padonmarFebruary 11, 20121min66226
အဲဒီလို ခပ်ချာချာ ကျွန်မကားမောင်းသွားတုန်း ပြဿနာလေးတစ်ခုနဲ ့တိုးပါတယ် ။ ၄လမ်းသွား လမ်းမတစ်ခုပေါ်မှာ မီးပွိုင့်ကအထွက် ဖြေးဖြေးလေးမောင်းနေတုန်း ရေသန့်လှည်းလေးတစ်စီးက လမ်းဖြတ်ကူးဖို့ လမ်းလယ်မှာ ခပ်စောင်းစောင်းလေးရပ်ထားပါတယ်။ ပလက်ဖောင်းဘေးမှာ ကားတွေကလည်း ရပ်ထားပါတယ်။ အဲဒီအချိန်ကျွန်မရဲ့ ညာဖက်က တက်စီ တစ်စီးဟာ အရှိန်ပြင်းပြင်းနဲ့ ကျွန်မကို ကျော်တက်ဖို့ပြင်ပါတယ်။ လမ်းကလည်း ကျဉ်းတော့ ကျွန်မကို သူဝင်တိုက်မှာစိုးပြီး ကျွန်မကားကို အရှိန်လျော့ပေးလိုက်တဲ့အပြင် ကားခေါင်းကိုပါ နည်းနည်းတိမ်းလိုက်မိပါတယ်။အဲဒီမှာ ရေသန့်လှည်းလေးရဲ့ ထိပ်ကို ကားတံခါးဘေးနဲ့ သွားပွတ်မိပါတော့တယ်။ ကားကလည်း ရှင်းတော့ ကျွန်မ လမ်းလယ်မှာတင်ရပ်ပြီး မှန်ချကြည့်လိုက်ပါတယ်။ ရေသန့်လှည်းတွန်းတဲ့ ချာတိတ်(၁၈နှစ်လောက်ရှိမယ်ထင်ပါရဲ့) က အန်တီကလည်း ကျွန်တော်က ရှောင်ပေးထားတာကိုလို့ အပြစ်တင်ပါတယ်။ ၊အေးအေး ဆောရီးပါသားရယ်။ဘာဖြစ်သွားသေးလဲဆိုတော့ ကျွန်တော့ ရေဘူးတွေ ပြုတ်ကျကုန်ပြီတဲ့။ ဒါနဲ့ကျွန်မလည်း ကားကို […]


padonmarFebruary 9, 20121min106741
အခုခေတ်လူငယ်တွေရဲ ့ မျက်စိရှေ့ကို ရောက်မယ့် ဒီလိုနေရာမျိုးမှာ ကိုယ်ချာတဲ့အကြာင်း ရေးရမှာ အမှန်တော့ ရှက်မိပါတယ် ။ ဒါပေမယ့် လောကကြီးမယ် ငါလိုချာတဲ့ အဖွားကြီးတွေ လည်းရှိအုံးမှာပါဘဲ ။ လူငယ်တွေဘက်က ခပ်ချာချာ အဖွားကြီးတွေပေါ် ညှာတာမှုလေးရှိစေချင်လို့ရယ် ၊ကိုယ်အပြစ်ကိုယ် ဝန်ခံချင်လို့ရယ် ဒီစာလေး ရေးလိုက်မိပါတယ် ။ ခုလိုတိုးတက်နေတဲ ့ခေတ်ကြီးမှာ လူတိုင်းဟာ အင်္ဂလိပ်စာအခြေခံ ၊ ကွန်ပျူတာအခြေခံ ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းသုံးစွဲနည်းအခြေခံ ( ဖြစ်နိုင်ရင်တော ့ရုံးသုံးပါပေါ ့ ) ၊ အိမ်သုံးဆေးဝါးအခြေခံ ၊ ရေကူးခြင်း အပြင် ကားမောင်းလေးပါတတ်သင် ့တယ်လို ့ကျွန်မယူဆပါတယ် (သတိ- ကားပိုင်ရှိဖို ့ပြောခြင်းမဟုတ်ပါ ။ ) ကျန်တာတွေကို ဝ လုံးတန်းကနေ ကကြီးခကွေးတန်းရောက်အောင်လေ […]


