Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


လူ ဆိုတာဟာ အပေါင်းအသင်းအစုအဖွဲ့နဲ့မှ အသက်ရှင်နေထိုင်နိုင်တဲ့သတ္တဝါမျိုးပါ။ ဒါကြောင့်မို့ ကျွန်မတို့တစ်ဦးချင်းစီအတွက် ရင်ဖွင့် ရယ်မော တိုင်ပင် ဖို့ရန် မိတ်ဆွေအပေါင်းအသင်းများစွာ လိုပါတယ်။   ကျွန်မအထက်တန်းအရွယ်တုန်းက ကျွန်မနဲ့အတန်းတူ သူငယ်ချင်းညီအစ်မနှစ်ယောက်ကို အလွန်ခင်မိပါတယ်။နေ့တိုင်း အားတိုင်း သူတို့အိမ်သွားသွားနေလွန်းတော့ ကျွန်မရဲ့အစ်မလတ်ကကျွန်မကို ပြောတယ်။ “ညီမလေး အခုတွေ့နေရတဲ့သူငယ်ချင်းတွေထက်ခင်တာ တက္ကသိုလ်ကျရင်တွေ့လာရလိမ့်မယ်” တဲ့ ကျွန်မ လက်မခံခဲ့ပါဘူး။ငယ်ကချစ်အနှစ်တစ်ရာတဲ့ ငယ်သူငယ်ချင်းကမှအခင်ရဆုံးလို့ထင်မိတယ်။အမှန်တော့ သူတို့ညီအစ်မဟာ ကျွန်မရဲ့ မူလတန်းဘဝတည်းက သူငယ်ချင်းတွေမဟုတ်ပဲ မူလတန်းဘဝကသူငယ်ချင်းတွေကိုတောင်မေ့ပြီး သူတို့ကိုပိုခင်နေမိတာ ကိုယ့်ကိုယ်ကို သတိမပြုမိရှိနေခဲ့တာပါ။   ကျွန်မအစ်မပြောတဲ့စကားကသိပ်မှန်ပါတယ်။ ကျွန်မ ဥပဒေတက်နေရာက ခုနကပြောတဲ့ သူငယ်ချင်းညီအစ်မတက်နေတဲ့ သိပ္ပံတွဲကို ပြောင်းခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဝိဇ္ဖာ-သိပ္ပံ ကျောင်းတက်ချိန် မနက် နေ့လည် ကွာတာမို့ ခင်လွန်းတဲ့ကျွန်မ မေဂျာပြောင်းခဲ့မိတော့ ညီအစ်မနှစ်ယောက်ထဲက အငယ်မလေးနဲ့ကျွန်မ တစ်မေဂျာတည်း […]


ကျွန်မသားသမီးနှစ်ယောက်ဟာ အတော်လေးကိုမှအမေးအမြန်းထူလှပါတယ်။   သူတို့အမေးအမြန်းထူကြောင်းကို ကျွန်မတို့ပတ်ဝန်းကျင်အသိုင်းအဝိုင်းက သူတို့မောင်နှမနဲ့ထိတွေ့ ဆက်ဆံဖူးတဲ့လူတော်တော်များများဩချရတယ်။   ကျွန်မသမီးဟာ စကားပြောတတ်စအရွယ်ကစလို့ အခု၆နှစ်သမီးထိအောင် ကြည့်သမျှတီဗွီ၊ဗွီဒီယိုနဲ့   ပတ်ဝန်းကျင်တခွင် တွေ့မြင်သမျှှကို တွေးတောမေးမြန်းလေ့ရှိတယ်။   အတန်းပညာနည်းပါးတဲ့ သူ့သူငယ်ချင်းရဲ့မိခင်က သူ့ရဲ့ကလေးတွေကိုဘယ်လိုပြောလဲဆိုရင်   “တုံလေးကိုငါနဲ့နှစ်ယောက်တည်း မထားခဲ့ကြပါနဲ့ သူမေးသမျှတွေငါမဖြေနိုင်လို့ပါ” ဆိုသတဲ့။   ကျွန်မတို့ပြန်ကြားတဲ့အခါမှာ အတော်လေးမှသဘောကျမိတယ်။   အမှန်ပဲလေ မိဘတွေဖြစ်တဲ့ကျွန်မတို့တောင် တခါတလေ သူတို့မောင်နှမရဲ့မေးခွန်းတွေကြောင့် စိတ်မရှည် လက်မရှည်နဲ့ အော်ငေါက်မိသေးတယ်။   သားလေးစကားကောင်းကောင်းမပြောတတ်ခင်တည်းက သမီးနဲ့အတူတီဗွီကြည့်ပြီဆိုမှဖြင့် သူ့ရဲ့မေးခွန်းပေါင်းများစွာကြောင့် ကျွန်မတို့မှာ   ဘာအစီအစဉ်ကိုမှစိတ်ပါဝင်စားစွာသေချာကြည့်ခွင့်မရပါဘူး။   နိုင်ငံခြားကားပေါင်းစုံမှ စကားမတူတဲ့ လူမျိုးတိုင်းကို ဘာလူမျိုးလဲလို့မေးတတ်တာလဲအကြိမ်ကြိမ်။   ဖြေပြန်တော့လည်း သူတို့နိုင်ငံတွေက နှင်းကျလား၊ပူလား၊အေးလား၊ဘာတွေစားတာလဲ၊သူတို့ကဘာလို့ ဟိုလိုနေတာလဲ၊ဒီလိုလုပ်တာလဲ   စသဖြင့် […]


-အခုခေတ်ကာလတွင် ‘အစိုးရအားပြစ်တင်ရှုံ့ချနိုင်က သတင်းကောင်းဖြစ်၏ ‘ဟုသတင်းထောက်များ လက်ကိုင်ပြုထားကြသည်။ -လူအများပြစ်တင်ဝေဖန်သမှု အများပြုကြသည်ကို သိုင်းဝိုင်းချဲ့ထွင်လျက် နေရာယူကြ၏။ -သူတစ်ပါးအားအပုပ်ချခြင်းဖြင့် ဆရာသဘာ ယောင်ယောင် လေလုံးထွားကြ၏။ အများစု၏ရင်မှာ စေတနာစိတ်ထက် နေရာယူလိုစိတ်ကသာများပြားနေသည်မို့ ကိုယ်ချင်းစာစိတ်ဟူသည်မထားတတ်တော့ ကိုယ့်မျက်ချေးကိုမမြင်ရလေအောင် မှန်များပင်မကြည့်ချေတော့ ခွေးမျက်ချီး ကြောင်မျက်ချီးကအစ လိုက်ရှာနေတော့သည်


ဓမ္မာ သောက (လက်ခံရမလား)   ကျွန်မတို့ရဲ့ဖေဖေဟာ သားသမီးတွေရဲ့စားဝတ်နေရေး၊ပညာရေးတွေကြောင့် အစိုးရဝန်ထမ်းဘဝကနေ အသက်ငယ်ငယ်နဲ့ဆေးပင်စင်ယူကာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းမျိုးစုံမှာ ကျင်လည်ခဲ့ရတယ်။ ကိုယ်ပိုင်စီးပွားရေးလို့ဆိုပေမယ့် စီးပွားရေးလုပ်ငန်းအခက်အခဲတွေကြား စိတ်မောလူမောနဲ့ ပင်ပမ်းကြီးစွာ နှစ်ပေါင်းများစွာ ရုန်းကန်လို့ သားသမီးတွေအတွက်တာဝန်ကျေခဲ့ရှာတယ်။   ဆေးလိပ်၊အရက်၊လောင်းကစား၊အပျော်အပါးကင်းစွာ နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ငန်း အမျိုးပေါင်းများ စွာကို အခြေကျတိုးတက်လိမ့်နိုးနိုး အကြိုးစားကြီးကြိုးစားခဲ့သော်ငြားလည်း မိသားစုစားလောက်ရုံ၊ သားသမီးတွေပညာသင်နိုင်ရုံကလွဲပြီး ကြီးပွားချမ်းသာမှုမရှိနိုင်ခဲ့ဘူး။ လုပ်ငန်းတစ်မျိုးဟာ အောင်မြင်လာပြီဆိုတိုင်း အခက်အခဲတစ်ခုခုကြောင့် ပျက်စီးခဲ့ရတယ်။ ဒါပေမယ့် ဖေဖေဟာ စိတ်ဓာတ်မကျပဲ သားသမီးတွေအတွက် လုပ်ငန်းမျိုးစုံအောင် လုပ်ကိုင်ရှာဖွေခဲ့ရှာ တယ်။ ဆေးလိပ်ခုံ၊ငပိပွဲရုံ၊မုန့်ဟင်းခါးဖို၊တရုတ်မုန့်ဖုတ်လုပ်ငန်း၊ပဲကြော်/လှော်ဖိုနဲ့လ္ဘက်ခြောက်လုပ်ငန်း၊စက်ဘီးပစ္စည်းအရောင်းဆိုင်၊ သစ်လုပ်ငန်း၊အုတ်ဖုတ်လုပ်ငန်း၊ကားရထားအငှားလုပ်ငန်း၊ခရီးသည်တင်ယာဉ်လေး၊ ကုန်တင်ယာဉ်ကြီး လလ္ဘက်ရည်ဆိုင် စသည်ဖြင့် လုပ်ငန်းမျိုးစုံအောင် တစ်မျိုးမျိုးပြီးတစ်မျိုးပြောင်းလဲစီးပွားရှာခဲ့လိုက်တာ အသက်သာ ၆ဝကျော်သွားတယ် ကျွန်မတို့မိသားစုမချမ်းသာခဲ့ပါဘူး။ အခုဆိုရင် ဖေဖေဟာ သားသမီးလုပ်စားကိုအားကိုးရတဲ့ ဘဝရောက်နေရှာပါပြီ။   ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ […]


စာရေးတာဟာ အကြိုက်ဆုံးဝါသနာဆိုတာလို့ဆိုရရင် တစ်ဝက်ပဲမှန်မယ်။   အမှန်က စိတ်ကူးထဲမှာရေးချင်တာတွေစီရတာကိုပိုကြိုက်ပြီး တကယ်တမ်းချရေးရမှာကိုတော်တော်လေးပျင်းတာပါ။   အခုနောက်ပိုင်း ပိုလို့တောင်စာရေးဆက်ခြားသွားတာက ရေးပြီးသားပို့စ်တွေမှာ reply မလုပ်နိုင်တာကြောင့်ပါ။   သို့ပေမယ့် ပေါ့ပေါ့ပါးပါးဖတ်ပြီး ပျော်ပျော်ရွှင်ရွှင်လိုက်မန့်နိုင်မယ့် ပို့စ်လေးတစ်ပုဒ်တော့ ရေးဖြစ်အောင်ရေးလိုက်မိတယ်။ 🙄     “သက်တူဖီလင်” :chit:   ငယ်ငယ်တည်းကနေအခုအချိန်ထိ ကိုယ်နဲ့သက်တူရွယ်တူ(သို့)အသက်မချင်းမတိမ်းမယိမ်းရှိတဲ့လူတွေဆို   အများကြီးကြားကနေထင်းနေအောင်သတိပြုမိတဲ့အကျင့်ရှိတယ်။   အတန်းထဲမှာ ခုနှစ်တူတွေချည်းဆိုတာတောင် လတူ၊မွေးနံတူတဲ့လူတွေဆို စိတ်ဝင်တစားရှိမိတယ်။   အနုပညာရှင်တွေကို ခရေဇီဖြစ်တတ်တဲ့အရွယ်လည်းကျရော ပိုဆိုးတော့တာပေါ့။   ကိုယ်နဲ့အသက်အရွယ်တူတဲ့ ဆယ်လီဗျစ်တီများရှိရင် ဝမ်းသာလုံးဆို့လို့။   Prince William တစ်ကမာ္ဘလုံးကသိတဲ့ တော်ဝင်မင်းသားပါ။ ငယ်ငယ်က ရွှေအမြုတေမှာ မင်းသမီးဒိုင်ယာနာအကြောင်းအခန်းဆက်တွေဖော်ပြတိုင်း ပါနေကျဖြစ်တဲ့ မင်းသားဝီလျံ သူ့အမေလို့ရီတတ်တဲ့ မင်းသားလေး ဟာ […]


