ကျွန်တော်ရေးထားတာကို သဘောကျတယ်လို. သိရတဲ့အတွက် အရူးဘုံမြှောက်သလို ထပ်ရေးချင်စိတ်ကို တားမရလို့ နောက်ဆက်တွဲ ထပ်ရေးလိုက်တာပါ။ ကျွန်တော်.မိဘများဟာ အညာသူ အညာသား တောင်ယာလယ်လုပ် ဓါးမခုတ် အလုပ်လုပ်ပေမဲ့ ကျွန်တော်တို့မောင်နှမတွေကို မြို.မှာနေပြီး ကျောင်းတက်ခိုင်းပါတယ်။ ကျောင်းဖွင့်တဲ့အချိန် မြို.မှာနေစေပြီး နွေကျောင်းပိတ်မှ အိမ်ပြန်လာခွင့်ပေးတာပါ။ မြို.မှာနေရတဲ့အတွက် နှစ်ကြာလာနဲ့အမျှ အနေအထိုင် အစားအသောက်မှအစ အဝတ်အစား အပြင်အဆင်အထိ မြို.ပုံ ပေါက်လာတာပေါ့။ အဝတ်အစား အဆင်အပြင် ကြည့်ကောင်းအောင် မိမိနဲ့လိုက်ဖက်အောင် ဝတ်တတ်စားတတ်လာသလို မလိုက်ဖက်တာ အချိုးမကျတာလည်း ကြည့်တတ်လာတယ်လေ။ ရွာဘုရားပွဲက စားမေးပွဲဖြေချိန်နီးတဲ့ ဇန်နဝါရီလနဲ. ဖေော်ဝါရီလ နှစ်လထဲမှ တလကို အမြဲလုပ်လေ.ရှိပါတယ်။ ဘယ်လိုပဲ စာမေးပွဲနီးပါစေ နှစ်စဉ်မရောက်ရောက်အောင် ပြန်တတ်တယ်။ ဒါပေမဲ့ အသက်နဲနဲရလာတော့ ဖျာနေရာ လုခွင့်ကိုစွန်.လွှတ်ရပြီ အသက်အရွယ်နဲ. အမြင်မတော်တာကြောင့် အမေက […]