padonmarJanuary 8, 20124min583108
ရွှေဘိုသားရဲ့ အမျိုးဂုဏ်ကို မဖျက်ဆီးပါနဲ့ ကိုဖတ်ရတော့ ရွှေဘိုသားကိုလည်း ထောက်ခံပေးရင်း စိတ်ထဲက ဖြစ်စေချင်တာလေးတွေ post တစ်ခုတင်ချင်ပါတယ်။ လွန်ခဲ့တဲ့ ၁-၂ လလောက်က ဂျာနယ်တစ်ခုထဲမှာ ဒါရိုက်တာ ကြည်ဖြူရှင် စင်္ကာပူမှာ ရုပ်ရှင် သင်တန်းတက်ပြီး ပြန်အလာ အင်တာဗျူးဖြေထားတာလေး ဖတ်လိုက်ရပါတယ်၊ ကြည်ဖြူရှင်က စင်္ကာပူမှာ သူ မြန်မာဝတ်စုံဘဲတောက်လျှောက် ဝတ်ခဲ့ပါတယ်တဲ့။ ဒီလိုဝတ်တဲ့အတွက် သူ့ကို မြန်မာမှန်းသိပြီး အကူအညီတောင်းရင် အလွယ်တကူရခဲ့ပါတယ်တဲ့။ အရင် ကြည်ဖြူရှင့် ဓာတ်ပုံတွေ မဂ္ဂဇင်း ဂျာနယ်တွေမှာတွေ့ဖူးတာ သူလည်း ခေတ်ရဲ့ သမီးပျိုလေးပီပီ ဘောင်းဘီနဲ့ တီရှပ်နဲ့ အလုပ်လုပ်လို့ လွယ်ကူမယ့် ပုံစံဝတ်ဆင်တာတွေ့ဖူးပါတယ်။ နိုင်ငံခြားထွက်တဲ့အခါ မြန်မာဝတ်စုံလေး အသားပေးပြီး ဝတ်တယ်ဆိုတော့ သူ့စိတ်ဓာတ်ကလေး ကျွန်မတော့ ချီးကျူး မဆုံးပါဘဲ။ ဒါနဲ့ တဆက်တည်း […]


padonmarJanuary 7, 20121min37522
ကျွန်မတို့မြန်မာနိုင်ငံမှာ ဟိုရှေးမြန်မာဘုရင်တွေ လက်ထက်က အယူတော်မင်္ဂလာဆိုတာ ရှိခဲ့ပါတယ်။ လူထုတွေကြားထဲမှာ မြင်ရကြားရတာတွေပေါ် မူတည်ပြီး နောက်အနာဂတ်ကို ဟောကိန်းထုတ်ကြတာပါ။ ကျွန်မတို့လို လူပြိန်းတွေကတော့ နောက်နှစ်တွေကြာတော့မှ ပေါက်ဖေါ်လုပ်ရတာပေါ့။ ဘယ်တုံးက ဘာမြင် ဘာကြားခဲ့တာလေ နောက်တော့ ဘာဖြစ်သွားတာပေါ့ ဆိုတာမျိုးပေါ့။ အမြင်မှာနိမိတ် အတိတ်မှာ လက်ဆောင် ကြားလျှင် တဘောင် တဲ့။ မြင်ရတာတွေက အနာဂတ်အတွက် နိမိတ်၊ လက်ဆောင်ရတာကို အတိတ်ကောက်၊ ကြားရတာကို တော့ တဘောင်လို့ခေါ်ပါတယ်တဲ့။ လူကြီးပိုင်းက