချောင်းက လမ်းမတော်က ပန်းကန်ဂိုဒေါင်ထဲ ဝင်ပြီး မီးလောင်သွားတဲ့ သတင်းပေါ့… . ဒါနဲ့ ငယ်ငယ်က  အဖြစ်အပျက်တွေကို သတိရသွားတယ်… ခပ်ဆိုးဆိုးပဲ ပြောရမှာပေါ့… ဟီး… ဒီထဲမယ် တရပ်ကွက်ထဲသားချင်းတွေ မပါလောက်ဘူးထင်တယ်… . မဟုတ်ရင် တရားခံ မမိခဲ့တာ.. အခုမှ အတုပ်ခံနေရမှာ…   . ငယ်ငယ်လေးကတည်းက လူများထက်ထွင်ချင်တာ ဝါသနာ.. အဲတာကို မြေတောင်မြှောက်ပေးတာက လူကြီးတွေ… . သီတင်းကျွတ်တာနဲ့ အဖေ အမေက သင်ပေးထားတာလဲပါတယ်… ဦးတော်လိုက်လုပ်ရမယ်ဆိုပြီး… . လိုက်လုပ်တော့ […]


ကုိ ထြဋ္October 3, 20141min28330
. တကယ်တော့ ဒီပို့စ်က ရေးရမှာ သိပ်မရှိလှဘူး… နှစ်ဘက်မိဘ တွေ့ပြီးပြီဆိုတော့ တော်တော် အိုကေနေပြီလေ… . မြန်မာ ရုပ်ရှင်ကားတွေထဲကလို ဖြစ်မှာကြောက်လို့ အရင် ပေးတွေ့လိုက်တာ… 😛 . နောက်မှ တချိန်က စီးပွားပြိုင်ဘက်၊ ရည်းစားလုဘက် ဖြစ်ခဲ့ရင် ဘယ့်နှယ်လုပ်မလဲ… ဟီး… ( ကန်တော့… ကန်တော့…) . တွေးတာတော့ တွေးရတာပေါ့… ဟုတ်ဘူးလား… စေ့စပ်မှ ထချကြရင် တိုင်ပတ်ပြီလေ… အဲကြောင့် … . ၂ ဘက်စလုံး အိုကေတော့ ရက်ရွေးရတယ်.. အင်း… ကြားရက်ရွေးရင်လဲ အမှတ်တရ… အမှတ်တရ ဆိုတာထက် မှတ်မိလွယ်မယ့် အထိမ်းအမှတ်နေ့ ကိုပဲ… . နဂါးခေါင်းက ဘယ်ဘက်ကိုလှည့်လဲ… ပြသဒါးလား… အမြိတ္တစုတ် ရက်ဆို […]