Mr WorldWideFebruary 6, 20131min3637
Rare Earth ဆိုတာ အကျွမ်းမဝင်တဲ့လူတွေ မသိမှာစိုးလို့ဒီသတင်းလေး ပြန်ပေးလိုက်တာပါ…ဘယ်လိုနေရာတွေမှာ သုံးနေတယ်..ယနေ့ကာလမှာ ဘာကြောင့်အရေးတကြီးလိုအပ်နေသလဲဆိုတာ သိနိုင်အောင်လို့ပါ အမေရိကန်စွမ်းအင်ဌာနမှ ရှားပါးသတ္တုထုတ်လုပ်ရေးနည်းလမ်းများ သုတေသန ပြုလုပ်ပေးမည့် ဌာနတစ်ခုတည်ဆောက်ရန် ဒေါ်လာ ၁၂ဝ မီလီယံ(ပေါင်၇၅မီလီယံ) ချပေးခဲ့ပါသည်။ ရှားပါးသတ္တုဆိုသည် မှာ အဆင့်မြင့်နည်းပညာပစ္စည်းများဖြစ်သည့် ဖုန်း၊ကွန်ပျူတာများ ထုတ်လုပ်ရာတွင် အရေးပါသည့် ဒြပ်စင် ၁ရ မျိုးဖြစ်ပါသည်။ အမေရိကန်သည် ရှားပါးသတ္တုထုတ်လုပ်မှုတွင် ကမာ္ဘ၏ ၉၅ရာခိုင်နှုန်းထက် ပိုမိုထုတ် လုပ်ပေးနေသော တရုတ်နိုင်ငံအပေါ်တွင် မှီခိုနေရခြင်းကို လျော့ချလိုပြီး နိုင်ငံအတွင်း လိုအပ်ချက်အား ဖြည့်ဆည်းပေးလိုနေပါသည်။ အမေရိကန်၏ ဘူမိစစ်တမ်းအရ အမေရိကန်ပြည်နယ် ၁၄ ခုတွင် ရှားပါးသတ္တုသိုက်များ ရှိနေနိုင်ကြောင်း သိရှိရပါသည်။ အမေရိကန် ပြန်လည်ပြည့်ဖြိုးစွမ်းအင် (Renewable Enegy)၏ လက် ထောက်အတွင်းရေးမှုး ဒေးဗစ် ဒီနဲလ်ဆင်(David […]


Mr WorldWideFebruary 6, 20131min3607
ယနေ့ခေတ်တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်မှုသည် ခေတ်စားလာပြီး ၎င်းနှင့် ပတ်သက်သော စီးပွားရေးမှာလည်း လျှင်မြန်စွာ တိုးတက်လာခဲ့ပါသည်။ သို့သော် ဆိုလာနည်းပညာ စီးပွားရေးလုပ်ငန်းသည် မျှော်မှန်းထားသလောက် ဖြစ်မလာခဲ့ပေ။ အဓိကအကြောင်းအရင်းများမှာ လျှပ်စစ် စွမ်းအင်သို့ပြောင်းလဲပေးနိုင်မည့် နေရောင်ခြည်ကို ဆိုလာဆဲ(လ်)များမှ အပြည့်အဝ မစုပ်ယူနိုင်ခြင်းကြောင့် လည်းကောင်း၊သို့မဟုတ် ဆိုလာဆဲ(လ်)များမှ နေရောင်ခြည်အများစုကို အလင်းပြန်သွား စေခြင်းကြောင့် လည်းကောင်း ဖြစ်ပါသည်။             သို့ဖြစ်ပါ၍ ပရင်စတန်တက္ကသိုလ်မှ သုတေသနပညာရှင်များက ” Plasmonic Cavity with Subwavelength Hole array” ဟုခေါ်သည့် ဆင်းဒဝှစ်(ချ်)မုန့်ပုံစံ ပစ္စည်းတစ်မျိုးကို တီထွင်လိုက်ပြီး ၎င်းသည်အလင်းပြန်မှုကို လျှော့ချပေးခြင်းနှင့် နေရောင်ခြည်ကို ပိုမိုစုပ်ယူပေးနိုင်ခြင်းစသည့် ဂုဏ်သတ္တိများ ရှိသဖြင့် ဆိုလာဆဲ(လ်)များ၏ စွမ်းဆောင်ရည်ကို သုံးဆမြင့်တင်ပေးနိုင်ပါသည်။ ၎င်းတွင် အလွှာငါးလွှာပါဝင်ပါသည်။ […]