ကြားဖူးကြပါလိမ့်မယ်။ အဆိုတော် “ဇော်မင်းလေး”ရဲ့ နာမည်ကျော် “အာလူးလာမပေးနဲ့” ဆိုတဲ့သီချင်းလေ။ အဲဒီသီချင်းထဲမှာပါတဲ့ “ဘူတာရုံမှာ သင်္ဘောကြီးတွေ ဆိုက်လို့တဲ့၊ မယုံမရှိနဲ့၊ အမှန်ပါဘဲကွယ့်” ဆိုတဲ့ စာသားအတိုင်း သိပ်မကြာခင်နှစ်မှာ ပြည်မြို့ဘူတာရုံနားအထိ သင်္ဘောတွေ၊ လှေတွေသွားလို့ရအောင် ရေကြီးခဲ့တယ်လို့ဆိုပါတယ်။ အမြင်မှာ […]


padonmarJanuary 6, 20122min23712
စက်ဆန်းမီးလောင်ရာမှာ မီးသတ်သမားလေးတွေ သေသူသေ ဒဏ်ရာရသူရဖြစ်တဲ့ သတင်းကြားရတော့ ပြည်သူတွေနဲ့ မီးသတ်တွေကြားမှာ အမြင်မကြည်လင်ခဲ့တာလေးတွေ ပါးသွားပါတယ်။ ကျွန်မတို့ မိတ်ဆွေတစ်စုလည်း မီးဘေးပေါက်ကွဲမှုဘေးခံခဲ့ရတဲ့ ဒုက္ခရောက်ရှာသူတွေကို အားပေးကူညီရင်း တာမွေမီးသတ်တပ်ဖွဲ့ဝင်တွေကိုလည်း သွားရောက်အားပေးဖြစ်ခဲ့ပါတယ်။ ဒီမီးလောင်မှုမှာ အသက်စွန့်သွားတဲ့ မီးသတ် တပ်ဖွဲ့ဝင်၅ဦးလုံးဟာ တာမွေမီးသတ်ကဖြစ်ပါတယ်။မီးလောင်ပြင်ကနေ မေးသွားတော့ ကျောက်မြောင်းဈေးရှေ့မှာရှိတဲ့ တာမွေမီးသတ်ကြီးကိုရောက်ပါတယ်။ ဒါကြောင့် တာမွေမီးသတ်ကို ဦးတည်ပြီး သွားရောက်ခဲ့ကြပါတယ်။ သူတို့တွေရဲ့ မိသားစုဝင်တွေ လက်ထဲကို ကိုယ်တိုင်ကိုယ်ကျ ဂုဏ်ပြုထောက်ပံ့ငွေပေးရင်းအားပေးခဲ့ကြပါတယ်။ လူပုံတွေပါနေလို့ ဒီဓာတ်ပုံတော့ မတင်တော့ဘူး။ ဒဏ်ရာရတဲ့ တပ်ဖွဲ့ဝင်တစ်ဦးက သူတို့အတွေ့အကြုံရှင်းပြပါတယ်။ မီးလောင်ပြီဆိုရင် မီးလောင်ခံရတဲ့ အိမ်ရှင် လုပ်ငန်းရှင်တွေက သူတို့နေရာကို အန္တရာယ်ရှိလို့ စွန့်ခွာသွားကြပါတယ်။အဲဒီလိုအချိန်မှာမှ မီးသတ်တွေက အန္တရာယ်ကိုချဉ်းကပ်ရတာပါတဲ့။သူဆိုရင် ပေါက်ကွဲမှု အရှိန်ကြောင့် ပေ၂ဝ လောက်လွင့်သွားရပါတယ်တဲ့၊သတိလည်း ခဏလစ်သွားပါတယ်တဲ့။ သူက လက်မှာဒဏ်ရာရတာပါ။ကျန်တဲ့သူတွေက […]


padonmarJanuary 2, 20122min25819