မှတ်မထားမိပေမယ့် မှတ်သားမိနေတဲ့ ပထမများ   လူတိုင်းမှာ ပထမဆုံးဖြစ်ခဲ့တဲ့အရာပေါင်းများစွာရှိတတ်ပါတယ်။ နေ့စဉ်ဒိုင်ယာရီရေးလေ့ရှိသူများမှအပ ကျန်သူတို့မှာ မိမိတို့ရဲ့ပထမဆုံးတွေကို မှတ်မိချင်မှမှတ်မိပါလိမ့်မယ်။ ကျွန်မအတွက်ကတော့ ကျွန်မသိတတ်စအရွယ်မှာ ကိုယ်ပထမဆုံးသုံးဖြစ်တဲ့အရာတွေ၊ကိုယ့်အကြိုက်တွေရယ် လို့အမှတ်တရမမှတ်သားပဲ အလိုလိုမှတ်မိနေသေးတဲ့ အကြောင်းအရာတွေများစွာရှိနေပါတယ်။ ထိုအကြောင်းအရာပေါင်းများစွာထဲက မိမိကိုစိတ်ကျေနပ်မှုပေးနိုင်တဲ့ ဝါသနာပါရာအကြောင်းအရာတွေထဲက ပထမလေးတွေကို စီကာစဉ်ကာချရေးလိုက်မိပါတယ်။     -ပထမဆုံးကြိုက်မိတဲ့ရုပ်သံဇာတ်လမ်းတွဲ= Journey To The West စကြိုက်မိတဲ့ကာလ=ငယ်လွန်းတာကြောင့်မမှတ်မိနိုင်တော့   -ပထမဆုံးကြိုက်မိတဲ့ ရုပ်ပြောင်ကာတွန်း=ကာတွန်းပိုးဇာရဲ့ မောင်မောင်ဇာနဲ့အမွှာညီအစ်မဇာတ်ကောင် စတင်ကြိုက်မိတဲ့ကာလ=၁၉၉၂ခုနှစ်ဝန်းကျင်လို့ထင်ပါတယ်။   -ပထမဆုံးကြိုက်မိတဲ့မြန်မာမင်းသား=စိုးသူ စကြိုက်မိတဲ့ကာလ=၁၉၉၂ ဝန်းကျင်   -ပထမဆုံးကြိုက်မိတဲ့အဆိုတော်=မိုက်ကယ်ဂျက်ဆင် စကြိုက်မိတဲ့ကာလ=၁၉၉၃ ဝန်းကျင်   -ပထမဆုံးဝင်ဖြစ်သည့်အသင်းအဖွဲ့=ကျောင်းဘင်ခရာအဖွဲ့ စဝင်ဖြစ်သည့်ကာလ=၁၉၉၄ ခုနှစ်   -ပထမဆုံးစကြိုက်မိတဲ့နိုင်ငံခြားမင်းသား=ဂျက်လီ စကြိုက်မိတဲ့ကာလ=၁၉၉ရ ခုနှစ်   -ပထမဆုံးစကြိုက်မိတဲ့ဝတ္ထု=ဆွေဆွေအောင်ရဲ့”ပိုင်” စဖတ်မိတဲ့ကာလ=၁၉၉၈ ခုနှစ်   […]


ခုနကတင် ကိုယ့်ထက်တစ်နှစ်ငယ်ပြီး သိပ်သိပ်ချစ်ရတဲ့ ချစ်ညမလေး ရွှေကြည်ရဲ့ ပို့စ်ကိုဖတ်ပြီး မန့်ပြီး ကိုယ်တိုင်ရွာထဲမဝင်ဖြစ်တဲ့အကြောင်းလေးကို ရေးပြ၊ရှင်းပြ၊နားလည်ပေးကြဖို့တောင်းပန်ချင်မိတယ်။ ကိုယ်တွေရောက်နေတဲ့အရပ်ဆိုတာကလည်း ဧရာဝတီတိုင်းအစွန်အဖျား မြေပုံမှာကြည့်ရင် ပင်လယ်ထဲ အသည်းယားစဖွယ်အစက်အပျောက်နှယ် တဲတဲလေးဆက်နေတဲ့ ဒေသဘက်မှာဆိုတော့ လမ်းပန်းဆက်သွယ်ရေးက