Mr WorldWideFebruary 5, 20131min3043
ဘယ်လ်ဂျီယမ်အစိုးရမှ ၎င်းတို့အနေဖြင့် ပိုလျှံနေသောစွမ်းအင်ကို သိုလှောင်ထားနိုင်ရန် နည်းလမ်းကောင်းတစ်ခုကို တွေ့ရှိထားပြီဖြစ်ကြောင်း ကြေငြာခဲ့ပြီး အဆိုပါနည်းလမ်းမှာ ကမ်းခြေမှ မိုင်အနည်းငယ်ကွာဝေးသော ပင်လယ်ထဲတွင် ဒိုးနပ်မုန့်ပုံသဏ္ဍန် ကျွန်တစ်ကျွန်းကို တည်ဆောက်မည်ဖြစ်ပြီး ကျွန်း၏အလယ်မှရေများကို အပြင်သို့စုပ်ယူရန် ပြင်ဆင်ထားကြောင်းထုတ်ပြခဲ့သည်။ ဘယ်လ်ဂျီယမ်နိုင်ငံတွင် သန့်ရှင်းသောစွမ်းအင် (Clean Energy) အများအပြားရှိသော်လည်း ၎င်းစွမ်းအင်များကို မည်ကဲ့သို့အသုံးချရမည်ကို မသိကြချေ။ ၎င်းတို့မှာ ပြဿနာမရှိသော်လည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ( Renewable Energy)များကို သိုလှောင်ထားရန်မှာ ကြီးမားသော ပြဿာနာဖြစ်ပါသည်။ ယခုအခါတွင် ဘယ်လ်ဂျီယမ်၏ လေရဟတ် (Wind Farms) များမှ ထုတ်ယူရရှိသော စွမ်းအင်များမှာ အလဟသ ဖြစ်နေရပါသည်ဟု ရိုက်တာသတင်းဌာနမှ ထုတ်ပြန်ပါသည်။ ကျွန်ုပ်တို့တွင် လေရဟတ်များမှ စွမ်းအင်အမြောက်အမြားထုတ်ယူရရှိသော်လည်း သုံးစွဲစရာ နေရာမရှိ၍ လေလွှင့်ဆုံးရှုံးမှုများ ဖြစ်နေရပါကြောင်းကို မြောက်ပင်လယ်ရေးရာဝန်းကြီး၏ ပြောရေးဆိုခွင့်ရှိသူ […]


Mr WorldWideFebruary 1, 20131min3558
  တရုတ်နိုင်ငံသည် အာရှ-ပစိဖိတ်ဒေသအတွက် အရပ်ဘက်လုပ်ငန်းများအတွက် အသုံးပြုရန် ၎င်း၏ ဂြိုလ်တုလမ်းညွှန် ကွန်ရက်များကို ဖွင့်ချပေးခဲ့ပါသည်။ ဘီဒူး(Beidou)ဆိုသည်မှာ တရုတ်စကားဖြစ်ပြီး အမေ ရိကန်၏ GPS စနစ်ကို အစားထိုးနိုင်မည့်စနစ် ဖြစ်ပါသည်။ ၂၀၂ဝခုနှစ်တွင် ”ဘေဒူး” အနေဖြင့် တရုတ်ဈေးကွက်၏ ၇၀-၈ဝ ရာခိုင်နှုန်းအထိ ရရှိလိမ့်မည်ဟု ပြော ရေးဆိုခွင့်ရှိသူမှ ပြောကြားခဲ့ပါသည်။ ထို့ပြင်၎င်းအချိန်တွင် တစ်ကမာ္ဘလုံးသို့လည်း ဖြန့်ကြက်ဝန်ဆောင်မှု ပေးနိုင်လိမ့်မည်ဟုလည်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။ တရုတ်အရာရှိများက ”ဘေဒူး”စနစ်သည် အသုံးပြုသူ၏ တည်နေရာကို ၃၃ ပေ အကွာအဝေးမှ ဖော်ပြ ပေးနိုင်ပြီး တစ်စက္ကန့်လျှင် ဝ.၂ မီတာနှုန်းဖြင့် ကြည့်ရှု့နိုင်မည်ဖြစ်သည်။ အချိန်တိကျမှုမှာ ၅ဝ နာနိုစက္ကန့် အတွင်း ဖြစ်ပါသည်။ လက်ရှိကာလတွင်မူ ဤစနစ်၏ Receiver Chips တန်ဖိုးမှာ […]


Mr WorldWideFebruary 1, 20131min3376
  သုံးစွဲသူများအတွက် အီလက်ထရောနစ်ပြပွဲ (Consumer Electronic Show-CES)သည် ကမာ္ဘ ပေါ်တွင် နည်းပညာအသစ်များကိုပြသသည့် အကြီးမားဆုံးပြပွဲများထဲမှ တစ်ခုဖြစ်ပါသည်။ ၂၀၁၃ခုနှစ် တွင် ကျင်းပမည့်ပြပွဲအား လတ်ဗီးဂတ်ရှိ Consumer electronic associationမှ ဦးစီး၍ ဇန်နဝါရီလ ၈ ရက်မှ ၁၁ ရက်အတွင်း ကျင်းပမည်ဖြစ်ပါသည်။ ခိုင်လုံသောသတင်းများအရ ၎င်းပြပွဲတွင် ဆမ်ဆောင်းကုမ္ပဏီမှ ၎င်းတို့၏  ၅.၅ လက္မအရွယ်ရှိ “Flexible Phone Screen “ကို ပြသလိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။ ဆမ်ဆောင်း ကုမ္ပဏီသည် ယနေ့စမတ်ဖုန်းလောကတွင် ခြေတစ်လှမ်းလှမ်းနိုင်ခဲ့ပြီဖြစ်ပါသည်။ ယနေ့စမတ်ဖုန်းလောက၏ အနာဂတ်မျှော်မှန်းချက်များကို ပြည့်မီရန် ကြိုးပမ်းသည့်အနေဖြင့် ကုမ္ပဏီ သည် ၎င်း၏ကွေးနိုင်ဆန့်နိုင်သောဖန်သားပြင် (Bendable Screens)တစ်စုံကို ၂၀၁၃ခုနှစ် CES  ပြပွဲတွင် ပြသ ရန်ဆုံးဖြတ်ခဲ့ပြီး […]


Mr WorldWideJanuary 31, 20131min2812
အကယ်၍ ဆားမှ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ပါလျှင် ရေခိုးရေငွေ့မှ အဘယ်ကြောင့် မထုတ်ယူနိုင် သနည်းဟူသော မေးခွန်းတစ်ခု ထွက်ပေါ်လာပါသည်။ MIT အင်ဂျင်နီယာအချို့မှ ရေငွေ့ အနည်းငယ်ကို စုပ်ယူလိုက်သောအခါ ပုံသဏ္ဌန်ပြောင်းလဲသွားပြီး ၎င်းရေငွေ့ကြောင့် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်မည့် ပိုလီမာအလွှာ(Polymer Film)တစ်ခုကို ဖန်တီးလိုက်နိုင်ကြောင်း ကြေငြာ လိုက်ပါသည်။ တစ်နေ့တွင် David H.koch တက္ကသိုလ်မှ ဓာတုဗေဒပညာရှင်တစ်ဦးသည် အီလက်ထရုတ် (Electrodes)များတွင် အသုံးပြုရန် ပလတ်စတစ်မျိုးနွယ် ပစ္စည်းတစ်ခုကို ပြုလုပ်နေစဉ် ၎င်းပလတ် စတစ်၏ ထူးခြားသော ဂုဏ်သတ္တိကို တွေ့ရှိခဲ့ရပါသည်။ ၎င်းပလတ်စတစ်ကို သူ၏ လက်ဖဝါးပေါ်သို့ တင်လိုက်သောအခါ ၎င်းပလတ်စတစ်သည် ကွေးကောက်လာပြီး လက်ဖဝါးတစ်လျှောက် ရွေ့သွား ကြောင်း တွေ့ရှိရပါသည်။ အကြောင်းရင်းကို စိစစ်လိုက်သောအခါ သူ၏ အရေပြားပေါ်မှ ရေငွေ့များ […]


Mr WorldWideJanuary 29, 20131min3702
အနာဂတ်ကာလတွင် ဝါယာလက်စနစ်ဖြင့် စွမ်းအင်ထုတ်လွှင့်ပေးနိုင်မည်(Wireless Power Transfer) ဟုစိတ်ကူးကြည့်လိုက်ပါက ဆဲလ်ဖုန်းများ၊ အိမ်သုံးစက်ရုပ်များ၊ Mp3စက်များ၊ လက်ပ်တော့ (Laptop)ကွန်ပျူတာနှင့်အခြားရွှေ့ပြောင်းသယ်ယူနိုင်သည့် အသေးစားအီလက်ထရောနစ် ကိရိယာလေး များသည် ၎င်းတို့ကိုယ်တိုင် အားသွင်းနိုင်မည်ဖြစ်ပြီး အမြဲတမ်း အသုံးပြုခဲ့ကြရသော ဝါယာကြိုးများကို အ သုံးပြုရခြင်းမှလွတ်မြောက်ပေလိမ့်မည်။ အချို့သော စက်ကိရိယာလေးများသည်ဘက်ထရီ အသုံးပြုရန် လို ချင်မှလိုပေတော့မည်။ MITမှပညာရှင်အဖွဲ့တစ်ခုသည် အနာဂတ်တွင် ၎င်းနည်းပညာကို အပြည့်အဝ အကောင်အထည်ဖော်ရန် အရေးကြီးသည့် အဆင့်တစ်ခုကို စမ်းသပ်၍ ထုတ်ဖော်ပြသခဲ့ပါသည်။ Radiation Methods(ရောင်ခြည်လှိုင်းနည်းစနစ်) စွမ်းအင်ကို ဝါယာလက်စနစ်ဖြင့် ပို့ဆောင်နိုင်သည့် နည်းလမ်းအသွယ်သွယ်ရှိကြောင်းကို သိရှိ ခဲ့သည်မှာ ရာစုနှစ်မက ရှိခဲ့ပေပြီ။ အကောင်းဆုံးဥပမာပေးရလျှင် ရေဒီယိုလှိုင်းများကဲ့သို့ လျှပ်စစ်သံလိုက် ရောင်ခြည်လှိုင်းစနစ် (Electromagnetic Radiation) ဖြစ်ပါသည်။ အဆိုပါ ရောင်ခြည်လှိုင်းစနစ်သည် သ […]