ကိုသစ်မင်းရဲ့ ဆီမီနာ(၂)ကို စဖတ်တော့ ကိုယ်နဲ့ ကွက်တိဖြစ်နေတဲ့ အချက်ကိုသွားတွေ့ပါတယ်။ ၁၃။ကောင်းသောစကားများ၊စာများဖတ်ပြီး ဟာဟုတ်တယ်ဟေ့ လုပ်ရမယ်ဟေ့ဟု ကြွတက် (တောက်လျှောက်တက်ကြွသောစိတ်မဟုတ်)စိတ်များဖြစ်သွားကြပြီး၊ နောက်ပိုင်းဆက်မလုပ်ဖြစ် မလိုက်နာဖြစ်သောစိတ်များကိုပြုပြင်ရန်။ ဒီအကျင့်ပြင်ဘို့ ဒီနေ့ဘဲ ဓမ္မဗျူဟာက ရလာတဲ့ ကုသိုလ်မှတ်တမ်း ပြက္ခဒိန်လေးနဲ့ ကိုယ့်ကိုကိုယ်ပြုပြင်မယ်လို့ စိတ်ကူးမိပါတယ်။ ဒီ ကုသိုလ်မှတ်တမ်း ပြက္ခဒိန်လေး သဘောက နေ့စဉ် ပြုသင့်တဲ့ ဒါနသီလ ဘာဝနာကို ပြုဖြစ်ရင် အဲဒီရက်စွဲမှာ မင်ပြာလေးနဲ့ ခြစ်၊မပြုဖြစ်ရင် မင်နီနဲ့ ခြစ်။ ကိုယ့်မှတ်တမ်းပြန်ကြည့်ရင်းနဲ့ ကိုယ့်ကိုကိုယ် သတိပေးတဲ့ သဘောပါ။ ကုသိုလ်ရေးသာမက အခြားကောင်းကျိုးဖြစ်စေမယ့် ကိစ္စတွေလည်း မှတ်နိုင်ပါတယ်၊ စာဖတ်စာရေးတာတွေကအစ လိုရာသုံးသက်ဝေပါ။ ဥပမာ (Nature ဆိုရင် exercise လုပ်ဖြစ်ရင် အပြာပေါ့၊ ဝေဝေ ဆိုရင် တစ်ပတ်နှစ်ပုဒ် ပို့စ […]


padonmarDecember 3, 20111min36932
ဒီနေ့ဒီဇင်ဘာ၂ရက် ၂၀၁၁ မနက် အပြင်ကနေ ပြန်အလာမှာ အိမ်ရှေ့က ပိတောက်ပင်ကြီး ရာသီမဟုတ်ဘဲ ပွင့်နေတာတွေ့ရတော့ ရွာထဲက မိတ်ဆွေတွေကို ထူးဆန်းတာလေးပြပြီး ကြွားချင်လာလို့ ဒါ့ပုံကင်မလာလေးပြေးဆွဲပြီး ရိုက်လိုက်ပါတယ်။ ကင်မလာ အစုတ်ကလေးရဲ့ date setting မလုပ်တတ်တော့ ရိုက်တဲ့ နေ့စွဲလည်းမပါသွားဘူး။ယုံကြပါတယ်နော်။ ကစိန်သော့တို့ ဦးဖွတ်ကျားတို့ ဆရာဘလက်တို့ မှော်ဆရာတို့ ကိုပေါက်တို့လို ဒါ့ပုံစပယ်ရှယ်လစ်တွေကြား မလှမပပုံလေးတွေတင်ရတာ ဖတ်ရတဲ့ ပရိသတ်ကို အားနာပါတယ်။ ပုံနဲ့ပြမှရှင်းမှာမို့ပါ။ ပိတောက်ဆိုတာ နွေရာသီမှာပွင့်ရတာ။ ဒီအပင်က သင်္ကြန်ရက် ပတ်ဝန်းကျင်တုံးကလည်းပွင့်ခဲ့ပါတယ်။ အခုလပေါင်းများစွာလွန်မှ နောက်ကျပြီး အခါလွန်တဲ့မိုး သီချင်းဆိုလေသလား၊ (မိုးလည်းမရွာရေလည်းမဖျန်းလိုက်ရပါဘူး၊အဖူးရှိမှန်းတောင် သတိမထားလိုက်မိဘူး) ဒါမှမဟုတ် ရာသီမတိုင်မီ စောပွင့်လိုက်တာလား၊ဒါတော့မဟုတ်ဘူးထင်ရဲ့၊ ရွက်ဟောင်းတောင်ကြွေလို့မကုန် ရွက်သစ်တောင်မဝေရသေးဘူးလေ၊ သေချာတာကတော့ ရာသီဥတုတွေ အမျိုးမျိုးပြောင်းလဲနေတော့ သစ်ပင်တွေလည်း နိယာမတွေ မမှန်နိုင်တော့ဘူးထင်ပါရဲ့။ […]


padonmarOctober 23, 20111min71943
ဒီနေ့ကျွန်မ မြို့နယ်အသင်းမိတ်ဆုံဆွေးနွေးပွဲလေးတစ်ခု သွားတက်ပါတယ်။ အသင်းလက်ရှိဥက္ကဌမှ နောင်မျိုးဆက်သစ်လူရွယ်လူလတ်တွေကို မြို့ရဲ့တိုးတက်ရေးအတွက်ပါဝင်ကြဖို့ ဖိတ်ခေါ်တဲ့ အနေနဲ့ သူ့ကိုယ်ပိုင်ငွေနဲ့ဧည့်ခံပြီး လက်ကမ်းကြိုဆိုတဲ့ပွဲလေးပါ။ အဲဒီပွဲမှာ နာယက၊ဥက္ကဌ နဲ့ အတွင်းရေးမှူးတို့ ပြောကြတဲ့ မိန့်ခွန်းတွေထဲက အများကြားဖူးနေပေမယ့် ဒီလိုအချိန်မှာ အားလုံးနဲ့ သက်ဆိုင်မယ်ထင်တဲ့ စကားလေးတွေ လက်ဆောင်ပေးချင်ပါတယ်။ နာယက အငြိမ်းစားဆရာကြီးက ဆယ်တန်းမြန်မာစာမှာ ပြဌာန်းတဲ့ ဆရာဇော်ဂျီရဲ့ ကဗျာထဲက တစ်ပိုဒ်ကိုရွတ်ပြသွားတာ ကျွန်မတို့ မျက်ရည်တောင်ဝဲမိပါတယ်။ ကဗျာလေးက အားလုံးသိကြတဲ့ “သင်သေသွားသော်”ပါ။ ကဗျာအမြည်းလေးပေးပါရစေ။ “သင်သေသွားသော် သင်ဖွားသောမြေ ၊ သင်တို့မြေသည် အခြေတိုးမြင့် ကျန်ကောင်းသင့်ဧ၊် ” ဆရာကြီးက စာရေးဆရာမကြီး ဒေါ်ခင်နှင်းယု စာပေဟောပြောပွဲမှာ ပြောသွားတဲ့ ခေါင်းစဉ်လေး ဆက်ရွတ်ပြပါတယ်။ (သူပြောသွားတာကတော့ ဆရာမကြီးက လူငယ်တွေ လက်ဘက်ရည်ဆိုင်မှာသာတွေ့နေရပြီး စာကြည့်တိုက်တွေ၊ နိုင်ငံ့အရေး […]


padonmarOctober 8, 20111min18711
တက္ကသိုလ်တက်တုံးက သူငယ်ချင်း၊ အထက်တန်းကျောင်းတုံးက ကျောင်းနေဖက်၊ ဇာတိမြို့ကမိတ်ဆွေ စတာတွေနဲ့ နှစ်ပေါင်းများစွာကင်းကွာပြီးမှ ပြန်တွေ့တာမျိုးကို လူတိုင်းကြုံဖူးကြမှာပါ။ နေ့စဉ် ြမြင်နေကျသူတွေထက်ပိုပြီး ဝမ်းသာအားရဖြစ်ရသလို အတိတ်ရဲ့အရိပ်လေးတွေလည်းပြန်ပြောင်း