ရေကြောင်းကိုပဲအားကိုး။ ဓာတ်အားလိုင်းတွေ သွယ်ဆက်နို်င်မှုမရှိလို့ တစ်ညမှ ၂နာရီခန့် မီးစက်မောင်းပြီး လျှပ်စစ်အားဖြန့်တာလေးကို သုံးရတဲ့အရပ်။အင်တာနက်ဆိုတာက IP star အရင်က ကမ်းရိုးတန်း၄၅ဝ ဖုန်းကလွဲပြီး ကြိုးဖုန်းတောင်မရှိတာမို့ အခုလို ၁၅၀ဝတန်း CDMA လေးတွေရခိုက် အင်တာနက်တွေသုံးကြရပြန်တော့ ဖုန်းလိုင်းက နေ့ဘက်သာ ပေးလိုက်မပေးလိုက်။ညဘက်ကျတော့ နေဝင်တာနဲ့ဖြတ်။ နေ့ခင်းဘက် ဖုန်းလိုင်းရတဲ့အချိန်ကျ ကွန်ပျူတာနဲ့ချိတ်သုံးစရာ လျှပ်စစ်မီးကမရ။ ညဘက်မီးပေးချိန်ကျ ဖုန်းလိုင်းကျ။ ဒီလိုနဲ့ပဲနေ့ခင်းဘက် ဖုန်းလေးနဲ့ဖွဘုတ်တစ်မျိုးသာ သုံးရုံမှအပ ဘယ်အရပ်တကာမှမပတ်သာ။ အရင်က ခပ်နှေးနှေးရနေတဲ့ IP star ကြီးအဖြတ်ခံထားရတဲ့ကာလမို့ […]


  အသက်၃ဝ အကြောင်းကိုစဉ်းစားမိတိုင်း စိတ်ထဲမှာ နောက်ကျိကျိဖြစ်သွားတတ်တာ ၂၈နှစ်ကျော်လာကတည်းကစလို့ပဲ။ ကျန်ခဲ့တဲ့အသက်၁ဝနှစ်၊၂ဝပြည့်ခဲ့တဲ့အချိန်တွေဟာ မသိလိုက်မသိဘာသာ ကျော်ဖြစ်လာခဲ့ပေမယ့် ဒီအသက်၃ဝဆိုတာကြီးကျတော့ လွန်ခဲ့တဲ့ ၂နှစ်လောက်တည်းက ကြိုစိုးရိမ်နေတာ တရားမရှိတဲ့ပုံစံ ဖြစ်နေတာကိုလည်း ရှက်မိပါတယ်။   အသက်၃ဝဆိုတဲ့အရွယ်ဟာ ကျွန်မတို့နိုင်ငံအနေနဲ့ဆိုရင် အခုမှအလုပ်စ လုပ်ချင်တဲ့လူတွေ အတွက် တော်တော်ခက်ခဲသွားပြီ။အိမ်ထောင်ပြုချင်ပါပြီဆိုတဲ့ အပျိုတွေအတွက်ဆိုရင်ကော သိပ်ရွေးဖို့ အဆင်မပြေတော့ဘူး ဆိုပြီး ကျွန်မနဲ့မဆိုင်တာတွေတွေးပြီးတော့လည်း ပူလား ပူရဲ့။ ၂၉ပြည့်ပြီးချိန်မှာတော့ ငါ၃ဝပြည့်တော့မယ်။ပြည့်တော့မယ်နဲ့ လူတကာကို ညည်းပြနေမိပြန်ရော။အဲ့ဒီလို တွေညည်းနေရင်းနဲ့လည်း ငါတော်တော်တရားမရှိတဲ့မိန်းမပါလားလို့လဲ တွေးနေမိသေးသား။   ပိုဆိုးတာက အခုလို ၃ဝပြည့်မယ့် လကျမှ ဖျားလိုက်တာကခဏခဏ။အအေးလေးနည်းနည်းမိရုံနဲ့ နှာချေ၊ နှာချေရာက ချောင်းဆိုး ဖျား။အဲ့ဒီတော့ ငါအသက်ကြီးပိုင်းထဲဝင်လာလို့ ချူချာလာပြီလားလို့ ဖြစ်ပြန်ရော။ ဖျားနေရင်းက ဖေဖေကြီးရေ၊ဖေဖေကြီးရေနဲ့ အော်ညည်းနေမိချိန်တွေကျတော့လည်း ကိုယ့်အရွယ်ကိုယ်မေ့ပြီး ကိုယ့်ကိုယ်ကို […]