အောက်မေ့သတိရ တ တတဖြစ်ဘူးကြမယ် လို့ထင်ပါတယ်။ အဲဒီလိုဘဲ ချောင်ကြိုချောင်ကြားရောက်နေတဲ့ ဓါတ်ပုံဟောင်းလေးတွေ၊ အမှတ်တရ ပစ္စည်းလေးတွေကို တွေ့မိတဲ့ခံစားချက်ကိုလည်းခံစားဘူးကြပါလိမ့်မယ်။ တစ်ရက် ကျွန်မရဲ့အဖိုးလေးဖွင့်ထားတဲ့ ့ဈေးဆိုင်ဘေးက ဖြတ်အလျှောက်မှာ အဖိုးလေးက ကျွန်မကိုလှမ်းခေါ်ပြီး ဒီမှာနင့်အမေအပျိုတုံးက အဖော်တွေနဲ့ရိုက်ထားတဲ့ဓါတ်ပုံဆိုပြီးပေး ပါတယ်။ အဲဒီအချိန်မှာ ကျွန်မအမေဟာအသက် ၆ဝ အရွယ်မှာကွယ်လွန်သွားခဲ့ပါပြီ။ အဖိုးလေးပေးတဲ့ အမေ့ဓါတ်ပုံလေးကို ဝမ်းသာအားရယူပြီး အဖော်တွေနဲ့အတူရိုက်ထား တဲ့ထဲက အမေ့ငယ်နုစဉ်ပုံလေးကို တမ်းတမ်းတတကြည့်ရပါတယ်။ သူတို့ငယ်စဉ်က ဝတ်စားဆင်ယင်မှုအတိုင်း ပဒုမ္မာအင်္ကျ ီပါး Disco လက်လိုလက်အထွက်လေးရဲ့အောက်မှာ ဇာဘော်လီရှေ့ခွဲကိုမြင်နေရပြီး ၊ တူတယ် ထမီအထက်ဆင်ကအပြားကြီးကြီး၊နောက်တွဲ ဆံထုံးမှာ ပန်းလေးပန်လို့ […]


padonmarAugust 17, 20111min98152
ကျွန်မကကျွမ်းကျင်ရာ ဆရာဝန်တွေအနေနဲ့ပြောရပေမယ့် ဒီလိုအဖြစ်တွေ အင်ဂျင်နီယာလော က၊ စီပွားရေးပညာရှင်လောက၊ ကွန်ပျူတာပညာရှင်လောက စသည်ဖြင့် အများကြီးဘဲနေမှာပါ။ ကျွန်မတို့မှာ MRT,Sky Train,Subway ဆိုတာတွေ မရှိရင်နေပါစေ စစ်ကျန်Busတွေ စီးနေရလည်း နေနိုင်ပါတယ်။ Charles & Keith မစီးရလည်း ကတ္တီပါ ပုံတော်ဖိနပ်နဲ့ ကျေနပ်ပါမယ်။ Chocolate နဲ့ Pistachio မစားရလည်း ဘိန်းမုန့် နဲ့ ကောက်ညှင်းပေါင်းစားပြီး ဗိုက်ဝနိုင်ပါတယ်။ Ashworth ,Victoria Secret ဆိုတာတွေ မဝတ်ရလည်းယောလုံချည်၊ကချင်လုံချည်၊ရှမ်းအကျီင်္လေးတွေ ဝတ်ပြီးလှတယ်လို့ခံယူပါမယ်၊ ATM card,Credit cardတွေမရှိလည်း ပိုက်ဆံ နွမ်းနွမ်းလေးတွေကို ဆာလာအိတ်တွေနဲ့ ထမ်းပြီး အလုပ်လုပ်ပါမယ်။ Internet connection နှေးနေလည်းစိတ်ရှည်ရှည်နဲ့ စောင့်ဖတ်ပါမယ်။ ပေါက်ပြဲနေတဲ့ လမ်းတွေဖာမပေးရင်နေပါစေ ချိုင့်ခွက်တွေ ကြည့်ရှောင်ပါမယ်။ လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှု […]


padonmarAugust 16, 20111min22710
M.Sc အောင်ထားတဲ့ အမတစ်ယောက်ကတော့ သူ့အမျိုးသားကလဲ ဝန်ထမ်းပါ၊ကလေးတွေ ငယ်စဉ်မှာတော့ အမနဲ့ကလေးတွေက တစ်မြို့၊ သူ့အမျိုးသားကတစ်မြို့နဲ့နှစ်ပေါင်းများစွာ နိုင်ငံ့ဝန်ထမ်း လုပ်ခဲ့ကြတယ်။ သမီးလေးတွေ ကိုးတန်းဆယ်တန်းမှာ ကျောင်းကောင်းတဲ့ မြို့ကြီးမှာလည်းထားချင်ရှာ တာပေါ့။ အဲဒီအချိန် ဒီဆရာဝန်မကို ပိုသေးတဲ့မြို့လေးကို Transfer ထွက်လာပါတယ်။ သူလည်း စေလွှတ်ရာသွားရင်း သူ့အမျိုးသားတာဝန်ကျရာတိုင်းမြို့ကြီးတစ်မြို့(ရန်ကုန်၊ မန ္တလေးမဟုတ်ဘူးနော်) ကို ရွှေ့ပေးဘို့ အသနားခံတာ၊ စာသင်နှစ် နှစ်ဝက်သာကျိုးသွားရော ပြောင်းမပေးပါဘူး။ ဒါနဲ့သူလည်း ကလေးတွေ ရှေ့ရေးအတွက် Absconded အလုပ်က ထွက်ပြေးလိုက်ရပါတော့တယ်။ အဲဒီအတွက် ပြစ်ဒဏ်က (၁၅ နှစ်လောက်နိုင်ငံ့တာဝန်ထမ်းခဲ့သူပါ) ဆမ ၅ နှစ် ပိတ်ခံရပါတယ်။ ဆမ မရှိတဲ့ ဆရာဝန်ဟာ စိတ်ထဲ မလုံခြုံပါဘူး။ ကိုယ်ပိုင်ဆေးခန်းလည်း မဖွင့်ရဲ၊ ပုဂ္ဂလိကဆေးရုံတွေမှာလည်း ကိုယ့်နာမည်နဲ့ […]


padonmarAugust 15, 20111min23510
88 အရေးအခင်းအပြီးမှာ ပြည်ပထွက်ဖို့လည်းလွယ်သွားတော့ ကျွန်မတို့အတန်းက ဝန်ထမ်းအလုပ်မရတဲ့ သူငယ်ချင်းတွေရော၊ဆရာတွေ၊နောင်တော်အမတော်တွေရော နိုင်ငံအသီးသီးကို ထွက်ကြပါတယ်။ သူတို့ လွယ်လွယ်ကူကူနဲ့ တိုင်းတစ်ပါးမှာ အခြေချနိုင်ကြတာမဟုတ်ပါဘူး။ ဓါတ်ဆီဆိုင်ဝန်ထမ်း၊ အိုက်တိုး ပဂေးဆံ၊ Waiter ၊ ဓါတ်ခွဲခန်းအကူ စသည်ဖြင့် ကိုယ့်ပညာအရည်အချင်းထက်နိ်မ့်ကျတဲ့ အလုပ်တွေ ပင်ပင်ပန်းပန်းလုပ်ပြီး ဝင်ငွေရှာ၊ တစ်ဖက်ကလည်း ကျောင်းတက်ကြရပါတယ်။ သက်တောင့် သက်သာနဲ့ မူလအသက်မွေးဝမ်းကျောင်းအတိုင်းရတဲ့သူ အနည်းအကျဉ်း ရှိနိုင်ပေမယ့် အများစုကတော့ ရုန်းကန်လှုပ်ရှားပြီးမှ ဆရာဝန်အဖြစ်နဲ့ဘဲ အသက်မွေးနိုင်တဲ့သူလည်းရှိ၊ တချို့ကတော့ လိုင်းပြောင်းပြီး Sushi ဆိုင်ဖွင့်တာမျိုး၊ အခြားအသက်မွေးဝမ်းကျောင်းလိုင်းကို ပြောင်းလိုက်ကြတဲ့သူ တွေလည်းရှိပါတယ်။ ဒီလိုဆို အစိုးရဝန်ထမ်းအလုပ်မရလည်း G.P လုပ်ပြီး အဆင်ပြေနေတဲ့ သူတွေအများကြီးပါ၊ ပြည်ပထွက်စရာ မလိုပါဘူးလို့ မေးစရာရှိပါတယ်။ ကျွန်မအတွေ့အကြုံပဲပြောပါမယ်။ ကျွန်မကနယ်မြို့ လေးမှာ G.P 5 […]


padonmarAugust 15, 20111min33115
အစိုးရသစ်ရဲ့အကြံပေးအဖွဲ့က ဦးဝင်စတန်ဆက်အောင်ပြောလိုက်တဲ့ပညာတတ်များ ပြန်လည်ခေါ်ယူရေးဆိုတာလေးကြားပြီးကတည်းက ကျွန်မရင်ထဲမှာပြောချင်တာလေးတွေ ပလုံစီနေပါတယ်။ ဒါပေမယ့် ကိုယ်ကလည်း စာချောအောင်မရေးတတ်၊ ကွန်ပျူတာကလည်း ဝလုံးတန်း ဆိုတော့ စာရိုက်ရမှာကြောက်တာတွေပေါင်းပြီး လက်တွန့်နေမိပါတယ်။ ၅-၈-၂၀၁၁ ကြေးမုံသတင်းစာမှာပါတဲ့ မောင်တင်အေး(သရက်)ရဲ့ နိုင်ငံကိုစွန့်ခွါခြင်း ဆောင်းပါးကိုဖတ်ရတော့ ပြောချင်စိတ်တွေ တားမရတော့ပါဘူး။ တတ်သလောက် မှတ်သလောက် နဲ့ဒီ Post လေးတင်ပြီးရင်ဖွင့်ချင်ပါတယ်။ အပြောမတတ်လို့ ဆဲသလိုဖြစ်ရင်လည်း ခွင့်လွှတ်ကြပါလို့ တောင်းပန်ချင်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ကျွန်မဟာ နိုင်ငံကိုစွန့်ခွါသူထဲမှာ မပါကြောင်းပါ။ အခုထိ ကျွန်မ မြန်မာပြည်ထဲမှာဘဲ စွဲစွဲမြဲမြဲ နေထိုင်လျက်ရှိပါတယ်။ ဘယ်ကိုမှလည်း ပြောင်းရွှေ့ဘို့ခြေလှမ်း နေခြင်းမရှိပါ။ ကျွန်မရဲ့ သူငယ်ချင်းမိတ်ဆွေ၊ ဆွေမျိုးသားချင်းတွေထဲမှာတော့ နိုင်ငံကိုစွန့်ခွာသူတွေ အများကြီးရှိနေပါတယ်။ ဒါပေမယ့် ကျွန်မဘယ်တော့မှ သူတို့ကိုအပြစ်မမြင်၊ အပြစ်မတင်ခဲ့ပါဘူး။ သူတို့တွေ နိုင်ငံကိုမချစ်လို့ စွန့်ခွါသွားကြတယ်လို့လည်း ဘယ်တုံးကမှ မထင်ခဲ့ပါဘူး။ […]